ကိုကြီးဇော် ( မုန်တိုင်း )

ဗဟုသုတဘဏ်

this site the web

825..ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေးစာအုပ် [21.7.10 ]

 





Class No ၃၇၀.၇၈
Author
Title ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး
Edition
Imprint မြန်မာနိုင်ငံပညာရေးသုတေသနအဖွဲ့ဦးစီးဌာန, ၁၉၉၈
Physical Description ၁၉ စာ
Subject စဉ်ဆက်ပညာရေး (ဖတ်ရှိန်မြှင့်တင်ရေးအစီအစဉ်)

http://www.filefactory.com/file/b2a81g5/n/monetine999.PDF

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

786..ခံတွင်းအနံ့နံလျှင် [3.7.10 ]

 

ခံတွင်း အနံ့ နံခြင်းကို ဆေးပညာအရ halitosis လို့ ခေါ်ပါတယ်။ English လိုတော့ လွယ်လွယ်ကူကူ bad breath ပေါ့။ Halitosis ဟာ လူတွေမှာ တွေ့ရများတဲ့ အခြေအနေတစ်ခုဖြစ်ပြီး အဓိက ဖြစ်စေတဲ့ အကြောင်းအရာကတော့ ပါးစပ်ထဲမှာ စားကြွင်းစားကျန်တွေနဲ့ ဘက်တီးရီးယားပိုးတွေ ခိုအောင်းနေလို့ ဖြစ်ပါတယ်။


များသောအားဖြင့် ပါးစပ်နံတဲ့သူတွေဟာ သူတို့ ပါးစပ်နံတာကို သတိမထားမိကြပါဘူး။ အခြားသူတွေက သတိထားမိပေမယ့် အားနာလို့ ဖြစ်စေ ရှက်လို့ ဖြစ်စေ ဘာမှ မပြောဘဲ အောင့်အင်း သည်းခံပြီး နေလေ့ရှိတတ်ကြတယ်။ အရမ်း ရင်းနှီးတဲ့ သူငယ်ချင်းက ဖြစ်စေ မိသားစုဝင်တစ်ယောက်ယောက်က ဖြစ်စေ ပြောသောကြောင့်သာ သူတို့ သတိထားမိတတ်ကြပါတယ်။

ပညာရှင်တွေရဲ့ အဆိုအရတော့ ကျွန်တော်တို့ အားလုံးနည်းပါးဟာ ဘ၀ရဲ့ တစ်ချိန်ချိန်မှာတော့ ပါးစပ်နံတာ ဖြစ်ခဲ့ဖူးပါလိမ့်မယ်တဲ့။ တခါတလေကျတော့လည်း ပင်ကိုက ပါးစပ်မနံပေးမယ့် အနံ့ပြင်းတဲ့ အစာတွေ ဥပမာ။ ။ ကြက်သွန်ဖြူကဲ့သို့ သော အစာတွေကို စားမိပြီး အနံ့ထွက်တာမျိုးလည်း ရှိတတ်ပါတယ်။ နံတယ်မနံဘူးဆိုတာက ဓလေ့ထုံးစံနဲ့လည်း ဆိုင်သေးတယ်။ တချို့ကျတော့ ဆေးလိပ်သောက်လို့ အနံ့နံတာမျိုး။ သူတို့အချင်းချင်းတော့ မနံဘူးပေါ့။ ဘေးက ဆေးလိပ်မသောက်တဲ့သူကသာ အနံ့မခံနိုင်တာ။ ဆေးလိပ်သောက်ခြင်းဟာ ခံတွင်းနံ့ နံခြင်းရဲ့ တရားခံတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ကြောင့် ခံတွင်းခြောက်ခြင်း၊ သွားဖုံးေ၇ာင်ခြင်း တို့ကို ဖြစ်စေနိုင်သောကြောင့် ဖြစ်ပါတယ်။

ခံတွင်း ကျန်းမာရေးနဲ့ သန့်ရှင်းရေးကို ဂရုစိုက်ခြင်းက ပါးစပ်နံ့ခြင်းအတွက် အကောင်းဆုံး ကာကွယ်နည်းတစ်လက် ဖြစ်ပါတယ်။ ခံတွင်း သန့်ရှင်းရေးကို သေချာလုပ်ဆောင်ရင် အနံ့နံသူအများစုဟာ အဆိုပါ အခြေအနေမှ သက်သာသွားတာကို တွေ့ရပါတယ်။ အဲဒီလို လုပ်တာတောင်မှ မသက်သာဘူးဆိုရင် ခံတွင်း အတွင်းမှ ဖြစ်စေ ခန္ဓာကိုယ် အတွင်းမှ ဖြစ်စေ ရောဂါ တစ်ခုခုရှိနေတတ်ပါတယ်။ ဒါ့ကြောင့် အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်လို့မှ အဆင်မပြေပါက တတ်ကျွမ်းသည့် ဆရာဝန်တို့နှင့် ပြသစေလိုပါတယ်။

ခံတွင်း အနံ့ဆိုးခြင်းဟာ ဘာ့ကြောင့် ဖြစ်ရတာလဲ။


ခံတွင်းအနံ့ဆိုးအောင် ဖြစ်စေတဲ့အကြောင်းအရာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ခံတွင်း သန့်ရှင်းမှုအားနည်းခြင်း

သွားပညာရှင်တွေရဲ့ ပြောဆိုချက်အရ ခံတွင်း အနံ့ထွက်သူတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က ခံတွင်း သန့်ရှင်းမှု အားနည်းခြင်းကြောင့် ဖြစ်ပါတယ်တဲ့။ ကျွန်တော်တို့ စားလိုက်တဲ့အစာတွေကို ပါးစပ်ထဲမှာရှိတဲ့ ဘက်တီးရီးယားတွေက ချေဖျက်နိုင်ပါတယ်။ သို့သော် ဘယ်သူမှ အစာတစ်လုပ်ကို ပါးစပ်ထဲမှာ စက္ကန့်ပိုင်းထက် ပိုပြီး ငုံမထားတဲ့အတွက် မသိသာပါဘူး။ ပါးစပ်ထဲမှာ စားကြွင်းစားကျန်တွေ ကျန်ခဲ့ရင်တော့ ဘက်တီးရီးယားတွေအတွက် ရိက္ခာတစ်လက်ဖြစ်လာပါတော့တယ်။ အစာကို ချေလိုက်ရင် hydrogen sulphide ဆိုတဲ့ ဓာတ်ငွေ့တစ်မျိုးကို ထုတ်လွှတ်ပါတယ်။ သူကမှ အနံ့ နံစေတာပါ။ ၎င်းဓာတ်ငွေ့ကို ကြက်ဥပုပ်တွေမှာလည်း တွေ့ရတတ်ပြီး ပုပ်အက်အက်အနံ့ကို ဖြစ်ပေါ်စေပါတယ်။

နောက်တစ်ချက်က ဘက်တီးရီးယားတွေဟာ အစာဟောင်းတွေနဲ့ ပူးပေါင်းပြီး သွားတွေနဲ့ သွားဖုံးပေါ်မှာ သွားချေးလို့ ခေါ်တဲ့ အဖြူရောင် (သို့) အရောင်မရှိတဲ့ အဖတ်ကလေးတွေကို ဖြစ်စေပါတယ်။ ပမဏနည်းပါးရင် အရောင်မဲ့တတ်ပြီး များပြားလာပါက အဖြူေ၇ာင် အဖတ်တွေအဖြစ် တွေ့မြင်ရတတ်ပါတယ်။ သွားကို နှံအောင် မတိုက်ပါက ၎င်းအဖတ်များသွားကြားနှင့် ပါးစောင်တို့တွင် တင်ကျန်နေတတ်ပါတယ်။ အဆိုပါ သွားချေးများသည် သွားဖုံးေ၇ာင်ခြင်းကို ဖြစ်ပေါ်စေပြီး အနံ့ဆိုးများကို ထုတ်လွှတ်နိုင်ပါတယ်။

သွားတုသန့်ရှင်းမှု အားနည်းခြင်း

သွားအတု အံပုံအတု အသုံးပြုသူများသည် ၎င်းတို့ကို ပုံမှန်သန့်ရှင်းအောင် ဆေးကြောခြင်း မရှိပါက ဘက်တီးရီးယားများ ပေါက်ပွားပြီး အနံ့ဆိုးများ ထွက်နိုင်ပါသည်။
အစားအသောက်ကြောင့် ပါးစပ်နံခြင်း
ကြက်သွန်ဖြူ၊ ကြက်သွန်နီ နှင့် အချို့သော မဆလာမှုန့်များသည် စားလိုက်ပါက ပါးစပ်နံ ခြင်းကို ဖြစ်ပေါ်စေပါသည်။ အရက်နှင့် ကော်ဖီသည်လည်း အနံ့ဆိုးစေတတ်ပါသည်။ ပါးစပ်အတွင်းရှိ ဘက်တီးရီးယားများသည် အသီးအရွက်ထက် အသားကို ချေဖျက်ပါက အနံ့ဆိုးသော ဓာတ်ငွေ့များကို ပိုထုတ်ပေးလေ့ရှိသည်။ ထို့ကြောင့် သွားကြားတွင် အသားစများ ကျန်ခဲ့ခြင်းသည် အရွက်စများကျန်ခဲ့ခြင်းထက် အနံ့ဆိုးခြင်းကို ပိုမို ဖြစ်ပေါ်စေနိုင်ပါသည်။

ဆေးများ

အချို့သော ကြာရှည်စွဲသောက်ရသည့် ဆေးများသည် ခံတွင်း ခြောက်ခြင်း နှင့် တံတွေးအထွက်နည်းခြင်းကို ဖြစ်စေနိုင်ပါသည်။ ထိုအခါမျိုးတွင်လည်း ပါးစပ်နံနိုင်ပါသည်။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်အငွေ့သက်သက်ကြောင့် တော့ ပါးစပ်မနံတတ်ပါ။ သို့သော် ဆေးလိပ်သည် ပါးစပ်ခြောက်ခြင်းကို အားပေးသလို သွားနှင့် ခံတွင်း ကျန်းမာရေးကိုလည်း အားနည်းစေပါသည်။ ထို့ကြောင့် တိုက်ရိုက်မဟုတ်သော်လည်း သွယ်ဝိုက်သောနည်းအားဖြင့် ပါးစပ်နံခြင်းကို ဖြစ်စေနိုင်ပါသည်။
ခံတွင်း အနံ့နံနိုင်သောရောဂါနှင့် ကျန်းမာရေးအခြေအနေများ

* အာသီးရောင်ခြင်း
* ဆီးချို (uncontrolled)
* အဆုပ်ပွ ရောဂါ၊ လေပြွန်ရောင်ရောဂါနှင့် နာတာရှည်အဆုပ်ရောဂါများ
* ထိပ်ခပ်နာ
* အစာအိမ်ရောင်ခြင်း
* အမျှင်ဓာတ်နှင့် ကဆီဓာတ်အစားနည်းပြီး အသား အစားများခြင်း
* နာတာရှည် အသည်းရောဂါသည်များ
* နာတာရှည် ကျောက်ကပ်ရောဂါသည်များ
* အချို့သောကင်ဆာများ ဥပမာ။ ။ လျှာကင်ဆာ၊ လည်ချောင်းကင်ဆာ နှင့် အစာရေမျိုကင်ဆာ

ခံတွင်း အနံ့နံခြင်းကို ဘယ်လိုပျောက်အောင် လုပ်မလဲ။

ခံတွင်း သန့်ရှင်းရေးနှင့် ကျန်းမာေ၇း

ပါးစပ်နံတယ်ဆိုတာ ဆေးခန်းသွားပြီး ကုသလို့ရတဲ့ အခြေအနေမျိုး မဟုတ်ပါ။ ဆေးဆိုင်မှ ဆေးဝယ်သောက်လို့လည်း ပျောက်မည်မဟုတ်။ ဆေးဆိုင်များတွင်လည်း ခံတွင်းအနံ့ပျောက်ဆေးဆိုပြီး ကြော်ငြာထားသော ငုံဆေး ၊ ပလုပ်ကျင်းဆေးနှင့် သောက်ဆေးများကို တွေ့ဖူးပါလိမ့်မယ်။ အဆိုပါဆေးများသည် ခံတွင်းအနံ့ကို ယာယီသာ ကောင်းအောင် ပြုလုပ်ပေးနိုင်မည်ဖြစ်သည်။ အကယ်၍ သင့်အနေဖြင့် ပုံမှန်သွားတိုက်မည် သွားကြားထိုးမည်ဆိုပါက ခံတွင်းအနံ့ထွက်ဖို့ သိပ်မဖြစ်နိုင်တော့ပေ။
သွားတိုက်ရာတွင် တစ်နေ့ကို အနည်းဆုံး ၂ကြိမ်တိုက်ဖို့လိုသည်။ သွားတိုက်ဆေးသည် ပြည်တွင်းပြည်ပမှ ထုတ်လုပ်သည့် ချိုရဲရဲ သွားတိုက်ဆေးများ မဟုတ်ဘဲ floride ပါဝင်သည့် အရသာမရှိသည့် သွားတိုက်ဆေးများသာ အကောင်းဆုံးဖြစ်ပါသည်။ သွားတိုက်တံတွင် ပျော့ပျောင်းသည့် အမွှေးလေးများပါဝင်ရမည်ဖြစ်ပြီး အတိုအရှည်မတူညီပါက ပိုကောင်းသည်ဟု ဆိုကြသည်။ သွားတိုက်တံတစ်ချောင်းကို တိုက်လာလိုက်တာ လူမှန်းသိကတည်းကနေ ဘွဲ့ရသည်အထိ ဆိုတာမျိုးလည်း ရှောင်ကြဉ်ရမည်။ ၃ လတန်သည် ၄ လတန်သည်တွင် တစ်ကြိမ်မျှ သွားတိုက်တံအသစ်တစ်ချောင်း ဖြင့် လဲလှယ်ပေးရမည် ဖြစ်သည်။ သွားတစ်ခါတိုက်ပါက အနည်းဆုံး ၂ မိနစ်ခန့်ကြာရမည် ဖြစ်သည်။ သွားတိုက်ပြီးပါက သွားပွတ်တံဖြင့် ဖြစ်စေ၊ လျှာပွတ်တံဖြင့် ဖြစ်စေ လျှာကို ရွရွကလေး ပွတ်၍ သန့်ရှင်းရေး လုပ်ပေးရပါမည်။ စနစ်တကျသွားတိုက်နည်း နှင့် သွားကြားထိုးနည်းကို အောက်ပါပုံများမှတဆင့် ကြည့်ရှုနိုင်ပါသည်။


အခြားသောနည်းလမ်းတွေကတော့....

အစာစားပြီးတိုင်း ပလုပ်ကျင်းပါ။ ထိုအခါ စားကြွင်းစာကျန်များ သွားများအတွင်း၌ တင်ကျန်ခြင်းကို ကာကွယ်ပေးပါသည်။

အကယ်၍ ပလုပ်ကျင်း၍ အဆင်မပြေပါက ပီကေ၀ါးပါ။ ပီကေကို ပါးစပ်အတွင်းနှံ့အောင် ၀ါးပါက ပါးစပ်အတွင်းမှ တံတွေးများပါထွက်လာပြီး ခံတွင်း သန့်ရှင်းခြင်းကို အားပေးပါသည်။

မိမိစားမည့်အစာကို သတိထားပါ။ အရေးကြီးပုဂ္ဂိုလ်များနှင့် တွေ့ရမည့်အချိန်မျိုးတွင် ခံတွင်းနံစေသော အစားအစာများကို ရှောင်ကြဉ်ပါ။

ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။ သို့သော် မရှောင်နိုင်ပါက သွားဆရာဝန်နှင့် ပုံမှန်ပြသကာ သွားနှင့် သွားဖုံးကျန်းမာရေးကို ဂရုစိုက်ပါ။

Reference:http://www.medicalnewstoday.com/articles/166636.php and Dr.Tint Swe

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
1 comments

780..အသက် ( ၁၈ )နှစ်ပြည့်မှဖတ်ပါ ( ၆ ) [ 1.7.10 ]

 


လိင်စိတ် နိုးထခြင်း နှင့် လိင်ဆက်ဆံခြင်း



http://www.freeimagehosting.net/uploads/1e1cdb0062.jpg

လိင်စိတ် နိုးထခြင်း နှင့် လိင်ဆက်ဆံခြင်း





http://www.woosk.com/wp-content/uploads/2009/01/sexual-harrasment-su.jpg

လိင်စိတ် နိုးထခြင်း (sexual arousal) သည် လိင်ဆက်ဆံ ရန် အသင့်ရှိသော အချေအနေကို ခေါ်ဆိုခြင်းဖြစ်ပြီး လိင်ဆက်ဆံရန် လိုလားလျှက်ရှိသည်။



လူ၏ လိင်စိတ် နိုးထခြင်း


http://www.hat.net/album/asia/india/10_temples_and_gods/34_khajuraho/03_kandariya_mahadev/041231151938_acrobatic_sexual_intercourse.jpg


လူတို့ လိင်စိတ် နိုးထသောအခါ ယောက်ျား လိင်တံ တွင် သွေးများ ပိုမိုသွင်းပြီး လိင်တံတင်းမာခြင်း ဖြစ်လာသည်။ ၎င်းသည် ယောက်ျားတို့တွင် အမြင်သာဆုံးနှင့် အယုံကြည်ရဆုံး လက္ခနာ ဖြစ်သည်။ မိန်းမတို့တွင် ယောနိ တွင် ဖြစ်ပေါ်လာနိုင်သော လိင်ဆက်ဆံခြင်း အတွက် အရေကြည်များ အလိုလို စွက်ပေးသည်။ အခြား သတ္တဝါများနှင့်မတူ လူသည် နှစ်ပါတ်လုံး လိင်စိတ် နိုးထခြင်း ဖြစ်ပေါ်နိုင်သောကြောင့် လူတွင် မိတ်လိုက်ရာသီ မရှိချေ။ လိင်ပညာရှင် David Schnarch က ရိုးသားသော လူနှစ်ဦး လိင်အပြုအမူကို ကြည့်ယုံဖြင့်ပင် ထိုသူများ လိင်စိတ် ပြင်းထန်စွာဖြစ်ပေါ်မှုကြောင့် လိင်စိတ် နိုးထခြင်းဖြင့်နိုင်သည်ဟုဆိုသည်။ သာမန် အခြောက်မဟုတ်သော ယောက်ျားတို့သည် မိန်းမ၏ ကိုယ်လုံးတည်း သို့မဟုတ် တဝက်ကို မြင်သည်ပင်လျှင်ပင် လိင်စိတ် နိုးထခြင်း ဖြစ်နိုင်သည်။ သင့်တင့်လှောက်ပတ်သော လှုံဆော်မှုကိုပေးပါက လိင်စိတ် နိုးထခြင်းမှတဆင့် လိင်အထွတ်အထိတ် အထိ ဖြစ်နိုင်သည်။


လိင်စိတ် နိုးထစဉ် ရုပ်ပိုင်းဆိုင်ရာပြောင်းလည်းခြင်းတို့မှာ


http://vitopharmasantemasculine.com/espanol/anatomia-del-pene.jpg

ယောက်ျားတို့တွင်




  • သွေးများဖြင့် ယောက်ျား လိင်တံ တောင့်လာသည်




  • ယောက်ျား လိင်တံရှိ သွေးကြောများ ထင်ရှားစွာ ပေါ်လာသည်




  • ရှေ့အရေပြား ကြုံ၍ တိုကာ ငုတ်နေသော ကွမ်းသီးခေါင်း ပေါ်လာသည်




  • အရေကြည်ထွက်လာသည်




  • ဝှေးစေ့တင်းလာသည်




  • ဝှေးစေ့ အပေါ်ကပ်လာသည်




  • Scrotum အရေပြား ထူအမ်းလာသည်




မိန်းမတို့တွင်


http://www.mumcu.com/images/dis.gif

http://img03.blogcu.com/images/k/i/z/kizlikzaridiktirme/en__st_1253000068.jpg




လိင်ဆက်ဆံခြင်း





Édouard-Henri Avril အရုပ်ဖော်သော လူတို့ လှေကြီးထိုး ပုံစံ လိင်ဆက်ဆံပုံ




http://www.lifegen.de/images/Avril.jpg



Édouard-Henri Avril အရုပ်ဖော်သော လူတို့ လှေကြီးထိုး ပုံစံ လိင်ဆက်ဆံပုံ





ဇီဝဗေဒ အမြင်အားဖြင့် လိင် ဆက်ဆံခြင်း သည် အဖို လိင် အင်္ဂါ သည် အမ လိင် အင်္ဂါ အတွင်းသို့ ရောက်သော အပြုအမူ ပင်ဖြစ်ပြီး စက်ယှက်ခြင်း ဟုလည်း ခေါ်သည်။ [1][2] ၄င်းနှစ်ခုသည် ဆန့်ကျင်ဖက် လိင် သို့မဟုတ် ပတ်ကျိကဲ့သို့ ဖိုမဒွိ သတ္တဝါ တွင် လိင်တူလည်း ဖြစ်နိုင်သည်။


