ကိုကြီးဇော် ( မုန်တိုင်း )

ဗဟုသုတဘဏ်

this site the web

775.. ခရစ်ယန်ဘာသာ၏ သမိုင်း - [26.6.10 ]

 



၁။ ယေရှုဘ၀အသက်တာ (ဘီစီ ၆-၄ မှ အေဒီ ၂၉-၃၆)

၂။ အစောပိုင်း ခရစ်ယာန် (အေဒီ ၃၃ - ၃၂၅) .. ၂-၁။ တပည့်တော်များအသင်းတော် (ယေရှုအား ဆည်းကပ်ကိုးကွယ်ခြင်း၊ အဆုံးမသတ်သော ဂျူးသာသနာ၊ အသင်းတော် ကိုယ်ထည်၊ ... ၂-၂ တပည့်တော်များလွန်ခေတ် အသင်းတော် - နိုင်ငံတော်နှိပ်ကွပ်မှု၊ အသင်းတော်ကိုယ်ထည်၊ အစောပိုင်းခရစ်ယာန် လက်ရေးမှတ်တမ်းများ၊ ရှေးဥိး ပုဂ္ဂိုလ်ရေး အမွှန်းတင်မှုများ၊ အစောပိုင်း အပြန်အလှန် ပုတ်ခပ်စွပ်စွဲမှုများ၊ သမ္မာကျမ်းစာ ပြဌာန်းစာအုပ် ...

၃။ ရောမအင်ပါယာ အသင်းတော် (၃၀၃-၄၇၆)၊.... ၃-၁ ခရစ်ယာန်သာသနာအား တရားဝင်ပြဌာန်းခြင်း၊ ကွန်တန်တိန်းသည် ဂရိတ်၊ အသင်းအုပ်ဆရာတော် ပိုင်နယ်၊ ပုပ်ရဟန်းမင်းနေရာနှင့် ထိပ်ဆုံးအနေအထား၊ အသင်းတော်ပေါင်းစုံ သံယာယနာ၊ နိုက်စ်နီး နှင့် နိုက်စ်နီးခေတ်လွန် ဖာသာများ၊ စိရင်စု ငါးခု၊ ဘုန်းကြီးရဟန်း ၀ါ။...
၎။ အရှေ့အနောက် တင်းမာမှု ပြင်းထန်လာခြင်း
၅။ အလယ်ခေတ် အစောပိုင်းကာလ အသင်းတော် (၄၇၆-၈၀၀) ... ၅-၁၊ မြစ်ရိုးတစ်လျှောက် ဒေသခံလူမျိုးများ၏ ပြောင်းလဲမှု၊ ... အိုင်ယာလန်နှင့် အိုင်းရစ် သာသနာပြုအဖွဲ့များ .. အင်္ဂလို-ဆက်ခ်ဆင်းများ (အင်္ဂလိပ်)၊ ဟော်လန်များ၊ နယ်သာလန် နှင့် ဟော်လန်မဟုတ်သော ဂျာမန်၊ စကင်ဒီနေဗီးယာ ....၅-၂၊ အလယ်ခေတ် စောပိုင်း ပုပ်ရဟန်းခံယူမှုများ၊ တစ်ကျော့ပြန် ကာရိုလင်ဗီယန်၊

၆။ အလယ်ခေတ် မြင့်မြတ်သော အသင်းတော် (အေဒိ၈၀၀-၁၄၉၉) ... ၆-၁၊ အရှေ့ပိုင်း၊ တောင်ပိုင်း ဆလာပ်များ၏ ပြောင်းလဲမှုများ၊ ဂရိတ်မိုရာဒီယားသို့ သာသနာပြုအဖွဲ့၊ ဆာ့ဗ် နှင့် ဘူဂေးရီးယန်းတို့၏ ပြောင်လဲမှု၊ ရာ့စ်များ၏ ပြောင်းလဲမှု .. ၆-၂-၁၀ အများကြိုက်လိုက်လျော ဆင်မြှေားအား ရှုံ့ချသည့် ၀ါဒ၊ ဘုန်းကြိးရဟန်းပြုပြင် ပြောင်လဲရေး လှုပ်ရှားမှု၊ ဖုန်းတောင်ယာစကာ ဂိုဏ်း၊ ဘိပ်သိတ်ပေးခြင်းဆိုင်ရာ အငြင်းပွားမှု၊ သူကောင်းပြုခြင်း (သိဒ္ဒိတင်ပေးခြင်း)၊ သာသနာ စစ်ပွဲများ (ကရူဆိတ်)၊ အလယ်ခေတ် ပုပ်ရဟန်းမင်းများဆိုင်ရာ မြင့်များမှု၊ အလယ်ခေတ် ၀ိနိစ္စယများ၊ တက္ကသိုလ်ကျောာင်းများ ပေါ်ပေါက်လာခြင်း။

