ရန်ကုန်မြို့ရှိ ဆီဒိုနား ဟိုတယ်၌ မေလ ၁၉ ရက်နေ့တွင် ဖြစ်ပွား ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဇူလိုင်လ ၁၃ ရက်နေ့တွင် တရားစွဲဆို ခံရသူ ထက်ထက်မိုးဦး က ရန်ကင်း တရားရုံးသို့ ၁၅ မိနစ်ကြာ အမှုရင်ဆိုင်ရန် ရောက်ရှိလာစဉ် သရုပ်ဆောင် ထက်ထက်မိုးဦး၏ ခင်ပွန်း ဇူးမြတ်ထက်နှင့် အမှုရုံးချိန်းသို့ လာရောက်သူ သတင်းထောက် အမျိုးသမီး တစ်ဦးတို့ ပြဿနာ ဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။
၁၅ မိနစ်ကြာ အမှု ရင်ဆိုင် နေစဉ် အမှု စစ်ဆေး နေသည့် အခန်း ပြင်ပမှာ အမှုရုံးချိန်းသို့ လာရောက် သတင်းယူနေသူ အမျိုးသမီး သတင်းထောက် တစ်ဦးကို ထက်ထက်မိုးဦး ရဲ့ ခင်ပွန်း ဖြစ်သူ ဇူးမြတ်ထက်က လက်ကိုင်ဖုံးဖြင့် ဓါတ်ပုံ ရိုက်ယူ သည်ဟု စွပ်စွဲပြီး အမျိုးသမီး သတင်းထောက်၏ လက်ကို အတင်းဆွဲကာ လက်ကိုင်ဖုံးကို အတင်း လုယူ ခဲ့ခြင်း ဖြစ်သည်။
မျက်မြင်ကြုံရသူ တစ်ဦးက ' အမှုစစ်ဆေးနေတဲ့ အခန်းပြင်ပမှာ နားထောင်နေတဲ့ အမျိုးသမီး သတင်းထောက် တစ်ဦးကို ထက်ထက်မိုးဦး ရဲ့ ခင်ပွန်း ဖြစ်သူ ဇူးမြတ်ထက်က' ဟဲ့နင် ဘာလို့ ဓါတ်ပုံရိုက်တာလဲ။ နင်ရဲ့ဖုန်းပေးစမ်း။ နင်ဘယ်ကလဲ။ နင်ဘယ်သူလဲ' လို့ လက်ညှိုးထိုးပြီး ပြောတာကို တွေ့ရတယ်။ အဲဒီသတင်းထောက်ကလည်း ကျွန်မဘယ်မှာ ဓါတ်ပုံ ရိုက်လို့လဲ။ ဖုန်းတော့ မပေးနိုင်ဘူး' လို့ပြန်ပြောတယ်။ ပြီးတော့ အဲဒီအမျိုးသမီး သတင်းထောက် အပါအဝင် အမှုကိုလာ နားထောင်သူ အချို့က အခန်းထဲ လိုက်ဝင်ပြီး ဖုန်းကို ပြန်ပေးဖို့ တောင်းတာ တွေ့ရတယ်။ ဇူးမြတ်ထက်က ချက်ချင်း ပြန်မပေးသေးပဲ ဖုန်းကို ဖွင့်ကြည့်နေတာ တွေ့တယ်။ လက်ကိုင်ဖုန်း အယူခံလိုက်ရတဲ့ သတင်းထောက်က ' ကျွန်မ ဖုန်းထဲမှာ ရှင်တို့ ဓါတ်ပုံ ရိုက်ထားတာ မရှိဘူးဆိုရင် ရှင်တို့ ဘာပြန် လုပ်ပေးမလဲ' လို့ ပြောသလို၊ အမှုကို လာရောက် နားထောင် နေသူ အချို့ကလည်း ဝိုင်းပြောကြတယ်။ အဲဒီနောက်မှာ ဇူး မြတ်ထက်က ဖုန်းပြန်ပေးတာတွေ့ ရတယ်' ဟု news-eleven အွန်လိုင်း စာမျက်နှာတွင် ဖေါ်ပြခဲ့သည်။