အစဉ်အလာ အားဖြင့် လိင်ဆက်ဆံခြင်းကို ယောက်ျား နှင့် မိန်းမ စက်ယှက်ခြင်းဟု ထင်မိကြပြီး ယခုထိတိုင် ထိုအဓိပ္ပါယ် ဆောင်သေးသည်။ သို့သော် ၄င်းအဓိပ္ပါယ်မှာ မကြာသေးမှီ နှစ်များမှ ကျယ်ပြန့်လာပြီး အနည်းဆုံး စက်ယှက်ခြင်း သုံးမျိုး အထိ သက်ရောက်သည်။ ၎င်းစက်ယှက်ခြင်း သုံးမျိုး မှာ ယောနိတွင်း စက်ယှက်ခြင်း၊ ပါးစပ်ဖြင့် စက်ယှက်ခြင်း နှင့် စအိုဖြင့် စက်ယှက်ခြင်း ဟူ၍ ရှိသည်။


လူမှလွဲ၍ အခြား သတ္တဝါတို့၏ စက်ယှက်ခြင်းမှာ အဓိကအားဖြင့် မျိုးပွား ရန် အတွက်သာ ဖြစ်ပြီး မျိုးဥလာချိန်တွင်သာ ပြုလုပ်သည်။ သို့သော် လူဝံ၊ လင်းပိုင်နှင့် ချင်ပန်ဇီမျောက် တို့သည် မျိုးဥလာချိန် မဟုတ်ပဲ စက်ယှက်တက်ပြီး တစ်ခါတစ်ရံ လိင်တူပါ ဆက်ဆံခြင်း ပြုသည်။ အထက်ဖော်ပြပါ အပြုအမူ တို့မှာ သာယာမှု ထက်ပိုလွန်သော ရည်ရွယ်ချက်ရှိပြီး လူမှုရေး ခိုင်မာရန် ဖြစ်သည်။


http://blog.thirdeyehealth.com/images/sexual-positions-5.jpg

တိရစ္ဆာန် တို့တွင်







ဟင်္သာ နှစ်ကောင် မိတ်လိုက်ပုံ






ဟင်္သာ နှစ်ကောင် မိတ်လိုက်ပုံ





ရေထဲတွင် နေသော သတ္တဝါ တို့သည် ပြင်ပ သန္ဓေအောင်ခြင်း နည်းကို သုံးပြီး Late Ordovician ခေတ်ရောက်သော အခါမှ သတ္တဝါ တို့ တိုးတက်လာပြီးဂမိတ်များကို အရည်တွင်း ကြီးထွားစေရန် ကိုယ်တွင်း သန္ဓေအောင်ခြင်း ကို သုံးလာသည်။ ကြောရိုးရှိ သတ္တဝါ အများသည် ရင်ခေါင်းပေါက်မှ cloacalမျိုးစပ်ခြင်း၊ နို့တိုက် သတ္တဝါများသည် ယောနိ မျိုးစပ်ခြင်း ဖြင့် ကိုယ်တွင်း သန္ဓေအောင်ခြင်းဖြစ် ကာ မြေလျှောက် ကြောရိုးရှိ သတ္တဝါများသည် ပြင်ပ သန္ဓေအောင်ခြင်း ကိုသာသုံးသည်။


လူ တို့တွင်




လူတို့ လိင်ဆက်ဆံပုံ






လူတို့ လိင်ဆက်ဆံပုံ





လူတို့သည် ယောနိ မျိုးစပ်ခြင်း ကိုသုံးသည်။ လိင်ဆက်ဆံခြင်းသည် မျိုးဆက်ပြန့်ပွားရေး အတွက်သာ ဖြစ်သော်လည်း တစ်ခါတစ်ရံ အပြောသက်သက်မဟုတ်ကြောင်း အချစ် ကိုပြသရန် နှင့် စိတ်ခြင်း နီးစပ်မှုရစေရန် သုံးသည်။ လိင်ဆက်ဆံခြင်းသည် ထုံးစံအားဖြင့် ပြင်းထန်သော နှောင်ကြိုး ကိုရစေပြီး လူ့ အသိုင်းအဝိုင်း တို့တွင် သာမန် အတွဲ တို့မှာ သာယာမှုကို မျှဝေရန်နှင့် စိတ်လုံခြုံမှု ခိုင်မာစေရန် သန္ဓေတားဆေးကို တမင်သုံး၍ မကြာခဏ လိင်ဆက်ဆံလေ့ရှိသည်။


လိင်ဆက်ဆံခြင်းကို အခြား ထိုးသွင်းနည်း များဖြစ်သည့် စအို သို့မဟုတ် ပါးစပ် တို့ကိုလည်း ခေါ်နိုင်သည်။ လိင်ဆက်ဆံခြင်း ဆိုသည်မှာ ၄င်း အပြုအမူ အားလုံးပါပြီး မထိုးသွင်းသော လိင်ဆက်ဆံခြင်း နည်းများကို ဤတွင် မဖော်ပြပါ။


စပ်ယှက်ခြင်းကို အစဦးပိုင်းတွင် လိင်စိတ်ဆွခြင်းမှ လာပြီး လိင်စိတ် နိုးထသောအခါ ယောက်ျား လိင်အင်္ဂါ သည် လိင်တံတင်းမာခြင်း ဖြစ်ပြီး မိန်းမ မျိုးပွားအင်္ဂါသည် သဘာဝ ဆီလိမ်းခြင်း ဖြစ်လာသည်။


စပ်ယှက်ခြင်း ပြုရန်မှာ ယောက်ျား လိင်တံကို မိန်းမ ယောနိ အတွင်းသို့ ထိုးသွင်းရပြီး တစ်ယောက် သို့မဟုတ် နှစ်ယောက်လုံး သူတို့၏ တင်ပါးများကို လှုပ်ရှားကြပြီး လိင်တံသည် ယောနိတွင် ရှေ့နောက် လုံးဝ ထုတ်ခြင်း မပြုပဲ ရွေ့လျားကာ ပွတ်တိုက်ခြင်း ဖြစ်စေသည်။ ဤနည်းဖြင့် ၎င်းတို့ဘာသာ သို့မဟုတ် အပြန်အလှန် ဆွပေးခြင်း ဖြစ်ကာ တစ်ယောက်သော သို့မဟုတ် နှစ်ယောက် စလုံး လိင်အထွဋ်အထိပ်သို့ ရောက်ခြင်းဖြင့် အဆုံးသတ်သည်။


စပ်ယှက်ခြင်း သည် လူတို့၏ အခြေခံ မျိုးပွားခြင်း ဖြစ်သည်။ များသောအားဖြင့် လိင်အထွဋ်အထိပ် သောအခါ သုတ်ပန်းခြင်း အဆင့်တွင် ကြွက်သားများ ဆက်တိုက် ကျုံ့ကြွခြင်းဖြင့် အဖို ဂမိတ် ပါသော သုတ်ရည်ကို လိင်ချောင်းမှ တစ်ဆင့် မိန်းမ အင်္ဂါ အထိ သယ်ဆောင်ပေးသည်။


နောက်ပိုင်းတွင် ၄င်းသုတ်ကောင်တို့သည် ယောနိအိုး မှ ဆီးခုံကို ဖြတ်ကာ သားအိမ်သို့ ရောက်ရှိပြီး fallopian tube ထဲ့သို့ ကျသွားသည်။ သုတ်ပန်းစဉ်တွင် သန်းပေါင်းများစွာသော သုတ်ကောင်များ ပါရှိပြီး မျိုးအောင်ရန် ပိုမို လမ်းစ ရစေသည်။ အမျိုးသမီး လိင်အထွဋ်အထိပ် ရောက်ခြင်းသည် သန္ဓေတည်ရန် အတွက် မလိုသော်လည်း အကယ်၍ သုတ်ပန်းချိန်တွင် အမျိုးသမီး ကလည်း လိင်အထွဋ်အထိပ် ရောက်ခဲ့လျှင် ယောနိ ကျုံ့သွားခြင်းကြောင့် သုတ်ကောင် fallopian tube ထဲ့သို့ ရောက်ရန် အခြေအနေပေးကာ ပိုမို မျိုးအောင်စေသည်။Template:Cnအဖိုမျိုးဖြစ်သည့် သုတ်ကောင် နှင့် အမ မျိုးဥတို့ပေါင်းမိ၍ မျိုးအောင်ပြီးသော မျိုးဥ သည် endometrium ခေါ် သားအိမ်ရှိ နံရံတွင် ကပ်သွားပြီး သန္ဓေတည်ခြင်း ဖြစ်စေသည်။


http://www.besthealth.com/besthealth/bodyguide/reftext/images/8652.jpg

http://www.pathologyatlas.ro/pathology_atlas_imagini/endometrioid_carcinoma_endometrium_detail.jpg

အခြား သတ္တဝါများနှင့် ခြားနားသည်မှာ လူတို့ ၏ စပ်ယှက်ခြင်းသည် ဆိတ်ကွယ်ရာအရပ်တွင် ပြုကျင့်ကြခြင်းပင် ဖြစ်သည်။ ထို့အပြင် လူတို့၏ လိင်စိတ်သည် မျိုးဥကြွေချိန် နှင့် ဆက်စပ်မှု မရှိပဲ မည်သည့် အချိန်အခါမဆို ဖြစ်နိုင်သလို ကိုယ်ဝန်ဆောင်စဉ်တွင်လည်း ဖြစ်နိုင်သည်။



မိန်းမ မျိုးပွားအင်္ဂါ















ယောနိ










လူ၏ အမ မျိုးပွားစနစ် အင်္ဂါများ – ဘေးတိုက်ပုံ




Latin

“sheath” or “scabbard“




Gray’s

subject #269 1264




Artery

Iliolumbar artery,vaginal artery, middle rectal artery




Lymph

upper part to internal iliac lymph nodes, lower part tosuperficial inguinal lymph nodes




Precursor

urogenital sinus andparamesonephric ducts




MeSH

ယောနိ




Dorlands/Elsevier

v_01/12842531






ယောနိ သည် ကြွက်သားမျှင် (Fibromuscular) တို့ဖြင့် ဖွဲစည်းထားပြီး အလုံးခေါင်းပုံရှိကာ ခန္ဓာကိုယ်တွင်းရှိ သားအိမ်တိုင်အောင်ရောက်သည်။ အင်းဆက် အမများနှင့် အချို့သော ကြောရိုးမဲ့ သတ္တဝါ တို့လည်း ယောနိ ရှိပြီး သားမွေးလမ်းကြောင်းလည်း ဖြစ်သည်။


အရပ်ခေါ်တွင် ယောနိကို Vagina သို့မဟုတ် အပြင်ပန်း မအင်္ဂါဟုသာ ထင်သော်လည်း အတိအကျအားဖြင့် ယောနိမှာ အတွင်းပိုင်းနှင့် အပြင်ပိုင်း အားလုံးပါသည်။









လူမိန်းမ၏ ခန္ဓာဗေဒ

Read more »

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
8 comments

765..ကော်ဖီ သောက်လျှင် ခေါင်းကြည်၍ ဖျတ်လတ်သည် ဆိုခြင်းမှာ စိတ်လှည့် စားမှု သာဖြစ်သည် ..[19.6.10 ]

 
http://kosmicamusic.com/wp/wp-content/uploads/coffee.jpg
ဘရစ်စတို ယူနီဗာစီတီမှ သုတေသန ပြုလုပ်သူ များသည် လူပေါင်း ၃၇၉ ယောက်အား ၁၆ နာရီ ကြာမျှ ကော်ဖီ သောက်သုံးခြင်းမှာ ရှောင်ထား ခိုင်းပြီး လူအချို့အား ကော်ဖီ (ကဖေးသောက်စေခြင်း) လူအချို့အား ကော်ဖီ မဟုတ်သော ပလဲစီဘို (placebodummy drink) အား သောက်သုံး စေပြီး ကော်ဖီ သောက်သုံးခြင်း (ကဖင်းသုံးစွဲခြင်း) ၏ အာနိသင်အား စမ်းသပ်မှု ပြုလုပ်ခဲ့ ကြပါတယ်။ အဆိုပါ လေ့လာချက်အား နျူရိုဆိုက် ကို ဖာမာကော်လော်ဂျီ ဂျာနယ်တွင် ထည့်သွင်း ဖော်ပြ ထားခြင်း ဖြစ်ပါတယ်။ ဒေါက်တာ ပီတာရော်ဂျား(စ်) မှာ အဆိုပါလေ့လာမှု၏ ဦးဆောင်သူဖြစ်ပြီး စိတ်ပညာ ဌာနမှ ဖြစ်ပါတယ်။ သူ၏ လေ့လာမှုနှင့် ပတ်သက်၍ ပြောကြားရတွင် “ ကျွန်တော်တို့ ကော်ဖီ သောက်သုံးတဲ့ အတွက် အကျိုး ကျေးဇူး ကောင်းတွေ ရရှိ တယ်ဆိုတာ မဟုတ် မမှန်ပါဘူး၊ ကော်ဖီ သောက်သုံးတဲ့ အတွက် ဖျတ်လတ်မှု alertness ရရှိ တာတော့ မှန်ပါတယ်။ ကော်ဖီက ကျွန်တော်တို့ကို ပုံမုန် ပြန်ဖြစ်ရုံ သာစွမ်းဆောင် နိုင်ပါတယ်။ တစ်ချိန်တည်း မှာပဲ ကော်ဖီသောက်ခြင်းဟာ စိတ်ပူပန်မှုကို များပြား စေပြီး ကော်ဖီကို လိုတာထက် ပိုမို သောက်သုံးနေခြင်း ဖြစ်တဲ့ tolerance ရတယ် ဆိုပြီး ကော်ဖီ ၅ ခွက် ၆ ခွက် သောက်သုံးခြင်း ကိုလည်း အန္တရာယ် အရှိဘူးလို့ တွက်ဆ လို့ ရပါတယ်။ ကျွန်တော်တို့ ရဲ့ လေ့လာမှုမှာ လူတစ်ဝက်ကို ကော်ဖီ လုံးဝ မသောက်စေခြင်း သို့မဟုတ် ကော်ဖီ အနည်းငယ်သာ သောက်သုံး စေခြင်း ပြုလုပ်ပြီး ကျန်တစ်ဝက်ကိုတော့ ကော်ဖီ အတော်များများ သောက်သုံးစေ ခဲ့တာဖြစ် ပါတယ်။ ကော်ဖီ များများ သောက်ထားတဲ့ သူတွေကို နောက် တစ်နေ့ မှာ ကော်ဖီ မဟုတ်တဲ့ dummy drink ကို သောက်သုံးစေ ခဲ့ရာမှာ သူတို့ဟာ နောက်နေ့ မှာ ဖျတ်လတ်မှု လျော့ကျနေပြီး ခေါင်းပို ကိုက်တယ် ဆိုတဲ့ သူတွေမှာ တော့ အဆိုပါ ခေါင်းကိုက်ခြင်း၊ အစရှိတာတွေ မရှိတာတွေ တွေ့ရှိပါတယ်။ အဆိုပါ အချက်အရ ကော်ဖီရဲ့ ကဖင်းဓါတ်ဟာ ကော်ဖီသောက်တဲ့ သူတွေကို ပုံမုန်သာ ဖြစ်စေပြီး ကော်ဖီသောက်သုံး ရတဲ့ အတွက် ပို၍ ဖျတ်လတ်ခြင်း ခေါင်းကိုက်ခြင်း မကိုက်ခြင်း အစရှိတာတွေ နဲ့ မသက်ဆိုင်ကြောင်း ပြသခြင်း ဖြစ်ပါတယ်။ ကော်ဖီစစ်စစ် (instant coffee) တစ်ခွက်မှာ ကဖင်းဓာတ် 60-100mg ပါဝင်ပြီး latte သို့မဟုတ် အက်စပရက်စို espresso မှာတော့ ကဖင်းဓာတ် 90-200 mg ပါဝင်ပါတယ်။ 55mg ချောကလိတ်ဘား တစ်ချောင်းမှာ ကဖင်းဓာတ် 40-50 ပါဝင်ပါတယ်။ ကျွန်တော် တို့ရဲ့ ဗဟို အာရုံကြောစနစ် ကြီးတစ်ခု လုံးအပေါ်မှာ ကဖင်းဓာတ်က လှုံ့ဆော်အား တစ်ခု အဖြစ်လုပ်ဆောင်ပေးပြီး အက်ဒရီနယ်လင် ဟော်မုန်း ကို ထွက်ရှိအောင် လုပ်ဆောင်ပေးတဲ့ အတွက် ကော်ဖီသောက်ပြီးရင် လူတွေဟာ လန်းဆန်း တက်ကြွ ဖျတ်လတ် လာတယ်ဆိုတဲ့ အချက်ကို လူတိုင်းသိပြီး ဖြစ်ပါတယ်။ အဆိုပါ အချက်ကို ညဆိုင်း အလုပ်သမားများ ၊ နံနက် စောစော အလုပ်ဝင်ရ သော အလုပ်သမားများ မှာကော်ဖီ သောက်ပြီး လန်းဆန်း တယ်ဆိုတာ တွေ့ရပါတယ် ။ တစ်နေ့ ကို လေးခွက် ၊ ငါးခွက် သောက်ခြင်းဟာ ဘေးဥပဒ် ကင်းပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အနေနဲ့တော့ တစ်နေ့ကို ကဖင်းဓာတ် 200mg ထက်ပို မသောက် သုံးသင့် ဘူးလို့ ဆိုထားပါတယ်။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
2 comments

764..ကြွက်သားတက်ခြင်း.. [ 19.6.10 ]