၇။ ပိုတီယန် ဂိုဏ်ကွဲခြင်း
၈။ အရှေ့ အနောက် ဂိုဏ်ကွဲခြင်း
၉။ ဟေစီချက် ပဋိပက္ခ
၁၀၊ အကျဉ်းခံ ခေတ် ... အနောက်တိုင်းမှာ ပစ်ပါယ်ခြင်း၊ အော်တိုမင် အင်ပါယာ လက်အောက် ဘာသာရေးအခွင့်အရေး၊ ချစားမှုများ၊ ဒဲ့င့်ရှိမား Devshirmeh
၁၁။ အနောက်တိုင်း ဂိုဏ်း
၁၂။ တစ်ကျော့ပြန် အသင်းတော်နှင့် အီတလီ (အေဒီ ၁၃၅၉-၁၅၉၉)
၁၃။ ပရိုတတ်စတင့် ပြောင်းလဲရေး (အေဒိ ၁၅၂၁-၁၅၇၉) ... မာတင်လူသာ၊ သြရစ် ဇွင်ဂလီ Ulrich Zwingli ၊ ဂျွန် ကယ်လဗင် John Calvin ၊ အင်္ဂလိပ် ပြုပြင်ပြောင်းလဲရေး
၁၄။ တန်ပြန် ပြုပြင်ပြောင်းလဲရေး .. ထရင့်တ် သံယာယနာ
၁၅။ ရှာဖွေတွေ့ရှိမှု ခေတ် (အေဒီ ၁၄၉၂-၁၇၆၉) ... ခရစ်ယာန် သာသနာပြုအဖွဲ့များ၊ ကက်သလစ် မစ်ရှင်များ၊ ပရိတက်စတင့် ကိုလိုနီပြုခြင်း
၁၆၊ အသင်းတော် နှင့် ဥာဏ်စဉ်တော် (အေဒီ ၁၅၀၀-၁၈၀၀) ... ဂယ်လီလီယို၏ အမှု၊ ပြင်သစ်တော်လှန်ရေး
၁၇။ ပြန်လည်နိုးကြွလာခြင်း (အေဒိ ၁၇၂၀-၁၉၀၆) ... နိုးကြားမှုကြီးများ၊ မူလလက်ဟောင်းများ ပြန်လည်ထူထောင်ရေး ၀ါဒီ

၁၈။ ခေတ်ပြိုင် သမိုင်း (အေဒိ ၁၈၄၈ မှ ယခု ၂၀၀၉ အထိ) ... ရုရှားအင်ပါယာ အတွင်း ရုရှား အော်သိုဒေါ့ အသင်းတော်၊ ဆိုဗီယက်ယူနီယံအတွင်း ရုရှား-အော်သိုဒေါ့ အသင်းတော်၊ ဖက်ဆစ်ဝါဒ. နာဇီဝါဒ၊ အီတလီဖက်ဆစ်၊ စပိန်ပြည်တွင်းစစ်၊ သြစတီးယားမှ ဒိုးလ်ဖတ်စ်၊ .... အနောက်နိုင်ငံများသို့ ပြောင်းရွှေ့လာသူများ ....

၁၉၊ ခရစ်ယာန် သီအိုရီမှ ခေတ်သစ်ဦးတည်ချက် ... ခေတ်သစ်ဝါဒီ နှင့် သဟဇာတ၀ါဒီ ခရစ်ယန်၊ အခြေခံ ၀ါဒီ၊ ဒုတိယအကြိမ် ဘာတီကန် သံယာယနာ၊ အသင်းတော်ပေါင်းစုံ ညီညွတ်ရေးမှု .. ကက်သလစ်အသင်းတော်ပေါင်းစုံ ညီညွတ်ရေးမှု၊ ပရိတက်စတင့် အသင်းတော် ညီညွတ်ရေးမှု

၂၀။ နိုင်ငံတကာ ခရစ်ယာန်ဝါဒ နှင့် အနာဂတ် တိုးတက်မှု

နောက်ဆုံးမှာတော့ စာရေးသူ စပီဂယ်လ်ရဲ့ ကိုယ်ပိုင် မှတ်ချက်လေးဟာ စိတ်ဝင်စားစရာကောင်းပါသည်။ အရှေ့တိုင်း အထူးသဖြင့် တရုပ်ပြည်ကြီးတွင် ဘာသာရေးလွတ်လပ်ခွင့်ရရှိချိန် ခရစ်တော်ကို ယုံကြည်သူ အထူးများလာခြင်းဟာ အမှန်ပင်ဖြစ်ပေသည်။ ကျွန်တော်တို့ မြန်မာများလည်း ခရစ်တော်ကို ပိုမိုသိကျွမ်းလာကြပါသည်။ စာရေးဆရာ .. စိတ်စွဲလမ်းမှုဖြင့် ကောက်ချက်ချခဲ့သည်မှာ နောင်မျိုးဆက် ၂ဆက်တွင် ခရစ်ယာန်ဘာသာသည် တရုပ်ပြည်၏ ပင်မဘာသာ ဖြစ်လာနိုင်ကြောင်း၊ အနောက်နိုင်ငံများသို့ အစ္စလမ်ရောက်လာပြီး အရှေ့အနောက် ပြောင်းပြန်ပြောင်းလဲမည် .. ဟု စပင်ဂလာက ဆိုထားပေသည်။.....
History of Christianity: The Beginning of the Faith
History of Christianity -- how did it all start? Christianity started about 2000 years ago in Judea (present-day Israel) with Jesus Christ and His faithful group of disciples. During this period, Judea was a cross-cultural mecca of bustling cities and farms. The emperor of Rome was the ruler. The Jews at that time hated Roman rule -- it was but another reminder of the historical oppression they faced as a people. The polytheistic cultural beliefs of Rome were also pagan and intrusive to Jewish life. Some Jews saw that their only hope was to conform to this change. Others became religious zealots who formed pockets of guerilla resistance against Rome. Still others withdrew themselves into the Judean wilderness to study the Jewish law and wait for the eventual coming of their promised Messiah (savior).

