ကိုကြီးဇော် ( မုန်တိုင်း )

ဗဟုသုတဘဏ်

this site the web

833..The Voice ဂျာနယ်ပိတ်ပင်ခံရမှုနောက်ဆက်တွဲ ဟ22.7.10

 
Free Image Hosting
ပြည်တွင်းအပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်ဖြစ်သည့် The Voice ဂျာနယ်အား ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းထားကြောင်း သိရှိရပါသည်။

ယင်းကဲ့သို့ ထုတ်ဝေခွင့်ယာယီရပ်ဆိုင်းခံရခြင်းနှင့်ပတ်သက်၍ မည်သည့်အကြောင်းကြောင့် ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းထားခြင်းဖြစ်ကြောင်းကိုမူ စာပေစိစစ်ရေးမှ တရားဝင် စုံစမ်းသိရှိရခြင်းမရှိပါ။

သို့သော် ဇူလိုင်လ ၁၂-၁၈ ရက်နေ့ ရက် စွဲဖြင့်ထုတ်ဝေခဲ့သော The Voice ဂျာနယ် အတွဲ ၆ အမှတ် ၃၄ မှ Concept နှင့် Process ဆောင်းပါးပါ အကြောင်းအရာအချို့နှင့်ပတ်သက်၍ ယခုကဲ့သို့ ထုတ်ဝေခွင့်ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဆောင်းပါးကို ဆောင်းပါးရှင်အောင်ထွဋ်ကရေးသားထားခြင်း ဖြစ်သည်။ The Voice ဂျာနယ်ကို Myanmar Partners Think Tank Group မှ ထုတ်ဝေခြင်းဖြစ်ပြီး Living Color မဂ္ဂဇင်းကိုလည်း ထုတ်ဝေလျက်ရှိကြောင်းသိရသည်။

The Voice ဂျာနယ်သည် မေလအတွင်းကလည်း သရုပ်ဆောင်ထက်ထက်မိုးဦးနှင့် 7 Days News ဂျာနယ် သတင်းထောက်တို့၏ ပြဿနာဖြစ်ပွားမှုနှင့် ပတ်သက်၍ ဖော်ပြခဲ့မှုကြောင့် ဂျာနယ်အားတစ်ပတ်ထုတ်ဝေခွင့် ရပ်ဆိုင်းခံခဲ့ရဖူးသည်။

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

829.. City FM ( 8 )နှစ်ပြည့်စီးရီး ဇူလိုင်၂၅တွင်ထွက်မည် [ 22.7.10 ]

 

City FM အသံလွှင့်ဌာနမှ ၂၀၀၃ခုနှစ်က စတင်တင်ဆက်ခဲ့သော နှစ်ပတ်လည် ဖျော်ဖြေပွဲစီးရီးမှာ ယခု၂၀၁၀တွင် ရှစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ဇူလိုင်၂၅ရက်နေ့တွင် ထွက်တော့မည်ဖြစ်ကြောင်း City FMမှ ဦးကြည်မင်းသိန်းက ပြောသည်။ City FM၏ နှစ်ပတ်လည်ပွဲများကို တစ်နှစ်ချင်းလျှင် ထူးခြားသည့်စိတ်ကူးများဖြင့် တင်ဆက်ခဲ့လေ့ရှိပြီး ရှစ်နှစ်မြောက်နှစ်ပတ်လည်တွင် ဂစ်တာသီချင်းပွဲတော်ဆိုသည့် အမည်အတိုင်း သီချင်းတိုင်းတွင် ဂစ်တာများဖြင့် တင်ဆက်ထည့်သွင်းထားခဲ့ကြောင်းနှင့် ဂစ်တာပညာရှင်များအဖြစ် ကိုကျော်ကျော်(Lead Guitar)၊ ကိုရန်နိုင်နှင့် အမျိုးသမီး ဂစ်တာပညာရှင် နုနုစိန်တို့က တီးခတ်ထားကြကြောင်း ကိုမင်းဦး(The Tree တီးဝိုင်း)က စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောသည်။

ဇော်ဝင်းထွဋ်၊ ဘရိတ်ကီ၊ ဖိုးကာ၊ အနဂ္ဂ၊ ဟဲလေး၊ နောနော်၊ ဂျီလတ်၊ ကျော်စည်သူကျော်၊ ထက်နေကြည်၊ The Tree Band၊ မေဆွိ၊ ထွန်းအိန္ဒြာဗို၊ သံသာဝင်း၊ ရေဗက္ကဝင်း၊ Lဆိုင်းဇီ၊ ရတနာမိုင်၊ ဂျင်းနီ၊ ဝိုင်းစုခိုင်သိန်း၊ ချမ်းချမ်းတို့ သီဆိုပြီး ပုသိမ်မောင်စိမ်းသူ၊ သုခမိန်လှိုင်၊ နေဇော်အောင်၊ လှိုင်ဦး၊ ကိုင်ဇာ၊ မင်းချစ်သူ၊ စောခူဆဲ၊ ဖိုးကာ၊ ဟဲလေး၊ အနဂ္ဂ၊ နောနော်တို့ ရေးသားသော သီချင်းများ ဖြစ်ကြသည်။ တိပ်နှင့်စီဒီမှာ ဇူလိုင်၂၅ရက်တွင် ထွက်မည်ဖြစ်ပြီး ဗီစီဒီကို သြဂုတ်လ၂၂၇ရက်တွင် ဖြန့်ချိမည်ဖြစ်ကြောင်း ထုတ်လုပ်ရေး တာဝန်ယူထားသည့် MDG ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ City FM အသံလွှင့်ဌာနသည် ၂၀၀၁ခုနှစ်၊ ဇန်နဝါရီ၁ရက်နေ့က စလွှင့်ခဲ့ပြီး ၂၀၀၃ခုနှစ်မှစကာ နှစ်ပတ်လည် ဂုဏ်ပြုညစာစားပွဲနှင့်အတူ သီချင်းသီဆိုဖျော်ဖြေပွဲနှင့် ဂီတဆုပေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။
Ref:7daysnews

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

812..မြန်မာအွန်လိုင်း ဈေးဝယ်စနစ် ၀န်ဆောင်မှုများ ပေါ်ပေါက် www.yangononlinestore.com [16.7.10]

 

လက်ရှိတွင် ပြည်တွင်းရှိ ဈေးဝယ်သူများမှာ အွန်လိုင်းဈေးဝယ်စနစ်နှင့် ရင်းနှီးမှုနည်းနေသေးပြီး ကိုယ်တိုင်စမ်းသပ်ကိုင်တွယ်၍ ၀ယ်ယူရခြင်းကို ပိုမို နှစ်ခြိုက်ကြကြောင်း၊ ငွေကြေးတတ်နိုင်သူနှင့် ပစ္စည်းအသစ်အဆန်း စိတ်ဝင်စားသူအချို့သာ အွန်လိုင်းဈေးဝယ် စနစ်တွင် စမ်းသပ်ဝယ်ယူလာကြကြောင်း သိရသည်။ ''၀က်ဘ်ဆိုက်မှာ ဈေးနှုန်းမဖော်ပြနိုင်တာက ပစ္စည်းဈေးနှုန်းကို အချိန်နဲ့တစ်ပြေးညီ update မလုပ်နိုင်လို့ပါ။ ဒါပေမယ့်အီးမေးလ်နဲ့ဖြစ်ဖြစ်၊ ဖုန်းနဲ့ဖြစ်ဖြစ် လှမ်းစုံစမ်းရင်ရတယ်။ ခန့်မှန်းခြေ ဈေးနှုန်းပြောပြပြီး တကယ် ၀ယ်မယ်ဆိုရင် အတိအကျ တွက်ပေးပါတယ်။ ကျသင့်ငွေရဲ့ ၃၀ ရာခိုင်နှုန်းကို deposit သဘောမျိုးပေးထားရမှာ ဖြစ်ပြီး အမြန်ဆုံး သုံး၊ လေးရက်လောက် ကနေ အကြာဆုံး သုံး၊ လေးပတ်ထိ စောင့်ရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ e book reader, country boot ဖိနပ်စတာတွေကို မှာယူဖို့ စိတ်ဝင်စားမှုတွေ ရှိနေပါတယ်။ အများအားဖြင့် အီလက်ထရောနစ်ပစ္စည်းတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ မှာယူချင်ကြတာများတယ်။ ဒီမှာဝယ်လို့ မရတဲ့ပစ္စည်းကိုမှာကြတာ ရှိသလို ဒီမှာဝယ်လို့ရတဲ့ပစ္စည်းကိုလည်း မှာကြတာရှိပါတယ်''ဟု yangon-onlinestore မှ General Manager ကိုအောင်ဇော်ထွေးက ပြောပြခဲ့သည်။


ပြည်တွင်း၌ Online Shopping ကို ပုံစံအမျိုးမျိုးဖြင့် လုပ်ဆောင်လာကြပြီး နိုင်ငံခြားရှိပစ္စည်းများကို အဓိကမှာယူနိုင်ခြင်း၊ ပြည်တွင်းရှိ အရောင်းဆိုင်များနှင့် ချိတ်ဆက်၍ ၀ယ်ယူမည့်သူကို အတည်ပြုပြီး အိမ်အရောက် ပို့ဆောင်ပေးခြင်း၊ ရောင်းချလိုသူ ကိုယ်တိုင်ဝက်ဘ်ပေါ်တင်၍ လွတ်လပ်စွာရောင်းချနိုင်ခြင်း စသဖြင့် ပုံစံမျိုးစုံ ရှိလာပြီး အွန်လိုင်းဈေးဝယ်ခြင်းကို သီးသန့်ဝန်ဆောင်မှုပေးသော ၀က်ဘ်ဆိုက်များ ပေါ်ပေါက်လာသကဲ့သို့ ကွန်ပျူတာပစ္စည်း အရောင်းဆိုင်အချို့မှလည်း မှာယူလိုသော ပစ္စည်းများကို မှာယူဝန်ဆောင်မှု ပေးခြင်းမျိုးလည်း ရှိလာသည်။ အွန်လိုင်းတွင် ဈေးဝယ်ခြင်းဆိုင်ရာ ၀န်ဆောင်မှုပေးနေသူများအနေဖြင့် အွန်လိုင်းဈေးဝယ်စနစ် ပိုမိုပီပြင်လာစေရန် အွန်လိုင်းဘဏ်စနစ်ကိုလည်း မျော်လင့်နေကြပြီး အကြွေးဝယ်ကတ်၊ ငွေပေးငွေယူ ကတ်စနစ်များ အသုံးပြုရန် စိတ်ဝင်စားမှု ရှိနေကြောင်းလည်း သိရသည်။ e-Commerce စနစ်အောင်မြင်ရန် နိုင်ငံ၏ စီးပွားရေးအခြေအနေ၊ နည်းပညာ ဖွံ့ဖြိုးမှု၊ ဈေးကွက်ရှိမှုတို့ မှာ အရေးပါကြောင်း လေ့လာသူများက ဆိုပါသည်။

online store ကိုပို့ပေးမယ်

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

810..ဇူးမြတ်ထက်( ထက်ထက်မိုးဦး၏ခင်ပွန်း)နှင့် သတင်းထောက် ပြဿနာ​ ဖြစ်ပွားခဲ့[16.7.10]