အမျိုးသမီး သတင်းထောက် မနဒီထိုက်က ' ကျွန်မ တရားရုံးထဲမှာ ဓါတ်ပုံ မရိုက်ရဘူး ဆိုတာ သိပါတယ်။ သူတို့က ကျွန်မကို စွပ်စွဲတယ်။ လူအများကြီး အလယ်မှာ ပြောဆိုတယ်။ ကျွန်မရဲ့ လက်ကို ဆွဲကိုင်ပြီး ဖုန်းကို လုယူသွားပါတယ်။ အဲဒီ ဖုန်းထဲမှာ ရှင်တို့ ဓါတ်ပုံ မရှိဘူး ဆိုရင် ဘာလုပ် ရမလဲပြောတော့မှ သူက ဖုန်းကို ပြန်ပေးပါတယ်' ဟု ဖေါ်ပြ ထားခဲ့သည်။
ရန်ကုန်မြို့ ဆီဒိုနားဟိုတယ် ၌ မေလ ၁၉ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ သရုပ်ဆောင် ထက်ထက်မိုးဦးအား ဆဲဗင်းဒေး သတင်းထောက် အေးသူစံက မေလ ၂၀ ရက်နေ့တွင် ရန်ကင်းတရားရုံးသို့ ဦးတိုက်လျှောက်ခဲ့ပြီး အမှုအတွက် မေလ ၂၄ ရက် နေ့တွင် တရားလို မအေးသူစံနှင့် သက်သေအချို့အား တရားရုံးမှ စတင်စစ်ဆေးခဲ့ကြောင်း၊ မေလ ၂၇ ရက်နေ့တွင် သက်သေအချို့ အား ဆက်လက် စစ်ဆေးခဲ့ကြောင်း၊ ဇွန်လ ၃ ရက်နေ့တွင် စွဲချက်တင်ခဲ့ကာ ဇွန်လ ၁၇ ရက်နေ့တွင် တရားစွဲဆိုခံရသူ ထက်ထက်မိုးဦးထံသို့ သမ္မာန်စာ ပထမဦးဆုံး အကြိမ် ပို့ခဲ့ကြောင်း သိရသည်။ သို့သော်လည်း အိမ်လိပ်စာ မှားယွင်းနေ သဖြင့် အတည်မဖြစ် ခဲ့ကြောင်း၊ ဇွန်လ ၂၈ ရက်နေ့တွင် သမ္မာန်စာ ထပ်ပို့သော်လည်း အိမ်လိပ်စာ မှားနေ ခဲ့ပြန် သဖြင့် ထပ်မံ၍ သမ္မာန်စာမှာ အတည်မဖြစ် ခဲ့ကြောင်း၊ ဇူလိုင်လ ၆ ရက်နေ့တွင် အိမ်လိပ်စာ အမှန်ဖြင့် ပေးပို့ခဲ့သော သမ္မာန်စာမှာ အတည် ဖြစ်ခဲ့သော်လည်း (တရားလိုဘက်မှ တရားရုံးသို့ လာရောက်ခဲ့သော်လည်း) တရားစွဲဆို ခံရသော ထက်ထက်မိုးဦး တရားခွင်သို့ မရောက်ရှိခဲ့ကြောင်း သိရသည်။ ထို့နောက် သမ္မာန် စာ ထပ်မံ ပေးပို့ခဲ့ရာမှ ဇူလိုင်လ ၁၃ ရက်နေ့တွင် တရားစွဲဆို ခံရသူ ထက်ထက်မိုးဦး တရားရုံးသို့ ရောက်ရှိ လာခဲ့ခြင်းလည်း ဖြစ်သည်။