History of Christianity: The Arrival of Jesus Christ
History of Christianity -- With this cultural and religious backdrop, the ministry of Jesus began. Jesus was a Jew. He observed the Jewish faith and was well acquainted with the Jewish Law. In His early thirties, Jesus traveled from village to village, teaching in the synagogues and healing those who were suffering. Jesus' teaching was revolutionary. He challenged the established religious authorities to repent from their self-righteousness and hypocrisy and realize that the Kingdom of God is rooted in service and love. Jesus' teachings stirred the hearts of people and created instability, something the Jewish religious authorities feared. Soon, a faithful group of men began to follow Jesus and call him teacher. These men became His disciples. Jesus taught His disciples about the will of God and about the "new covenant" God will bring to humanity through Him. Jesus helped them to see that mankind is bound to the pain and futility of life as a result of sin. Due to sin, mankind lost its relationship with God. The purpose of this "new covenant" is to restore those who accept it into a renewed fellowship of forgiveness and love with God. What is this new covenant? Jesus himself would pay for the sins of all humanity by being crucified unjustly on a Roman cross. Three days later, He would rise to life, having conquered death, to give hope to a hopeless world. Well, it happened just as Jesus taught, and His disciples were witnesses to an amazing miracle. Their teacher, Jesus of Nazareth, died and three days later rose again to become their Messiah. Compelled by a great commission to share the love that the God of this universe had imparted upon them, the disciples began to proclaim this gospel of hope throughout the territory. Thus, from a small group of ordinary men that lived in a small province in Judea about 2000 years ago, the history of the Christian Church began, and the Christian Faith has since spread to the rest of the world. Their gospel message was simple: "For God so loved the world, that He gave His only begotten Son, that whosoever believeth in Him should not perish, but have everlasting life." (John 3:16).

History of Christianity: Foretold by Prophecy
Though most of the historical record for the start of the Christian faith is recorded in the New Testament accounts, the history of Christianity actually began with prophecy in the Old Testament. There are over 300 prophecies (predictions) that span over a period of 1000 years that are recorded in the Old Testament concerning the coming of a Jewish Messiah. A study of Jesus' life, death and background will show that He was undoubtedly the fulfillment of these Messianic prophecies. Thus, even long before Jesus walked the earth, His mission was made known to mankind through the Word of God.

History of Christianity: A Faith Based on Historical Fact
History of Christianity- did it all really happen? At first glance, the history Christianity's origin may seem like nothing more than a fairy tale. Many feel that it's just too implausible, and even intellectually dishonest, for people living in the 21st century to believe that these events actually took place. However, the Christian faith, unlike any other religion, hinges on historical events, including one of pivotal importance. If Jesus Christ died and never rose to life, then Christianity is a myth or a fraud. In 1 Corinthians 15:14, Paul exhorts his readers to grab hold of this central truth, that "And if Christ be not risen, then is our preaching vain, and your faith is also vain." The evidence for the resurrection is the key to establishing that Jesus is indeed who He claims to be. It is the historical validity of this central fact that gives Christians genuine and eternal hope amidst a hurting world.

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
2 comments

766..( 786 ) ဆိုတာ..( 21.6.10 )

 
မေး။ ။၇၈၆ လို့ ဘာဖြစ်လို့ ဆိုင်တွေမှာရေးထားတာလဲ။ အဲဒီအဓိပါယ်က ဘာလဲ ဖြေကြားပေးပါ။

ဖြေ။ ။ မြန်မာမှာ နံသင့်အက္ခရာတွေရှိပါတယ်။ ဥပမာ- က၊ခ၊ဂ ..အတွက် နံသင့်အက္ခရာ ၂ ဆိုတာမျိုး အါရဗီအက္ခရာတွေမှာလဲ အဲဒီလို နံသင့်အက္ခရာ တွေရှိပါတယ်။ မြန်မာမှာ အလုပ်တစ်ခုခုစလုပ်ရင် ဘုရားတပြီးလုပ်သလို မွတ်စလင်မ်တွေဟာလဲ သူတို့ရဲ့ကိုးကွယ်ရာ အရှင် အလ္လာဟ်အရှင်မြတ်ရဲ့အမည်ကို တပြီးပြုလုပ်လေ့ရှိပါတယ်။အာရဗီစကားနဲ့ ကျွန်တော်/မ တို့သည် အလ္လာဟ်အရှင်မြတ်၏ နာမတော်နှင့် အစပြုဆောင်ရွက်ပါသည်ဆိုတဲ့ စကားရပ်မှာပါတဲ့ နံသင့် အက္ခရာတွေကို ပေါင်းချလိုက်ယင် စုစုပေါင်း ၇၈၆ ရပါတယ်. တောင်အာရှဘက်က မွတ်စလင်မ်တွေဟာ အလ္လာဟ်အရှင်မြတ် ဆိုတဲ့ အမည်ကို အာရဗီအက္ခရာနဲ့နေရာတိုင်းမှာ ဖေါ်ပြယင် အဲဒီစာလုံးရေးသားထားချက်ဟာ မတော်တဆ မလျော်ကန်တဲ့နေရာရောက်သွားမှာစိုးတဲ့အတွက် အဲဒီစာလုံးအစား ၇၈၆ ကို အစားထိုးအသုံးပြုတာဖြစ်ပါတယ်။