 

ရန်ကုန်မြို့ရှိ ဆီဒိုနား​ ဟိုတယ်၌ မေလ ၁၉ ရက်နေ့တွင် ဖြစ်ပွား​ ခဲ့သည့် ဖြစ်စဉ်နှင့်​ ပတ်သက်၍ ဇူလိုင်လ ၁၃ ရက်နေ့တွင် တရားစွဲဆို​ ခံရသူ ထက်ထက်မိုးဦး က​ ရန်ကင်း​ တရားရုံးသို့ ၁၅ မိနစ်ကြာ အမှုရင်ဆိုင်ရန် ရောက်ရှိလာစဉ် သရုပ်ဆောင် ထက်ထက်မိုးဦး၏ ခင်ပွန်း​ ဇူးမြတ်ထက်နှင့် အမှုရုံးချိန်းသို့ လာရောက်သူ သတင်းထောက် အမျိုးသမီး​ တစ်ဦးတို့ ပြဿနာ ဖြစ်ပွား​ ခဲ့ကြောင်း သတင်းရရှိသည်။

၁၅ မိနစ်ကြာ အမှု​ ရင်ဆိုင်​ နေစဉ် အမှု​ စစ်ဆေး​ နေသည့် အခန်း​ ပြင်ပမှာ​ အမှုရုံးချိန်းသို့ လာရောက်​ သတင်းယူနေသူ အမျိုးသမီး သတင်းထောက် တစ်ဦးကို ထက်ထက်မိုးဦး ရဲ့ ခင်ပွန်း​ ဖြစ်သူ ဇူးမြတ်ထက်က လက်ကိုင်ဖုံးဖြင့် ဓါတ်ပုံ​ ရိုက်ယူ​ သည်ဟု စွပ်စွဲပြီး​ အမျိုးသမီး သတင်းထောက်၏ လက်ကို အတင်းဆွဲကာ လက်ကိုင်ဖုံးကို အတင်း​ လုယူ​ ခဲ့ခြင်း​ ဖြစ်သည်။

မျက်မြင်ကြုံရသူ​ တစ်ဦးက ' အမှုစစ်ဆေးနေတဲ့ အခန်းပြင်ပမှာ နားထောင်နေတဲ့ အမျိုးသမီး သတင်းထောက် တစ်ဦးကို ထက်ထက်မိုးဦး ရဲ့ ခင်ပွန်း​ ဖြစ်သူ ဇူးမြတ်ထက်က' ဟဲ့နင် ဘာလို့ ဓါတ်ပုံရိုက်တာလဲ။ နင်ရဲ့ဖုန်းပေးစမ်း။ နင်ဘယ်ကလဲ။ နင်ဘယ်သူလဲ' လို့​ လက်ညှိုးထိုးပြီး ပြောတာကို တွေ့ရတယ်။ အဲဒီသတင်းထောက်ကလည်း ကျွန်မဘယ်မှာ ဓါတ်ပုံ​ ရိုက်လို့လဲ။ ဖုန်းတော့​ မပေးနိုင်ဘူး'​ လို့ပြန်ပြောတယ်။ ပြီးတော့ အဲဒီအမျိုးသမီး သတင်းထောက် အပါအဝင် အမှုကိုလာ နားထောင်သူ အချို့က အခန်းထဲ လိုက်ဝင်ပြီး ဖုန်းကို​ ပြန်ပေးဖို့ တောင်းတာ​ တွေ့ရတယ်။ ဇူးမြတ်ထက်က ချက်ချင်း​ ပြန်မပေးသေးပဲ ဖုန်းကို​ ဖွင့်ကြည့်နေတာ တွေ့တယ်။ လက်​ကိုင်ဖုန်း​ အယူခံလိုက်ရတဲ့ သတင်းထောက်က ' ကျွန်မ​ ဖုန်းထဲမှာ ရှင်တို့​ ဓါတ်ပုံ ရိုက်ထားတာ​ မရှိဘူးဆိုရင် ရှင်တို့​ ဘာပြန်​ လုပ်ပေးမလဲ' လို့ ပြောသလို၊ အမှုကို​ လာရောက် နားထောင်​ နေသူ​ အချို့ကလည်း ဝိုင်းပြောကြတယ်။ အဲဒီနောက်မှာ ဇူး မြတ်ထက်က ဖုန်းပြန်ပေးတာတွေ့ ရတယ်' ဟု news-eleven အွန်လိုင်း​ စာမျက်နှာတွင် ဖေါ်ပြခဲ့သည်။

အမျိုးသမီး သတင်းထောက် မနဒီထိုက်က ' ကျွန်မ တရားရုံးထဲမှာ ဓါတ်ပုံ​ မရိုက်ရဘူး​ ဆိုတာ သိပါတယ်။ သူတို့က ကျွန်မကို စွပ်စွဲတယ်။ လူအများကြီး အလယ်မှာ ပြောဆိုတယ်။ ကျွန်မရဲ့ လက်ကို ဆွဲကိုင်ပြီး ဖုန်းကို​ လုယူသွားပါတယ်။ အဲဒီ​ ဖုန်းထဲမှာ ရှင်တို့ ဓါတ်ပုံ​ မရှိဘူး​ ဆိုရင် ဘာလုပ်​ ရမလဲပြောတော့မှ သူက ဖုန်းကို ပြန်ပေးပါတယ်' ဟု ဖေါ်ပြ​ ထားခဲ့သည်။

ရန်ကုန်မြို့ ဆီဒိုနားဟိုတယ်​ ၌ မေလ ၁၉ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ သရုပ်ဆောင် ထက်ထက်မိုးဦးအား ဆဲဗင်းဒေး​ သတင်းထောက် အေးသူစံက မေလ ၂၀ ရက်နေ့တွင် ရန်ကင်းတရားရုံးသို့ ဦးတိုက်လျှောက်ခဲ့ပြီး အမှုအတွက် မေလ ၂၄ ရက် နေ့တွင် တရားလို မအေးသူစံနှင့် သက်သေအချို့အား တရားရုံးမှ စတင်စစ်ဆေးခဲ့ကြောင်း၊ မေလ ၂၇ ရက်နေ့တွင် သက်သေအချို့ အား ဆက်လက်​ စစ်ဆေးခဲ့ကြောင်း၊ ဇွန်လ ၃ ရက်နေ့တွင် စွဲချက်တင်ခဲ့ကာ ဇွန်လ ၁၇ ရက်နေ့တွင် တရားစွဲဆိုခံရသူ ထက်ထက်မိုးဦးထံသို့ သမ္မာန်စာ ပထမဦးဆုံး​ အကြိမ် ပို့ခဲ့ကြောင်း​ သိရသည်။ သို့သော်လည်း အိမ်လိပ်စာ​ မှားယွင်းနေ​ သဖြင့် အတည်မဖြစ်​ ခဲ့ကြောင်း၊ ဇွန်လ ၂၈ ရက်နေ့တွင် သမ္မာန်စာ​ ထပ်ပို့သော်လည်း အိမ်လိပ်စာ​ မှားနေ​ ခဲ့​​ပြန်​ သဖြင့် ထပ်မံ၍​ သမ္မာန်စာမှာ အတည်မဖြစ်​ ခဲ့ကြောင်း၊ ဇူလိုင်လ ၆​ ရက်နေ့တွင် အိမ်လိပ်စာ​ အမှန်ဖြင့် ပေးပို့ခဲ့သော သမ္မာန်စာမှာ အတည်​ ဖြစ်ခဲ့သော်လည်း (တရားလိုဘက်မှ တရားရုံးသို့ လာရောက်ခဲ့သော်လည်း) တရားစွဲဆို​ ခံရသော ထက်ထက်မိုးဦး တရားခွင်သို့ မရောက်ရှိခဲ့ကြောင်း သိရသည်။ ထို့နောက် သမ္မာန်​ စာ​ ထပ်မံ​ ပေးပို့ခဲ့ရာမှ ဇူလိုင်လ ၁၃ ရက်နေ့တွင် တရားစွဲဆို​ ခံရသူ ထက်ထက်မိုးဦး တရားရုံးသို့ ရောက်ရှိ​ လာခဲ့ခြင်းလည်း​ ဖြစ်သည်။

သမ္မာန်စာ​ အတည်​ ဖြစ်ပြီး ဒုတိယ​ အကြိမ် ရုံးချိန်း​ ဖြစ်သည့် ဇူလိုင်လ ၁၃ ရက်နေ့တွင် တရားရုံးသို့ ပထမဆုံး​ အကြိမ် လာရောက်ခဲ့သော တရားစွဲဆို​ ခံထားရသည့် ထက်ထက်မိုးဦးသည် အာမခံကြေး​ ငွေကျပ်​ ဆယ်သိန်း၊ ခံဝန်​ ပြုလုပ်​ ပေးသူ​ နှစ်ဦးဖြင့် အာမခံ​ ယူခဲ့ပြီး ၎င်း၏ ဥပဒေ​ အကျိုးဆောင်​ အဖြစ် ဦးစိန်မြင့်ကို ယခု​ အမှုအား လိုက်ပါ​ ဆောင်ရွက်ခွင့်ပြုရန် ရှေ့နေ​ ပါဝါ​ တင်ခဲ့ကာ​ အမှုအား ဆက်လက်​ စစ်ဆေးရန် အတွက် ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီသို့ ထပ်မံချိန်းဆိုခဲ့သည်။

အမျိုးသမီး သတင်းထောက် မနဒီထိုက်သည်​ မန္တလေး​ အရုဏ်ဦး ဂျာနယ်တွင်​​​ သ​တင်း​​ထောက်​​​ အ​ဖြစ်​ ​အ​လုပ်​လုပ်​​ နေ​သူ​ဖြစ်​နိုင်ကြောင်း​​ ​ပြည်​တွင်း​​ စာ​နယ်​ဇင်း​​ အ​သိုင်း​အဝန်း​မှ​​ သိ​ရ​သည်​​။

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
5 comments

805..ထက်ထက်မိုးဦးအမှုစတင်စစ်ဆေးပြီ [14.7.10 ]

 


သတင်းထောက် အေးသူစံကို နာကျင်စေမှု၊ ခြိမ်းခြောက်မှု တို့ဖြင့် တရားစွဲခံ ထားရသော ရုပ်ရှင်မင်းသမီး ထက်ထက်မိုးဦးသည်

ယနေ့ ရန်ကင်း တရားရုံးသို့ လာရောက် တရားရင်ဆိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