 
http://kodaiwellnesscentre.com/cms/media/lower_leg_muscle_group.jpg

http://www.feetmd.com/images/img8.jpg

ဘောလုံးသမားတွေ ကြွက်တက်တာကို ၀ါသနာအိုးတိုင်း မြင်သိကြတယ်။ ဘောလုံး မကန်ဘူးတဲ့သူတွေ အိမ်မှာနေရင်း၊ ကြွက်တက်တာတွေလည်း အများကြီးဘဲ။ ခြေသလုံးနဲ့ ပေါင်က ကြွက်သား အဖြစ်များဆုံးဘဲ။ အလွန်မတန် နာလှတယ်။ အိပ်နေရင်း နာတာမျိုးက ခြေ-လက်ကို အညောင်းဆန့်ရာကနေ ကြွက်သားမျှဉ် နည်းနည်းမှာ နာလာတာ။ ကြီးသူတွေမှာ အဖြစ်များတယ်လို့ မှတ်ကြပေမဲ့ ဆယ်ကျော်သက်တွေလည်း ဖြစ်တာဘဲ။ အေးတဲ့အချိန် ပိုဖြစ်တယ်။ ဘာလို့ဖြစ်လဲဆိုတာ ဆရာဝန်က အတိအကျ မပြောနိုင်ပါ။ မတိမကျ ပြောရရင်တော့ လှချင်-သန်ချင်လို့ လေ့ကျင့်ခန်း လုပ်တာ၊ အားကစားလုပ်တာမှာ ကြွက်သား ပန်းသွားရလို့ပါ။ အားလည်း မကစားသူတွေမှာ အ၀လွန်လို့၊ ရေနဲ့ ဓါတ်ဆား နည်းသွားလို့၊ ရာသီ-သွေးဆုံး၊ ဟော်မုန်း နည်းသွားလို့၊ သွေးအလျှောက် နည်းလို့၊ အာရုံကြော-ကြွက်သား တခုခုဖြစ်လို့၊ “လို့” တွေကိုသာ အပြစ်ဖို့ပါလေ။ Statins (ကိုလက်စထော) ကျဆေး၊ ဆီးချိုကျဆေးနဲ့ လည်ပင်းကြီးဟော်မုန်း နည်းသူ တွေမှာလည်း ဖြစ်တတ်ပါသေးတယ်။ ဖြစ်တယ်ဆိုရင် ဖြစ်တဲ့ကြွက်သားကို တအားတင်းအောင် လုပ်ပေးပါ။ ခြေသလုံးဖြစ်ရင် ခြေမကို အပေါ်ဆန့်ပေးသင့်တယ်။ တအားနှိပ်တာမျိုး၊ ဆန့်ပေးတာမျိုး လုပ်ပေးပြီးရင် ကြွက်သားကို သူ့အကြောအတိုင်း ခပ်ဖေါ့ဖေါ့ ဆက်နှိပ်ပေးပါ။ ဆရာဝန်တွေနဲ့ ကူတဲ့လူတွေထက် ခံရတဲ့လူက ဘာလုပ်ပေးရင် ကောင်းမယ်ဆိုတာ ပိုသိတယ်။ “နေရာတကာ ဆရာ-ဆရာဝန် မလုပ်ချင်နဲ့”။ ခိုင်းတာသာ လုပ်ပေးပါ။ ဒါပေမဲ့ ခိုင်းတာလုပ်တဲ့အကျင့် ဒါကလွဲရင် မကျင့်ချင်နဲ့။ “တပည့်ကြီးများ တိုင်းပြည်” ဖြစ်သွားလိမ့်မယ်။ ကိုယ်ဝန်ဆောင်ချိန်၊ ဆား အစားနဲရင်၊ ချွေးထွက်များရင် နာတတ်တာတွေကလည်း ဒီသဘောမျိုးဘဲ။ ၀မ်းလျောလို့၊ (ပိုဆက်ဆီယမ်) နဲ့ (ကယ်လ်စီယမ်) နည်းလို့ ဖြစ်တာကို Tetany ခေါ်တယ်။ အူ၊ အစာအိမ်၊ သားအိမ်၊ ဆီးအိမ်၊ သည်းခြေအိတ်တွေမှာ အဲလိုဖြစ်လို့ နာတာကို Colicky pain လို့ခေါ်တယ်။ ရာသီလာတုံး နာတာကို Dysmenorrhea ခေါ်တယ်။ အခေါ်မတူပေမဲ့ အနာသက်သာဆေးတွေပေးတာ တူပါတယ်။ Paracetamol, Ibuprofen, Diclofenic ဆေး။ ကြွက်တက်တာကို Quinine (ငှက်ဖျားဆေး) အပြင် Naftidrofuryl, Dihydropyridine, Phenylalkylamine ဆေးတွေနဲ့လည်း ကုနိုင်တယ်။ သွေးတိုးကြောင့်ဖြစ်ဖြစ်၊ နှလုံးရောဂါကြောင့်ဖြစ်ဖြစ်၊ ကိုယ်ရောင်လို့ဖြစ်ဖြစ် ဆီးဆေး (ဆီးအောင့်တာ ပျောက်တဲ့ဆေး မဟုတ်၊ ဆီးအတင်း သွားစေတဲ့ဆေး) ကို မကြာခဏ သောက်ရသူများ၊ သောက်တိုင်း (ပိုဆက်ဆီယမ်) ဆေးသောက်ပါ။ ၀ယ်ရတာ ခက်တတ်တယ်။ ကောင်းတာက အုန်းရည် တလုံး-နှစ်လုံး သောက်လိုက်ပါ။ ရေနွေးကြမ်း အမြဲသောက်ပါ။ Vitamin B complex, Calcium, Potassium ကို ပုံမှန်သောက်ပါ။ Calcium gluconate ကို IV သွေးပြန်ကြောထဲ ထိုးပေး နိုင်တယ်။ ဒီဆေး သုံးမျိုးထဲက (ကယ်လစီယမ်) တခုဘဲ ဆီးကျောက်ရောဂါအတွက် သတိထားဘို့ လိုတယ်။ ကြာကြာ သောက်တာ ကိစ္စမရှိပါ။ အနာအကိုက် ပျောက်ဆေးတွေကတော့ အစာနဲ့ တွဲသောက်ရတယ်။ ဆေးတခုချင်းအကြောင်း သိချင်ရင် သပ်သပ် ရှာဖတ်ပါ။ ရေးတင်ထားတာ ရှိပါတယ်။ ရေနွေးနဲ့ ရေချိုးတာ ကောင်းတယ်လို့ အေးတဲ့တိုင်းပြည်က ဆရာတွေက အကြံပေးတယ်။ ပူလောင်၊ အိုက်စပ်တဲ့ နေရာမှာ နေရသူတွေအတွက် ဒီအကြံက မဟန်ဘူး။ နာတဲ့နေရာ နှိပ်ပြီးတာနဲ့ အေးတာကပ်ပါ။ ရေ၊ ORS ဓါတ်ဆားရည် တိုက်ပါ။ ရေသောက် မနည်းပါနဲ့။ ရေပုလင်း မထားဘဲ၊ အားကစား မလုပ်နဲ့။ ဘယ်ကစား လုပ်လုပ်၊ သွေးပူအောင် အရင်လုပ်ပါ။ ဘာဘဲလုပ်လုပ် ပြင်းပြင်းထံထံ မလုပ်ခင်၊ ဖြေးဖြေး-မှန်မှန် လုပ်ပါ။ ဓါတ်ဆားတွေ ကြွယ်ဝတဲ့အစာတွေ စားသုံးရမယ်။ မေးရင် စာရင်းရှည်ကြီး ရှိတယ်။ လူစားတာတွေပါဘဲ။ (ကယ်လ်စီယမ်) ကြွယ်တာတွေက ပင်လယ်ငါး၊ ဒိန်ခဲ၊ တို့ဖူး၊ မုံလာစိမ်း။ (ပိုတက်ဆီယမ်) ကြွယ်တာတွေက အုန်းရည်၊ ငှက်ပြောသီး၊ ဆီးသီး၊ လိမ်မော်သီး၊ စပျစ်သီး၊ ဖရုံ၊ ဟင်းနုနွယ်၊ ဒိန်ချဉ်၊ ကွမ်းသီးဂေါ်ဖီထုပ်၊ အာလူး၊ ပဲသီးတောင့်၊ မုံလာဥချို။ ဖြစ်တတ်သူများ အိပ်ရင် ခြေထောက်အောက်က အခုအခံ ထားသင့်တယ်။ အိပ်ပျော်နေတုံး ခြေမ-ခြေထောက် အောက်စိုက်နေရင် ဖြစ်တတ်တယ်။ မအိပ်ခင် ဘယ်မှမရွေ့တဲ့ လေ့ကျင့်ခန်းလုပ် စက်ဘီးစီးတာ ကာကွယ်ရာကျတယ်။ အကောင်းဆုံးကတော့ ခြေသလုံးတွေကို ဆုပ်နယ်ခံပြီးမှ အိပ်ရရင် ဇိမ်လည်းကျတယ်။ နှိပ်ပေးသူလည်း ပိုက်ဆံမရရင် ကုသိုလ်ရတယ်။ တက်မဲ့ ကြွက်လည်း မတက်နိုင်ဘူး။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

761..အမျိုးသားများအသက် ( ၅ )နှစ်ပိုရှည်ချင်လျှင်..( 16.6.10 )

 


ယခု တွေ့ရှိ ရသော လေ့လာမှု တစ်ခုအရ အမျိုးသမီးများ အတွက် အသက် ပိုရှည်မည့် နည်းကို မသိရ သေးသော်လည်း အမျိုးသားများ အတွက် သက်တမ်း ငါးနှစ် ပိုမို ရှည်ကြာစွာ နေနိုင်မည့် နည်းလမ်း တစ် ခုကိုတော့ ဂျာမနီ သိပ္ပံပညာရှင် များက စမ်းသပ် ဖော် ထုတ် တွေ့ရှိ ခဲ့ပြီ ဖြစ်ကြောင်း New England Journal of medicine တွင် ရေးသား ထားသည်ဟု အင် တာနက် သတင်း တစ်ရပ် အရ သိရသည်။ ထိုနည်းလမ်း မှာ အမျိုးသားများ အနေဖြင့် ဆန့်ကျင်ဘက် လိင်တို့၏ ရွှေရင်ဖြိုးဖြိုးကို နေ့စဉ် အာရုံ စူးစိုက် ကြည့်ရှု ပေးပါက ထိုသို့ သက်တမ်း ငါးနှစ် ပိုမို ရှည်ကြာစွာ နေထိုင်နိုင် ကြောင်း သုတေသနပြု သိရှိ ခဲ့ရသည် ဟု ဆိုသည်။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
1 comments

759..ဂျင်းကို နေ့စဉ် စားပေးလျှင် ကြွက်သား မျက်တာ သက်သာ

 
Free Image Hosting
ဂျင်းကို ဆေးမြီးတို အဖြစ်သုံးလာတာ၊ ရာစုတွေ တောင်လွန်ပါတော့မယ်။ ဂျင်းကို ဗိုက် မကောင်းရင်လည်း သုံးတာပါပဲ။ အအေးမိ ဖျားနာ တော့လည်း သုံးတာပါပဲ။ အခုတော့ ဂျေုာ့ဂျီယာ တက္ကသိုလ်က သုတေသီ တွေက လေ့ကျင့်ခန်းကြောင့် နာသွားတဲ့ (မျက်သွားတဲ့ ) ကြွက်သားတွေကို ဂျင်းနေစဉ် စားသုံးခြင်းဖြင့် သက်သာစေတာ တွေ့ရှိ ရပါတယ်။ “ ကြွက်ကလေးတွေမှာ ဂျင်းကြောင့် အင်ဖလေ မေး ရှင်း (ရောင်ကိုင်းခြင်း) ကို သက်သာ စေတာကို တွေ့ထားပေမဲ့ လူတွေ အပေါ်မှာ ဂျင်းက ပေးနိုင်တဲ့ ကြွက်သား နာကျင်မှု လျော့ကျ စေတာကို တော့ ( ကြွက်သား ရောင်ကိုင်းမှု လျော့ကျလို့ ၊ ကြွက်သား နာ သက်သာ စေတာကို တော့) ၊ကျယ်ကျယ် ပြန့်ပြန့် ရှာဖွေ ထားတာ မရှိသေးပါဘူး။ (အချို့သုတေသန တွေရှိပါတယ်ဆိုတဲ့ သဘောပါ) လို့ သုတေသီ ပက်ဒရစ်အိုကောနာနဲ့ အဖွဲ့ က ဆိုပါတယ်။ (အဲဒီ အဖွဲ့ မှာ အဖွဲ့ဝင်သုံးဦး ပါပါတယ်။) အခုသုတေသန မှာ ဘော်လန်တီယာ ၃၄ ဦးကို အပူပေးထားတဲ့ ဂျင်းစိမ်းပါ ကပ်ဆူး၊ နောက်ထပ် ဘော်လန်ဒီယာ ၄၀ ဦးကို အပူပေးထားတဲ့ ဂျင်းပါ ကပ်ဆူးတွေကို ၁၁ရက် သောက်စေပါတယ်။ နောက်တော့ ဘော်လန်င်္တီယာ အားလုံးကို (၇၄ ဦးလုံးကို ) အာနိသင်မဲ့ပစ္စည်းပါ ကပ်ဆူး ၁၁ ရက်ထပ်သောက် စေပါတယ်။ ကပ်ဆူးတစ်ခုမှာ ဂျင်းဒါမှ မဟုတ် အာနိသင်မဲ့ ပစ္စည်း နှစ်ဂရမ်စီ ပါပါတယ်။ သုတေသန ကာလ ရဲ့ ရှစ်ရက်မြောက် မှာဘော်လန်တီယာ တွေကို အလေးနဲ့ လက်ဆန့် ရတဲ့ လေ့ကျင့်ခန်း ၁၈ ကြိမ် လုပ်ခိုင်းပြီး လက်မောင်း ကြွက်သားကို ဒဏ်ရစေ (မျက်စေ) ပါတယ်။ လက်ရဲ့ အလုပ်လုပ်နိုင်မှု ကြွက်သားတွေ ရောင်ကိုင်းမှု၊ အသား (ကြွက်သား) နာရင် ထွက်တတ်တဲ့ ဇီဝဓာတု ပစ္စည်း တွေကို လေ့ကျင့် ခန်းမလုပ်မီ နဲ့ လုပ်ပြီး သုံးရက်ကြားမှာ စိစစ်ရပါတယ်။ ခုသုတေသနအရ နေ့စဉ်ဂျင်း စားပေးလျှင် ကြွက်သား နာတာကို ၂၅ ရာခိုင်နှုန်း လျှော့ပြီး ဖြစ်စေတယ်။ စားရမယ့် ဂျင်းကို အပူ ပေးစရာမလိုဘူး ဆိုတာပဲ ဖြစ်ပါတယ်။ အိုကောနာက “စီးပွားရေး အရပဲ ပြောပြော ၊ လူမူရေး အရပဲ ပြောပြော၊ ကြွက်သား မျက်တာ အတော်ဆိုးတယ်၊ အဖြစ်လဲ များတယ် ။ သည်လို အဖြစ်ကို ခံစားဖူးသူတွေ ကတော့ အဲဒီအနာကို သက်သာမယ့် ဟာဆို ကြိုဆိုမှာပါပဲ” လို့ ဆိုပါတယ်။ ( Modern )

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

757..အဆိပ် ရှိသည့် မှိုတစ်မျိုး ကို စားမိသည့် မိသားတစ်စု ရန်ကုန် ဆေးရုံကြီးတွင် ဆေးကုသ

 
Free Image Hosting by FreeImageHosting.net
ဇွန်လ ၈ရက်နေ့ ၊ မွန်းလွဲ ၁ နာရီ ၅၀ မိနစ် ဝန်းကျင် အချိန် တွင် တာမွေမြို့နယ် ၊ ဘိုးလိန်းအောင် မင်္ဂလာ ရပ်ကွက် ၊ နှင်းဆီးလမ်း ရှိ တိုက်ခန်း တစ်ခုတွင် နေထိုင်သူ မိသားစု တစ်ခုမှာ အဆိပ်အတောက် ရှိသည့် မှိုတစ်မျိုး ကို ချက်ပြုတ် စားသောက် မိသည့် အတွက် အဆိပ် သင့်သည့် အခြေအနေ တစ်ခု ဖြစ်ပွားခဲ့ ကြောင်းသိရသည်။ ချက်ပြုတ် စားသောက်ခဲ့သည့် အတွက် ဒေါ်စန်းစန်းမြင့် (အသက် ၅၄ နှစ် )၊ စန္ဒီဦး ( အသက် ၁၄ နှစ် ) ၊ နဒီဦး (အသက် ၁၁ နှစ် ) ၊ ထူးဝေလင်း( အသက် ၉ နှစ်)၊ တို့မှာ အဆိပ် အနည်းငယ် သင့်ခဲ့သည့် အတွက် စားသောက်ပြီး သုံးနာရီ အချိန် ဝန်းကျင် ခန့်တွင် မူးဝေ အော့အန် မှု ဖြစ်ပေါ် လာသောကြောင့် ရန်ကုန်ဆေးရုံကြီး ၌ ၂၄ နာရီ ကြာ ဆေးကုသမှုခံ ယူပြီး နောက် ဇွန်လ ၉ ရက်နေ့က ဆေးရုံက ဆင်းသွားခဲ ရကြောင်း သိရသည်။ သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက လည်း အဆိုပါ ဖြစ်စဉ် နှင့် ပတ်သက်၍ “ တာမွေ မြို့နယ် ၊ဘိုးလိန်း အောင်မင်္ဂလာ ရပ်ကွက် အတွင်းမှာ ရှိတဲံ့ ဘုန်းကြီးကျောင်း တစ်ကျောင်း ရဲ့ ဝါးရုံ ပင်ကြားမှာ အလေ့ကျု ပေါက်နေတဲ့ အဖြူရောင်ရှိ မှိုတွေကို ခူးယူပြီး ကန်စွန်းရွက် နဲ့ ကြော်စားလို့ မူးဝေ အော့အန် တဲ့ဖြစ်စဉ် တစ်ခု ဖြစ်ခဲ့ ပါတယ်” ဟု ပြောကြား ခဲ့သည်။ အဆိပ် အတောက်ရှိသည့် မှိုတစ်မျိုး ကို ခူးယူ စားသောက် မိခဲ့သည့် ဒေါ်စန်းစန်းမြင့် ကလည်း “ ဇွန်လ ၇ ရက်နေ့ ညပိုင်းမှာ ကျွန်မ ရဲ့ သမီးကလည်း ကြွပ်ကြွပ် အိတ်ထဲ ကမှိုတွေကို သူရဲ့ သမီးလေးကို အမှိုက်တောင်းထဲ လွှတ်ပစ်ခိုင်းတယ်။ ကျွန်မကလည်း သမီးရဲ့ ယောက်ျား နဲ့ စကားများလို့ ဒီမှို တွေကို လွှတ်ပစ်ခိုင်းတယ်လို့ ထင်ပြီး သူတို့ မရှိတဲ့ အချိန်မှာ လွှတ်ပစ်ထားတဲ့ မှိုတွေကို ပြန်သန့်စင်ပြီး ၈ ရက်နေ့ နံနက် ၇ နာရီမှာ ကန်စွန်းရွက်နဲ့ ကြော်လိုက် ပါတယ်။ ပြီးတော့ ကျွန်မ ရဲ့ မြေးလေး ထူးဝေလင်း ကလည်း မှိုဟင်းကို ကြိုက်လို့ ကျောင်းကို ထမင်းဘူး သွားပို့ခိုင်း ပါတယ်။ ကျန်တဲ့မှိုတွေကို ကျွန်မ တို့က အနည်းငယ် စားသုံးမိခဲ့ ပါတယ်။ နံနက် ၁၁ နာရီ ခွဲ လောက်မှာ နဒီဦးက စပြီး အန် တယ်။ ပြီးတော့ သိပ်မကြာဘူး ကျွန်မက အန်တယ်။ အဲဒီ အခါမှာ စိတ်ပူသွား ပြီးတော့ ထူးဝေလင်း ကျေုာင်းကို ကျွန်မတို့ မိသားစု ရောက်သွားတယ်၊ ကျောင်းလည်း ရောက်ရောသူ ကလည်း အန်နေ တယ်။ ပြီးတော့ ကားပေါ်မှာ စန္ဒီဦး ကလည်း ထပ်အန်တယ်။ အဲဒီအခါမှာ ကျွန်မတို့ က စိတ်ပူပြီးတော့ ရန်ကုန် ဆေးရုံကြီးကို သွားခဲ့တယ်။ ၂၄ နာရီကြာ ဆေးကုသမှု ခံယူပြီး သက်သာသွားလို့ ဆေးရုံက ဆင်းလာတာပါ” ဟု ပြောကြားခဲ့သည်။ အဆိုပါ မိသားစုဝင် လေးဦးအား ဆေးကုသပေးခြင်း နှင့် ပတ်သက်၍ “မှိုတစ်မျိုး ကိုစားလိုက်ပြီး မကြာခင်မှာ မူးဝေပြီး အန် လို့ ဆေးရုံကို ရောက်တဲ့ အခါမှာ သူတို့ကို ကျွန်မတို့ တာဝန်ရှိသူ တွေက စစ်ဆေးမှုတွေ ပြုလုပ်တယ်။ အဆိပ်ကြောင့် အန်နေတာကို ရပ်တန့် သွားအောင် ဆေးကုသ ပေးတယ် ။ ပြီးတော့ အခြေအနေကို စောင့်ကြည့်တဲ့ အနေနဲ့ ဆေးရုံမှာ ၂၄ နာရီထားတယ်။ နောက်ပြီး သွေးစစ်တယ်။ သွေးထဲမှာ လည်း အဆိပ်တွေ အများကြီး မရောက်ခဲ့တဲ့ အတွက် လူနာတွေ အများကြီး သက်သာသွားမှ ကျွန်မတို့ ဆင်းခွင့် ပြုလိုက်တာပါ ” ဟု ရန်ကုန် ဆေးရုံကြီး မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။ အဆိုပါ လူနာ လေးဦးကို ရန်ကုန်ဆေးရုံကြီး ၏ အဆောင် ၁၇ ၊ ၁၈ တွင် အတွင်းလူနာ အဖြစ် ဆေးကုသ ပေးခဲ့ကြောင်း သိရှိရသည်။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

756..အသက် ( 18 ) နှစ်ပြည့်မှဖတ်ပါ...( 4 ) ..5-6-10

 
အမျိုးသား သားကြောဖြတ်ခြင်းဆိုင်ရာ အမေးအဖြေများ

အမျိုးသားတွေမှာ သုက်ကောင် (Sperm) ထုတ်လုပ်ပေးတဲ့ နေရာကတော့ Testicle လို့ခေါ်တဲ့ ဝှေးစေ့ နေရာကပဲ ဖြစ်ပါတယ်။ ဒီကမှတဆင့် သုက်ကောင်တွေဟာ (Vas deferens) လို့ခေါ်တဲ့ လမ်းကြောင်းအတိုင်း တက်သွားပြီး သုတ်ရည်အိတ် ကထွက်လာတဲ့ သုတ်ရည်(Seminal fluid) နဲ့ အတူပေါင်းစပ်သွားပါတယ်။ ခန္ဓာကိုယ် ပြင်ပကို ရောက်လာတဲ့ အခါမှာတော့ သုက်ရည်ထဲမှာ သန္ဓေအောင်စေတဲ့ သုတ်ကောင်တွေပါလာပြီ ဖြစ်ပါတယ်။

အမျိုးသား သားကြောဖြတ်တယ် ဆိုတာကတော့ Vas deferens ပြွန်တနေရာကို ခွဲစိတ်ပြီး ဖြတ်လိုက်တာပဲ ဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံ သားဖွားမီးယပ်ဆိုင်ရာ တော်ဝင်ကောလိပ် (Royal College of Obstetricians and Gynaecologists) ရဲ့ ထောက်ခံမှု အများဆုံးရတဲ့ အမျိုးသား သားကြောဖြတ်နည်းကတော့ No Scalpel vasectomy လို့ခေါ်တဲ့ ခွဲစိတ်ခန်းသုံးဓား ကို အသုံးမပြုဘဲ သားကြောဖြတ်နည်းပဲ ဖြစ်ပါတယ်။ မေ့ဆေးမလို ထုံဆေးနဲ့တင် လုပ်လို့ရပြီး ဆေးရုံတက်စရာလည်း မလို၊ သွေးထွက်မှုလည်း အလွန်နည်းတဲ့ အသေးစား ခွဲစိတ်မှုပဲ ဖြစ်ပါတယ်။ ကပ်ပယ်အိတ်မှာ အပေါက်သေးသေးလေး ဖောက်ပြီး Vas deferens တွေကို ဖြတ်တောက်လိုက်တာပါပဲ။ ခွဲစိတ်မှုအပြီးမှာ စိတ်ချရအောင် အမျိုးသားရဲ့သုတ်ရည်ထဲ သုက်ကောင်ပါဝင်မှုနှုန်းကို ဓာတ်ခွဲခန်းမှာ စစ်ရ ပါတယ်။ ၁၂ ပတ်ကနေ ၁၆ ပတ်အကြာမှာ အမျိုးသား မျိုးလမ်းကြောင်းထဲ လက်ကျန်ရှိနေနိုင်တဲ့ သုတ်ကောင်တွေ မရှိတော့လို့ စိတ်ချရတဲ့ အခြေအနေ ရောက်သွားပါပြီ။ ဆီလီကုန်း(Silicone) ဒါမှမဟုတ် ဓာတုဆေးတမျိုးမျိုးထိုးပြီး ရောင်ရမ်း၊ အသားတက်၊ လမ်းကြောင်းပိတ်သွားအောင် လုပ်တဲ့ နည်းတမျိုးလည်း ရှိပါသေးတယ်။ တရုတ်နိုင်ငံမှာ အသုံးများပြီး တော်ဝင်ကောလိပ်ကတော့ အားမပေးတဲ့ နည်းဖြစ်ပါတယ်။