မေး။ ။ဟုတ်ပါ့မလား ..ဒါဆိုယင် ၇၈၆ ပေါင်းလိုက်ယင် ၂၁ ရတယ် ဆိုပြီး ပြော
နေတာတွေကကော

ဖြေ။ ။ဟုတ်ပါတယ်၊ စင်္ကာပူမှာ ရှိတဲ့ တစ်ချို့ အိန္ဒိယ မွတ်စလင်မ်တွေရောင်းတဲ့ ထမင်းဆိုင်တွေမှာလဲ ဒီလိုပဲရေးထားတာရှိတယ် လမ်းကြုံ့ယင် ကိုယ်တိုင်မေးမြန်း စုံစမ်းကြည့်ယင်သိရမှာပါ။ မလေးရှားကမွတ်စလင်မ်တွေကို သွားမေးယင်တော့ သူတို့လဲအဲဒီအဖြေကို သိချင်ကြမှာပါ။ဒီလိုအသုံးများတာ တောင်အာရှက နိုင်ငံတွေ အထူးသဖြင့် အိန္ဒိယ ဘက်မှာပဲသုံးကြတာကိုး။ အာရပ်တွေတောင်ဒီလိုသုံးတာမရှိပါဘူး။ အောက်မြန်မာပြည်မှာ က အိန္ဒိယနွယ်ဖွားမွတ်စလင်မ်တွေ အရင်က သုံးခဲ့တဲ့ ဓလေ့စွဲကျန်နေခဲ့တာပါ။၇၈၆ ပေါင်းယင် ၂၁ ရတယ် ဒါကြောင့် ၂၁ ရာစု ရောက်ယင်မွတ်စလင်တွေ ဘာလုပ်တော့မယ် ညာလုပ်တော့မယ် ဆိုပြီး ရေးသားဖြန့်ဝေတာတွေ တွေ့ရ ကြားရတာ တော်တော်ကြာပါပြီ၊ ပြောရမယ်ဆိုယင် နေ၀င်းရဲ့ မဆလ အစိုးရ ခေတ်ဦးပိုင်းကတည်းကပေါ့။ ပထမပိုင်းလက်ကမ်းစာစောင်အနေနဲ့ ဖြန့်ဝေခဲ့တာ ၈၈ မှာ ရုံးတွေဖျက်တော့ လျှို့ဝှက်ရုံးတွင်းညွန်ကြားလွှာ တွေအနေနဲ့ ၀ါဒဖြန့်ချိခဲ့တဲ့ စာလက်ကျန်တွေ ကိုတောင် ညောင်တုံးဘက်ကရုံးတွေမှာ ထွက်လာတာ တွေရသေးတယ်။ နောက်ပိုင်း န၀တ ခေတ်ရောက်တော့ ပိုဆိုးလာပြီး စနစ်တကျ စာအုပ်ပုံစံ ထုတ်ဝေပြီး ရိုက်နှိပ်ပြီး လိုက်ဝေကြသေးတယ်။ ဘားလမ်းထဲက ထောက်လှမ်းရေးကဖွင့်ထားတဲ့ စွယ်တော် စာအုပ်ဆိုင်မှာ လက်သိပ် ထိုးပြီးရောင်းတာ မွတ်စလင်မ်အဖွဲ့တွေသိသွားပြီးတိုင်လို့ အရေးယူမယ် ဘာမယ် ဟန်ဆောင်လုပ်ပြသေးတယ်။ဒါတွေဟာတကယ်တော့ စစ်ထောက်လှမ်းရေးက Divide and Rule လုပ်လို့ရအောင် ဘာသာဝင်များအကြား သွေးခွဲရန်တိုက်ပေးပြီး နိုင်ငံရေး အမြတ်ထုတ်ဖို့လုပ်တဲ့ လုပ်ရပ်တစ်ခုပါပဲ။ ဒါကို ဆင်ခြင်တုံတရားမသုံးပဲယုံတဲ့ မျက်ကမ်း မျိုးချစ် တွေရယ်၊ အကြမ်းဖက်သမားတွေရယ်၊ သူများပစ္စည်းအချောင်လိုချင်တဲ့ တောကြောင်တွေရယ်ကြောင့် အပြစ်မဲ့တဲ့ အစ္စလာမ်ဘာသာဝင် အများကြီး တောင်ငူ၊ ပြည်၊ ကျောက်ဆည် ..အပါအ၀င် မြန်မာနိုင်ငံအနှံ နေရာအတော်များများမှာ အရှင်လတ်လတ် မီးရှို့ခံရ၊ အသတ်ခံရ၊ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးခံရ ဖြစ်ခဲ့ကြရတာ န၀တ လက်ထက် နှစ်စဉ်နဲ့အမျှပါပဲ။၂၁ ရာစုရယ်မဟုတ်ပါဘူး အစ္စလာမ်ကျမ်းစာမှာ ဖေါ်ပြထားချက် အရက မှန်ကန်မှုဆိုတဲ့ သစ္စာတစ်ရားဟာ ကမ္ဘာကြီးရဲ့ နောက်ဆုံးအချိန်အခါမှာ မှားယွင်းမှု ဆိုတဲ့ အ၀ိဇ္ဇာကို အနိုင်ရမယ်ဆိုပြီး သွန်သင်ထားတာပဲရှိပါတယ်။ တိုင်းနိုင်ငံအတွင်း ပြည်သူအချင်းချင်းသွေးကွဲ ပြီးသတ်ကြဖြတ်ကြ လုကြ ယက်ကြတာဟာ နောက်ဆုံးမှာ ဘယ်သူအတွက်မှမကောင်းပါဘူး။ ဥစ္စာဓန ဆိုတာကလည်း ကုဋေ ၈၀ သူဌေးသားရဲ့ဥပမာလိုပါပဲ ကိုယ်တိုင်ရှာဖွေမတတ်ယင် ဘယ်လောက်ပဲရရ ပြန်ပြီး မွဲတတ်ပါတယ်။ တရားသောနည်းလမ်းနဲ့ ရှာဖွေယင် ဥစ္စာဆိုတာ ပင်လယ်ရေလိုပါပဲ ကုန်မသွားပါဘူး။ ကမ္ဘာမှာ တိုင်းပြည်တွင်း ပြည်သူအချင်းချင်းသတ်ဖြတ်နေတဲ့ ဘယ်နိုင်ငံက ပြည်သူအုပ်စုတစ်စုက ချမ်းသာပြီး တိုင်းပြည်တိုးတက်သွားတယ် ဆိုတဲ့ ဥပမာသမိုင်းမှာ မရှိခဲ့ဘူးပါဘူး။ လူမျိုးဆိုတာ တကယ်တော့ ပညတ်ပါပဲ။ လူသာလျင်အဓိကဖြစ်ပါတယ်။ လူမျိုးပေါင်းစုံ အတူတစ်ကွနေပြီး တိုးတက်သွားတဲ့ နိုင်ငံတွေ ကမ္ဘာမှာ အများကြီးရှိပါတယ်။ အမေရိကန်ကို ကြည့်ပါ။ အရေးကြီးတာက တိုင်းပြည်ကြွယ်ဝချမ်းသာဖို့ပါ။ လူမျိုးတိုင်း မိမိယုံကြည်ရာ ဘာသာတရားကို စိတ်အေးချမ်းသာစွာ ကျင့်ကြံအားထုတ်နိုင်ကြဖို့ စိတ်ထားတတ်ကြပါစေလို့ ဆန္ဒပြုအပ်ပါတယ်။
In religion
The Arabic letters of the opening phrase of the Qur'an sum to the numerical value 786 in the system of Abjad numerals. Not all Muslims place emphasis on this numerological analysis; however, some — mostly in Pakistan, India, Myanmar and Bangladesh — use 786 as a substitute for Bismillah ("In the name of Allah" or "In the name of God").
Numerology
The total value of the letters of "Bismillah al-Rahman al-Rahim" according to one Arabic system of numerology is 786.