“ဒီနေ့ မနက်ပိုင်း ရုံးချိန်း ပေးထားတာကို ထက်ထက်မိုးဦး မလာဘဲ သူ့ရှေ့နေ ဦးစိန်မြင့်ပဲ ရောက်လာပြီး နေ့လယ် ၂ နာရီမှာ ထက်ထက်မိုးဦး အရောက် လာပါစေမယ့် အကြောင်း တရားရုံးကို တင်တယ်။ နေ့လယ် ပိုင်းတော့ ရန်ကင်း တရားရုံးကို ထက်ထက်မိုးဦး ရောက်လာ ပါတယ်"ဟု အဆိုပါ တရားခွင်သို့ သွားရောက် ခဲ့သည့် ပြည်တွင်း စာနယ်ဇင်း သမား တဦးက ပြောသည်။

ဇွန် ၃ ရက်တွင် နာကျင်စေမှု ပုဒ်မ ၃၂၃၊ ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆ တို့ ဖြင့် ထက်ထက်မိုးဦးကို ရန်ကင်း တရားရုံးက အမှုစွဲတင်ခဲ့ အပြီး တတိယမြောက် ရုံးချိန်းတွင် ရောက်ရှိလာခြင်း ဖြစ်သည်။

ယနေ့တရားခွင်တွင် တရားသူကြီးက ထက်ထက်မိုးဦး၏ ကိုယ်ရေးရာဇ၀င်ကို တောင်းယူခြင်း ၊ အမှုစွဲတင်ထားမှုကို ဖတ်ပြခြင်းတို့ ပြုလုပ်ခဲ့ပြီး ထက်ထက်မိုးဦးဘက်မှ ရှေ့နေပါဝါတင်သွားကာ အာမခံရယူသွားခဲ့ကြောင်း သိရသည်။

တခြားသော ပြည်တွင်းသတင်းထောက်တဦးက“ပြစ်မှုကျင့်ထုံးဥပဒေ ၄၉၆ အရ တရားရုံးက အာမခံပေးလိုက်တယ်။ အာမခံငွေ ကျပ် ၁၀ သိန်း နဲ့ အာမခံပေးလိုက်တယ်လို့ သိရတယ်"ဟု ပြောသည်။

ယနေ့တရားရင်ဆိုင်မှုနှင့်စပ်လျဉ်း၍ ထက်ထက်မိုးဦးကို ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

လွန်ခဲ့သည့် မေလ ၁၉ ရက်နေ့က ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်သော ကုန်စည်ပြပွဲ တခု၌ ထက်ထက်မိုးဦးနှင့် 7day News ဂျာနယ် သတင်းထောက် မအေးသူစံတို့ အင်တာဗျူး တခု ပြုလုပ်ခဲ့ ပြီးနောက် ထက်ထက်မိုးဦးက သတင်းထောက်ကို ကိုယ်ထိ လက်ရောက် ပြုမူခဲ့သဖြင့် ရန်ကင်း တရားရုံးတွင် တရားရင်ဆိုင် နေရခြင်း ဖြစ်သည်။

အဆိုပါ အမှုကို ရန်ကင်းတရားရုံးက မေလ၂၄ ရက်နေ့က စတင်ကြားနာခဲ့ပြီး ဇွန် ၃ ရက်တွင် နာကျင်စေမှု ပုဒ်မ ၃၂၃၊ ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆ တို့ ဖြင့် ထက်ထက်မိုးဦးကို တရားစွဲတင်ခဲ့သည်။

အဆိုပါအမှုနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့သည် အမှုကျေအေး ရုပ်သိမ်းပေးရန် ညှိနှိုင်းပေးလိုသဖြင့် ထက်ထက်မိုးဦးကို ဆင့်ခေါ်ခဲ့သော်လည်း လာရောက်ခဲ့ခြင်းမရှိသောကြောင့် ၎င်းအား ရှုတ်ချသည့် ကြေညာချက်တစောင်ကို မေ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့သေးသည်။

လာမည့် ဇူလိုင် ၂၇ ရက်တွင် တရားလိုထွက်ဆိုချက်များကို ရန်ကင်းတရားရုံးက စတင်ကြားနာတော့မည်ဖြစ်ကြောင်း သိရသည်။
Ref:Aayyarwadi

Labels: , , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

800..ဗုဒ္ဓ၏စွယ်တော်(သွား)ကိုသိပ္ပံပညာရှင်များ စစ်ဆေ [13.7.10]

 

ဗုဒ္ဓပွင့်ပေါ်ခဲ့တာက(BC 623)ဆိုတော့၊ ဗုဒ္ဓက ခရစ်တော်ထက် ၆၂၃ နှစ် ပိုစောခဲ့သလို၊ မိုဟာမက်ပေါ်ခဲ့တာက(AD 570)ဆိုတော့ ဗုဒ္ဓကမိုဟာမက်ထက်လဲနှစ်ပေါင်း (၁၁၉၃)နှစ် ပိုစောခဲ့တော့ ၊ ယခု တရုတ်ပြည်မှာ ရှိနေတဲ့ ဗုဒ္ဓရဲ.စွယ်တော်(သွား)ရဲ. သက်တမ်းဟာ နှစ်ပေါင်း(၂၆၃၃)နှစ်ရှိနေပါပြီ။အဲဒီလောက်သက်တမ်းရှိပြီဖြစ်တဲ့ သွားအပေါ်မှာ သံသယမကင်းဖြစ်နေတဲ့ အနောက်တိုင်း သိပ္ပံပညာရှင်တို.ကအဲဒီသွားကို
Genetic Engineering နည်းနဲ. စမ်းသပ် စစ်ဆေးလိုပါတယ်လို. အကြိမ်ကြိမ်တောင်းဆိုလို. တရုတ်အစိုးရက ခွင့်ပြုလိုက်တော့ သိပ္ပံပညာရှင်တို.စမ်းသပ်တွေ.ရှိချက်တွေကတော့................

(၁)ဒီသွားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၆၀၀)ခန်.ကသွားဆိုတာ မှန်ကန်ပါတယ်တဲ့
(၂)လူသားတဦးရဲ့ သွားဆိုတာလဲ မှန်ကန်ပါတယ်တဲ့
(၃)၎င်းသွားထဲမှာပါတဲ့ DNA(Deoxyribo Nucleic Acid) ဟာ သာမန်လူသားတဦးရဲ့ DNAနဲ.မတူဘဲ Supreme Lord(အမြင့်မြတ်ဆုံးအရှင်သခင်)ရဲ့ DNA အဖြစ် ကောက်ချက်ချပါတယ်တဲ့အဲဒီသိပ္ပံတွေ.ရှိချက်ထွက်လာစဉ်မှာဘဲ အနောက်အုပ်စု အစိုးရတွေက သူတို.ရဲ.သိပ္ပံပညာရှင်တွေကိုစမ်းသပ်မှုကို ချက်ချင်းရပ်လိုက်ဖို.အမိန်.ထုတ်လိုက်ပါတယ်.............
The Tooth Relic Pagoda is a new pagoda constructed by the Buddhists of China for the enthronement of a Holy Tooth of Shakyamuni Buddha. It is located at the original site of the Ling-guang Monastery, the second of the well-known eight scenic spots of the Western Hills in the suburbs of Beijing. This Holy Tooth was preserved in China for more than 1,500 years.



According to Buddhist historical records, after the Buddha’s Nirvana, his body was cremated, and his two remaining teeth were discovered in the ashes. One of them was taken to Sri Lanka, the other one to the ancient kingdom of Udayana (in present Pakistan), and from Udyana it was brought to Kotan (present Hetian county of Xinjiang in China).

During the 5th century, a Chinese monk from the Southern Qi dynasty named Fa-xian (424-498 A.D.) traveled to Khotan and brought the Holy Tooth back to Nanjing, which was then the Southern Qi capital. Following the reunification of China under the Sui dynasty, the Holy Tooth Relic was sent to the new capital Chang-an. During the period of the Five Dynasties, the Tooth Relic was moved from place to place until it reached Yenjing (present-day Beijing) of the Liao dynasty in the North.

The “Chronicle of Emperor Dao-zong” in the History of the Liao Dynasty, Vol. XXII, contains a record relating the enshrinement of the Buddha’s Tooth Relic in the Zhao-xian Pagoda in the 8th month of the 7th year of Xian-yong (1071 A.D.). This is how the Shakyamuni Buddha’s Tooth Relic came to Beijing.

The Ling-guang Monastery, enclosing the Zhao-xian Pagoda, was founded in the 8th century; and the pagoda, which was an octagonal brick construction of ten stories, was built at the southeast corner of the premises. Because the bricks bore stamped images of Buddhas and pagodas, this pagoda was generally known as the “Pagoda with Images of One thousand Buddhas”. The Ling-guang Monastery in Beijing was a famous place for tourists for several centuries.

In 1900, the allied forces of eight imperialist counties invaded Beijing, and their atrocious acts of burning and plundering caused enormous destruction. Even though the Ling-guang Monastery and the Zhao-xian Pagoda were situated far away in the suburbs, they were, nevertheless, reduced to ruins with gun-fire. After the war, when clearing the ruins, the monks from the monastery found in the basement of the pagoda a stone casket in which the Tooth Relic was preserved. In the casket there was a sandal wood box on which were written the words: “The Holy Tooth Relic of Shakyamuni Buddha, written by Shan-hui on the 23rd day of the 4th month in the 7th year of Tien-hui.” Fortunately, the stone structure called “dew-basin”, originally set on the top of the pagoda, still remains intact.

In 1957 the Buddhists of China decided to construct a new pagoda according to Chinese Buddhist tradition for the purpose of providing a sacred Buddhist pilgrimage site for the worship of the Holy Tooth, as well as for restoring the magnificence of this famous historical site. From the summer of 1958 till the spring of 1964, the construction work for the splendid new pagoda, including its accessory buildings, was completed.

With a height of 51 meters, the Tooth Relic Pagoda is an octagonal building decorated with thirteen layers and rests on a spacious platform 22 meters square and 2.70 meters above the ground. The Pagoda incorporates modern architectural techniques in structure while preserving the traditional style of classical Chinese Buddhist pagodas with minor modifications and developments. Externally, it takes the form of a single-story building with closely arranged layers, as was popular in north China during the Tang and Song dynasties.