စိတ်ချရမှု

ခွဲစိတ်မှု ၂၀၀၀ မှာ ၁ ယောက် ကလေးရသွားနိုင်နှုန်း ရှိပါတယ်။ ၇လ အကြာ ဓာတ်ခွဲခန်းမှာ သုက်ရည်ကိုစစ်ကြည့်လို့ ကလေးရနိုင်မယ့် သုက်ကောင်အရေအတွက် မပါဘူးဆိုရင်
ကိုယ်ဝန်လုံးဝ မရနိုင်တော့ဘူး လို့တောင် ပြောထားကြပါတယ်။

ဘေးထွက်ဆိုးကျိုးများ

ခွဲစိတ်မှုရဲ့ နောက်ဆက်တွဲ ပြဿနာတွေအနေနဲ့တော့ အနာရောင်ခြင်း၊ ပိုးဝင်ခြင်း၊ သွေးခဲဖြစ်ခြင်း စတာတွေ တစ်ခါတစ်ရံမှာ ဖြစ်တတ်ပါတယ်။

မေး။ သားကြောဖြတ်လိုက်ခြင်းကြောင့် အမျိုးသားတွင် စွမ်းဆောင်နိုင်မှု နည်းပါးသွားနိုင်ပါသလား။ အားအင်နည်းပါးခြင်း၊ ကိုယ်ခန္ဓာ အလေးချိန် တိုးလာခြင်း တို့ ဖြစ်နိုင်ပါသလား။

ဖြေ။ မဖြစ်နိုင်ပါ။ သားကြောဖြတ်ပြီးနောက် အမျိုးသား၏ စိတ်ရောကိုယ်ပါ မူလအတိုင်း ရှိနေမည်ဖြစ်ပါသည်။ အမျိုးသမီးနှင့် ဆက်ဆံရာတွင်လည်း မူလကဲ့သို့ပင် ဖြစ်ပါလိမ့်မည်။ အမျိုးသားအင်္ဂါ နှိုးကြွလာမှုနှင့် စွမ်းဆောင်မှုတာရှည်ခြင်းလည်း ယခင်ကလိုပင် ဖြစ်ပြီး သုတ်ထွက်ခြင်းလည်း ပုံမှန်အတိုင်း ဖြစ်ပါလိမ့်မည်။ အားအင်နည်းပါး သွားခြင်း မရှိ၍ မခွဲစိတ်မီကကဲ့သို့ပင် အလုပ်လုပ်ကိုင်နိုင်ပြီး ကိုယ်ခန္ဓာ အလေးချိန် တိုးလာခြင်းလည်း မဖြစ်နိုင်ပါ။

မေး။ သားကြောဖြတ်လိုက်ပြီးနောက် နာတာရှည် နာကျင်နေခြင်းမျိုး ရှိနိုင်ပါသလား။

ဖြေ။ အချို့သော သားကြောဖြတ်ထားသည့် အမျိုးသားများတွင် ၁ နှစ်မှ ၅ နှစ်အတွင်း ကပ်ပယ်အိတ် သို့မဟုတ် ဝှေးစေ့နေရာတွင် နာကျင်ခြင်း၊ ခံရခက်ခြင်း မျိုးခံစားရသည် ဟုမှတ်တမ်းတင်ထားခြင်း ရှိပါသည်။ အမျိုးသားဦးရေ ထောင်နှင့်ချီ၍ ပြုစုထားသော မှတ်တမ်းတွင် စုစုပေါင်း လူဦးရေ၏ ၁%တွင် ထိုနာကျင်မှုကြောင့် ခွဲစိတ်ကုသမှု ခံယူရနိုင်သည်ဟု ရေးသားထားပါသည်။ သားကြောဖြတ်ထားသည့် အမျိုးသား ၂၀၀ ခန့်ကို လေ့လာရာတွင် ၆%မှာ နာကျင်မှု ခံစားရသည်ဟု ပြောပါသည်။ သားကြောမဖြတ်ထားသည့် အမျိုးသား ၂၀၀ ခန့်တွင်မူ ၂% လောက်က နာကျင်မှု ခံစားရခြင်းကို လေ့လာတွေ့ရှိထားပါသည်။ နာကျင်မှု ခံစားရသည့် အမျိုးသားဦးရေထဲမှ အနည်းငယ်ကသာ သားကြောဖြတ်လိုက်ခြင်းကြောင့် နောင်တရမိသည်ဟု ပြောဆိုခြင်းရှိပါသည်။ နာကျင်မှု ဖြစ်ရခြင်း အကြောင်းအရင်းကို တိတိကျကျ ရှာဖွေမတွေ့ရှိသေးပါ။ Vas deferens ပြွန်ပြင်ပသို့ သုတ်ကောင်များ စိမ့်ထွက်လာခြင်း၊ ခွဲစိတ်စဉ်က အာရုံကြောကို ထိခိုက်မိခြင်း တို့ကြောင့် ဖြစ်နိုင်သည်ဟု ယူဆကြပါသည်။ ကပ်ပယ်အိတ်ကို အပေါ်သို့ အနည်းငယ်မြှင့်ထားပေးခြင်း၊ အကိုက်အခဲပျောက်ဆေးများ သောက်သုံးခြင်းဖြင့် သက်သာအောင် လုပ်နိုင်ပါသည်။ ကပ်ပယ်အိတ်အတွင်း ထုံဆေးထိုးပေးခြင်းဖြင့်လည်း ကုသနိုင်ပါသည်။ နာကျင်သောနေရာတ၀ိုက်ကို ခွဲစိတ်ဖယ်ရှားခြင်း၊ သားကြောဖြတ် ခွဲစိတ်ထားသည်ကို ပြန်လည်ဆက်ပေးခြင်း တို့ကြောင့် အနာသက်သာ ပျောက်ကင်းနိုင်သည်ဟုလည်း အချို့က ပြောပါသည်။ အချိန်ကာလ ကြာမြင့်စွာ အပြင်းအထန်နာကျင်ခြင်းမျိုးမှာ ဖြစ်နိုင်ချေအလွန်နည်းသော်လည်း သားကြောဖြတ်မှုပြုလုပ်ရန် ရွေးချယ်စဉ်းစားနေသော အမျိုးသားများအား အသိပေးထားရန်လိုအပ်ပါသည်။

မေး။ သားကြောဖြတ်ပြီးနောက်တွင် အခြားသော ပဋိသန္ဓေတားနည်းများကို အသုံးပြုရန် လိုပါသေးသလား။

ဖြေ။ ပထမ ၃ လ အတွင်း လိုအပ်ပါမည်ဖြစ်ပါသည်။ သားကြောဖြတ်ပြီးနောက်မှ
ကိုယ်ဝန်ရသွားခြင်း၏ အဓိကအကြောင်းအရင်းမှာ ပထမ ၃ လ အတွင်း အခြားသော ပဋိသန္ဓေတားနည်းကို အသုံးမပြုမိခြင်းကြောင့် ဖြစ်ပါသည်။

မေး။ သားကြောဖြတ်ခွဲစိတ်ခြင်း အောင်မြင်မှု ရှိ၊မရှိကို စစ်ဆေး သိရှိနိုင်ပါသလား။

ဖြေ။ သိနိုင်ပါသည်။ အမျိုးသား၏ သုတ်ရည်နမူနာကို အဏုကြည့်မှန်ပြောင်းအောက်တွင် ထားပြီး သုတ်ကောင် ပါဝင်မှု ရှိ၊မရှိ စစ်ဆေးနိုင်ပါသည်။ လှုပ်ရှားမှု ရှိသော သုက်ကောင် (Motile sperm) များ ပါဝင်မှု မရှိပါက သားကြောဖြတ်မှု အောင်မြင်သည်ဟု ဆိုနိုင်ပါသည်။ ထိုစစ်ဆေးမှုကို ခွဲစိတ်မှုအပြီး ၃ လ အကြာတွင် ပြုလုပ်သင့်သော်လည်း မဖြစ်မနေ စမ်းသပ်ရန် မလိုအပ်ပါ။ သုတ်ရည် ၁မီလီလီတာ တွင် လှုပ်ရှားမှုရှိသော သုက်ကောင်ရေ ၁ သိန်းအောက် လျော့နည်းပါက အခြား သန္ဓေတားနည်းများကို အသုံးပြုရန် မလိုအပ်တော့ပါ။ အကယ်၍ သုက်ကောင်ရေ ၁သိန်းထက် များနေလျင်မူ အခြားအကာအကွယ်တခုခုကို အသုံးပြုရန်လိုပြီး သုတ်ရည်နမူနာ စစ်ဆေးခြင်း လစဉ်ပြုလုပ်ရန် လိုပါလိမ့်မည်။ သုက်ကောင်အရေအတွက် မကျဆင်းသွားပါက ခွဲစိတ်မှု ထပ်မံပြုလုပ်ရန် လိုအပ်နိုင်ပါသည်။

မေး။ သားကြောဖြတ်ထားပြီးသည့် အမျိုးသား တစ်ဦး၏ ဇနီးသည်တွင် ကိုယ်ဝန်ရရှိသွားပါက အဘယ်သို့ ယူဆရမည်နည်း။

ဖြေ။ တစ်ခါတစ်ရံတွင် သားကြောဖြတ်ခွဲစိတ်မှု အောင်မြင်မှုမရှိသောကြောင့်
အမျိုးသမီးတွင် ကိုယ်ဝန်ရသွားနိုင်ကြောင်းကို သားကြောဖြတ်မှုခံယူသော အမျိုးသားတိုင်း သိထားရန်လိုအပ်ပါသည်။ လက်တွဲဖော် အမျိုးသမီး ဖောက်ပြားခြင်းကြောင့် ကိုယ်ဝန်ရသည်ဟု တစ်ထစ်ချ မယူဆမိရန် အရေးကြီးပါသည်။ အထူးသဖြင့် ပထမ ၃ လ အတွင်း ကိုယ်ဝန် ရသွား နိုင်ကြောင်းနှင့် အခြားအကာအကွယ် အသုံးပြုဖို့ လိုအပ်ကြောင်းကို အသေအချာ ပညာပေးရန် အရေးကြီးပါသည်။

မေး။ သားကြောဖြတ်ခြင်းသည် အချိန်ကာလ ကြာမြင့်သည်နှင့်အမျှ ထိရောက်မှု လျော့နည်းသွားနိုင်ပါလား။

ဖြေ။ ယေဘုယျ အားဖြင့် သားကြောဖြတ်ခြင်းသည် တစ်သက်တာလုံး ထိရောက်မှု ရှိမည့် ခွဲစိတ်မှုဖြစ်ပါသည်။ ဖြစ်နိုင်ချေ အလွန်နည်းပါးသော်လည်း တစ်ခါတစ်ရံတွင်မူ ဖြတ်တောက်ထားသော ပြွန်များ ပြန်လည်ဆက်သွားပြီး ခွဲစိတ်မှု ထပ်မံလိုအပ်သည့်အဖြစ်မျိုး ရှိတတ်ပါသည်။

မေး။ သားကြောဖြတ်မှု ခံယူထားသည့် အမျိုးသားတဦးသည် သားသမီးယူရန် ဆန္ဒရှိပါက ပြွန်များကို ပြန်လည်ဆက်ယူ၍ ရနိုင်ပါမည်လား။

ဖြေ။ ယေဘုယျ အားဖြင့် သားကြောဖြတ်ခြင်းသည် တစ်သက်တာလုံး ထိရောက်မှု ရှိမည့် ခွဲစိတ်မှုဖြစ်ပါသည်။ သားသမီးယူရန် အစီအစဉ်ရှိသူများသည် အခြားသော သန္ဓေတားနည်းများကိုသာ အသုံးပြုသင့်ပါသည်။ သားသမီး ပြန်လည်ရရှိနိုင်ရန် ခွဲစိတ်မှု သည် အချို့သော အမျိုးသားများတွင်သာ ပြုလုပ်နိုင်ပြီး ပြန်လည်ခွဲစိတ်မှု ခံယူသူတိုင်းတွင်လည်း ကလေးရလာမည်ဟု သေချာပေါက် မဆိုနိုင်ပါ။ ထို့အပြင် ၄င်းခွဲစိတ်မှုသည် စရိတ်ကြီးပြီး ကျွမ်းကျင်သူလည်း နည်းပါးသောကြောင့် သားကြောဖြတ်ခွဲစိတ်မှုအား ပြန်လည်ပြုပြင်၍ မရနိုင်သော ခွဲစိတ်မှုတစ်ခုဟု သဘောထားသင့်ပါသည်။

မေး။ သားကြောဖြတ်မည်ဆိုလျှင် အမျိုးသားနှင့် အမျိုးသမီး မည်သူသားကြောဖြတ်ခြင်းက ပိုကောင်းနိုင်ပါသလဲ။

ဖြေ။ စုံတွဲတိုင်း မိမိဘာသာမိမိ ဆုံးဖြတ်သင့်သော ကိစ္စဖြစ်ပါသည်။ သားသမီးရယူရန် ဆန္ဒမရှိတော့သော စုံတွဲများအဖို့ အမျိုးသား သားကြောဖြတ်ခြင်းရော ၊ အမျိုးသမီး သားကြောဖြတ်ခြင်းပါ အန္တရာယ်နည်းသော၊ စိတ်ချရသော၊ တသက်တာလုံး ထိရောက်မှုရှိသော ခွဲစိတ်မှုမျိုး ဖြစ်ကြပါတယ်။ အကောင်းဆုံးမှာ နည်းနှစ်မျိုးစလုံးကို အမျိုးသားရော၊ အမျိုးသမီးပါ အတူဆွေးနွေး စဉ်းစား သင့်ပါတယ်။ နည်း ၂ နည်းစလုံးကို အမျိုးသားကရော၊ အမျိုးသမီးကပါ ညီတူညီမျှ လက်ခံသဘောတူ ပါက ပိုမို ရှင်းလင်း၊ အန္တရယ်ကင်း၊ လွယ်ကူ ပြီး စရိတ်သက်သာသော အမျိုးသား သားကြောဖြတ်ခြင်းကို ရွေးချယ်သင့်ပါသည်။

မေး။ အမျိုးသား သားကြောဖြတ်ရာတွင် အသက်အရွယ် သို့မဟုတ် သားသမီးဦးရေ အကန့်အသတ် ထားရှိ သတ်မှတ်သင့်ပါသလား။

ဖြေ။ အမျိုးသားတစ်ဦး၏ ဆုံးဖြတ်ပိုင်ခွင့်ကို အသက်အရွယ်၊ သားသမီးဦးရေ နှင့် အိမ်ထောင်ရှိခြင်း၊ မရှိခြင်း စသည်တို့ဖြင့် ကန့်သတ်ထားခြင်းမျိုး မပြုလုပ်သင့်ပေ။ မည်သို့သော ဆုံးဖြတ်ချက်မျိုး ဖြစ်စေ ကာယကံရှင်၏ ရွေးချယ်မှုသာ ဖြစ်သင့်ပြီး ကျန်းမာရေးဝန်ထမ်း၏ တိုက်တွန်းမှု မပါသင့်ပါ။

မေး။ အမျိုးသား သားကြောဖြတ်ခြင်းကြောင့် နှလုံးရောဂါ၊ ကင်ဆာရောဂါ စသည်တို့ ဖြစ်ပွားနိုင်နှုန်း တက်နိုင်ပါသလား။

ဖြေ။ စနစ်တကျ ပြုလုပ်ထားသော သုတေသန များအရ သားကြောဖြတ်ခြင်းကြောင့် နှလုံးရောဂါ၊ ကင်ဆာရောဂါ ဖြစ်နိုင်နှုန်း မြင့်တက်လာခြင်း လုံးဝမရှိပါ။

မေး။ သားကြောဖြတ်ထားသည့် အမျိုးသားတဦးသည် လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများ ကူးစက်ခံရခြင်း၊ ၄င်းထံမှ အခြားသူအား ကူးစက်စေနိုင်ခြင်း စသည်တို့ ဖြစ်နိုင်ပါသလား။

ဖြေ။ ဖြစ်နိုင်ပါသည်။ သားကြောဖြတ်ခြင်းသည် ခုခံအား ကျဆင်းမှု ရောဂါ အပါအ၀င် အခြား ကာလသား ရောဂါများ ကူးစက် ပြန့်ပွား ခြင်းမှ အကာအကွယ် မပေးနိုင်ပါ။ ရောဂါပိုး ကာကွယ်ရန် လိုအပ်ပါက အမျိုးသားများသည် ကွန်ဒုံးအစွပ်ကို အသုံးပြုရန် လိုပါသည်။

မေး။ သားကြောဖြတ်ခွဲစိတ်မှု ကို မည်သည့်နေရာများတွင် ပြုလုပ်နိုင်သနည်း။

ဖြေ။ အခြား ရောဂါအခံ မရှိသော အမျိုးသားများအား ကျန်းမာရေးဌာနများ၊ သားဆက်ခြား ဆေးခန်းများ၊ သာမန် ဆေးခန်းများ တွင်ပင် သားကြောဖြတ် ခွဲစိတ်မှု ပြုလုပ်ပေးနိုင်ပါသည်။ ________________________________________

Family Planning: A Global Handbook for Providers ထဲမှ အမျိုးသား သားကြောဖြတ်ခြင်းအကြောင်း သိကောင်းစရာ အမေး အဖြေ ၁၃ ခု ရှိတဲ့ အထဲက ကျန်းမာရေး
ဝန်ထမ်းတွေအတွက် ရည်ရွယ်တဲ့ မေးခွန်း တခုကို ဖယ်ပြီး ကျန် ၁၂ ခုကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။


Ref:သုဟန်

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

755.. ဗိုက်ရွှဲခြင်းသည် အိပ်ချိန် နည်း လွန်းခြင်း၊ များ လွန်းခြင်း နှင့် ဆက်စပ် နေကြောင်းတွေ့ရှိ (5.6.10)

 
Free Image Hosting by FreeImageHosting.net
ညစဉ် အိပ်ချိန် ငါးနာရီနှင့် ငါးနာရီအောက်သာ ရှိသော အသက် ၄၀ အောက် လူငယ်များတွင် အိပ်ချိန် ပြည့်ဝ သူများထက် ဝမ်းဗိုက် အဆီ စုဆောင်းမှု ငါးနှစ် အတွင်း သိသိ သာသာ များလာကြောင်း ကျန်းမာရေး သုတေသနများက တွေ့ရှိ ထားကြသည်။ ထို့ကြောင့် အိပ်ရေး မဝခြင်းသည် အဝလွန်၍ ဗိုက်ရွှဲစေသည် ဟူသော သဘော တရားသည် မှန်ကန်ကြောင်းသက်သေ ပြနိုင်သည်။ သို့သော် တစ်ဖက်မှ လေ့လာချက် တစ်ရပ် မှာလည်း အိပ်ချိန် ရှစ်နာရီ နှင့် ရှစ်နာရီ အထက် ရှိသူများ သည်လည်း ဤကဲ့သို့ အဝလွန်၍ ဗိုက်ရွှဲ စေကြောင်း သိရှိရပြန်သည်။