There are two methods of arranging the letters of the Arabic alphabet. One method is the most common alphabetical order (used for most ordinary purposes), beginning with the letters Alif ا, ba ب, ta ت, tha ث etc.

The other method is known as the Abjad numerals' method or ordinal method. In this method the letters are arranged in the following order: Abjad, Hawwaz, Hutti, Kalaman, Sa'fas, Qarshat, Sakhaz, Zazagh; and each letter has an arithmetic value assigned to it from one to one thousand.
(This arrangement was done, most probably in the 3rd century of Hijrah during the 'Abbasid period, following the practices of speakers of other Semitic languages such as Aramaic, Hebrew, Syriac, Chaldean etc.)

If you take the numeric values of all the letters of the Basmala, according to the Abjad order, the total will be 786.

In the Indian subcontinent the Abjad numerals have become quite popular. Some people, mostly in India and Pakistan, use 786 as a substitute for Bismillah ("In the name of Allah" or "In the name of God").

They write this number to avoid writing the name of God, or Qur'anic verses on ordinary papers, which can be subject to dirt or come in contact with 'unclean' materials. This practice does not date from the time of Muhammad and is not universally accepted by Muslims.


Uses of the Abjad system

Before the introduction of the Hindu-Arabic numerals, the Abjad numbers were used for all mathematical purposes. In modern Arabic, they are primarily used for numbering outlines, items in lists, and points of information. In English, points of information are sometimes referred to as "A", "B", and "C", and in Arabic, they are "أ‎", then "ب‎", then "ج‎", not the first three letters of the modern hijāʼī order.

The Abjad numbers are also used to assign numerical values to Arabic words for purposes of numerology. The common Islamic phrase بسم الله الرحمن الرحيم bism illāh ir-raḥmān ir-raḥīm ("in the name of God, the merciful, the compassionate" – see Basmala) has a numeric value of 786 (from a letter-by-letter cumulative value of 2+60+40 + 1+30+30+5 + 1+30+200+8+40+50 + 1+30+200+8+10+40), and the word "Allah" (God) by itself has the value 66 (1+30+30+5).


ā/' ا 1 y/ī ي 10 q ق 100
b ب 2 k ك 20 r ر 200
j ج 3 l ل 30 sh ش 300
d د 4 m م 40 t ت 400
h ه 5 n ن 50 th ث 500
w/ū و 6 s س 60 kh خ 600
z ز 7 ` ع 70 dh ذ 700
H ح 8 f ف 80 D ض 800
T ط 9 S ص 90 Z ظ 900
gh غ 1000

A few of the numerical values are different in the alternative abjad order.

…………..by Myint Myat Thu

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
2 comments

748..ထူးဆန်းသော်အသီးအနှံများ..(21.5.10 )

 


မုန်လာဥထဲမှာတော့ ကျွန်တော်တို့ အများသိတာ အနီရောင်နဲ့ အဖြူရောင်ပါ။ ဒီလိုခရမ်းရောင်ကိုတော့ မြင်ဖူးသူ ရှားမယ်ထင်တယ်။ အမှန်တော့ ဒါဟာ
မုန်လာဥနဲ့ purple haze (မြန်မာလို့မသိပါ) တို့ နှစ်မျိုးစပ်ထားတဲ့
အသီးဖြစ်ပါတယ်။ အရသာကတော့ ချိုတယ်လို့ ဆိုပါတယ်။



ဒီအသီးကတော့ Pududu ကျွန်းပေါ်မှာသာ သီးတဲ့ အသီးဖြစ်ပါတယ်။ နာမည်ကတော့ pepper of the black island လို့ခေါ်ပါတယ်။ အပင်ကတော့ နွယ်ပင်မျိုးဖြစ်ပြီး အရသာကတော့ ငရုပ်ပွ သီးနဲ့တူတယ်လို့သိရပါတယ်။



နာမည်ကတော့ ဗုဒ္ဓလက် ရှောက်ချို သီးလို့ခေါ်ပါတယ်။ အာရှတိုက်မှာ ရှိတဲ့အသီးတစ်မျိုးဖြစ်ပြီး အနံရော အရသာပါ ကောင်းမွန်းတယ်လို့ သိရပါတယ်။



သိပ္ပံပညာရှင်တွေကတော့ ဒီခရမ်းနုရောင် ဂေါ်ဖီပန်းကတော့ ပန်းဂေါ်ဖီ အဖြူနဲ့မတူဘဲ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို လျှော့ချစေနိုင်တယ်လို့ ဆိုပါတယ်။ ဝယ်ခြင်ရင်တော့ အင်္ဂါဂြိုလ်မှာသွားဝယ်ရမှာလားလို့ မမေးပါနဲ့ အချို့သော ဥရောပ
နိုင်ငံတွေ မှာဝယ်လို့ ရပါတယ်။



ဒီအသီးကတော့ သိပ္ပံပညာရှင်တွေ တီထွင်ထားတဲ့အသီးဖြစ်ပါတယ်။ ခရမ်းချဉ်သီးနဲ့ သံပုရာသီး မျိုး နှစ်ခုကို ပေါင်းစပ်ထားတဲ့ အသီးအသစ်ဖြစ်ပါတယ်။ အနံ့ကတော့ သံပုရာသီးအနံ့နဲ့ ခရမ်းချဉ်သီး အပေါ်ခွံဖြစ်ပါတယ်။ နာမည်ကတော့ Lemato
လို့ခေါ်ပါတယ်။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

738.. အော်တာ နေးတစ် ဆေးပညာ..