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
6 comments

758.. ဆုတွေ ရနိုင်မယ့် ကမ္ဘာ့ဖလား အင်တာနက် ခန့်မှန်း ပြိုင်ပွဲ

 


၂၀၁၀ ကမ္ဘာ့ ဖလား ဘောလုံး ပြိုင်ပွဲကို ဇွန် ၁၁ရက်မှာ စတင် ကျင်းပ တော့မှာပါ။ ဒီနှစ်မှာ ထူးထူး ခြားခြား ၂၀၁၀ ကမ္ဘာ့ ဖလား ဘောလုံး ပြိုင်ပွဲမှာ ဘယ်သူ နိုင်မလဲ ဆိုတာ ကို အင်တာနက် ပေါ်မှာ ၀င်ရောက် ခန့်မှန်း ကာ ဆုများ ရယူ နိုင်ဖို့ စီစဉ် ထားတယ် လို့သိရ ပါတယ်။ အခြား သော ခန့်မှန်း ပြိုင်ပွဲ များလို ရက်ကြို ပေးပို့ ရတာမျိုး မဟုတ်ဘဲ ဘောလုံး ပြိုင်ပွဲ မစမီ နာရီဝက် အလိုအထိ ခန့် မှန်း နိုင်သလို ခန့်မှန်း ချက် များကို လည်း အလွယ်တကူ ပြောင်းလဲနိုင် မှာ ဖြစ်ပါတယ်။ ဘောလုံး ၀ါသနာ ရှင်တွေ အတွက် ၂၀၁၀ ကမ္ဘာ့ဖလား အင်တာနက် ခန့်မှန်း ပြိုင်ပွဲကို www.myanmarevents.com မှာ ၀င်ရောက် ယှဉ်ပြိုင်နိုင် မှာ ဖြစ်ပါတယ်။

ခန့်မှန်း ပြိုင်ပွဲ ကို ပွဲစဉ် “က” နှင့် ပွဲစဉ် “ခ” ဆိုပြီး နှစ်ပိုင်း ခွဲကာ ကျင်းပ သွားမှာ ဖြစ်ပြီး ပွဲစဉ် “က” အုပ်စု ပတ် လည် ပွဲစဉ်က ဇွန် ၁၁ရက်က ၂၅ရက် ထိ ယှဉ်ပြိုင် ကြမယ့် ၄၈ပွဲ၊ ပွဲစဉ် “ခ” ကတော့ ဇွန် ၂၆ရက်က ဇူလိုင် ၁၁ရက် ထိ ကျင်းပမယ့် ဗိုလ် လုပွဲထိ ပွဲစဉ်များ ပါဝင်မှာ ဖြစ်ပါတယ်။

ပွဲစဉ် “က” ကိုတော့ အင်တာ နက် အွန်လိုင်း စနစ်ကို ရင်းနှီးကျွမ်း ၀င်စေဖို့ ရည်ရွယ် ကျင်းပ တာဖြစ်ပြီး ၄၈ပွဲလုံး ပါဝင် ကစားသူများမှ အ မှတ် အများဆုံး ရရှိတဲ့ ပြိုင်ပွဲဝင် ၁၀ဦးအား အမှတ်တရ ဆုများ ချီး မြှင့် သွားမှာ ဖြစ်ကာ ပွဲစဉ် “ခ” ပွဲစဉ် များ အတွက်ကိုတော့ ဆုကြေးများ ချီးမြှင့် ပေးသွားမှာပါ။

ဆုကြေး များကိုတော့ ပထမဆု ငွေကျပ်သုံးသိန်း၊ ဒုတိယဆု ကျပ် တစ်သိန်းခွဲ၊ တတိယဆုကျပ်တစ် သိန်းနှင့် နှစ်သိမ့်ဆု ခုနစ်ဆု ချီးမြှင့်ဖို့ လျာထား ပါတယ်။ ဆုကြေးများက တော့ စပွန်ဆာ ကုမ္ပဏီများ ပါဝင်မှု ပေါ်မူတည်ပြီး တိုးမြှင့် သွားဖို့ စီစဉ် နေပါတယ်။

ခန့်မှန်း ပြိုင်ပွဲမှာ ပါဝင်ဖို့အ တွက် ပထမဦးဆုံး ပါဝင် ယှဉ်ပြိုင်လို သူက အီးမေးလ် အကောင့် တစ်ခု ရှိရ ပါမယ်။ www.myanmarevents.com မှာ member အဖြစ် register ပြုလုပ်ပြီး member activate ပြုလုပ်ရန် လိုပါတယ်။ ပြီးရင် member login ပြုလုပ်ပြီး football link ကို click နှိပ်ပြီး စတင် ကစားနိုင် မှာ ဖြစ်ပါ တယ်။ အီးမေး ကြည့်တတ် သည့် သူတိုင်း ကစား နိုင်တဲ့ လွယ်ကူ တဲ့ ခန့်မှန်း ပြိုင်ပွဲဖြစ်ကာ ပါဝင် ယှဉ် ပြိုင်ရန် အခက်အခဲ ရှိပါက သုံးစွဲနေ တဲ့ အင်တာနက် ဆိုင်မှာ account ဖွင့်ဖို့ အလွယ်တကူ အကူအညီ တောင်းခံ နိုင်မှာဖြစ်ပါတယ်။

Labels: , , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

752..ထက်ထက်မိုးဦးအား 7 Days မှ သတင်းထောက် အေးသူစံ မေးခဲ့သော အင်တာဗျူမေးခွန်းများ..(24.5.10 )

 


မေး ။ ။ ဟိုတစ်လောက နှလုံးနဲ့ ပတ်သက်ပြီးတော့ အနားယူနေတယ်လို့ပြောတယ်။
ဖြေ ။ ။ ဟုတ်တယ်။ အခုသက်သာသွားပြီ။
မေး ။ ။ ပထမဆုံးအနေနဲ့ အစ်မရဲ့ အခုလက်ရှိဘဝလေးကို အစ်မဘယ်လိုဖြတ်သန်းနေပါသလဲ။
ဖြေ ။ ။ ဒီအတိုင်းပဲ ကောင်းပါတယ်။
မေး ။ ။ အစ်မ နည်းနည်းအဆင်ပြေပြေလေး ဖြေပေးပါနော်။ အင်တာဗျူးကောင်းကောင်းလေး ထည့်ချင်လို့ပါ။
ဖြေ ။ ။ ဟုတ်။ အဆင်ပြေပြေဖြေပေးဆို မေးတဲ့အတိုင်းပဲ ထက်ထက်က ဖြေနေရတာလေ။
မေး ။ ။ အစ်မရဲ့ ကျန်းမာရေးအခြေအနေအရ နောက်ထပ်ကိုယ်ဝန်ဆောင်ဖို့ အဆင်ပြေပါ့မလား။
ဖြေ ။ ။ ဟုတ်။ ပြေပါတယ်။
မေး ။ ။ အဲဒါဘယ်တော့လောက်လဲ မသိဘူး။
ဖြေ ။ ။ အဲဒါ မသိသေးပါဘူး။
မေး ။ ။ ဟိုတစ်လောကလေ အဲ့လိုမျိုးဖြစ်သွားတာ အစ်မဘယ်လိုမျိုးခံစားရလဲ။
ဖြေ ။ ။ အဲဒီမေးခွန်းက မေးဖို့တောင် မသင့်ပါဘူး။
မေး ။ ။ အစ်မအမျိုးသားနဲ့ အစ်မဘယ်မှာတွေ့ခဲ့ကြတာလဲ။
ဖြေ ။ ။ ဒီကိစ္စအသေးအမွှားလေးတွေကတော့ ထက်ထက်မဖြေချင်ဘူး။ ဒါတွေက အင်တာဗျူးထဲမှာ ထည့်တာတော့ထည့်လို့ရတယ် ထည့်လို့ မရလို့တော့ မဟုတ်ဘူး။ ဒါတွေက ဘာမှမဟုတ်တဲ့ မေးခွန်းလေးတွေ ဖြစ်နေတဲ့အတွက်တခြား မေးခွန်းလေးတွေ မေးပေးပါလားလို့ . . .နော်။
မေး ။ ။ ပရိသတ်တွေကပြောကြတယ်။ ထက်ထက်မိုးဦး ဘဝကို ခဏခဏပြန်စနေရတယ်။ အဲဒီဝေဖန်မှုတွေကိုအစ်မဘယ်လိုမျိုးခံစားရလဲ။
ဖြေ ။ ။ သွားလိုက်တော့။ နင်သွားလိုက်တော့

ရန်ကင်းမြို့နယ်တရားရုံး ဒုတိယတရားသူကြီးက ပြစ်မှုကြီးအမှတ် ၁၈၂/၁ဝ အရ လက်ခံခဲ့ပြီး လာမည့် ၂၄ ရက်နေ့တွင် သတင်းထောက် မအေးသူစံနှင့် မဂ္ဂဇင်းတိုက် ၃ တိုက်မှ မျက်မြင်သက်သေ ၃ ယောက်အား ထွက်ဆိုရန် ရုံးချိန်းပေးလိုက်ကြောင်း သိရသည်။

ပါဖက်မဂ္ဂဇင်းမှ မသက်၊ ဖက်ရှင်မဂ္ဂဇင်းမှ မဝင်းမာ၊ ဟဲလိုဂျာနယ်မှ ကိုဘုန်းနေလတို့က မျက်မြင်သက်သေများအဖြစ် ထွက်ဆိုမှာဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

အကယ်ဒမီဆုရှင် ထက်ထက်မိုးဦးအား ဆက်သွယ်၍ မေးမြန်းရာ ဖြေကြားရန် ငြင်းဆိုသည်။ ထက်ထက်မိုးဦး အား 7Day News မှ တရားစွဲဆိုသော သတင်းအားဖော်ပြလိုက်မှုကြောင့် The Voice Weekly ဂျာနယ်နှင့် The First ဂျာနယ်တို့အား စာပေစိစစ်ရေးမှ ထုတ်ဝေခွင့်တစ်ပတ် ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

ထက်ထက်မိုးဦးသည် ယမန်နှစ်က ဗီဒီယို သရုပ်ဆောင် ဇူးမြတ်ထက်နှင့်
လက်ထပ်ခဲ့ပြီး
၂၀၀၉ ခုနှစ် စက်တင်ဘာလတွင် သားတဦး ဖွားမြင်ခဲ့သည်။ သို့သော်လည်း
ထိုသားငယ်မှာ မီးတွင်းမှာပင်
သေဆုံးခဲ့သည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့အခြေစိုက် 7Day ဂျာနယ်မှ
စာနယ်ဇင်းသမားတဦးက
ထိုအကြောင်းအရာများကို မေးမြန်းရာ အကယ်ဒမီ ထက်ထက်မိုးဦးက ဒေါသထွက်ပြီး
စာနယ်ဇင်းသမားကို
ကိုယ်ထိ လက်ရောက် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဧရာဝတီ သတင်းထောက် မင်းနိုင်သူက ထက်ထက်မိုးဦးကို ယနေ့ ဆက်သွယ်ပြီး
ပဋိပက္ခဖြစ်ခဲ့ပုံအား
မေးမြန်းထားပါသည်။

မေး။ ။ မထက်နဲ့ သတင်းထောက် တယောက်နဲ့ ဆီဒိုးနား ဟိုတယ်မှာ ပဋိပက္ခ ဖြစ်သွားတဲ့ ကိစ္စဟာ
ပြည်တွင်း သတင်း
လောကမှာ တော်တော်လေး ပျံ့နှံ့နေတယ်လေ။ အဲဒီအချိန်မှာ မထက်ရဲ့စိတ်ခံစားမှုက
ဘယ်လိုများ
ရှိနေခဲ့တာလဲဗျ။