သမ္မာန်စာ အတည် ဖြစ်ပြီး ဒုတိယ အကြိမ် ရုံးချိန်း ဖြစ်သည့် ဇူလိုင်လ ၁၃ ရက်နေ့တွင် တရားရုံးသို့ ပထမဆုံး အကြိမ် လာရောက်ခဲ့သော တရားစွဲဆို ခံထားရသည့် ထက်ထက်မိုးဦးသည် အာမခံကြေး ငွေကျပ် ဆယ်သိန်း၊ ခံဝန် ပြုလုပ် ပေးသူ နှစ်ဦးဖြင့် အာမခံ ယူခဲ့ပြီး ၎င်း၏ ဥပဒေ အကျိုးဆောင် အဖြစ် ဦးစိန်မြင့်ကို ယခု အမှုအား လိုက်ပါ ဆောင်ရွက်ခွင့်ပြုရန် ရှေ့နေ ပါဝါ တင်ခဲ့ကာ အမှုအား ဆက်လက် စစ်ဆေးရန် အတွက် ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီသို့ ထပ်မံချိန်းဆိုခဲ့သည်။
အမျိုးသမီး သတင်းထောက် မနဒီထိုက်သည် မန္တလေး အရုဏ်ဦး ဂျာနယ်တွင် သတင်းထောက် အဖြစ် အလုပ်လုပ် နေသူဖြစ်နိုင်ကြောင်း ပြည်တွင်း စာနယ်ဇင်း အသိုင်းအဝန်းမှ သိရသည်။
Labels: Art-II, Myanmar, News-II
5 - ဦး မှတ်ချက်ပေးထားပါသည်
မထက်ရယ်၁၀သိန်းနဲ့ပါးရိုက်ရတာတန်လိုက်တာ၊သိပ်လူပါးဝတဲ့ဟာတွေ၊စောက်ဆင့်ကိုမရှိဘူး၊ဒီယုံမြင်လို့ဒီချုံထွင်တဲ့ဟာတွေ၊ကိုယ်တိုင်ခံစားဖူးလို့ကိုယ်ချင်းစာလို့ရပါတယ်။သူများမျက်ရည်ချောင်းစီးနေတာတောင်သူတို့ကကိုကိုယ်ကျိုးအတွက်သတင်းလုပ်စားတုန်း၊စာပေစိစစ်ရေးဆိုတာလဲအလကားဘဲ၊သူတို့လူဘဲအလကားဟာတွေ၊တစ်ယောက်မှစောက်ဆင့်ရှိတဲ့ဟာတွေမဟုတ်ဘူး၊အောက်တန်းစားတွေ
မိထက်ချီးစားမလို့လားဟေ့ကောင်
မထက်ကိုခုလို၇ုံးရောက်အောင်လုပ်တဲ့မိန်းမကိုမှန်းလိုက်တာ၊ အဲဒီလိုဘဲသတင်းထောက်တွေက ကိုယ်သတင်းရဖို့ဘဲသိတဲ့လူတွေကများတယ်။ မထက်ကြိုးစားပါ။
မထက်ဇာတ်ကားတွေများများရိုက်ပါ။ ညီမတို့က မထက်ရဲ့ဇာတ်ကားတွေကို အရမ်းကြိုက်တာ၊ မထက်ပျော်ရွှင်ပါစေလို့ ညီမဆုတောင်းပေးလိုက်ပါတယ်၊ မထက်သမီးလေးကအရမ်းလှတာဘဲ၊
မထက်ကိုခုလို၇ုံးရောက်အောင်လုပ်တဲ့မိန်းမကိုမှန်းလိုက်တာ၊ အဲဒီလိုဘဲသတင်းထောက်တွေက ကိုယ်သတင်းရဖို့ဘဲသိတဲ့လူတွေကများတယ်။ မထက်ကြိုးစားပါ။
Post a Comment