 
Free Image Hosting
“အော်လ်တာနေးတစ်” ဆေးပညာ ကိုလည်း မမေ့ပါနှင့်

ရောဂါ အသစ်အဆန်းနှင့်ခေတ်ပေါ် ဆေးမတိုးသည့်ရောဂါများ သက်သာ ပျောက်ကင်း

အနောက်တိုင်း ဆေးပညာဖြင့် ကုသ၍ မပျောက်ကင်းသည့် ရောဂါများကို အခြား နည်းလမ်းဖြင့် ပြောင်းလဲကုသရန် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က တိုက်တွန်းခဲ့ ကြောင်း၊ အဆိုပါနည်းမှာ အော်လ်တာ နေးတစ် ဆေးပညာ (Alternative medicine) ဖြစ်ကြောင်း၊ စင်စစ် အဆိုပါ အော်လ်တာ နေးတစ် ဆေးပညာမှာ ရိုးရာ တိုင်းရင်းဆေး ပညာပင် ဖြစ်ကြောင်း၊ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ တိုက်တွန်း အားပေးချက် အရလည်း ကောင်း၊ ရိုးရာ တိုင်းရင်း ဆေး ပညာ ထွန်းကား သည့် နိုင်ငံ အစိုးရများ ၏အားပေးမှု ကြောင့် လည်းကောင်း တိုင်းရင်းဆေး ပညာရပ်သည် ခေတ်မီ ဆန်းသစ်ကာ ကမ္ဘာ၌ ပိုမိုဖွံ့ဖြိုးတိုး တက် ထွန်းကား ကျယ်ပြန့် လာကြောင်း၊ ယခု အခါ ကမ္ဘာ၌ တိုင်းရင်း ဆေးပညာဖြင့် ရောဂါ ကြီးများကို လည်း ကုသ သက်သာပျောက် ကင်းသည့် အကျိုးများ ခံစား နေကြရပြီ ဖြစ် ကြောင်း သိရသည်။

ဒေါ်လာ ၁ဒသမ ၃၆ဘီလျံ

ဒီဇင်ဘာ ၁၂ရက်က “မလေးရှား နိုင်ငံ ၏ တိုင်းရင်းဆေး တင်ပို့ ရောင်းချမှု အမေရိ ကန်ဒေါ်လာ တစ်ဘီလျံကျော် ရရှိရန် မျှော် မှန်း” အင်တာနက် သတင်းတစ်ပုဒ်ကို ဖတ် လိုက် ရသည်။ မလေးရှား နိုင်ငံ၏ ဆေးဖက် ၀င်ပစ္စည်းများနှင့် တိုင်းရင်းဆေးတင်ပို့ ရောင်းချရမှုသည် ၂၀၀၅ ခုနှစ်၌ အမေရိကန် ဒေါ်လာ ၈၄၂ သန်း ရရှိရာမှ ၂၀၁၀ ပြည့်နှစ် အရောက် တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၆ဘီလျံ ရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။

ကုန်သွယ်ရေး

ကမ္ဘာလုံး ဆိုင်ရာ ဆေးဖက်ဝင် ပစ္စည်းများနှင့် တိုင်းရင်းဆေးများ ကုန်သွယ်ရေး လုပ်ငန်းသည် ပိုမိုအ လားအလာ ကောင်းလာကြောင်း သ တင်းများက ဖော်ပြသည်။

အခြေခံစောင့်ရှောက်မှု

အာဖရိက၊ အာရှနှင့်လက်တင် အမေရိကနိုင်ငံများသည် တိုင်းရင်း ဆေးကို အခြေခံ ကျန်းမာရေးစောင့် ရှောက်မှု လိုအပ်ချက်အဖြစ် အသုံး ပြုလျက်ရှိကြသည်။ အာဖရိကတွင် လူဦးရေ ရာခိုင်နှုန်း ၈၀ အထိအသုံး ပြုကြောင်း သိရသည်။

စက်မှုနိုင်ငံများ

တိုင်းရင်းဆေး ပညာ အားကိုး အသုံးချမှုတွင် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ လူဦးရေ အများစု ဖြစ်သည့်အပြင် စက် မှု ထွန်းကားသည့် နိုင်ငံများတွင်လည်း ကျယ်ပြန့် လျက်ရှိနေကြောင်း သိရ သည်။

သုတေသနပြုချက်

အော်လ်တာနေးတစ် ဆေး သို့ မဟုတ် တိုင်းရင်းဆေး အသုံးပြုမှုနှင့် စပ်လျဉ်း၍ လေ့လာ သုတေသနပြု ချက်အရ သိရသည်မှာ-

-တရုတ်ပြည် တွင် ဆေးဝါးကု သမှုအားလုံး ၏ရာခိုင်နှုန်း ၃၀ မှ ရာ ခိုင်နှုန်း ၅၀ အထိ တိုင်းရင်းဆေးကို အသုံးပြု ကြသည်။

-ဂါနာ၊ မာလီ၊ နိုင်ဂျီးရီးယားနှင့် ဇင်ဘာဘွေနိုင်ငံများတွင် ကလေးသူ ငယ် ရာခိုင်နှုန်း ၆၀ အထိ တိုင်းရင်း ဆေးကို ဦးစားပေး အသုံးပြုကြသည်။

-ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး၏ ခန့်မှန်း ချက်အရ အာဖရိက နိုင်ငံအ တော် များများသည် သားဖွားရာတွင် ရိုးရာ သားဖွားနည်းကို အသုံးပြု ကြောင်း သိရသည်။