ဖြေ။ ။ အနုပညာသမားနဲ့ စာနယ်ဇင်းသမား
ဆိုတာ ဖေးမ လက်တွဲလို့ အတူတူ လျှောက်ရတာပဲလေ။ မဖြစ်ခင်မှာ သူတို့ တင်ပေး၊
ဖြစ်လာတဲ့အခါမှာလည်း
တယောက်နဲ့ တယောက် ကြည်ကြည်ဖြူဖြူနဲ့ သူတို့ လိုအပ်တဲ့ပုံတွေ
ရိုက်ပေးခဲ့ကြတာပဲလေ။ ထက်ထက်
ကိုယ်ဝန် ၅ လ ခွဲမှာပေါ့ ELEVEN ဂျာနယ်က အင်တာဗျူး လှမ်းလုပ်တဲ့ အခါမှာ
ထက်ထက် နေမကောင်းသေးလို့
ခဏလေး စောင့်ပါဦး ဆိုတာကို စိတ်ဆိုးသွားပြီးတော့ ရေးလိုက်တယ်ပေါ့နော်။
ရေးလိုက်တာက
မြန်မာပြည်မှာ အိမ်ထောင်ဆက် များတဲ့ မင်းသမီး ဆိုပြီး ရေးလိုက်တဲ့ အခါမှာ
ထက်ထက် စာပေ
စိစစ်ရေးကို စာ သွားတင်လိုက်တယ်လေ။ ဒီ ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ ပတ်သက်ပြီး
မထည့်စေချင်ဘူးလို့
တင်လိုက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ထက်ထက်ရဲ့ကိုယ်ရေးကိုယ်တာ ပြီးခဲ့တာတွေက
ပရိသတ်က
သိလည်း သိကြပါတယ်။ တတိုင်းပြည်လုံးက ထက်ထက် ဘယ်လို အနေအထားမှာ ရှိလဲ
ဆိုတာကို။ ဒါတွေက
လိမ်ညာလို့ ရတာတွေလည်း မဟုတ်ဘူး။ ထက်ထက် ကိုယ်တိုင်လည်း ပရိသတ်ကို
လိမ်ညာပြီး ဘာမှ
မလုပ်ခဲ့ဖူးဘူးလေ။

အဲဒီတော့ ELEVEN သတင်းနဲ့ ပတ်သက်ပြီး စာပေစိစစ်ရေးကို စာ သုံးခါ
သွားတင်တယ်။ တင်တော့
စိစစ်ရေးကလူကြီးက ပါပြီးပြီပဲ ဘယ်တတ်နိုင်မလဲ တဲ့။ သူက အဲဒီလို
ပြောလိုက်တော့ ကိုယ်လည်း
စိတ်အားငယ် စိတ်မကောင်းဖြစ်ရုံပဲ ရှိတာပေါ့လေ။ တော်တော်လေးကို စိတ်မကောင်း
ဖြစ်တယ်။
ကိုယ်ဝန်ရှိနေတဲ့ အချိန်မှာ ဆိုတော့ စိတ်ထဲမှာ တမျိုးကြီးပဲ။ ဒီ
ကိုယ်ဝန်ကိစ္စနဲ့
ပတ်သက်ပြီး စိတ်ထဲမှာ ခံစားနေရတာ တမျိုး၊ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ
ခံစားနေရတာ တမျိုးနဲ့
အကြောင်းတွေက အများကြီး စုပြီး စိတ်မကောင်း ဖြစ်နေရတာ။

စာပေစိစစ်ရေးကို စာသုံးခါ တင်ပြီးတဲ့ အချိန်မှာကို နောက်လ IDEA မဂ္ဂဇင်းမှာ
ထပ်ပြီး
ပါခဲ့တယ်။ အိမ်ထောင်ဆက်တွေက ဘယ်သူ ဘယ်သူတွေပါပေါ့။ သူတို့ နံပါတ်စဉ်တွေနဲ့
တပ်ပြီး
ပါလာခဲ့တော့ ထပ်ပြီး စိတ်ထဲမှာ ခံစားရပြန်တယ်ပေါ့။ ခံစားရတယ် ဆိုတာက ထက်ထက်
တယောက်တည်း
ကိုယ့်အတွက်ကို ခံစားရတာမျိုး မဟုတ်ပါဘူး။ အခုလက်ရှိ ထက်ထက်ဘေးမှာ
ထက်ထက်ကို ကြည့်ရှု
ပေးနေတဲ့ ထက်ထက်ရဲ့အမျိုးသားနဲ့ ယောက္ခမကို ထက်ထက် မစော်ကားချင်ဘူးလေ။
ပြဿနာတွေ ထပ်
မဖြစ်ချင်ဘူး။ သူတို့လည်း လက်ခံနိုင်လို့ ခွင့်လွှတ်နိုင်လို့ အခုချိန်မှာ
အေးအေးချမ်းချမ်း
လျှောက်လှမ်းနေကြတာလေ။ သိပြီးသား ကိစ္စကို ဘာဖြစ်လို့ ခဏ ခဏ ထပ်
လုပ်နေကြမှာလဲ။

အခုကိစ္စမှာလဲ အရင်ဦးဆုံး ထက်ထက်ကို အင်တာဗျူး လုပ်ချင်လို့ပါ ဆိုတော့ အင်း
... လုပ်ချင်ရင်
လုပ်ပေးမယ်လေဆိုပြီး 7Day ရဲ့အင်တာဗျူးကို လက်ခံလိုက်တာ။ ဓာတ်ပုံလည်း
ရိုက်ပေးမယ် အင်တာဗျူးလေး
လုပ်ပေးမယ် ဆိုတဲ့ ဟာကို လက်ခံလိုက်တာ။ ဒါပေမယ့် အဲဒီ ဆီဒိုးနားမှာ
ပွဲအကြီးကြီးလုပ်နေတဲ့အချိန်မှာ
ဖြစ်သွားတဲ့ကိစ္စ။ ဒါဟာ ဘယ်သူမှားတယ် မှန်တယ်ဆိုတာ နားထောင်တဲ့သူတိုင်း၊
သိတဲ့သူတိုင်းက
ဘယ်သူမှားတယ် မှန်တယ်ဆိုတာ ရှင်းမှာပါ။ ကိုယ်မှန်တယ်လို့လည်း မပြောချင်ဘူး။
ကျမကို
ဒီလိုလုပ်လို့ ကျမက ဒီလိုလုပ်တာလို့လဲ မပြောချင်ဘူး။

အဲဒီပွဲမှာ ကိုယ်စင်ပေါ်တက်ပြီးပြောရမယ့် စကားတွေ ခေါင်းထဲမှာ
စဉ်းစားနေတဲ့အချိန်မှာ
VIP လို့ ရေးထားတဲ့ ၀ိုင်းမှာ ဘေးမှာ (သရုပ်ဆောင်) မယ်လိုဒီ လည်း ရှိတယ်။
နောက် မယ်လိုဒီက
ဓာတ်ပုံ ရိုက်စရာ ရှိလို့ ဆိုပြီး ထပြန်သွားတဲ့ အချိန်မှာ သူက ၀င်လာပြီး
ကျန်းမာရေး
ကိစ္စက စမေးတယ်။ အခု ကောင်းသွားပြီလို့ ထက်ထက်ဖြေတယ်။ နောက်ဆက်မေးတာက
မိခင်တယောက်အနေနဲ့
သားသမီး ဆုံးသွားတော့ ဘယ်လို ခံစားရလဲ တဲ့။ ဒီမေးခွန်း မေးသင့်လား
မမေးသင့်လား
ဆိုတာ မေးတဲ့သူရော မေးခိုင်းတဲ့သူရော စဉ်းစားရမယ်လေ။

မေး။ ။ စင်ပေါ်တက်ပြီး စကားပြောရမယ့်
အချိန်ဆိုတော့ အဲဒါမှာက ဘာပွဲ ကျင်းပနေလို့လဲ။

ဖြေ။ ။ ကုန်စည် မိတ်ဆက်ပွဲပါ။

မေး။ ။ စကားပြောရမယ် ဆိုတာက
ကုန်စည်မိတ်ဆက်စကားမျိုးလား။

ဖြေ။ ။ ဟုတ်ကဲ့။ ဒီပစ္စည်းတွေကို
မင်းသမီးတယောက် အနေနဲ့ ဘယ်လို သုံးခဲ့လဲ ဆိုတာကို ရှင်းပြရမှာပါ။ ဒီပွဲ
လုပ်တာကလည်း
ထက်ထက်ကို အဓိက ထားပြီးတော့ လုပ်တာလိုမျိုး ဖြစ်နေတယ်လေ။ ဒါကြောင့်
ပြောရမယ့် စကားတွေကို
သေချာ စဉ်းစားနေရတဲ့ အချိန်ပါ။

မေး။ ။ အခု သတင်းထောက်ဘက်က ရန်ကင်း
တရားရုံးမှာ အမှုဖွင့်ထားပြီလို့ ကြားနေရတယ်။ မထက်ဘက်ကရော ဘယ်လို
ပြင်ဆင်ထားပြီလဲ။

ဖြေ။ ။ ဘာမှ
မပြင်ဘူးရှင့်။

မေး။ ။ တရား ရင်ဆိုင်ဖို့ကို
ပြောတာပါ။

ဖြေ။ ။ တရား ရင်ဆိုင်မယ် လို့လည်း
မဟုတ်ဘူး။ ရင်မဆိုင်ဘူးလည်း မဟုတ်ဘူး။ ထက်ထက် စိတ်ထဲမှာ ဘာမှ မရှိဘူး။

မေး။ ။ ရန်ကင်း တရားရုံးကရော မထက်ကို
အကြောင်းကြားတာ ရှိပြီလား။

ဖြေ။ ။ မရှိပါဘူး။

မေး။ ။ အခုချိန်ထိ
မရှိသေးဘူးပေါ့နော်။

ဖြေ။ ။ ဟုတ်။ မရှိပါဘူး။

မေး။ ။ မထက်ဘက်က အခုဒီကိစ္စနဲ့
ပတ်သက်ပြီး
စာပေ စိစစ်ရေးကနေ နောက် စာနယ်ဇင်းတွေကို ဖော်ပြခွင့်မပေးပါနဲ့ဦး ဆိုပြီး
ပုဂ္ဂိုလ်ရေးရာ
အရ တင်ပြ တောင်းဆိုထားတာ ရှိနေတယ် လို့ ကြားရပါတယ်။ စာပေစိစစ်ရေးက ဘယ်လို
အကြောင်း
ပြန်ပါသလဲ။