ထို့ကြောင့် ဤ သုတေသန ချက်များ၏ ရလဒ် အနှစ်ချုပ်ကို တင်ပြရလျှင် ဝမ်းဗိုက် အဆီတတ်ရန် အခွင့်အလမ်း အနေဖြင့် အိပ်ချိန် ငါးနာရီခန့် ရှိသူများသည် ၃၂ ရာခိုင်နှုန်း ၊ ခြောက်နာရီမှ ခုနှစ်နာရီ ရှိသူများသည် ၁၃ ရာခိုင်နှုန်း ၊ ရှစ်နာရီ ရှိသူများသည် ၂၂ ရာခိုင်နှုန်းသာ ရှိသည်ဟု သိရသည်။ ဤ ရလဒ် ကိန်းဂဏန်း များသည် အိပ်ချိန် ဟူသော အချက် တစ်ချက်တည်း ပေါ်မူတည်၍ တွက်ချက် ထားခြင်း ဖြစ်ပြီး အဝလွန်စေသော အခြားအရေးပါသော အချက်များ ဖြစ်သည့် အစားအသောက် ပမာဏ၊ အမျိုးအစား၊ ကိုယ်လက် လှုပ်ရှားမှု အနည်းအများ၊ ပညာ တတ်မြောက်မှု နှင့် ဆေးလိပ်သောက် ၊ မသောက် စသည့် အချက်များ ကိုလဲ ထည့်သွင်း စဉ်းစား ရမည်။ မည်သို့ပင် ဆိုစေကာမူ အိပ်ရေး ပျက်လျှင် ကစီဓာတ်များ အပေါ် ခုံမင် စေသော ဟော်မုန်း တစ်မျိုး ထွက်လာခြင်း ၊ အစာစား နေစဉ် အတွင်း အစားအသောက်ကို တင်းတိမ် စေသော ဟော်မုန်း တစ်မျိုး အထွက် နောက်ကျခြင်း စသည့် အချက် များကြောင့် နေ့စဉ် အိပ်ချိန် နည်းလွန်း ခြင်းသည် အဝလွန်ခြင်းကို အားပေးသည်ဟု မြောက်ဥက္ကလာပ ဆေးရုံမှ လက်ထောက်ဆရာဝန် တစ်ဦးက ပြောကြားသည်။ အအိပ်များ လွန်းခြင်း၊ နည်းလွန်းခြင်း သည် အဝလွန်ခြင်း အပေါ် တိုက်ရိုက် မဟုတ်သော်လည်း သွယ်ဝိုက်သော နည်းဖြင့် ဆက်နွှယ် နေလေရာ တတ်နိုင်လျှင် အထက်ပါ ရလဒ်များ အရ အိပ်ချိန် ခြောက်နာရီမှ ခုနှစ်နာရီကြား ထားလျှင် အကောင်းဆုံး ဖြစ်မည်ဟု ကျန်းမာရေး ပညာရှင်များ က ပြောကြားသည်။ ( Voice Weekly)

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
2 comments

743..ခေတ်ပေါ် ဒန်းဆိုးဆေး များကြောင့် သွေးကင်ဆာ ဖြစ်နိုင် ခြေမြင့်ဟု ဆရာဝန် များယူဆ(15.5.2010 )

 

အာရပ် စော်ဘွားများ ပြည်ထောင်စု (UAE) နိုင်ငံ မှ အမျိုးသမီး များကြား သွေး ကင်ဆာ ဖြစ်ပွားမှု မြင့်တက် နေရသည့် အဓိက အကြောင်းရင်း တစ်ခုမှာ ဒန်းဆိုး ခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဆရာဝန် များက ယူဆ နေကြသည်။ ပင်လယ် ကွေ့ဒေသရှိ ချမ်းသာ ကြွယ်ဝသော နိုင်ငံ မှ အမျိုးသမီး များတွင် သွေး ကင်ဆာ ရောဂါ ဖြစ်ပွား မှုသည် အမျိုးသား များ ထက် (၂) ဆ မျှ မြင့်တက် နေပြီး အခြား ဒေသတွင်း နိုင်ငံများမှ အမျိုးသမီး များထက် (၆၃) ရာခိုင်နှုန်း ပိုများ နေကြောင်း အင်္ဂလိပ် ဘာသာဖြင့် ဖော်ပြ ထုတ်ဝေသည့် The National သတင်းစာ က ဖော်ပြ ထားသည်။ UAE တက္ကသိုလ် မှ သုတေသီ များသည် အမျိုးသမီး များ၏ သွေးကင်ဆာ ဖြစ်ပွားမှု (၂၆၃) ခု ကို လေ့လာမှု ပြုလုပ်ပြီးနောက် ဒန်းပင်မှ ပါရှိ သော ဓာတုပစ္စည်း တစ်ခု သည် ခန္ဓာ ကိုယ်တွင်းရှိ သွေးဖြူဥများကို ထိခိုက်စေသည့် အကြောင်းတရား တစ်ခု အဖြစ် သံသယ ၀င်လာကြသည်။ ထို့အပြင် နေရောင်ခြည် ရရှိမှု အလွန် နည်းပါးခြင်း သည်လည်း အခြား အကြောင်းရင်း တစ်ခု ဖြစ်နိုင် သည်ဟု ပညာရှင် များက ဆိုသည်။ UAE တက္ကသိုလ် မှ အထွေထွေ ပါမောက္ခ တစ်ဦးဖြစ်သူ ဒေါက်တာ အင်နမ်း ဟာဆန်က “ကျွန်တော် တော့ ဒီ ရလဒ် ကို နားမလည် နိုင်ဘူး။ တူညီတဲ့ ပတ်ဝန်းကျင် မှာ နေထိုင်ကြပေမယ့် ယောက်ျား နဲ့ မိန်းမ တွေကြား သွေးကင်ဆာ ဖြစ်နိုင်ခြေက အရမ်းကို ကွာနေ တာပါ။ သူတို့ အားလုံးက တူညီတဲ့ အစား အစာ တွေကို စား၊ တူညီတဲ့ လေကို ရှူနေကြ တာပဲ”ဟု ပြောကြား ခဲ့သည်။ “ကွာတဲ့ တစ်ချက် ကတော့ ယောက်ျား တွေက ဒန်းမဆိုး ဘူးလေ” ဟု ယင်းက ဆိုသည်။ The National သတင်းစာ၏ ဖော်ပြချက်အရ UAE တွင် ခေတ်စား နေသည့် ပိုမို ကြာရှည် ခံအောင် ပြုလုပ်ထားသော ခေတ်ပေါ် ဒန်းဆိုးဆေး များတွင် ဘန်ဇင်း ကဲ့သို့ အရောင် ပိုတောက်ပ စေသည့် ဓာတု ပစ္စည်း များ ထည့်ထား လေ့ရှိကြောင်း သိ ရှိရသည်။ ( Hikmah.info)

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

739..ဘယ်အစားအစာစားရင်ဘယ်လိုအားကစားမျိုးပြုလုပ်သင့်လဲ...

 
CalorieKing

အစားသောက်တစ်ခုကိုစိတ်ချလက်ချ ၀ မလာအောင်စားဖို့,အစားအစာ တစ်ခု စားပြီးတိုင်း ၀ လာတယ်၊ အဆီများသွားတယ် စသဖြင့် အမြဲ စဉ်းစားမိတဲ့ သူတွေအတွက် အကောင်းဆုံး ၀ဘ်ဆိုဒ် တစ်ခုပါ။ ဒီ ၀ဘ်ဆိုဒ်မှာ ကိုယ် စားလိုက်တဲ့ ဒါမှမဟုတ် ကိုယ် စားမဲ့ အစားအစာကို ရှာဖွေ ကြည့် နိုင်ပြီး ထွက်ပေါ်လာမဲ့ result မှာ အဲဒီ အစားအစာ နဲ့ သက်ဆိုင်တဲ့ Nutrition Fact တွေနဲ့အတူ calorie တွေ လောင်ကျွမ်းသွားဖို့ လိုအပ်တဲ့ အားကစား အမျိုးအစားနဲ့ အချိန်ကို chart နဲ့ ပူးတွဲဖော်ပြပေးထားပါတယ်..

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

738.. အော်တာ နေးတစ် ဆေးပညာ..

 
Free Image Hosting
“အော်လ်တာနေးတစ်” ဆေးပညာ ကိုလည်း မမေ့ပါနှင့်

ရောဂါ အသစ်အဆန်းနှင့်ခေတ်ပေါ် ဆေးမတိုးသည့်ရောဂါများ သက်သာ ပျောက်ကင်း

အနောက်တိုင်း ဆေးပညာဖြင့် ကုသ၍ မပျောက်ကင်းသည့် ရောဂါများကို အခြား နည်းလမ်းဖြင့် ပြောင်းလဲကုသရန် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က တိုက်တွန်းခဲ့ ကြောင်း၊ အဆိုပါနည်းမှာ အော်လ်တာ နေးတစ် ဆေးပညာ (Alternative medicine) ဖြစ်ကြောင်း၊ စင်စစ် အဆိုပါ အော်လ်တာ နေးတစ် ဆေးပညာမှာ ရိုးရာ တိုင်းရင်းဆေး ပညာပင် ဖြစ်ကြောင်း၊ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ တိုက်တွန်း အားပေးချက် အရလည်း ကောင်း၊ ရိုးရာ တိုင်းရင်း ဆေး ပညာ ထွန်းကား သည့် နိုင်ငံ အစိုးရများ ၏အားပေးမှု ကြောင့် လည်းကောင်း တိုင်းရင်းဆေး ပညာရပ်သည် ခေတ်မီ ဆန်းသစ်ကာ ကမ္ဘာ၌ ပိုမိုဖွံ့ဖြိုးတိုး တက် ထွန်းကား ကျယ်ပြန့် လာကြောင်း၊ ယခု အခါ ကမ္ဘာ၌ တိုင်းရင်း ဆေးပညာဖြင့် ရောဂါ ကြီးများကို လည်း ကုသ သက်သာပျောက် ကင်းသည့် အကျိုးများ ခံစား နေကြရပြီ ဖြစ် ကြောင်း သိရသည်။

ဒေါ်လာ ၁ဒသမ ၃၆ဘီလျံ

ဒီဇင်ဘာ ၁၂ရက်က “မလေးရှား နိုင်ငံ ၏ တိုင်းရင်းဆေး တင်ပို့ ရောင်းချမှု အမေရိ ကန်ဒေါ်လာ တစ်ဘီလျံကျော် ရရှိရန် မျှော် မှန်း” အင်တာနက် သတင်းတစ်ပုဒ်ကို ဖတ် လိုက် ရသည်။ မလေးရှား နိုင်ငံ၏ ဆေးဖက် ၀င်ပစ္စည်းများနှင့် တိုင်းရင်းဆေးတင်ပို့ ရောင်းချရမှုသည် ၂၀၀၅ ခုနှစ်၌ အမေရိကန် ဒေါ်လာ ၈၄၂ သန်း ရရှိရာမှ ၂၀၁၀ ပြည့်နှစ် အရောက် တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၆ဘီလျံ ရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။

ကုန်သွယ်ရေး

ကမ္ဘာလုံး ဆိုင်ရာ ဆေးဖက်ဝင် ပစ္စည်းများနှင့် တိုင်းရင်းဆေးများ ကုန်သွယ်ရေး လုပ်ငန်းသည် ပိုမိုအ လားအလာ ကောင်းလာကြောင်း သ တင်းများက ဖော်ပြသည်။

အခြေခံစောင့်ရှောက်မှု

အာဖရိက၊ အာရှနှင့်လက်တင် အမေရိကနိုင်ငံများသည် တိုင်းရင်း ဆေးကို အခြေခံ ကျန်းမာရေးစောင့် ရှောက်မှု လိုအပ်ချက်အဖြစ် အသုံး ပြုလျက်ရှိကြသည်။ အာဖရိကတွင် လူဦးရေ ရာခိုင်နှုန်း ၈၀ အထိအသုံး ပြုကြောင်း သိရသည်။

စက်မှုနိုင်ငံများ

တိုင်းရင်းဆေး ပညာ အားကိုး အသုံးချမှုတွင် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ လူဦးရေ အများစု ဖြစ်သည့်အပြင် စက် မှု ထွန်းကားသည့် နိုင်ငံများတွင်လည်း ကျယ်ပြန့် လျက်ရှိနေကြောင်း သိရ သည်။

သုတေသနပြုချက်

အော်လ်တာနေးတစ် ဆေး သို့ မဟုတ် တိုင်းရင်းဆေး အသုံးပြုမှုနှင့် စပ်လျဉ်း၍ လေ့လာ သုတေသနပြု ချက်အရ သိရသည်မှာ-

-တရုတ်ပြည် တွင် ဆေးဝါးကု သမှုအားလုံး ၏ရာခိုင်နှုန်း ၃၀ မှ ရာ ခိုင်နှုန်း ၅၀ အထိ တိုင်းရင်းဆေးကို အသုံးပြု ကြသည်။

-ဂါနာ၊ မာလီ၊ နိုင်ဂျီးရီးယားနှင့် ဇင်ဘာဘွေနိုင်ငံများတွင် ကလေးသူ ငယ် ရာခိုင်နှုန်း ၆၀ အထိ တိုင်းရင်း ဆေးကို ဦးစားပေး အသုံးပြုကြသည်။

-ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး၏ ခန့်မှန်း ချက်အရ အာဖရိက နိုင်ငံအ တော် များများသည် သားဖွားရာတွင် ရိုးရာ သားဖွားနည်းကို အသုံးပြု ကြောင်း သိရသည်။

-ဥရောပ၊ မြောက် အမေရိက နှင့် အခြား စက်မှုဒေသများတွင် လူ ဦးရေ၏ ရာခိုင်နှုန်း ၅၀ သည် တိုင်း ရင်းဆေးကို တစ်ကြိမ်တော့ အနည်း ဆုံး အသုံးပြုဖူး ကြောင်း သိရသည်။

- ဆန်ဖရန်စစ္စကို၊ လန်ဒန်နှင့် တောင် အာဖရိက တွင် HIV/AIDS ရောဂါသည် ၇၅ ရာခိုင်နှုန်းသည် တိုင်းရင်းဆေး ဖြင့်လည်း ကုသမှုခံ ယူ ကြကြောင်း သိရသည်။

- ကနေဒါနိုင်ငံ၏ လူဦးရေရာ ခိုင်နှုန်း ၇၀ သည် တိုင်းရင်းဆေး ကို အနည်းဆုံး တစ်ကြိမ် သုံးဖူးကြောင်း သိရသည်။

- ဂျာမနီ နိုင်ငံတွင် လူဦးရေရာ ခိုင်နှုန်း ၉၀ သည် ဘ၀တစ်သက် တာ ကျန်းမာရေး အတွက် သဘာဝ တိုင်းရင်းဆေး ကို အသုံးပြုကြောင်း သိရသည်။

- ၁၉၉၅ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ် အတွင်း သဘာဝ တိုင်းရင်းဆေး ပညာ လိုက်စား သင်တန်းဆင်း သည့်ဆရာ ၀န်အရေ အတွက် နှစ်ဆ (၁၀, ၈၀၀) ဦးရေ အထိ တိုးပွား သွားကြောင်း သိ ရသည်။

- အနောက်တိုင်း ခေတ်မီဆေး ၀ါး ၂၅ ရာခိုင်နှုန်းသည် တိုင်းရင်း ဆေး အသုံးပြုသည့် အပင်များကို အ သုံးပြု ထားကြောင်း သိရသည်။

အာဆီယံဒေသ

တိုင်းရင်းဆေး လှုပ်ရှားမှုနှင့်စပ် လျဉ်း၍ အာဆီယံ ဒေသတွင်းအခြေ အနေမှာ-

- အာဆီယံ ပရဆေးနှင့် ဆေး ဖက်ဝင်အပင် ကျွမ်းကျင် သူများ၏ တတိယအကြိမ် အစည်းအဝေးနှင့် သစ်တောထွက် ပစ္စည်း သုတေသန နှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ အာဆီယံကျွမ်း ကျင် သူများ၏ ဒုတိယအကြိမ် အစည်း အဝေးကို ၂၀၀၀ ပြည့်နှစ်၊ ဇူလိုင် ၅ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟို တယ်၌ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံ အဖြစ် ပထမအကြိမ် လက်ခံကျင်းပ ခဲ့သည်။

ပူးပေါင်းဆောင်ရွက်ရေး

၁၉၉၉ ခုနှစ်၊ ဇူလိုင်တွင် အင် ဒိုနီးရှားနိုင်ငံ၊ ဆိုလာမြို့တွင် ကျင်း ပခဲ့သော ဆေးဖက်ဝင် ပရဆေးပင် များနှင့် ပတ်သက်၍ အာဆီယံနိုင်ငံ အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရေး အတွက် စီမံချက်ဖြစ်သော ၁၉၉၉- ၂၀၀၄ ကိုရေးဆွဲ၍ ၁၉၉၉ ခုနှစ်၊ ဇူလိုင် ၂၉ ရက်မှ ၃၁ ရက်အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပ ခဲ့သော ဒုတိယ အကြိမ်မြောက် အာဆီယံ သစ်တောဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးတွင် တင်ပြ အတည်ပြုချက် ရယူခဲ့သည်။

ကျင်းပခဲ့

အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ဆေးဖက်ဝင် ပရဆေးပင်များ၊ ကျွမ်း ကျင်သူများ ပါဝင်သော အဖွဲ့အစည်း များ၏ အစည်းအဝေး များကို ၁၉၉၈ ခုနှစ်က မလေးရှားတွင်လည်းကောင်း၊ ၁၉၉၉ ခုနှစ်က အင်ဒိုနီးရှား တွင် လည်းကောင်း၊ ၂၀၀၀ ပြည့်နှစ်က မြန်မာနိုင်ငံတွင် လည်းကောင်း ကျင်း ပခဲ့သည်။

သုတေသီများ

အာဆီယံတိုင်းပြည်များမှ ဆေး ဖက်ဝင်ပရဆေးပင်များ ပေါကြွယ်ဝ မှုကြောင့် ဂျပန်၊ ကိုရီးယား၊ ပြင်သစ်၊ နယ်သာလန်၊ သြစကြေးလျ၊ ဂျာမနီ၊ ဒိန်းမတ်၊ ဆွစ်ဇာလန်၊ ယူကေ၊ အ မေရိကန်တို့မှ သုတေ သီများက သု တေသန ပြုဖော်ထုတ်၍ လူသားအ ကျိုးပြုဆေး ဖော်ထုတ်ရန် ကြိုးစားနေ ကြကြောင်း သိရသည်။

ထုတ်လုပ်မှုအများဆုံး အသုံးဆုံး

တရုတ် နိုင်ငံသည် တိုင်းရင်း ဆေး အမျိုးပေါင်း ၈၀၀ ကျော်ထုတ် လုပ်လျက်ရှိပြီး ကမ္ဘာတွင် တိုင်း ရင်းဆေးဝါး အများဆုံး ထုတ်လုပ် သည့် နိုင်ငံ ဖြစ်သည့်အပြင် တိုင်းရင်း ဆေးဝါး အများဆုံးသုံးစွဲသည့် နိုင်ငံ လည်း ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း၊ အန် ယိုးပြည်နယ်၊ ၀ုယူလိဝ ဆေးဝါးဆိုင် ရာ သိပ္ပံနည်းပညာ ဥယျာဉ်၌ အာရှ တိုက်၏ အကြီးကျယ်ဆုံး တိုင်းရင်း ဆေးဝါး ထုတ်လုပ်ရေး စက်ရုံကြီးကို တည်ဆောက် ထားသည်။

ထိုင်းသုံးစွဲခွင့်ပြု

ထိုင်းနိုင်ငံ သည် အမျိုးသား ဆေးဝါးစာရင်းတွင် တိုင်းရင်းဆေး ၀ါးများကို ထည့်သွင်း ထားပြီး ခေတ် မီဆေးရုံများ တွင် သုံးစွဲခွင့်ပြုထား ကြောင်း သိရသည်။

မြန်မာနိုင်ငံ

မြန်မာနိုင်ငံ၏ တိုင်းရင်းဆေး လောကသည် လည်း ရှေ့တန်းရောက် လာပြီးဖွံ့ဖြိုး တိုးတက်နေပြီဖြစ်သည်။ ပြည်သူ အများ ပိုမို ယုံကြည်အားကိုး လာကြပြီဖြစ်သည်။

တိုင်းရင်းဆေး သည် ငွေကုန် ကြေးကျ မများ။ လူတိုင်း ကုသနိုင် သည်။

ဆေးမတိုးရောဂါ

မျက်မှောက် ကာလ ကမ္ဘာတစ် ၀န်းလုံး၌ လူနေမှု ဘ၀ဟန် များနှင့်အ စားအသောက်၊ အနေအထိုင်များ ပြောင်းလဲ လာခြင်းကြောင့် ရောဂါ အသစ် အဆန်းများတစ်မျိုးပြီးတစ် မျိုးပေါ်ပေါက် လျက်ရှိပြီး တချို့ရော ဂါများဆိုလျှင် ခေတ်ပေါ် ဆေးများ မတိုးတော့သည့် အခြေအနေအထိ ရောက်ရှိလာသည်။

ထိုကဲ့သို့ အခြေအနေ၌ ခေတ် ပေါ်ဆေးပညာနှင့် မြန်မာ့တိုင်းရင်း ဆေးပညာ ပေါင်းစပ်ယှဉ်တွဲကုသ ပေးသည့် နည်းလမ်းသည် အကျိုးဖြစ် ထွန်းကြောင်း သိရသည်။

ဖြေရှင်းနိုင်

ယခုကဲ့သို့ ပေါင်းစပ် ကုသမှု စနစ်၏ အကျိုးကျေးဇူးကြောင့် တီ ဘီ၊ HIV ၊ ငှက်ဖျား၊ ဆီးချို၊ သွေးတိုး၊ ၀မ်းလျှော ၀မ်းပျက်နှင့် ၀မ်းကိုက် ဆို သည့် မြန်မာနိုင်ငံ၏ အဓိက ကျန်း မာရေး ပြဿနာများကို ဖြေရှင်းနိုင် သည်ကို တွေ့မြင်နေကြရပြီ ဖြစ်ကြောင်း သိရသည်။

ဖွံ့ဖြိုးတိုးတက်မှု

ဆယ်စုနှစ် တစ်ခုအတွင်း မြန် မာ့ တိုင်းရင်းဆေး ပညာ ဖွံ့ဖြိုးတိုး တက်မှုများကို လေ့လာလျှင် မြန် မာ့ တိုင်းရင်း ဆေးသမားတော်များ ညီ လာခံများကို ယခုနှစ်တွင် ၁၀ ကြိမ် မြောက် အထိ ကျင်းပနိုင်ခဲ့ပြီ ဖြစ်သည်။ ၂၀၀၁ ခုနှစ်က နိုင်ငံတကာ အဆင့်မီ တိုင်းရင်းဆေး တက္ကသိုလ်ကို တည် ထောင် ဖွင့်လှစ် သင်ကြားနိုင်ခဲ့သည်။