-ဥရောပ၊ မြောက် အမေရိက နှင့် အခြား စက်မှုဒေသများတွင် လူ ဦးရေ၏ ရာခိုင်နှုန်း ၅၀ သည် တိုင်း ရင်းဆေးကို တစ်ကြိမ်တော့ အနည်း ဆုံး အသုံးပြုဖူး ကြောင်း သိရသည်။

- ဆန်ဖရန်စစ္စကို၊ လန်ဒန်နှင့် တောင် အာဖရိက တွင် HIV/AIDS ရောဂါသည် ၇၅ ရာခိုင်နှုန်းသည် တိုင်းရင်းဆေး ဖြင့်လည်း ကုသမှုခံ ယူ ကြကြောင်း သိရသည်။

- ကနေဒါနိုင်ငံ၏ လူဦးရေရာ ခိုင်နှုန်း ၇၀ သည် တိုင်းရင်းဆေး ကို အနည်းဆုံး တစ်ကြိမ် သုံးဖူးကြောင်း သိရသည်။

- ဂျာမနီ နိုင်ငံတွင် လူဦးရေရာ ခိုင်နှုန်း ၉၀ သည် ဘ၀တစ်သက် တာ ကျန်းမာရေး အတွက် သဘာဝ တိုင်းရင်းဆေး ကို အသုံးပြုကြောင်း သိရသည်။

- ၁၉၉၅ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ် အတွင်း သဘာဝ တိုင်းရင်းဆေး ပညာ လိုက်စား သင်တန်းဆင်း သည့်ဆရာ ၀န်အရေ အတွက် နှစ်ဆ (၁၀, ၈၀၀) ဦးရေ အထိ တိုးပွား သွားကြောင်း သိ ရသည်။

- အနောက်တိုင်း ခေတ်မီဆေး ၀ါး ၂၅ ရာခိုင်နှုန်းသည် တိုင်းရင်း ဆေး အသုံးပြုသည့် အပင်များကို အ သုံးပြု ထားကြောင်း သိရသည်။

အာဆီယံဒေသ

တိုင်းရင်းဆေး လှုပ်ရှားမှုနှင့်စပ် လျဉ်း၍ အာဆီယံ ဒေသတွင်းအခြေ အနေမှာ-

- အာဆီယံ ပရဆေးနှင့် ဆေး ဖက်ဝင်အပင် ကျွမ်းကျင် သူများ၏ တတိယအကြိမ် အစည်းအဝေးနှင့် သစ်တောထွက် ပစ္စည်း သုတေသန နှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ အာဆီယံကျွမ်း ကျင် သူများ၏ ဒုတိယအကြိမ် အစည်း အဝေးကို ၂၀၀၀ ပြည့်နှစ်၊ ဇူလိုင် ၅ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟို တယ်၌ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံ အဖြစ် ပထမအကြိမ် လက်ခံကျင်းပ ခဲ့သည်။

ပူးပေါင်းဆောင်ရွက်ရေး

၁၉၉၉ ခုနှစ်၊ ဇူလိုင်တွင် အင် ဒိုနီးရှားနိုင်ငံ၊ ဆိုလာမြို့တွင် ကျင်း ပခဲ့သော ဆေးဖက်ဝင် ပရဆေးပင် များနှင့် ပတ်သက်၍ အာဆီယံနိုင်ငံ အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရေး အတွက် စီမံချက်ဖြစ်သော ၁၉၉၉- ၂၀၀၄ ကိုရေးဆွဲ၍ ၁၉၉၉ ခုနှစ်၊ ဇူလိုင် ၂၉ ရက်မှ ၃၁ ရက်အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပ ခဲ့သော ဒုတိယ အကြိမ်မြောက် အာဆီယံ သစ်တောဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးတွင် တင်ပြ အတည်ပြုချက် ရယူခဲ့သည်။

ကျင်းပခဲ့

အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ဆေးဖက်ဝင် ပရဆေးပင်များ၊ ကျွမ်း ကျင်သူများ ပါဝင်သော အဖွဲ့အစည်း များ၏ အစည်းအဝေး များကို ၁၉၉၈ ခုနှစ်က မလေးရှားတွင်လည်းကောင်း၊ ၁၉၉၉ ခုနှစ်က အင်ဒိုနီးရှား တွင် လည်းကောင်း၊ ၂၀၀၀ ပြည့်နှစ်က မြန်မာနိုင်ငံတွင် လည်းကောင်း ကျင်း ပခဲ့သည်။

သုတေသီများ

အာဆီယံတိုင်းပြည်များမှ ဆေး ဖက်ဝင်ပရဆေးပင်များ ပေါကြွယ်ဝ မှုကြောင့် ဂျပန်၊ ကိုရီးယား၊ ပြင်သစ်၊ နယ်သာလန်၊ သြစကြေးလျ၊ ဂျာမနီ၊ ဒိန်းမတ်၊ ဆွစ်ဇာလန်၊ ယူကေ၊ အ မေရိကန်တို့မှ သုတေ သီများက သု တေသန ပြုဖော်ထုတ်၍ လူသားအ ကျိုးပြုဆေး ဖော်ထုတ်ရန် ကြိုးစားနေ ကြကြောင်း သိရသည်။

ထုတ်လုပ်မှုအများဆုံး အသုံးဆုံး

တရုတ် နိုင်ငံသည် တိုင်းရင်း ဆေး အမျိုးပေါင်း ၈၀၀ ကျော်ထုတ် လုပ်လျက်ရှိပြီး ကမ္ဘာတွင် တိုင်း ရင်းဆေးဝါး အများဆုံး ထုတ်လုပ် သည့် နိုင်ငံ ဖြစ်သည့်အပြင် တိုင်းရင်း ဆေးဝါး အများဆုံးသုံးစွဲသည့် နိုင်ငံ လည်း ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း၊ အန် ယိုးပြည်နယ်၊ ၀ုယူလိဝ ဆေးဝါးဆိုင် ရာ သိပ္ပံနည်းပညာ ဥယျာဉ်၌ အာရှ တိုက်၏ အကြီးကျယ်ဆုံး တိုင်းရင်း ဆေးဝါး ထုတ်လုပ်ရေး စက်ရုံကြီးကို တည်ဆောက် ထားသည်။