ဖြေ။ ။ တင်ပြထားတယ် ဆိုတာ အရင်တခေါက်
ထက်ထက် ကိုယ်ဝန်ရှိနေတုန်းက စာ ၂ ခါ ၃ ခါ သွားတင်လိုက်တာပါ။ ဘာဖြစ်လို့လဲ
ဆိုတော့ အနုပညာသမားနဲ့
စာနယ်ဇင်းသမား ဆိုတာ သူတို့လည်း သူတို့အလုပ် လုပ်ကြသလို ပရိသတ် တွေကလည်း
မင်းသမီး၊
မင်းသားတွေကို ချစ်ကြတယ်ပေါ့နော်။ ဒီအပေါ်မှာ အားလုံးဟာ ကိုယ့်ဘ၀ကို
ကောင်းတာပဲ ဖြစ်ချင်တာပဲ။
ဆိုးတာတော့ ဘယ်ဖြစ်ချင်ပါ့မလဲ။ လူတိုင်း လူတိုင်း ဒီလိုပဲ။ ဒါပေမယ့်
သူတို့က မေးတယ်
ဆိုတာကလည်း စည်းမျဉ်း စည်းကမ်းလေး ရှိသင့်တာပေါ့။ ပြီးတော့ VIP ၀ိုင်းမှာ
သူများအလုပ်လုပ်နေတဲ့အချိန်မှာ
ဝင်မေးတယ် ဆိုတာက လာ နှောင့်ယှက်တာနဲ့ အတူတူပဲလေ။

မေး။ ။ အဲဒီပွဲမှာ တွေ့ဆုံဖို့ကို
မထက်က ချိန်းဆိုလိုက်တာလို့ ကြားပါတယ်။

ဖြေ။ ။ ဟုတ်တယ်။ အဲဒီမှာ တွေ့ဖို့
ပြောလိုက်တာ။ ဒါပေမယ့် အဲဒီပွဲဝိုင်းထဲမှာ မေးဖို့အတွက် VIP ၀ိုင်းမှာ
လာထိုင်ဖို့
အတွက် သူ့ကို မခေါ်ဘူး။

မေး။ ။ အခုပဋိပက္ခကို စာနယ်ဇင်းတွေမှာ
မဖော်ပြဖို့ တင်ပြထားတဲ့ အပေါ် စိစစ်ရေးက ဘယ်လို တုံ့ပြန်လဲဗျ။

ဖြေ။ ။ ဘာမှတော့ အကြောင်း မပြန်ဘူး။
ဒါပေမယ့် သတင်းကြားတာ VOICE ဂျာနယ်ကို ခဏ ပိတ်လိုက်တယ်လို့ ကြားတယ်လေ။

မေး။ ။ စိစစ်ရေးကို ဘယ်ရက်ပိုင်းက
တင်ပြခဲ့တာလဲဗျ။

ဖြေ။ ။ တင်ပြတာကတော့ ထက်ထက်က အမြဲ
လိုလိုကို ပြောထားပါတယ်။ လူကြီးတွေကိုလေ။ မလိုလားအပ်ဘဲနဲ့ကတော့ ကိုယ်ရေး
ကိုယ်တာ ကိစ္စတွေ၊
ကိုယ်မှ မဟုတ်ဘူး တခြား မင်းသမီး၊ မင်းသားတွေ အတွက်လည်း မဖော်ပြစေချင်ဘူး။
ထက်ထက် အခုချိန်မှာ
ခေါင်းတွေလည်း ခြောက်နေတယ်။ အေးအေး ဆေးဆေးပဲ နေချင်တယ်။ အဲဒီ ပြဿနာတွေလည်း
လုပ်ခဲ့တာတော့
လုပ်ခဲ့တာပေါ့။ သူတို့လုပ်လို့ ကိုယ် ဒီလိုမျိုး တုံ့ပြန်မှုက
မဖြစ်မနေမို့လို့ တုံ့ပြန်လိုက်ရတယ်။
ဒါပေမယ့် နောက်ဆက်ပြီး ဘာပြဿနာမှ ထက်ထက် မဖြစ်ချင်တော့ဘူး။

မေး။ ။ တကယ်လို့ ရန်ကင်းတရားရုံးက
ဆင့်ခေါ်တာမျိုး ရှိလာရင် ဘယ်လို ရင်ဆိုင်မယ်လို့ စီစဉ်ထားလဲ။

ဖြေ။ ။ ဘယ်လို ရင်ဆိုင်မလဲ ဆိုတော့
ကိုယ်က သူများကို မဟုတ်တာ လုပ်ခဲ့တာလည်း မဟုတ်ဘူး။ ကွယ်ရာမှာ
ချောင်းရိုက်တာလည်း မဟုတ်ဘူးလေ။
ဒီလိုမျိုး လုပ်လို့ ဒီလိုမျိုး ဖြစ်ရတယ်ဆိုတာ အကြောင်းရှိလို့ အကျိုး
ဖြစ်လာတယ် ဆိုတာကို
နားထောင်ကြည့်တဲ့ တရားရုံးကလည်း သိမှာပါ။

မေး။ ။ ရှေ့နေတွေ ငှားဖို့ရော ပြင်ထား
ပြီးပြီလား။

ဖြေ။ ။ မပြင်ပါဘူး။ ဘာမှ မပြင်ဘူး။

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
1 comments

741..သားစိုးနှင့် တွေ့ဆုံခြင်း....

 
Free Image Hosting
ရောလို့သမလို့မွှေတဲ့ည တေးစီးရီး ထွက်ရှိထားပြီး အမေရိကသို့ သွားရောက် နေထိုင်လျက်ရှိသည့် ဟစ်ဟော့ပ် အဆိုတော် သားစိုးသည် မြန်မာနိုင်ငံသို့ ဂီတလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ပြန်လည် ရောက်ရှိလာခိုက် သူ ဖန်တီးလိုသည်များနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့ရာ . . .

မေး-ကိုသားစိုး မြန်မာနိုင်ငံကို ဘယ်နေ့က ပြန်ရောက်ပါလဲ။ အမေရိကား မှာ ဘယ်လောက်ကြာခဲ့ပါသလဲ . . .
ဖြေ ကျွန်တော် ဒီဇင်ဘာလ ၆ ရက်နေ့က ပြန်ရောက်ပါတယ်။ ခုနစ်လ ကြာခဲ့ပါတယ်။
မေး-အမေရိကားမှာ မြူးဇစ်နဲ့ ပတ်သက်ပြီး ဘာတွေလုပ်ဖြစ်ခဲ့လဲ . . .
ဖြေ ကျွန်တော် Music Business ဆိုတာကို လေ့လာဖြစ်တယ်။ ကိုယ့်အခွေထဲမှာ ဘယ်လိုမျိုးတွေ ထပ်ထည့်ရင် ကောင်းမလဲ။ ဟိုမှာ ဘယ်လိုမြူးဇစ်တွေ ခေတ်စားနေလဲ ဆိုတာ လေ့လာဖြစ်ခဲ့တယ်။
မေး- ဒါဆို အမေရိကားမှာ ဘယ်လို ဂီတ အမျိုးအစားတွေ ခေတ်စားနေလဲ
ဖြေ အခုလက်ရှိကတော့ Electro Pop ဆိုတာ ခေတ်စားနေတယ်။ မြန်မာပြည်က လူငယ်တွေလည်း ဒါမျိုးတွေ လုပ်နေကြပါပြီ။
မေး- အခုပြန်ရောက်ချိန်မှာ မြူးဇစ်နဲ့ ပတ်သက်ပြီး ဘာတွေလုပ်မယ် စိတ်ကူးထားလဲ . . .
ဖြေ ကျွန်တော် စတူဒီယို တစ်ခုဖွင့်ဖို့ ရှိတယ်။ အရင်တုန်းက ကျွန်တော့် အိမ်မှာပဲ ပေါင်းဖွင့်ထားတာ။ အခုတော့ ဘောက်ထော်ဘက်မှာ သပ်သပ်ပေါ့။ ကျွန်တော့် သူငယ်ချင်းတွေရော၊ ဆိုင်းသမားတွေရော အကုန်လုံး လာနေကြပြီး လာမဲ့ သင်္ကြန်အတွက် ပရောဂျက် တစ်ခုပေါ့။ ဘာဖြစ်မလဲတော့ မသိသေးဘူး။
မေး- အသစ်ဖွင့်မယ့် စတူဒီယိုအတွက် စက်ပစ္စည်းတွေရော အဆင်သင့်ဖြစ်ပြီ လား . . .
ဖြေ ကျွန်တော် အမေရိကားကနေ စက်တွေ ၀ယ်လာပါတယ်။ ဒီမှာရှိတဲ့ စက်တွေ အကုန်ရောင်းလိုက်ပြီ။ မရှိတော့ဘူး။ ဟိုက၀ယ်လာတဲ့ စက်တွေနဲ့ လေ့လာခဲ့တဲ့ နည်းပညာတွေနဲ့ ပူးပေါင်းပြီး စတူဒီယိုဖွင့်မှာပါ။
မေး- နည်းပညာတွေ တိုးတက်လာတာနဲ့အမျ ရသမြောက်တဲ့ ဂီတခံစားမှုဖြစ်အောင် ဘယ်လိုဖန်တီးဖြစ်လဲ .
ဖြေ နည်းပညာတွေ ဘယ်လောက်ပဲ တိုးတက်ပါစေ အနုပညာရသ မပါရင် မပြည့်စုံဘူးလို့ ခံယူထားပါတယ်။ အဲဒီတော့ ကျွန်တော်ရှေ့ဆက် ဖန်တီးမယ့် တင်ဆက်မှုတွေမှာ အနုပညာ ရသကိုပိုထည့်မယ်။ နည်းပညာနဲ့ တွဲပြီး မြှင့်တင်မယ်လို့ ဆုံးဖြတ်ထားတယ်။
မေး- အမေရိကားက ဂီတဈေးကွက် အခြေအနေကို သိပါရစေ . . .
ဖြေ ဟိုမှာလည်း ခိုးကူးဈေးကွက် ရှိပါတယ်။ ဒါပေမဲ့ Internet ကနေပဲ Share လုပ်ကြတာ။ ဒါပေမဲ့ အစိုးရက ဥပဒေထုတ်ပြီး စဖမ်းနေပါပြီ။ အများစုက မလုပ်ကြတော့ဘူး။ အနုပညာရှင်ကို ချစ်တဲ့အတွက် အခွေစစ်ကိုဝယ်ပြီး အားပေးကြတာကို တွေ့ရတယ်။ အင်တာနက်ကနေလည်း သီချင်းတွေ ပြန်ရောင်းနေရပါပြီ။ ၂၀၀၁ ကနေ ၂၀၀၇ အထိ ကျဆင်း သွားတဲ့ ဂီတအခြေအနေက အခုတော်တော်လေး ပြန်ကောင်းလာပြီလို့ သိရပါတယ်။
မေး-နတ်ဒိုးနဲ့ Electro ရောစပ်တဲ့ ဂီတပုံစံတွေ ဖန်တီးပြီးပြီ။ ရှေ့ဆက် ပြီး ဘယ်လိုဂီတပုံစံတွေ ဖန်တီးဖို့များရှိလဲ .
ဖြေ ကျွန်တော့်မူအတိုင်း မြန်မာ့ရိုးရာဂီတအပေါ် အခြေခံပြီးတော့ပဲ ဆက်ဖန်တီးသွားမှာပါ။ မြန်မာရိုးရာ ဂီတအနေနဲ့ အသစ်ဆိုတာ လိုအပ်တယ်။ ဒါကြောင့် မြန်မာ့ရိုးရာ ဂီတကို ခုခေတ် လူငယ်တိုင်း နားထောင်နိုင်အောင် ကျွန်တော် တတ်နိုင်သလောက် လုပ်ပေးနေပါတယ်။ မြန်မာ့ရိုးရာဂီတမှာ အများကြီးထပ်ပြီး အဆင့်မြှင့်လို့ရတာတွေ ရှိပါ တယ်။ ဒီနှစ်ကတော့ သံချပ်တွေလုပ်ချင်ပါတယ်။ သံချပ်နဲ့ပတ်သက်ပြီး လက်လှမ်းမီသလောက် လေ့လာနေပါတယ်။ ကျွန်တော့်ရဲ့သံချပ်တွေကလည်း လူထုကို ကိုယ်စားပြုတဲ့ သံချပ်ဖြစ်အောင် ကြိုးစားမှာပါ။ ရိုးရိုး သံချပ်မဟုတ်ဘဲ ကျွန်တော်က Rap, Hip Hop သမားတစ်ယောက် ဖြစ်တဲ့အတွက် Rhyme နဲ့ သံချပ်တွေ ဖြစ်လာမှာပါ။