၂၀၀၂ ခုနှစ်တွင် မြန်မာနိုင်ငံ တိုင်းရင်း ဆေးဆရာ အသင်းကြီးကို ဖွဲ့စည်း ထူထောင်နိုင်ခဲ့သည်။

၂၀၀၀ ပြည့်နှစ်မှ ၂၀၀၄ ခုနှစ် အထိ ရန်ကုန်နှင့် မန္တလေးမြို့များ၌ တိုင်းရင်း ဆေးဆရာ တစ်နှစ်သင် တန်းများ ငါးနှစ်တိုင်တိုင် စဉ်ဆက် မပြတ် ဖွင့်လှစ် သင်ကြားပို့ချနိုင်ခဲ့ သကဲ့သို့ ၂၀၀၅ နှင့် ၂၀၀၆ ခုနှစ် များတွင် ကောင်းမွန် သော တိုင်းရင်း ဆေးဝါးထုတ်လုပ်မှု နည်းပညာသင် တန်းများ၊ တိုင်းရင်းဆေးပညာရပ် တိုးတက်ရေး ဆိုင်ရာဆွေးနွေးပွဲများ၊ နှီးနှော ဖလှယ်ပွဲများ ကျင်းပနိုင်ခဲ့ ကြောင်း သိရသည်။

အကျိုး ရလဒ်ကောင်းများ

၂၀၀၇ ခုနှစ်တွင် အရေးပေါ် အိမ်သုံး မြန်မာ့ တိုင်းရင်းဆေး သေတ္တာ စီမံချက် စတင် အကောင်အထည် ဖော်နိုင်မှု၊ ၂၀၀၈ ခုနှစ်တွင် အမျိုး သား ပရဆေး ဥယျာဉ် အပါအ၀င် ပရ ဆေးဥယျာဉ်များ တစ်နိုင်ငံလုံးဖြန့် ကြက်ပြီး စိုက်ပျိုးနိုင်မှု၊ ၂၀၀၉ ခုနှစ် အထိ ပြည်နယ် နှင့်တိုင်း အသီးသီး၌ တိုင်းရင်းဆေးရုံ ၁၄ ရုံ၊ တိုင်းရင်း ဆေးကုဌာန ၂၃၇ ခုအထိ တိုးမြှင့် ဖွင့်လှစ် နိုင်မှုစသည့် ကြိုးပမ်းဆောင် ရွက်မှုများကြောင့် ယခုအခါတွင် ပြည်သူများ အတွင်း တိုင်းရင်းဆေး ပညာဖြင့် စောင့်ရှောက်နိုင်မှု အကျိုး ရလဒ် ကောင်းများ ပီပီပြင်ပြင် ဖြစ် ထွန်း နေပြီဖြစ်ကြောင်း သိရသည်။

ဆေးဆရာ ၆,၄၄၂ ဦး

မြန်မာ့ တိုင်းရင်း ဆေးပညာစနစ် တကျ ထွန်းကားရေးတွင် အဓိက လိုအပ်ချက် တစ်ရပ်ဖြစ်သော မြန်မာ့ တိုင်းရင်းဆေးပညာရှင် လူ့စွမ်းအား အရင်းအမြစ်များကို သင်ကြားလေ့ ကျင့်ပေးလျက်ရှိရာ၌ တစ်နိုင်ငံလုံး အတိုင်း အတာ အနေဖြင့် တိုင်းရင်း ဆေးပညာ ဒီပလိုမာ၊ မြန်မာ့တိုင်းရင်း ဆေးပညာဘွဲ့၊ တစ်နှစ်သင်တန်း ဆင်း တိုင်းရင်းဆေးဆရာ နှင့် အခြား မှတ်ပုံတင် တိုင်းရင်းဆေးဆရာ ပေါင်း ၆,၄၄၂ ဦး မွေးထုတ် ပေးခဲ့ကြောင်း သိရသည်။

မြန်မာ့ တိုင်းရင်း ဆေးပညာကို နိုင်ငံတကာက လက်ခံရေးနှင့် ပြည် သူများ ပိုမိုယုံကြည် အားကိုးလာရေး ကို ဆက်လက် ကြိုးပမ်းကြရဦးမည်။

source:myanmarpost

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

727..အသက် ( 18 ) နှစ်ပြည့်မှဖတ်ပါ...( ၃ )

 

ဒါတွေပဲတင်နေတာ ဒါတွေပဲစိတ်ဝင်စားနေလို့မဟုတ်....


အထွေထွေစုစည်းထားသော် Blog ဖြစ်တာနဲ့အညီ ကျန်းမာရေးရှုဒေါင့်မှ


တင်ထားခြင်းသာဖြစ်သည်......



ယောက်ျားတချို့ကို အင်မတန် စိတ်ဒုက္ခပေးတဲ့ သုတ်လွှတ်မြန်ခြင်း အကြောင်းကလေး ရေးပါ.......

ဖို-မ ဆက်ဆံရေးကို စိတ်မဝင်စားပါဘူးလို့ ပြောလိုက်တာဟာ ဖုံးကွယ်ပြောတာပါ။ ဒီကိစ္စမျိုးက လူပျိုပေါက် မရောက်သေးတဲ့ အရွယ်ကစပြီး၊ သွေးဆုံးချိန်လို့ ပြောလေ့ရှိတဲ့ အသက် ကျော်တာတောင် စိတ်ထဲမယ် ရှိနေတာမျိုးပါ။ စိတ်ရှိတိုင်း ထုတ်ပြောချင်မှ ပြောမယ်။ ကာယကံ မြောက်လဲ လုပ်ချင်မှ လုပ်ပါလိမ့်မယ်။ လိမ်မာရင် လိမ်မာသလောက် ထိန်းချုပ်မှု ရှိကြရတယ် မဟုတ်လား။

ဆန့်ကျင်ဖက်လိင် တယောက်နဲ့ တယောက်ဟာ ဆွဲဆောင်စွမ်းအား အင်မတန် ကြီးမားလှတာပါ။ ဇတ်တော် တခုထဲမယ် “ဆိတ်ကွယ်ရာဆိုရင် မအေမှန်း၊ သားမှန်း မသိရင်၊ ဖေါက်ပြန်ချစ်စိတ် ဝင်တတ်ကြောင်း” မိခင်ဖြစ်သူက သားကို ပညာပေးဘူးတယ်။ ဆန့်ကျင်ဖက်လိင်လို့ ပြောတာလဲ သိပ် မတိကျသေးပြန်ဘူး။ လိင်တူချင်း စိတ်ဝင်စားမှု ဆိုတာလဲ ရှိတာကိုး။

အသက်အရွယ်ကြီးသူများ ဆိုပါတော့။ “ဖွဲတဆုပ် နိုင်သေးရင်တောင်မှ ဒီစိတ်က ရှိနေသေးတယ်။” လို့ ပြောကြတယ်။ တချိန်က လူကြီးတဦး၊ အသက်လဲကြီးတယ်၊ ရာထူးလဲကြီးတယ်။ နယ်ကို တိုင်းခန်း လှည့်လည်တယ်ဆိုရင် (ဗီဒီယို) ခေတ်ကောင်းချိန်ကပေါ့။ ညမအိပ်ခင် ဗိုလ်တဲပေါ်မှာ ဒီဇာတ်ကားမျိုးကို တင်ဆက်ပေးရတယ်။ ဆေးပညာအရ (နော်မယ်လ်)ပါဘဲ။ လူမှုရေး အရတော့ နေရာအရွေး မှားတယ်။

“ဆွဲဆောင်နိုင်စွမ်း” ဆိုတာ လိင်ဆိုင်ရာဟော်မုန်း Sex hormones တွေကြောင့်ပါ။ Estrogen နဲ့ Androgen တွေက မျိုးပွါးခြင်းနဲ့ဆိုင်တဲ့ အင်္ဂါတွေ ကြီးထွားလာအောင်၊ အလုပ်လုပ်လာကြအောင်အပြင် အမူအယာတွေပါ အံဝင်ဂွင်ကျ ဖြစ်အောင် လုပ်ပေးကြတယ်။ လိင်တူစိတ်ဝင်စားသူများ ဖြစ်ရတာကလည်း ဒီဟော်မုန်းများ တန်ခိုးပါဘဲ။ ကျားကျား မမ၊ ဒီအမျိုးတူ ဟော်မုန်းတွေရှိတယ်။ အနည်းနဲ့ အများတော့ ကွာတယ်။ ယောက်ျား တယောက်က တနေ့ကို Testosterone ၆-၈ မီလီဂရမ် ထုတ်ရင် မိန်းမ တယောက်က ဝ့၅ မီလီဂရမ်သာ ထုတ်တယ်။ မိန်းမဟော်မုန်းဆိုတာလဲ ယောက်ျားတွေမှာလဲ ရှိလို့ အသက် ၅ဝ ကျော်ရင်၊ အတောင် ၂ဝ ဝတ်များလဲ ရင်သား ထွက်လာကြတာ ဒါ့ကြောင့်။ အချိုးအဆ ပြောင်းသွားလို့ပါ။

“ခြေဆင်း” လေးပြီးတော့ ရေးမဲ့အကြောင်း ဆက်ပါမယ်။ လိင်ပြဿနာတွေထဲမှာ အတွေ့ရဆုံးကတော့ လိင်ဆန္ဒပြည့်ဝခြင်းဆိုတဲ့ Orgasm ဟာ အမျိုးသားတွေမှာ အချိန်စောပြီး ဖြစ်တာနဲ့ အမျိုးသမီးများမှာ အဖြစ်နည်းတာပါ။ Orgasm စကားလုံးရဲ့ အဓိပ္ပါယ် မှန်ကတော့ ရုပ် (အင်္ဂါအစိတ်အပိုင်း ရင့်ထွားပြည့်စုံခြင်း၊) နဲ့ စိတ် (လိုအင်ဆန္ဒ ပြည့်ဝခြင်း) လို့ နှစ်မျိုးပါတယ်။ ယောက်ျားတွေမှာ Orgasm အဖြစ်နည်းတာနဲ့ အသက်ရှည်မှု ဆက်စပ်နေတယ်လို့ British Medical Journal မှာ ၁၉၉၇ တုံးက ရေးဘူးတယ်။ နှလုံးရောဂါနဲ့လဲ ဆက်စပ်တယ်လို့ ၂ဝဝ၁ မှာ ထပ်ရေးသေးတယ်။ ဒီစာက Orgasm အကြောင်းရေးတာ မဟုတ်လို့ ဒီမှာဘဲ ရပ်ပါရစေ။

သုတ်လွှတ်တာ စောတယ်၊ မြန်တယ်ဆိုတာ အဖြစ်များဆုံးက လူပျိုများနဲ့ အိမ်ထောင်ကျခါစ ယောက်ျားများ ဖြစ်တယ်။ အတွေ့အကြုံ နည်းသေးသူတွေပေါ့။ အတွေ့အကြုံဆိုတာကို တိတိကျကျ ပြောရရင် လိင် ဆက်ဆံဘူးတဲ့ အကြိမ် အရေအတွက် ပြောတာ။ ကာလသားများ ပြောကြတာရှိတယ် “အသက်ကြီးတော့ တနည်းသာတယ်။” ဆိုတာ။ ဒီတော့ အားပေးချင်ပါတယ်၊ အတွေ့အကြုံက သင်ပေးပါလိမ့်မယ်။

လိင်ဆက်ဆံတယ်ဆိုတာ စာသင်သလို အဆင့်ခွဲ ပြောရရင် Foreplay ဆိုတဲ့ အရှိန်ယူ၊ ပြင်ဆင်တဲ့ အဆင့်၊ နောက်မှ အင်္ဂါနှစ်ခု ထိစပ်မှု။ ပြီးမှ Orgasm ဆိုတဲ့ ကျေနပ်ပြည့်စုံမှုကို တယောက်ဖြစ်ဖြစ်၊ နှစ်ယောက်လုံး ဖြစ်ဖြစ် ရတဲ့အဆင့်။ ဒီနောက်မှာလဲ ဖုတ်ဖက်ခါ ထသွားသလို မဟုတ်ဘဲ Relaxing experience အချိန်ယူမှ ပြီးပြည့်စုံပါတယ်။

လိင်အင်္ဂါ နှစ်ခုမဟုတ်ဘဲ တခုထဲကို သုံးတာနဲ့လဲ Orgasm ရအောင်လုပ်နိုင်တယ်။ Masturbation ခေါ်တာပေါ့။ အချိန်ပိုကြာချင်ရင် ကြာအောင်အောင် လုပ်လို့ရပါတယ်။ စပြီး ဆက်ဆံရာကနေ အရှိန်တက်လာပြီး၊ နောက်ဆုံး Orgasm မရခင်၊ အတက်အကျ သိပ်မရှိဘဲ တန်းနေတဲ့ Plateau အဆင့်မှာ ထိန်းပြီး၊ အချိန်ဆွဲထားရမှာပါ။

ကျား လိင်အင်္ဂါ ခေါင်းပိုင်းအပြင်က ဖုံးပေးထားတာကို Foreskin (Prepuce) ခေါ်တယ်။ ရှုံ့လို့ ဆန့်လို့ရတဲ့ အရေပြား ၂ ထပ်ပါတယ်။ အပြင်က သာမန် အရေပြားလိုဖြစ်ပြီး၊ အထဲကတော့ ပါးစပ်တို့ မျက်ခွံ အတွင်းပိုင်းတို့မှာရှိတဲ့ အရေပြား အနုစားမျိုး ဖြစ်တယ်။ ငယ်တုံးမှာ အတွင်းက လိင်တံအဖျားပိုင်းကို ကပ်နေတယ်။ ဖုံးချီ-ဖွင့်ချီ လုပ်လာနိုင်တာက တယောက်နဲ့ တယောက်၊ တချိန်နဲ့ တချိန် မတူကြဘူး။ အရွယ်ရောက်ချိန်မှာ ဆွဲဖွင့်ရင် ပွင့်လာမှ ကောင်းတယ်။ မဟုတ်ရင် အထဲမှာ အညစ်အကြေး အောင်းနေမယ်။ ကလေးငယ်ငယ် ဆိုရင် အဆီဥလေးတွေ စဖြစ်တယ်။ အားသုံးပြီး ဆွဲလှန်ပေးတာ မလုပ်သင့်ဘူး။ နာကျင်မယ်။ ပိုးဝင်မယ်။ ထုံဆေးလေးနဲ့ အသာအယာ သန့်ရှင်း၊ ကပ်နေတဲ့ အပေါ်ဖုံး အရေပြားကို ခွါပေးသင့်တယ်။

ဆွဲမလှန်လို့တော့ရပြီး အတိုင်းတိုင်းနေရင် အရေပြားဟာ လုံးလုံးဖုံးနေတဲ့ ယောက်ျား ၅ဝ%၊ တဝက်တပျက် ဖုံးနေသူ ၄၂% ရှိပြီး၊ ၈% ကတော့ ဖုံးမနေဘူး။ ကိုရီးယား လူမျိုးတွေဟာ အပေါ်ယံအရေပြား ရှည်လှတယ်လို့ ဆိုတယ်။ အရေပြားကို ဆွဲလှန်ပေးလို့ မရတဲ့ မွေးရာပါ Phimosis “ပန်းငုံ” တာဆိုရင် ခွဲစိတ်ပြုပြင်ပေးမှ ကောင်းတယ်။ Islam နဲ့ Judaism ဘာသာဝင် ယောက်ျားတိုင်း လုပ်ကြရတယ်။ Male circumcision ကို “ရှင်ပြုပေးတယ်” လို့ ပြောင်ခေါ်လေ့ရှိတယ်။ လုပ်တဲ့အခါ အရေပြားကို အကုန် သွားဖြတ်မိရင် ကာကွယ်မှုနဲ့ စိုစွပ်စေတဲ့ အလုပ်ကို အနည်းနဲ့အများ ထိခိုက်မယ်။ ပိုဆိုးစေတဲ့ နောက်တခုကို ဆက်ပြောမယ်။ ပန်းငုံလို့တော့ သုတ်လွှတ်ကိစ္စ ကြောင့်ကြဘို့ မလိုပါ။

ကျားလိင်အင်္ဂါရဲ့ ထိပ်ဆုံး (အဖျား)ပိုင်းက အာရုံခံစားမှု Sensitivity အဖြစ်ဆုံးဘဲ။ ကျန်နေရာ (အတံ)က ရိုးရိုး အရေပြားနဲ့ ဖုံးထားတာမို့ သာမန် အာရုံခံစားမှုသာရှိတယ်။ သုတ်လွှတ်တာနဲ့ အများကြီးဆိုင်တဲ့ ယောက်ျား လိင်အင်္ဂါ အစိတ်အပိုင်း ၂ နေရာရှိပါတယ်။

(၁) Glans penis (Glans) ခေါ်တဲ့ ခေါင်း (ထိပ်-အဖျား)ပိုင်းဟာ Mucocutaneous (တစ်ရှူး)နဲ့လုပ်ထားတယ်။ ဆိုလိုတာက ဖုံးပေးတဲ့ အလုပ်ရော စိုစွပ်အောင် အရည်ထုတ်ပေးတာပါ လုပ်ပေးတယ်။ ပိုအရေးကြီးတာက အာရုံခံစားမှု သိပ်ကောင်းတယ်။ ကျားလိင်အင်္ဂါ ခေါင်း နဲ့ အမျိုးသမီးများရဲ့ Clitoral glans (Clitoris) (မ-အစိ) ဟာ သဘာဝခြင်း အတူတူဘဲ။ ၂ ခုလုံးက အာရုံခံစွမ်း အရှိဆုံး နေရာတွေ ဖြစ်ကြတယ်။ အာရုံကြော အရေအတွက်ပေါင်း ကျားမှာ ၄ဝဝဝ၊ မမှာ ၈ဝဝဝ ရှိတယ်လို့ မျက်စိကောင်းကောင်းနဲ့ ရေတွက်ထားပါတယ်။

Corona glandis ဆိုတာက ကျားလိင်အင်္ဂါ ခေါင်းပိုင်းရဲ့ အကားဆုံးနေရာပါ။ ဒီနေရာက Sensitivity အာရုံခံမှု အကဲဆုံး ဖြစ်တယ်။ အဲဒီနေရာတွေကို ထိမိအောင်လုပ်လေ မြန်မြန် ပြီးစီးလေဖြစ်တယ်။ ဒါ့ကြောင့် သုတ်လွှတ် နှေးစေချင်ရင် အဲဒီ ၂ နေရာ Sources of distinct pleasure တွေကို မထိမိအောင် လုပ်ပါလေ။ ဘယ်လို လုပ်ရမလဲ၊ ဆက်ဖတ်ပါ။

(၂) နောက်ထပ် အရေးကြီးတဲ့နေရာ တခုကတော့ အပေါ်ဖုံးအရေပြား Foreskin ရဲ့အောက်ပိုင်း။ အလယ် တည့်တည့်မှာ လိင်တံရဲ့ ခေါင်းကိုလာ ဆက်ထားတဲ့နေရာ၊ Frenulum လို့ခေါ်တယ်။ ဒီနေရာမှာ Meissner's corpuscles ခေါ်တဲ့ စပါယ်ရှယ် အာရုံကြောတွေ Thousands of fine touch receptors and other highly erogenous nerve endings ထောင်နဲ့ချီ ရှိတယ်။ အရေပြား ဖြတ်ပေးတာ လုပ်လိုက်ရင် ဒါမျိုးတွေ အတော် ပါသွားတတ်တယ်။ Frenulum ကို ဆွပေးရင် ပြော့နေတဲ့ ကျားအင်္ဂါက သန်မာလာစေသလို သုတ်လွှတ် တာလည်း မြန်စေတယ်။ အဲဒီချက်ကောင်း ၂ နေရာကို အထိအတွေ့ နည်းအောင် သတိထားရင် သုတ်လွှတ်တာကို နှေးစေတယ်။ ဘယ်လို သတိထားရမလဲဆိုတော့။

ဖတ်နေတဲ့သူကို အားတော့နာပါတယ်။ ရှင်းကနဲနေအောင် ရေးမှ ရမှာမို့ ရေးခွင့်ပြုပါ။ အမျိုးသမီးရဲ့အင်္ဂါဆိုတာ အဝနေရာက အကျဉ်းဆုံး ဖြစ်ပြီး၊ မွေးလမ်းကြောင်းထဲကတော့ အတွင်းရောက်လေ ကျယ်လေဖြစ်တယ်။ အဝမှာ ကြွက်သားရှိလို့လဲ အကျဉ်း-အကျယ်ဖြစ်အောင် လုပ်ပေးတတ်အောင် လေ့ကျင့်ပေးလို့ရတယ်။ မွေးလမ်းကြောင်းကနေ ကလေးမဖွါးဘူးသူဆိုရင် အဝအောက်နုတ်ခမ်း အလည်နေရာက မိမွေးတိုင်းရှိလို့ ဆက်ဆံသူ ကျားအင်္ဂါကို ပိုပြီး ထိမိစေတာမို့ အာရုံခံစားမှု ကောင်းစေသလို အပြီးလဲ မြန်စေနိုင်တယ်။ Frenulum of the labia or Fourchette လို့ ခေါ်တဲ့နေရာဖြစ်တယ်။ “လှေကြီးထိုး ရိုးရိုး” ဆိုတဲ့ သမားရိုးကျ ဆက်ဆံပုံ အနေအထားမှာ ကျားရဲ့ Frenulum နဲ့ မရဲ့ Frenulum တို့ ထိမိနေကြတယ်။ နှစ်ဦးနှစ်ဝ အာရုံခံစားမှု တူကြစေတယ်။ နှေးစေချင်ရင် မထိမိအောင် ဆင်ခြင်ပြီး၊ ကိုယ်က အနစ်နာခံလိုက်ပါ။

