
လက်ရှိတွင် ပြည်တွင်းရှိ ဈေးဝယ်သူများမှာ အွန်လိုင်းဈေးဝယ်စနစ်နှင့် ရင်းနှီးမှုနည်းနေသေးပြီး ကိုယ်တိုင်စမ်းသပ်ကိုင်တွယ်၍ ၀ယ်ယူရခြင်းကို ပိုမို နှစ်ခြိုက်ကြကြောင်း၊ ငွေကြေးတတ်နိုင်သူနှင့် ပစ္စည်းအသစ်အဆန်း စိတ်ဝင်စားသူအချို့သာ အွန်လိုင်းဈေးဝယ် စနစ်တွင် စမ်းသပ်ဝယ်ယူလာကြကြောင်း သိရသည်။ ''၀က်ဘ်ဆိုက်မှာ ဈေးနှုန်းမဖော်ပြနိုင်တာက ပစ္စည်းဈေးနှုန်းကို အချိန်နဲ့တစ်ပြေးညီ update မလုပ်နိုင်လို့ပါ။ ဒါပေမယ့်အီးမေးလ်နဲ့ဖြစ်ဖြစ်၊ ဖုန်းနဲ့ဖြစ်ဖြစ် လှမ်းစုံစမ်းရင်ရတယ်။ ခန့်မှန်းခြေ ဈေးနှုန်းပြောပြပြီး တကယ် ၀ယ်မယ်ဆိုရင် အတိအကျ တွက်ပေးပါတယ်။ ကျသင့်ငွေရဲ့ ၃၀ ရာခိုင်နှုန်းကို deposit သဘောမျိုးပေးထားရမှာ ဖြစ်ပြီး အမြန်ဆုံး သုံး၊ လေးရက်လောက် ကနေ အကြာဆုံး သုံး၊ လေးပတ်ထိ စောင့်ရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ e book reader, country boot ဖိနပ်စတာတွေကို မှာယူဖို့ စိတ်ဝင်စားမှုတွေ ရှိနေပါတယ်။ အများအားဖြင့် အီလက်ထရောနစ်ပစ္စည်းတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ မှာယူချင်ကြတာများတယ်။ ဒီမှာဝယ်လို့ မရတဲ့ပစ္စည်းကိုမှာကြတာ ရှိသလို ဒီမှာဝယ်လို့ရတဲ့ပစ္စည်းကိုလည်း မှာကြတာရှိပါတယ်''ဟု yangon-onlinestore မှ General Manager ကိုအောင်ဇော်ထွေးက ပြောပြခဲ့သည်။
ပြည်တွင်း၌ Online Shopping ကို ပုံစံအမျိုးမျိုးဖြင့် လုပ်ဆောင်လာကြပြီး နိုင်ငံခြားရှိပစ္စည်းများကို အဓိကမှာယူနိုင်ခြင်း၊ ပြည်တွင်းရှိ အရောင်းဆိုင်များနှင့် ချိတ်ဆက်၍ ၀ယ်ယူမည့်သူကို အတည်ပြုပြီး အိမ်အရောက် ပို့ဆောင်ပေးခြင်း၊ ရောင်းချလိုသူ ကိုယ်တိုင်ဝက်ဘ်ပေါ်တင်၍ လွတ်လပ်စွာရောင်းချနိုင်ခြင်း စသဖြင့် ပုံစံမျိုးစုံ ရှိလာပြီး အွန်လိုင်းဈေးဝယ်ခြင်းကို သီးသန့်ဝန်ဆောင်မှုပေးသော ၀က်ဘ်ဆိုက်များ ပေါ်ပေါက်လာသကဲ့သို့ ကွန်ပျူတာပစ္စည်း အရောင်းဆိုင်အချို့မှလည်း မှာယူလိုသော ပစ္စည်းများကို မှာယူဝန်ဆောင်မှု ပေးခြင်းမျိုးလည်း ရှိလာသည်။ အွန်လိုင်းတွင် ဈေးဝယ်ခြင်းဆိုင်ရာ ၀န်ဆောင်မှုပေးနေသူများအနေဖြင့် အွန်လိုင်းဈေးဝယ်စနစ် ပိုမိုပီပြင်လာစေရန် အွန်လိုင်းဘဏ်စနစ်ကိုလည်း မျော်လင့်နေကြပြီး အကြွေးဝယ်ကတ်၊ ငွေပေးငွေယူ ကတ်စနစ်များ အသုံးပြုရန် စိတ်ဝင်စားမှု ရှိနေကြောင်းလည်း သိရသည်။ e-Commerce စနစ်အောင်မြင်ရန် နိုင်ငံ၏ စီးပွားရေးအခြေအနေ၊ နည်းပညာ ဖွံ့ဖြိုးမှု၊ ဈေးကွက်ရှိမှုတို့ မှာ အရေးပါကြောင်း လေ့လာသူများက ဆိုပါသည်။
online store ကိုပို့ပေးမယ်Labels: Myanmar, News-II
0 - ဦး မှတ်ချက်ပေးထားပါသည်
Post a Comment