source:yangontime

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

728.. ၂၀၀၈ခုနှစ်အတွက် အမျိုးသား စာပေဆုရရှိသူများ...

 
ပြန်ကြားရေးဝန်ကြီးဌာန၊ အမျိုးသားစာပေဆု စီစစ်ရေးရွေးချယ်ရေး ကော်မတီမှ ၂၀၀၈ ခုနှစ်အတွက် အမျိုးသားစာပေဆု ရရှိခဲ့ကြသူများကို ဒီဇင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရသည်။
ထုတ်ပြန်ကြေညာချက်များ အရ ၂၀၀၈ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုကို ဒေါက်တာကျော်စိန်က ရရှိသွားခဲ့ပြီး ၀တ္ထုတို ပေါင်းချုပ်ဆုကို စာရေးဆရာမ ကြူကြူသင်းက သိင်္ဂါရရသ၀တ္ထုတို ပေါင်းချုပ်စာအုပ်ဖြင့် ရရှိသွားခဲ့သည်။
စာပဒေသာဆုကိုမူ စာရေး ဆရာယိမ်းနွဲ့ပါး က ခါကာဘိုခရီးသည် စာအုပ်ဖြင့်ရရှိခဲ့ကာ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ ဆုကို မြတ်ဝေတိုး(ပညာရေးတက္ကသိုလ်)က လီဆူတိုင်ရင်းသားတို့၏ ဘ၀ဓလေ့ စာအုပ်ဖြင့်လည်းကောင်း၊ ကလေးစာပေဆုကို ချစ်စရာ့ကလေးများ (ကလေးဝတ္ထုတိုများ) စာအုပ်ဖြင့် စာရေးဆရာ ရေနံ့သာ မောင် မောင်ကြည်က လည်းကောင်း၊ လူငယ်စာပေဆုကို ကုသိုလ်အရောင်ဆိုးပေးပါ စာအုပ်ဖြင့် ကျွန်းစဉ်မြေစောခက် က လည်းကောင်း ရရှိခဲ့သည်။
ဘာသာပြန်(သုတ)စာပေဆုကို စာရေးဆရာ တော်ကောင်းမင်းက ကျန်ဇီမင်း သို့မဟုတ် တရုတ်ပြည်ကို ပြောင်းလဲခဲ့သူ စာအုပ်ဖြင့်လည်းကောင်း၊ ဘာသာပြန်(ရသ)စာပေဆုကို ပါဝါကျဆုံးခြင်း နှင့်စင်ကာပူဘ၀ရနံ့ ၀တ္ထုတိုများစာအုပ်ဖြင့် စာရေးဆရာဝင်းထွဋ်ဇော် ကလည်းကောင်း ရရှိခဲ့ပါသည်။
သုတပဒေသာ(၀ိဇ္ဇာ)စာပေဆု ကို ဒေါက်တာဒဂုန်(Ph.D)(Astro) (Kol.) က ရာဇ၀င်ထဲမှာ ပုဏ္ဏား စာအုပ်ဖြင့်လည်းကောင်း၊ သုတပဒေသာ(ရိုးရိုးသိပ္ပံ)စာပေဆုကို ဒေါက်တာကျော်တင့်က ပြည်သူအတွက် သစ်တောပညာ စာအုပ်ဖြင့် လည်းကောင်း၊ သုတပဒေသာ(အသုံးချသိပ္ပံ)စာအုပ်ကို ဖွံ့ဖြိုးဝေဆာ ခေတ်သစ်စိုက်ပျိုးရေးရာ စာအုပ်ဖြင့် အောင်စိုး(စိုက်ပျိုး/၁၀၇)က ရရှိသွားခဲ့ပါ သည်။
အမျိုးသားစာပေဆုကို ဘာ သာရပ် ၁၄မျိုးခွဲခြားပြီး ပေးအပ်လေ့ ရှိရာ ၂၀၀၈ခုနှစ်အတွက် အမျိုးသား စာပေဆုများကို ဘာသာရပ် ၁၀ မျိုးသာ ပေးအပ်နိုင်ခဲ့ပြီး ၀တ္ထုရှည်၊ ကဗျာပေါင်းချုပ်၊ ပြဇာတ်စာပေ နှင့် နိုင်ငံရေးစာပေဆုများကို ဆုပေးအပ်နိုင်ခဲ့ခြင်း မရှိကြောင်း သိရှိ ရပါသည်။

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

722.. မောင်စိုင်းမိုးစံ နှင့် မိုးပြည့်ပြည့်မောင်တို့၏ မင်္ဂလာဧည့်ခံပွဲ

 
monetine2

မောင်စိုင်းမိုးစံ (B.A, M.A (History) D. S. A) Personal Assistance of the Chairman CB Bank & Kaung Myanmar Aung Company Ltd. နှင့် ရုပ်ရှင်သရုပ်ဆောင် မိုးပြည့်ပြည့်မောင်တို့၏ မင်္ဂလာဧည့်ခံပွဲကို ဒီဇင်ဘာလ ၅ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ကျင်းပခဲ့ရာ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အနုပညာရှင်များ တက်ရောက်ခဲ့ကြပြီး နွဲ့ယဉ်ဝင်း၊ ချိုပြုံး၊ ရင်ဂို၊ စည်သူလွင်၊ သံသာဝင်း၊ မေဆွိ၊ ကဗျာဘွဲ့မှူး၊ ချောစုခင်၊ ဆောင်းဦးလှိုင်၊ ဟေမာနေ၀င်း၊ လေးလေးဝါး၊ ဖြူဖြူကျော်သိန်းနှင့် အဆိုတော်များက သီဆိုဖျော်ဖြေခဲ့ကြသည်။

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

706.." အမှန်တစ်ကယ် " တက္ကသိုလ်ဝင်ဝင်တန်းစာမေးပွဲကို မတ်လမှသာပြုလုပ်မည်

 

အ.ထ.က ( ၂ ) စမ်းချောင်း

အခြေခံပညာကျောင်း များ၌ ဒီဇင်ဘာလပိုင်းတွင် အခန်းဆုံး စာမေးပွဲစစ်ဆေးမှုအပြီး ကျောင်းများ ပိတ်မည်ဆိုသော သတင်းများထွက် ပေါ်လာခဲ့ရာယင်း သတင်းများထွက်ရှိ လာမှုအပေါ်စမ်းချောင်းမြို့နယ်အထ က(၂)မှ ကျောင်းအုပ်ဆရာမကြီးက'' စာမေးပွဲတွေမှာ အခန်းဆုံးစစ်ဆေးမှု တွေတော့တစ်လတစ်ခါအမြဲတမ်းပြု လုပ်နေတယ်။ အတန်းတင်စစ်ဆေး မှုတွေကိုတော့ ယခင်နှစ်တွေကလိုပဲ ဖေဖော်ဝါရီလကုန်ပိုင်းနဲ့ မတ်လဆန်း ပိုင်းမှာသာစစ်ဆေးဖို့ ရှိပါတယ်'' ဟု ပြောကြားခဲ့ပါသည်။

အခြေခံပညာ မူလတန်း၊ အ လယ်တန်းပညာစစ်ဆေးမှုအား ဖေ ဖော်ဝါရီလကုန်ပိုင်းတွင် စစ်ဆေးမှု ပြုလုပ်ကြပြီးအထက်တန်း(န၀မ)တန်း စစ်ဆေးမှုအား မတ်လဆန်းပိုင်းတွင် စစ်ဆေးကြကာ တက္ကသိုလ်ဝင်တန်း စစ်ဆေးမှုအား ၂၀၁၀ မတ်လ ၁၀ ရက် နေ့မှ ၁၉ ရက်နေ့ထိပြုလုပ်သွားမည် ဖြစ်သည်ဟု သိရှိရပါသည်။

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

704..မြန်မာAIDSသတင်း

 