နောက်ပြီး အဝကျဉ်းကျဉ်းကို ကျားအင်္ဂါ စဝင်ချိန်မှာ ကောင်းလွန်းတဲ့ခံစားမှုကို မသိချင်ယောင် ဆောင်လိုက်ပါ။ ဆက်ပြီး အနုတ်အသွင်း လုပ်တဲ့အခါမှာလဲ အဖေါ်ရဲ့ အကျဉ်းဆုံး အင်္ဂါအဝနဲ့ ကိုယ့်ရဲ့ ခေါင်း Glans နဲ့ရော အကားဆုံးနေရာ Corona နဲ့ပါ မထိစေမှသာ ကြာကြာ ထိန်းနိုင်တယ်။ ဒါ့ကြောင့် အကုန်ဆွဲနုတ်၊ အကုန်ပြန်သွင်း လုပ်တာမျိုး အတတ်နိုင်ဆုံး မလုပ်ပါနဲ့။ တခါ အနေအထားနဲ့ (ဒါရိုက်ရှင်)လဲ ဘယ်လိုဆိုရင် မြန်မြန်ပြီးချင်တယ်ဆိုတာ ကိုယ်တိုင်သိပါလိမ့်မယ်။ ကိုယ်ကြိုက်တဲ့ အနေအထားနဲ့ လားရာ ထက်-အောက်၊ ဘယ်-ညာ ဆိုတာမျိုးကို ဆက်ဆံနေစဉ် ရှောင်ကျဉ်ပါလေ။ သုတ်လွှတ်နေတုံးမှာ လိင်တံကို အဆုံးထိ သာမကဘဲ၊ ထိုးသွင်းနိုင်သမျှ အစွမ်းကုန် ဆိုပါတော့ ထိုးသွင်းထားကြတယ်။ အဲလိုလုပ်ရင် Frenulum ကို ဆွဲတင်း ပေးလိုက်တာမို့ သူ့မှာရှိနေတဲ့ ထောင်နဲ့ချီတဲ့ အာရုံကြောတွေ အလုပ်များစေတယ်။ ဒါ့ကြောင့် နှေးစေချင်ရင် ဆက်ဆံနေတုံးမှာ အဲလို မလုပ်ပါနဲ့။

တချို့သော အခကြေးငွေ ယူပြီး ဆက်ဆံတာလက်ခံသူ အမျိုးသမီးတွေဟာ လိင်အထူးကု ဆရာဝန်တွေထက် တော်တယ်ပြောရမလား။ ဆက်ဆံနေတုံး ခါးအောက်ပိုင်း အနေအထား တချက်ပြင်လိုက်တာနဲ့ ဖေါက်သည်ကို မြန်မြန် ကိစ္စပြီးအောင် လုပ်ပေးရာ ရောက်စေတယ်။ Frenulum ဆိုတာတော့ ပြောတတ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီနေရာကို ထိထိမိမိ ဖြစ်သွားအောင် ဆောင်ကျဉ်းလိုက်တာပါဘဲ။ ဒီတော့ သူမတို့ကို ဆရာတင်ပြီးသကာလ ကိုယ့်ပါတနာကို ငြိမ်ငြိမ်နေပါစေ။ ကိုယ်ကလည်း ဒီအပိုင်းနဲ့ အထိအတွေ့နည်းအောင် ဂရုစိုက်ပါလေ။

အတွေ့အကြုံများရင် ကြာကြာထိန်းနိုင်တယ်ဆိုတာ အာရုံခံကောင်းလှတဲ့ နေရာတွေဟာ ကြာတော့ ထုံသလို ထူသလို ဖြစ်လာလို့ဘဲ။ ဒါ့ကြောင့် အတွေ့အကြုံများသူများကို ဖြတ်လမ်းကလိုက်ချင်ရင် ထုံဆေးသုံးနိုင်တယ်။ နာမှန်း-ကျင်မှန်း၊ ပူမှန်း-အေးမှန်၊ ထိမှန်း-ကိုင်မှန်း၊ ကောင်းမှန်း-မကောင်းမှန်း မသိတော့ဘူး။ Sensitivity အများဆုံးရှိတဲ့ ကျားလိင်အင်္ဂါ ထိပ်ဖျားပိုင်းကို ထုံဆေး (လိမ်းဆေး၊ ပန်းဆေး) တခုခု သုံးနိုင်တယ်။ ထိုးတာကတော့ မကောင်းလှပါ။ လိင်ဆက်ဆံလို့ နာသူများသုံးတဲ့ Xylocaine 2%, 5% (ဂျယ်လီ) ကို ဒီနေရာမှာလဲ သုံးနိုင်တယ်။ ၅-၁ဝ မိနစ် ကြိုတင်ပါ။ များသောအားဖြင့် မိနစ် ၃ဝ လောက်ခံတယ်။ အသန့်ထားပါ။ ပြီးရင် ဆေးပြစ်ပါ။ နောက်ဆို ဆေးသုံး စရာလိုမှာ မဟုတ်ပါ။

(ကွန်ဒွန်) ဆိုတာ လိင်ရောဂါ ၉၆ ပါး ကာကွယ်တယ်လို့ တင့်စားနိုင်ပါတယ်။ အဲ တချို့ ယောက်ျားများဟာ လိင်အင်္ဂါကို (ကွန်ဒွန်) စွပ်ထားရင် အင်္ဂါချင်း တိုက်ရိုက် ထိတွေ့မှု မရှိတဲ့အတွက် နှေးစေတယ်။ တချို့ကျတော့ (ကွန်ဒွန်) ကြောင့် မြန်မြန် ကိစ္စပြီးချင်တယ်။ တယောက်နဲ့တယောက် မတူဘူး။ နောက်ဟာမျိုးဆိုရင် နှစ်ယောက်လုံးကလဲ သန့်ရှင်းတာ သေခြာနေရင်၊ (ကွန်ဒွန်) ကို သုတ်လွှတ်ခါနီးမှ စွပ်ပေါ့။ ရောဂါနဲ့ စိတ်အလို ရွေးရတာမျိုးတော့ မစွန့်စားလေနဲ့။

စိတ်ပိုင်းကတော့ အရေးပါတဲ့ နောက်အချက်ပါ။ ဒါပေမဲ့ စိတ်အထူးကုတွေနဲ့ ကုစရာမလိုပါ။ ကာမဂုဏ်ခံစားမှု ဆိုတာ အာရုံစိတ် ရှိသမျှထဲမှာ အပြင်းထန်ဆုံးပါ။ ဆက်ဆံမှုဖြစ်စဉ် မစရသေးခင်ကတည်းက စိတ်အား သိပ် ပြင်းပြနေရင် ပြီးတာ မြန်စေတယ်။ ဒါ့ကြောင့် စိတ်ကို တတ်နိုင်သ၍ ထိန်းပါလေ။ အတွေ့အကြုံများသူတွေလဲ အဖေါ်သစ်နဲ့ ဆက်ဆံတဲ့အခါ မြန်တတ်တယ်။ စိတ်ရဲ့အခြေအနေကြောင့်ပါ။

သုတ်လွှတ်မြန်သူတွေမှာ (ဖိုး-ပလေး) ကို ကိုယ့်အတွက် မဟုတ်ဘဲ၊ အဖေါ်မိန်းကလေးအတွက်သာ ရည်ရွယ် လုပ်သင့်တယ်။ အမျိုးသမီးများ ဦးစားပေးပါ။ သူမက အဆင့်သင့်ချိန် (သူ့အင်္ဂါ စိုစွတ်လာချိန်) မှာ ထည့်သွင်း ရတာက လွယ်တဲ့အပြင် ပွတ်တိုက်မှု နည်းမယ်။ နှေးစေမယ်။ လိုအပ်မယ်ထင်ရင် (KY Jelley) ကို သုံးပါ။ စပ်မိလို့ လျှာရှည်ရရင် KY ဆိုတာ Kentucky ကလာတယ်လို့ တချို့က ပြောကြတယ်။

Orgasm ရရင် ကျေနပ် အားရသွားပြီဖြစ်လို့ ဒီစိတ်က ကုန်သွားတယ်။ ပြီးတာနဲ့ လှည့်မကြည့်ချင်တော့ဘူး။ ဒါပေမဲ့ အခိုက်အတန့်ပါ။ ပြန်ပေါ်လာတာဘဲ။ ဘယ်တော့ စိတ်ပြန်ပေါ်လဲဆိုတာ တယောက်နဲ့ တယောက်၊ အခြေအနေ တခုနဲ့တခု မတူဘူး။ စောစောက ရေးခဲ့တဲ့အတိုင်း အသက်ငယ်တုံး၊ အတွေ့အကြုံ နုတုံးမှာ သုတ်လွှတ်တာ မြန်သလို၊ စိတ်ဖြစ်တာလဲ များတယ်။ ဒါဟာ ကောင်းတဲ့အချက်ဘဲ။ လူပျိုစစ်စစ်များဟာ မိန်းကလေးရဲ့ အင်္ဂါစပ်နဲ့ ထိတယ်ဆိုရင်ဘဲ သုတ်လွှတ်ချင်လှပြီ။ ဒါ ပုံမှန်ဘဲ။ ဒီတော့ သုတ်လွှတ်ပြီးတာနဲ့ မကြာခင် နောက်တကြိမ် ဆက်ဆံလိုက်ပါ။ အချိန်ပိုကြာပါမယ်။ ဒီနောက် တကြိမ်ဆို ပိုပို ကြာပါလိမ့်မယ်။ “ငါ ယောက်ျားကောင်း ပီသပြီ” လို့ ဝင့်ကြွားလိုက်ပါ။

အရက်ဆိုတာက လိင်အင်္ဂါ တောင့်တင်းလာအောင် လုပ်ပေးဘို့မှာ ပြောင်းပြန် သတ္တိရှိပေမဲ့ “သောက်တာ မများရင်” ဆက်ဆံချိန်ကို ကြာစေနိုင်တယ်။ ဆီးအိမ်တင်းနေချိန်မှာ ဆက်ဆံရင်တော့ အချိန်တိုတတ်တယ်။ ပန်းသေ-ပန်းညှိုးတွေအတွက် သုံးတဲ့ Viagra ဆေးဟာ ကျားအင်္ဂါကို သန်မာလာစေတာ မှန်သလို ဆေးရှိန် ရှိနေတုံး ဆက်ဆံချင်စိတ်လဲ ပေါ်စေတယ်။ သုတ်လွှတ်မြန်နေသူများလဲ တခါပြီး နောက်တခါ ဆက်ဆံချင်စိတ် ပေါ်ဘို့ သုံးနိုင်ပါတယ်။ Viagra ဆေးလိုစွမ်းတဲ့ တခြား ဆေးတွေလဲ ရှိပါတယ်။ Vigora-50, 100 ဈေးချိုပြီး ဝယ်ရတာလဲ လွယ်တယ်။

စုံတွဲတခုဟာ “ဝါ” တူနေရင် ပိုကောင်းတယ်။ အပျိုစစ် နဲ့ လူပျိုစစ်။ အတွေ့အကြုံ နည်းသူချင်း၊ များသူချင်း ဆိုတာမျိုး။ ဖူးစာအရ မတူသူတွေ ဖြစ်နေလဲ နားလည်မှုပေးကြရင် ပြဿနာ မကြီးနိုင်ဘူး။ သူများတွေ ဘယ့်လောက် ကြာတယ်၊ ဘာရယ် ဘေးချိတ်ထားပါ။ (အင်တာနက်)က ပြတာတွေကိုလဲ အဟုတ် မထင်ပါနဲ့။ ကိုယ့်အဖေါ်နဲ့ အတူနေတာဟာ သုတ်လွှတ် ပြိုင်ပွဲဝင်နေတာ မဟုတ်ဘူး။

source:DrTintswe

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

721.. ဖိုမ သဘာဝ အသိ ပညာပေး ( 2 )

 

ကျန်းမာရေးအတွက်ရေးသားခြင်းသာဖြစ်သည်...ညစ်ညမ်းခြင်းများမရေးပါ...



ဟိုရှေးရှေးကတည်းက ရှိခဲ့တဲ့ ရောဂါ ဖြစ်လို့ပါ။ ဘီစီ ၁၅၀၀ က အီဂျစ် Papyrus ရှေးဟောင်းစာမှာ ရင်သားကင်ဆာ လူနာ ၈ ယောက်ကို ကုသတယ်လို့ မှတ်တမ်း တင်ခဲ့တယ်။ ကင်ဆာကို နာမယ် စပေးခဲ့သူကတော့ ဆေးပညာဖခင်ကြီးလို့ သတ်မှတ်ခံရတဲ့ Hippocrates ဖြစ်တယ်။ ဘီစီ ၄၀၀ တုံးက (ဟစ်ပိုခရေးတီးစ်) ကနေ သားအိမ်ကင်ဆာ “ကုရာနတ္ထိ”လို့ ဆိုခဲ့ပါတယ်။

ဆေးပညာ မသင်ဘူးလို့ ရောဂါတွေအကြောင်း သိပ်မသိပေမဲ့၊ ဗေဒင်ကိုတော့ ပိုသိကြမယ် ထင်ပါတယ်။ ကင်ဆာ နာမယ်ဟာ ဗေဒင်ကနေ လာတာပါ။ ဇွန် ၂၁ ကနေ ဇူလိုင် ၂၂ ရက်အတွင်း မွေးဖွါးသူတွေရဲ့ ဆယ့်နှစ်ရာသီခွင် ရုပ်ဟာ မြန်မာလို ပုဇွန်လုံး (ကရကဋ်)၊ အင်္ဂလိပ်လို Cancer zodiac sign 'The Crab' မဟုတ်ပါလား။ ဗေဒင်ဟောရရင် သူတို့ဟာ စိတ် သိပ်လှုတ်ရှားသူတွေပေါ့။ ဒီအရုပ်နဲ့ ကင်ဆာ ဘယ်လို ဆက်စပ်သလဲ။ အရုပ်ကို သေသေခြာခြာ ကြည့်ပါ။ ခြေထောက်တွေ အများကြီး မဟုတ်လား။ ကင်ဆာက အဲလိုဘဲ ဟိုရောက် ဒီရောက် သွားလွန်းလို့၊ ဖြစ်တဲ့နေရာတွင် မကဘဲ ကူးစက်စေတဲ့ အဓိပ္ပါယ်ကို ဖေါ်ညွှန်းတာ ဖြစ်ပါတယ်။

အိန္ဒိယမှာ Chaini Khaini (ခိုင်နီး)ဆိုတဲ့ ငုံဆေးကို ရောင်းတဲ့အခါ ကင်ဆာအန္တရာယ်ရှိတယ်လို့ သိစေအာင် အရုပ်ကိုပါ ပုံနှိပ်ပြီးမှ ရောင်းစေတယ်။ လွဲနေတာက ပုဇွန်လုံးရုပ် မဟုတ်ဘဲ ကင်းမြီးကောက် ဖြစ်နေတယ်။ ကင်းမြီးကောက် Scorpio ဆိုတာကလဲ ဆယ့်နှစ်ရာသီခွင် ရုပ်ဖြစ်တယ်။ ဒီလူမျိုးတွေက အောက်တိုဘာ ၂၃ နဲ့ နိုဝင်္ဘာ ၂၂ ကြား ဖွါးသူများပါ။ ဗေဒင်အရ ပဋိပက္ခနဲ့ မွေးလာသူတွေလို့ ဆိုပါတယ်။ အဝေးကြီး သွားရှာစရာ မလိုဘူးနော်။ သိပ်မလွဲဘူးလို့တော့ ပြောရမလား၊ Scorpion ဆိုတာကလဲ လူကို သေစေတဲ့ အဆိပ်ရှိ အကောင်ဘဲ။

အမျိုးသမီးများမှာ အဖြစ်များတာတွေက ရင်သားကင်ဆာ၊ အဆုပ်ကင်ဆာ၊ အူမကြီးကင်ဆာလို့ သတ်မှတ် ရာကနေ အခု သားအိမ်အ၀ကင်ဆာဟာ ဒုတိယနေရာ ရောက်လာပြီ။ သေစေတတ်တဲ့ ကင်ဆာမှာတော့ နံပါတ် ၅ လိုက်တယ်။ အမျိုးသမီး ၁ သိန်းမှာ ၁၆ ယောက်ဖြစ်ပြီး၊ ၉ ယောက် သေဆုံးရတယ်။ တနှစ် သန်းတ၀က် ဖြစ်နေပြီး၊ ၂ သိန်းခွဲကျော် သေနရပါသတဲ့။

အီဂျစ်သမိုင်းမှာ ရင်သားကင်ဆာကို မှတ်တမ်းတင်နိုင်ခဲ့တာက အပြင်ကနေ စမ်းကြည့်လို့ ရတာကြောင့် ဖြစ်မယ် ထင်တယ်။ မှန်ပါတယ် ရင်သားမှာ အလုံး-အကြိတ် ရှိ-မရှိ ကိုယ့်ဖါသာကိုယ် စမ်းတဲ့နည်းရှိတယ်။ သားအိမ်အ၀ဆိုတာက မမြင်ကွယ်ရာ ဟို အထဲထဲမှာ ရှိတာကိုး။ သားအိမ်ရဲ့ ပါးစပ်လို အ၀ (အပေါက်) မှာ ဖြစ်ရတာ။ သားအိမ်အ၀ ကင်ဆာက အသက်ကြီးမှ ဖြစ်တာ များတယ်။ အသက် ၂၀ အောက်မှာ အနည်းဆုံး ဖြစ်ပြီး။ ၄၅ ကနေ ၅၅ အထိအရွယ်မှာ အများဆုံးဖြစ်တယ်။ ဒါပေမဲ့ Jade Goody ဆိုတဲ့ ဗြိတိန်က တီဗွီ မင်းသမီးဟာ ဒီရောဂါနဲ့ဆုံးတော့ အသက် ၂၇ နှစ်ဘဲ ရှိသေးတယ်။

ကင်ဆာမှန်သမျှ ဘာ့လို့ဖြစ်ရတယ်ဆိုတာ တိတိကျကျ မသိကြရသေးပါ။ တချို့ အမျိုးအစားတွေမှာတော့ (ဗိုင်းရပ်စ်) လို့ သိနေရပါပြီ။ ၁၉၈၀ ကျမှ သားအိမ်အ၀ကင်ဆာရဲ့ တရားခံဟာ Human Papilloma Virus (HPV) လို့ သိလာခဲ့တယ်။ (HPV) ဆိုတာ သားအိမ်အ၀ ကင်ဆာ နှစ်မျိုးထဲက တမျိုးကို ဖြစ်စေပါတယ်။ သူ့ကြောင့် ဆိုရင်တော့ လိင်ဆက်ဆံတာကနေ ကူးစက်နိုင်တယ်။ မွေးလမ်းမှာ ကြွက်နို့ဖြစ်တာနဲ့လဲ ဆိုင်တယ်။

အများအားဖြင့် စောစောပိုင်းမှာ ဘာလက္ခဏာမှ မပေါ်လို့ ကင်ဆာ ရှိနေမှန်း မသိနိုင်ဘူး။ အချိန်အခါမဟုတ် မွေးလမ်းကနေ သွေးဆင်းတာ။ သွေးဆုံးပြီးမှ သွေးဆင်းတာ။ အတူနေပြီး သွေးဆင်းလာတာ။ အတူနေတုံး ထူးပြီး နာကျင်တာ။ သွေးမဟုတ်ဘဲ အရည်ဆင်းတာ။ အနံ့ဆိုးထွက်တာမျိုးလဲ ရှိနိုင်တယ်။ အဖြူ၊ ပန်းရောင်၊ အနီရောင်၊ အညိုရောင်တွေလဲ ဆင်းတတ်တယ်။

သိပ်မဆိုးတာက သားအိမ်အ၀ကင်ဆာဟာ စောစောစီစီး မကူးတတ်ဘူး။ ပုဇွန်လုံးက အသွားနှေးတယ် မဟုတ်လား။ နောက်ဆက်ဖြစ်ရင် သားအိမ်ကနေ ဘေးကူးပြီ။ ကူးရင်လဲ အနီးအနားများတယ်။ အဝေးသွားရင် သွေးပြန်ရည်လမ်း ကနေကူးတယ်။ နောက်ပိုင်း ရောက်လာရင်တော့ အစားပျက်၊ အားယုတ်၊ ပိန်လာမယ်၊ တင်ပါးဆုံတွင်းက နာမယ်၊ ခြေထောက်နာ-ယောင်၊ ဆီးလမ်း၊ ၀မ်းသွားလမ်း ထိခိုက်၊ အရိုးနာတာတွေ ဖြစ်လာနိုင်တယ်။