မြန်မာနိုင်ငံတွင် ကလေး၊ လူ ကြီး အပါအ၀င် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူနှင့် အေအိုင်ဒီအက်စ် ရောဂါဖြစ်ပွားသူ စုစုပေါင်း၂၄၀၀၀၀ ဦး ခန့်ရှိပြီး အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီ အက်စ်နှင့် ဆက်စပ် ရောဂါကြောင့် နှစ်စဉ် သေဆုံးသူ ၂၅၀၀၀ ခန့်ရှိကြောင်း တရားဝင် ထုတ်ပြန်ချက်များ အရ သိရသည်။ မြန်မာနိုင်ငံ၏ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးသည် အောင်မြင်မှု လုံးဝ ရနေသည်ဟု မဆိုနိုင်သေးသော်လည်း သူ့အတိုင်းအတာ နှင့်သူတော့ အောင်မြင်မှု ရနေသည်။
ဥပမာ- ပြီးခဲ့သော နှစ်များနှင့် နှိုင်းယှဉ်ပါက ၂၀၀၈ ခုနှစ်၌ ရန်ပုံငွေ ပိုမိုသုံးစွဲနိုင်ခဲ့သည်။ ယင်း ကြောင့် လိင်လုပ်သားများအတွက် ကာကွယ်ရေးလုပ်ငန်း များကို ပိုမိုဆောင်ရွက်နိုင်ခဲ့ သည်။ ကာကွယ်တိုက်ဖျက်ရေး ဆောင်ရွက်နေသူ အားလုံး က လိင်လုပ်သားများ မှတစ်ဆင့် အိတ်ခ်ျအိုင်ဗွီပိုးပျံနှံ့မှုကို ကာကွယ်ရေးသည် အရေးကြီးသည်ဟု ယူဆ ထားသည်။ ၂၀၀၈ ခုနှစ်တွင် ကွန်ဒုံး ၃၄ သန်းကို တစ်နိုင်ငံလုံး၌ အခမဲ့ ရော လူမှုဝန်ဆောင်မှု အရပါ ဖြန့်ဖြူး နိုင်ခဲ့သည်။
အထူးခြားဆုံးကတော့ အိတ်ခ်ျအိုင်ဗွီပိုးနှင့် နေထိုင်နေရသူများ၏ အဖွဲ့ငယ်များ တိုးပွားလာသည်ကို တွေ့ရခြင်းဖြစ်ပြီး ၄င်းတို့သည် အချင်းချင်း စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးခြင်း၊ လိုအပ်သည်များ ကူညီ ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
သို့ပေမယ့် မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ဖြစ်ပွားသူအများစုမှာ အသက် ၃၄ နှစ်အောက်များ ဖြစ်ကြသော်လည်း ၂၀၀၈ ခုနှစ်တွင် လူငယ်များအ တွက် အေအိုင်ဒီအက်စ် ကာကွယ် တိုက်ဖျက်ရေး ရန်ပုံငွေရရှိမှုမှာ လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းအောက် သာ ရရှိခဲ့သည်။
နောက်ပြီး ရောဂါရှိသူများ အား ခွဲခြားဆက်ဆံမှုများ လျော့နည်းသွားရေး ကိုလည်း အရှိန်မြှင့် ဆောင်ရွက်ရန် လိုနေသေးသည်။ လိုအပ်နေသည် ကိုလည်း စစ်တမ်း တွေက ဖော်ပြနေသည်။
ထို့ကြောင့်လည်း ဒီဇင်ဘာလ ၁ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ ခုခံအားကျဆင်းမှု ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြန်မာနိုင်ငံ၏ ဆောင်ပုဒ်မှာ ''အေအိုင်ဒီအက်စ် တိုက်ဖျက်ဖို့ ခွဲခြားမှုကို ရှောင်ကြဉ်လို့ အားလုံး ပူးပေါင်းဆောင်ရွက်စို့'' ဟူ၍ ဖြစ်သည်။
အဆိုပါနေ့၌ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး အထိမ်းအမှတ် ဟောပြောပွဲများ၊ ဈေးရောင်းပွဲတော်များ၊ ဖက်ရှင်ရှိုးများ၊ ပြဇာတ်များ ပါဝင် သည်ဟု စီစဉ်သူများထံမှ သိရသည်။
ယင်းကဲ့သို့ ဆောင်ရွက်ခြင်း ဖြင့် အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ကို ပြည်သူအများ သိရှိ နားလည်မှု ပိုမိုလာနိုင်မည်ဖြစ်သလို ရောဂါဖြစ် ပွားနေသူများအား ခွဲခြားဆက်ဆံ မှုလည်း လျော့နည်း သွားနိုင်ကြောင်း စီစဉ်သူများက ယူဆထားသည်။
ကျန်းမာရေး ၀န်ကြီးဌာနက အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်နှင့် ပတ်သက်၍ ထုတ်ပြန်သော ၂၀၀၈ ခုနှစ် အစီရင်ခံစာအရ လက်ရှိ ART ရရှိသူဦးရေမှာ တကယ်လိုအပ်သူ၏ ငါးပုံတစ်ပုံသာ ရှိသည်။ ယင်းမှာ လိုအပ်သူ ၇၅၅၃၇ အနက် ၁၅၁၉၁ သာ ရရှိသေးကြောင်းကို ကိုယ်စားပြု နေသည်။ ဒါသည် ART ထောက်ပံ့မှု ပိုင်း၌ ရန်ပုံငွေ အများအပြား လိုအပ် နေဆဲဖြစ်သည်ကို မီးမောင်း ထိုးပြနေခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအစိုးရက အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ကာကွယ် တိုက်ဖျက်ရေးအတွက် ကျပ် ၁၄၈၈ သန်း သုံးစွဲသည်ဟု သိရသည်။
ယင်း ငွေပမာဏ၏ ၆၅ ရာခိုင် နှုန်းကို အိတ်ခ်ျအိုင်ဗွီ ကာကွယ်ရေး၊ ၂၀ ရာခိုင်နှုန်းကို ကုသရေးနှင့် ၁၅ ရာခိုင်နှုန်းကို စီမံချက် စီမံခန့်ခွဲမှု၌ အသုံးပြုသည်ဟု ကျန်းမာရေး ၀န်ကြီးဌာနက ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ် ၌ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ကာကွယ် တိုက်ဖျက်ရေးအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၃ သန်း ရရှိခဲ့ပြီး အမှန်တကယ် လိုအပ်မှု၏ ၃၈ ရာခိုင်နှုန်း လျော့ နည်းရရှိခဲ့ခြင်း ဖြစ်သည်။ စီမံချက် လိုအပ်မှုကတော့ အမေရိကန်ဒေါ် လာ ၅၀ ဒသမ ၇ သန်း ဖြစ်သည်။
ယင်းရရှိငွေများ၏ ၄၁ ရာခိုင် နှုန်းကို ကာကွယ်ရေး၊ ၄၇ ရာခိုင် နှုန်းကို ကုသရေးနှင့် ပြုစုစောင့် ရှောက်ရေး၊ ကျန်ရာခိုင်နှုန်းကို ကျန်းမာရေးစနစ် ပိုမိုကောင်းမွန်ရေး၊ စောင့်ကြည့် လေ့လာမှုနှင့် သုံးသပ်မှု တို့တွင် အသုံးပြုခဲ့သည်ဟု သိရပါ သည်။
မြန်မာနိုင်ငံ၏ ပထမဆုံး အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ပိုးကူးစက်ခံ ရသူကို ၁၉၈၈ ခုနှစ်၌ စတင်တွေ့ရှိခဲ့ ပြီး ပထမဆုံး အေအိုင်ဒီအက်စ် ရောဂါ ဖြစ်ပွားသူမှာ မူးယစ်ဆေး သွေးကြောထဲ ထိုးသွင်းသူဖြစ်ကာ ၁၉၉၁ ခုနှစ်တွင် တွေ့ရှိခဲ့သည်။
မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီ ပြန့်ပွားမှုနှုန်းမှာ ၂၀၀၀ ပြည့်နှစ်၌ ၀ ဒသမ ၉၅ ရာခိုင်နှုန်းမှ ၂၀၀၇ ခုနှစ် တွင် ၀ ဒသမ ၆၇ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သည်ဟု သိရသည်။
ကမ္ဘာပေါ်တွင် နေ့စဉ် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူ ၆၈၀၀ခန့် ရှိပြီး အေအိုင်ဒီအက်စ် ရောဂါဖြင့် ၅၇၀၀ ခန့် သေဆုံးနေကြောင်း၊ ကမ္ဘာတစ်ဝန်း အိတ်ခ်ျအိုင်ဗွီ ၊အေအိုင်ဒီ အက်စ်ရှိသူ ၃၃ သန်းခန့် ရှိကြောင်း၊ ၁၉၈၁ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း အေအိုင်ဒီအက်စ် ရောဂါကြောင့် လူ ပေါင်း ၂၅ သန်းကျော် သေဆုံးခဲ့ပြီး ဖြစ်ကြောင်း ကုလသမဂ္ဂမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။
မြန်မာနိုင်ငံသည် အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ကာကွယ်တိုက် ဖျက်ရေးအတွက် Global Fund ၏ အမေရိကန်ဒေါ်လာ ၅၁ သန်းကျော် ထောက်ပံ့မှုကို မကြာသေးမီက ပြန်လည်ရရှိခဲ့သည်။
စီမံခန့်ခွဲမှု အသုံးစရိတ်များကို တတ်နိုင်သမျ လျော့ချနိုင်ရေးသည် မိမိကူညီမှုကြောင့်သာ အသက်ဆက် နိုင်မည့်သူများကို ကူညီရာ ရောက်မည်ဟုလည်း လေ့လာသူများက သုံးသပ်ကြသည်။

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

697..အင်တာနက်ချိတ်ဆက်နိုင်သည့် Home Theatre ပြည်တွင်းတွင်ဝယ်ယူနိုင်

 
အင်တာနက်မှဗီဒီယိုများ၊ BD Live မှထုတ်လွှင့်သောလိုင်းများကို တိုက်ရိုက်ချိတ်ဆက်ကြည့်ရှုနိုင်သော Bluray Home Theatre တစ်မျိုး ပြည်တွင်းဈေးကွက်တွင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။
မည်သည့်ရုပ်ရှင်၊ သီချင်းအမျိုးအစားကိုမဆို လိုက်လျောညီထွေစွာပြောင်းလဲပေးနိုင်သော LG Sound Gallery စနစ်ပါဝင်သည့် Bluray Home Theatre သည် Bluray မှတဆင့် BD Live ထုတ်လွှင့်သည့်လိုင်းများကို တိုက်ရိုက်ချိတ် ဆက်ကြည့်ရှုနိုင်သည့်စနစ်လည်း ပါဝင်သည်။ ရုပ်ရှင်များကြည့်ရှုခံစားရာတွင် အမြင့်ဆုံးအသံစွမ်းအားကို 1000 RMS (100 x 10) PMPO Watt အထိ နားဆင်ခံစားနိုင်ကြောင်းသိရသည်။ Virtual Surround Matrix (VSN) စနစ်သည် မည်သည့်အသံအမျိုးအစားကိုမဆို အသံပတ်လည်ပြေးစနစ်တို့ အလိုအလျောက်ပြောင်းလဲဖန်တီးနိုင်သောစနစ်ဖြစ်သည်။ ထို့ပြင် အင်တာနက်လိုင်းရှိပါက Home Theatre ဖြင့် အင်တာနက်မှဗီဒီယိုများကိုကြည့်ရှုနိုင်ပြီဖြစ်ကြောင်း သိ ရသည်။ အင်တာနက်ဖြင့်ချိတ်ဆက်အသုံးပြုနိုင်ရန် LG ကုမ္ပဏီမှဝန်ဆောင်မှုပေးနေကြောင်း သိရသည်။ ၎င်း Bluray Home Theastre သည်လှပသေသပ်ပြီး ဒီဂျစ်တယ်အသံစနစ်ကို အမြင့်ဆုံးပေးစွမ်းနိုင်သည့်အပြင် ဒီဇိုင်း လည်းဆန်းသစ်လှပသည်။ LG ၏နည်းပညာအဆင့်များဖြင့်ထုတ်လုပ်ထားသော HB 754TB-AD Bluray Home Theatre ကို LG အရောင်းပြခန်းများတွင် ၀ယ်ယူရရှိနိုင်ကြောင်းသိရသည်။

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