လူ-တိရစ္ဆာန်-သစ်ပင် သက်ရှိတွေရဲ့ အသေးဆုံးအစိတ်အပိုင်း တခုကို Cell (ဆဲလ်) လို့ခေါ်တယ်။ အရေပြား၊ ကြွက်သား၊ အရိုး စသဖြင့် (ဆဲလ်) အမျိုးမျိုးရှိတယ်။ (ဆဲလ်) မှန်သမျှ အသစ် ဖြစ်လာကြ၊ ကြီးရင့်လာကြ၊ နောက်ဆုံး သေကြတယ်။ “အနိစ္စ အမြဲမရှိ၊ ဖေါက်ပြန် ပျက်စီးသည့် သဘောရှိ၏” ဆိုတာ ဆေးသိပ္ပံ အလိုအရပါ မှန်တယ်။

(ဆဲလ်)တွေ အသစ်ပေါက်ဘို့ မလိုဘဲ ပေါက်လာရင်၊ ဒါမှမဟုတ် သေရမဲ့(ဆဲလ်)က မသေတာမျိုး ဖြစ်လာရင် Lump (Tumor) အကြိတ် (အလုံး) နှစ်မျိုးထဲက တခုခုဖြစ်လာမယ်။ တခုကတော့ ကင်ဆာ။ တမျိုးက ကင်ဆာ မဟုတ်တဲ့ အကြိတ်။

အဲလို မူမမှန်တဲ့ (ဆဲလ်)တွေ ဖြစ်နေ-မနေ သိအောင် Pap smear လုပ်ရတယ်။ Pap နည်းဆိုတာက ၁၉၂၈ ကတည်းက စပေါ်တယ်။ Pap test စမ်းလို့ မကောင်းတာ တွေ့ရပေမဲ့ ရောဂါဟုတ် မဟုတ် စမ်းလို့ သေခြာမှ ကင်ဆာ ခေါ်တယ်။ ကင်ဆာ မဖြစ်သေးတဲ့ အဆင့်ကို Dysplasia လို့ ခေါ်တယ်။ ယောက်ျားတွေကို HPV ပိုး ရှိမရှိ စစ်ဆေးလို့ မရသေးပါ။

Pap smear နဲ့ ဆရာဝန်ပြတာကို အသက် ၂၀ ကျော်တွေ ၁ နှစ် တခါ မှန်မှန်လုပ်သင့်တယ်။ Pap test က ကောင်းနေယုံ နဲ့တော့ မရှိဘူးလို့ ရာနှုန်းပြည့် မပြောနိုင်ပါ။ ရောဂါရှိမှန်း သေခြာအောင် မွေးလမ်းကြောင်း စစ်ဆေးတာနဲ့ စရတယ်။ ကြည့်တာနဲ့ကို အနေအထား ပြောင်းနေတာ မြင်ရတယ်။ သေခြာအောင် အသားစ ဖြတ်ယူပြီး၊ ဓါတ်ခွဲခမ်းမှာ မှန်ဘီလူးနဲ့ စစ်ဆေးရတယ်။ Biopsy ခေါ်တာပေါ့။

ရောဂါကို နှိမ်နင်းဘို့ဆိုတာ လူတွေကို အသိရှိနေအောင် Awareness လုပ်တာဟာ အရေးပါတယ်။ Screening ခေါ်တဲ့ လူတွေကို အစုလိုက် Pap smear လုပ်ပေးရင် ရောဂါဖြစ်တာကို အစောကြီးသိရတယ်။ ကောင်းကောင်း ကုပေးနိုင်လို့ အသေအပျောက် အတော်နည်းလာတယ်။ မြန်မာပြည်မှာ အမျိုးသမီး ၁၀၀၀ ကို Pap Smear စစ်တမ်း ကောက်ယူ စစ်ဆေးခဲ့ဘူးတယ်။ အဲဒီမှာ သားအိမ်အ၀ကင်ဆာ ဖြစ်စပြုနေသူ ၅ ယောက်ကို တွေ့ရှိခဲ့ရတယ်လို့ ၈-၄-၁၉၇၀ ရက်နေ့မှာ ကျင်းပတဲ့ မြန်မာနိုင်ငံ ဆေးသုတေသန ဆွေးနွေးပွဲမှာ တင်ပြခဲ့ဖူးတယ်။

ကင်ဆာတွေထဲမှာ ကာကွယ်ဆေးရယ်လို့ရှိတာ ဒီရောဂါပါ။ ၂၀၀၆ ခုနှစ်မှာ အမေရိကန် FDA ကနေ အသိအမှတ် ပြုခဲ့တဲ့ ကာကွယ်ဆေးကို Gardasil လို့ခေါ်တယ်။ နောက်တမျိုးကတော့ Cervarix ပါ။ သားအိမ်အ၀ကင်ဆာ ၇၀% ကိုဖြစ်စေတဲ့ HPV နှစ်မျိုးအပြင် တခြား လိင်ကတဆင့် ကူးစက် ရောဂါတွေကိုပါ ကာကွယ်နိုင်တယ်။ ၉၂-၉၈% ထိရောက်တယ်။ သူများတိုင်းပြည်တွေမှာတော့ လိင်ဆက်ဆံတာမျိုးနဲ့ မကြုံနိုင်သေးတဲ့ အသက် ၉ နှစ်သမီးကနေ ၂၆ နှစ်အရွယ် မိန်းကလေးတွေကို ပြစ်မှတ်ထားပြီး ထိုးပေးတယ်။ မုဒိတာပွါးပါလေ။ ကိုယ့်ဆီအတွက် ခက်တာက ဆင်းရဲသူတွေ အဖြစ်များရတဲ့အထဲ ဆေးဈေးက ကြီးလှတယ်။

ကျန်းမာရေး (ဘလော့ခ်)မှာ ဒီရောဂါအကြောင်း တင်တုံးက ပြည်တွင်းက ဆရာဝန်တဦးကနေ (ကွန်မင့်)မှာ ရေးလာတာတခု ရှိတယ်။ “မြန်မာနိုင်ငံမှာ HPV ကာကွယ်ဆေးထိုးဘို့ အခက်အခဲတွေ ရှိနေပါတယ်။ လူအများစုက အဲဒီ ဗဟုသုတ နည်းနေကြပြီး၊ ဆေးတလုံး ကျပ် ၅ သောင်းလောက် ပေးနေရတယ်။ အစိုးရက ဖြစ်ဖြစ် အစိုးရမဟုတ်တဲ့ အဖွဲ့များကဖြစ်ဖြစ် တာဝန်ယူ ဆောင်ရွက်ပေးနိုင်ရင် သားအိမ်အ၀ ကင်ဆာ ဖြစ်ရတာကို အတော်ကြီး ကယ်တင်နိုင်မယ်”။ နောက်ဆရာတယောက် ရေးတာကတော့ “ဆေးတလုံးကို ၈၆၀၀၀ ကုန်ကျပြီး၊ စုစုပေါင်း ၃ လုံးထိုးရင် ကျပ်ငွေ ၂ သိန်း၊ ၄ ထောင် ကျပါတယ်”။

ရောဂါဖြစ်ရင် ၁-၂-၃-၄ ဆိုပြီး၊ အဆင့်တွေ သတ်မှတ်ထားတယ်။ ကုသတဲ့အခါလဲ အဆင့်လိုက် ကုရတယ်။ စောစောသိ၊ ချက်ချင်းကုရင် ပျောက်ပါတယ်။ အဆင့် ၁ ကို သားအိမ်ထုတ်ပေးရတယ်၊ သားအိမ်ဘေးက သွေးပြန်ရည် အကြိတ်တွေကိုပါ ထုတ်ရတာလဲရှိတယ်။ ကလေး ရချင်သေးသူများဆိုရင် (LEEP) နည်း လုပ်ပေးရတယ်။ အဆင့်၁ နောက်ပိုင်း ရောက်နေရင် အားလုံးကုန်ထုတ်နည်း နဲ့ ဓါတ်ကင်တာ လုပ်ပေးတယ်။ အဆင့် ၂ ရောက်နေရင် ဓါတ်ကင်တာနဲ့ ဆေးဝါးနဲ့ ကုပေးတာ ရောတယ်။ တချို့လဲ ခွဲစိတ်တာပါ လုပ်ရတယ်။ ၂၀၀၆ ကတည်းကသုံးနေတဲ့ဆေး ၂ မျိုးကတော့ Hycamtin နဲ့ Cisplation တို့ဖြစ်တယ်။

ကင်ဆာလူနာမှန်သမျှ ၅ နှစ်အထိ အသက်ရှင်သူ ရာနှုန်းဘယ့်လောက်ရှိလဲ ဆိုတာနဲ့ အဆိုးအကောင်း ခွဲခြား သတ်မှတ်တယ်။ အဆင့်စောလေ ကောင်းလေ။ အဆင့် ၁ ဆိုရင် ၈၀-၉၀%။ ၂ တွေက ၆၅-၇၀%။ ၃ က ၂၅-၃၀% နဲ့ နောက်ကျတဲ့ ၄ က ၁၅% ဖြစ်တယ်။

ပြည်တွင်းထုတ် မဂ္ဂဇင်းတခုမှာ ရေးတာရှိတယ်။ သားအိမ်ခေါင်းလို့ သုံးနှုံးတယ်။ “ကိုယ့်လူက ပါးစပ်ထဲ လက်ထည့်ရင်တောင် မကိုက်တတ်ဘူး” လို့ပြောပြီး၊ ရောဂါလက္ခဏာ ပေါ်လာသူ အမျိုးသမီးတွေ ဒုနဲ့ဒေး။ ပါတနာ (သို့) ခင်ပွန်းက ပျော်ပါးလို့ ဘဝနစ်မွန်းခဲ့ရတဲ့ အမျိုးသမီးတွေလဲ ရှိသလို ပါတနာ (သို့) ခင်ပွန်းကို အကြွင်းမဲ့ ယုံကြည်မိလို့ နောက်ဆုံး ဓားစာခံဖြစ်သွားတဲ့ အမျိုးသမီးတွေလဲ တပုံကြီးပါ။ တိုးတက်လွန်းပြီး၊ စိတ်မချရတဲ့ ခေတ်ကြီးထဲမှာ ဘယ်သူ့ ဘယ်သူကိုမှ ယုံဖို့ မခက်ပေဘူးလား” တဲ့။

ကွန်ဒွန်း (Condoms) သုံးတာ ဒီရောဂါအတွက်ပါ ကောင်းတယ်။ တကယ်လို့ အဖေါ်မှာ ကြွက်နို့ရှိနေရင် ဆက်ဆံဘို့ ငြင်းသင့်တယ်။ သားအိမ်အ၀ကင်ဆာဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ လိင်ဆက်ဆံသူတွေ အဖြစ်များလို့ ဆယ်ကျော်သက်များ သတိထားကြပါ။ ကလေး အမွေးများသူတွေမှာလဲ ပိုဖြစ်တတ်လို့ မိသားစုစီမံကိန်း လုပ်ကြပါ။ ဆင်းရဲ နွမ်းပါးသူတွေမှာ ပိုဖြစ်ကြရတယ်။ ချမ်းချမ်းသာသာ နေနိုင်အောင် ဒုတိယ-တတိယနိုင်ငံများ သွားချင် သွားပါလေ။ အဖေါ်များများနဲ့ လိင်ဆက်ဆံသူတွေမှာ အဖြစ်များလို့ အတူနေအဖေါ် နည်းနိုင်သမျှ နည်းသင့်တယ်။ တလင်-တမယားစနစ်ကို အလေးအနက် ပြန်ထားသင့်နေပြီ။

source:Dr.Tint Swe

Labels: , , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

704..မြန်မာAIDSသတင်း

 

မြန်မာနိုင်ငံတွင် ကလေး၊ လူ ကြီး အပါအ၀င် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူနှင့် အေအိုင်ဒီအက်စ် ရောဂါဖြစ်ပွားသူ စုစုပေါင်း၂၄၀၀၀၀ ဦး ခန့်ရှိပြီး အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီ အက်စ်နှင့် ဆက်စပ် ရောဂါကြောင့် နှစ်စဉ် သေဆုံးသူ ၂၅၀၀၀ ခန့်ရှိကြောင်း တရားဝင် ထုတ်ပြန်ချက်များ အရ သိရသည်။ မြန်မာနိုင်ငံ၏ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးသည် အောင်မြင်မှု လုံးဝ ရနေသည်ဟု မဆိုနိုင်သေးသော်လည်း သူ့အတိုင်းအတာ နှင့်သူတော့ အောင်မြင်မှု ရနေသည်။
ဥပမာ- ပြီးခဲ့သော နှစ်များနှင့် နှိုင်းယှဉ်ပါက ၂၀၀၈ ခုနှစ်၌ ရန်ပုံငွေ ပိုမိုသုံးစွဲနိုင်ခဲ့သည်။ ယင်း ကြောင့် လိင်လုပ်သားများအတွက် ကာကွယ်ရေးလုပ်ငန်း များကို ပိုမိုဆောင်ရွက်နိုင်ခဲ့ သည်။ ကာကွယ်တိုက်ဖျက်ရေး ဆောင်ရွက်နေသူ အားလုံး က လိင်လုပ်သားများ မှတစ်ဆင့် အိတ်ခ်ျအိုင်ဗွီပိုးပျံနှံ့မှုကို ကာကွယ်ရေးသည် အရေးကြီးသည်ဟု ယူဆ ထားသည်။ ၂၀၀၈ ခုနှစ်တွင် ကွန်ဒုံး ၃၄ သန်းကို တစ်နိုင်ငံလုံး၌ အခမဲ့ ရော လူမှုဝန်ဆောင်မှု အရပါ ဖြန့်ဖြူး နိုင်ခဲ့သည်။
အထူးခြားဆုံးကတော့ အိတ်ခ်ျအိုင်ဗွီပိုးနှင့် နေထိုင်နေရသူများ၏ အဖွဲ့ငယ်များ တိုးပွားလာသည်ကို တွေ့ရခြင်းဖြစ်ပြီး ၄င်းတို့သည် အချင်းချင်း စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးခြင်း၊ လိုအပ်သည်များ ကူညီ ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
သို့ပေမယ့် မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ဖြစ်ပွားသူအများစုမှာ အသက် ၃၄ နှစ်အောက်များ ဖြစ်ကြသော်လည်း ၂၀၀၈ ခုနှစ်တွင် လူငယ်များအ တွက် အေအိုင်ဒီအက်စ် ကာကွယ် တိုက်ဖျက်ရေး ရန်ပုံငွေရရှိမှုမှာ လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းအောက် သာ ရရှိခဲ့သည်။
နောက်ပြီး ရောဂါရှိသူများ အား ခွဲခြားဆက်ဆံမှုများ လျော့နည်းသွားရေး ကိုလည်း အရှိန်မြှင့် ဆောင်ရွက်ရန် လိုနေသေးသည်။ လိုအပ်နေသည် ကိုလည်း စစ်တမ်း တွေက ဖော်ပြနေသည်။
ထို့ကြောင့်လည်း ဒီဇင်ဘာလ ၁ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ ခုခံအားကျဆင်းမှု ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြန်မာနိုင်ငံ၏ ဆောင်ပုဒ်မှာ ''အေအိုင်ဒီအက်စ် တိုက်ဖျက်ဖို့ ခွဲခြားမှုကို ရှောင်ကြဉ်လို့ အားလုံး ပူးပေါင်းဆောင်ရွက်စို့'' ဟူ၍ ဖြစ်သည်။
အဆိုပါနေ့၌ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး အထိမ်းအမှတ် ဟောပြောပွဲများ၊ ဈေးရောင်းပွဲတော်များ၊ ဖက်ရှင်ရှိုးများ၊ ပြဇာတ်များ ပါဝင် သည်ဟု စီစဉ်သူများထံမှ သိရသည်။
ယင်းကဲ့သို့ ဆောင်ရွက်ခြင်း ဖြင့် အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ကို ပြည်သူအများ သိရှိ နားလည်မှု ပိုမိုလာနိုင်မည်ဖြစ်သလို ရောဂါဖြစ် ပွားနေသူများအား ခွဲခြားဆက်ဆံ မှုလည်း လျော့နည်း သွားနိုင်ကြောင်း စီစဉ်သူများက ယူဆထားသည်။
ကျန်းမာရေး ၀န်ကြီးဌာနက အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်နှင့် ပတ်သက်၍ ထုတ်ပြန်သော ၂၀၀၈ ခုနှစ် အစီရင်ခံစာအရ လက်ရှိ ART ရရှိသူဦးရေမှာ တကယ်လိုအပ်သူ၏ ငါးပုံတစ်ပုံသာ ရှိသည်။ ယင်းမှာ လိုအပ်သူ ၇၅၅၃၇ အနက် ၁၅၁၉၁ သာ ရရှိသေးကြောင်းကို ကိုယ်စားပြု နေသည်။ ဒါသည် ART ထောက်ပံ့မှု ပိုင်း၌ ရန်ပုံငွေ အများအပြား လိုအပ် နေဆဲဖြစ်သည်ကို မီးမောင်း ထိုးပြနေခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအစိုးရက အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ကာကွယ် တိုက်ဖျက်ရေးအတွက် ကျပ် ၁၄၈၈ သန်း သုံးစွဲသည်ဟု သိရသည်။
ယင်း ငွေပမာဏ၏ ၆၅ ရာခိုင် နှုန်းကို အိတ်ခ်ျအိုင်ဗွီ ကာကွယ်ရေး၊ ၂၀ ရာခိုင်နှုန်းကို ကုသရေးနှင့် ၁၅ ရာခိုင်နှုန်းကို စီမံချက် စီမံခန့်ခွဲမှု၌ အသုံးပြုသည်ဟု ကျန်းမာရေး ၀န်ကြီးဌာနက ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ် ၌ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ကာကွယ် တိုက်ဖျက်ရေးအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၃ သန်း ရရှိခဲ့ပြီး အမှန်တကယ် လိုအပ်မှု၏ ၃၈ ရာခိုင်နှုန်း လျော့ နည်းရရှိခဲ့ခြင်း ဖြစ်သည်။ စီမံချက် လိုအပ်မှုကတော့ အမေရိကန်ဒေါ် လာ ၅၀ ဒသမ ၇ သန်း ဖြစ်သည်။
ယင်းရရှိငွေများ၏ ၄၁ ရာခိုင် နှုန်းကို ကာကွယ်ရေး၊ ၄၇ ရာခိုင် နှုန်းကို ကုသရေးနှင့် ပြုစုစောင့် ရှောက်ရေး၊ ကျန်ရာခိုင်နှုန်းကို ကျန်းမာရေးစနစ် ပိုမိုကောင်းမွန်ရေး၊ စောင့်ကြည့် လေ့လာမှုနှင့် သုံးသပ်မှု တို့တွင် အသုံးပြုခဲ့သည်ဟု သိရပါ သည်။
မြန်မာနိုင်ငံ၏ ပထမဆုံး အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ပိုးကူးစက်ခံ ရသူကို ၁၉၈၈ ခုနှစ်၌ စတင်တွေ့ရှိခဲ့ ပြီး ပထမဆုံး အေအိုင်ဒီအက်စ် ရောဂါ ဖြစ်ပွားသူမှာ မူးယစ်ဆေး သွေးကြောထဲ ထိုးသွင်းသူဖြစ်ကာ ၁၉၉၁ ခုနှစ်တွင် တွေ့ရှိခဲ့သည်။
မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီ ပြန့်ပွားမှုနှုန်းမှာ ၂၀၀၀ ပြည့်နှစ်၌ ၀ ဒသမ ၉၅ ရာခိုင်နှုန်းမှ ၂၀၀၇ ခုနှစ် တွင် ၀ ဒသမ ၆၇ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သည်ဟု သိရသည်။
ကမ္ဘာပေါ်တွင် နေ့စဉ် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူ ၆၈၀၀ခန့် ရှိပြီး အေအိုင်ဒီအက်စ် ရောဂါဖြင့် ၅၇၀၀ ခန့် သေဆုံးနေကြောင်း၊ ကမ္ဘာတစ်ဝန်း အိတ်ခ်ျအိုင်ဗွီ ၊အေအိုင်ဒီ အက်စ်ရှိသူ ၃၃ သန်းခန့် ရှိကြောင်း၊ ၁၉၈၁ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း အေအိုင်ဒီအက်စ် ရောဂါကြောင့် လူ ပေါင်း ၂၅ သန်းကျော် သေဆုံးခဲ့ပြီး ဖြစ်ကြောင်း ကုလသမဂ္ဂမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။
မြန်မာနိုင်ငံသည် အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ကာကွယ်တိုက် ဖျက်ရေးအတွက် Global Fund ၏ အမေရိကန်ဒေါ်လာ ၅၁ သန်းကျော် ထောက်ပံ့မှုကို မကြာသေးမီက ပြန်လည်ရရှိခဲ့သည်။
စီမံခန့်ခွဲမှု အသုံးစရိတ်များကို တတ်နိုင်သမျ လျော့ချနိုင်ရေးသည် မိမိကူညီမှုကြောင့်သာ အသက်ဆက် နိုင်မည့်သူများကို ကူညီရာ ရောက်မည်ဟုလည်း လေ့လာသူများက သုံးသပ်ကြသည်။

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