ထိုင်းသုံးစွဲခွင့်ပြု

ထိုင်းနိုင်ငံ သည် အမျိုးသား ဆေးဝါးစာရင်းတွင် တိုင်းရင်းဆေး ၀ါးများကို ထည့်သွင်း ထားပြီး ခေတ် မီဆေးရုံများ တွင် သုံးစွဲခွင့်ပြုထား ကြောင်း သိရသည်။

မြန်မာနိုင်ငံ

မြန်မာနိုင်ငံ၏ တိုင်းရင်းဆေး လောကသည် လည်း ရှေ့တန်းရောက် လာပြီးဖွံ့ဖြိုး တိုးတက်နေပြီဖြစ်သည်။ ပြည်သူ အများ ပိုမို ယုံကြည်အားကိုး လာကြပြီဖြစ်သည်။

တိုင်းရင်းဆေး သည် ငွေကုန် ကြေးကျ မများ။ လူတိုင်း ကုသနိုင် သည်။

ဆေးမတိုးရောဂါ

မျက်မှောက် ကာလ ကမ္ဘာတစ် ၀န်းလုံး၌ လူနေမှု ဘ၀ဟန် များနှင့်အ စားအသောက်၊ အနေအထိုင်များ ပြောင်းလဲ လာခြင်းကြောင့် ရောဂါ အသစ် အဆန်းများတစ်မျိုးပြီးတစ် မျိုးပေါ်ပေါက် လျက်ရှိပြီး တချို့ရော ဂါများဆိုလျှင် ခေတ်ပေါ် ဆေးများ မတိုးတော့သည့် အခြေအနေအထိ ရောက်ရှိလာသည်။

ထိုကဲ့သို့ အခြေအနေ၌ ခေတ် ပေါ်ဆေးပညာနှင့် မြန်မာ့တိုင်းရင်း ဆေးပညာ ပေါင်းစပ်ယှဉ်တွဲကုသ ပေးသည့် နည်းလမ်းသည် အကျိုးဖြစ် ထွန်းကြောင်း သိရသည်။

ဖြေရှင်းနိုင်

ယခုကဲ့သို့ ပေါင်းစပ် ကုသမှု စနစ်၏ အကျိုးကျေးဇူးကြောင့် တီ ဘီ၊ HIV ၊ ငှက်ဖျား၊ ဆီးချို၊ သွေးတိုး၊ ၀မ်းလျှော ၀မ်းပျက်နှင့် ၀မ်းကိုက် ဆို သည့် မြန်မာနိုင်ငံ၏ အဓိက ကျန်း မာရေး ပြဿနာများကို ဖြေရှင်းနိုင် သည်ကို တွေ့မြင်နေကြရပြီ ဖြစ်ကြောင်း သိရသည်။

ဖွံ့ဖြိုးတိုးတက်မှု

ဆယ်စုနှစ် တစ်ခုအတွင်း မြန် မာ့ တိုင်းရင်းဆေး ပညာ ဖွံ့ဖြိုးတိုး တက်မှုများကို လေ့လာလျှင် မြန် မာ့ တိုင်းရင်း ဆေးသမားတော်များ ညီ လာခံများကို ယခုနှစ်တွင် ၁၀ ကြိမ် မြောက် အထိ ကျင်းပနိုင်ခဲ့ပြီ ဖြစ်သည်။ ၂၀၀၁ ခုနှစ်က နိုင်ငံတကာ အဆင့်မီ တိုင်းရင်းဆေး တက္ကသိုလ်ကို တည် ထောင် ဖွင့်လှစ် သင်ကြားနိုင်ခဲ့သည်။

၂၀၀၂ ခုနှစ်တွင် မြန်မာနိုင်ငံ တိုင်းရင်း ဆေးဆရာ အသင်းကြီးကို ဖွဲ့စည်း ထူထောင်နိုင်ခဲ့သည်။

၂၀၀၀ ပြည့်နှစ်မှ ၂၀၀၄ ခုနှစ် အထိ ရန်ကုန်နှင့် မန္တလေးမြို့များ၌ တိုင်းရင်း ဆေးဆရာ တစ်နှစ်သင် တန်းများ ငါးနှစ်တိုင်တိုင် စဉ်ဆက် မပြတ် ဖွင့်လှစ် သင်ကြားပို့ချနိုင်ခဲ့ သကဲ့သို့ ၂၀၀၅ နှင့် ၂၀၀၆ ခုနှစ် များတွင် ကောင်းမွန် သော တိုင်းရင်း ဆေးဝါးထုတ်လုပ်မှု နည်းပညာသင် တန်းများ၊ တိုင်းရင်းဆေးပညာရပ် တိုးတက်ရေး ဆိုင်ရာဆွေးနွေးပွဲများ၊ နှီးနှော ဖလှယ်ပွဲများ ကျင်းပနိုင်ခဲ့ ကြောင်း သိရသည်။

အကျိုး ရလဒ်ကောင်းများ

၂၀၀၇ ခုနှစ်တွင် အရေးပေါ် အိမ်သုံး မြန်မာ့ တိုင်းရင်းဆေး သေတ္တာ စီမံချက် စတင် အကောင်အထည် ဖော်နိုင်မှု၊ ၂၀၀၈ ခုနှစ်တွင် အမျိုး သား ပရဆေး ဥယျာဉ် အပါအ၀င် ပရ ဆေးဥယျာဉ်များ တစ်နိုင်ငံလုံးဖြန့် ကြက်ပြီး စိုက်ပျိုးနိုင်မှု၊ ၂၀၀၉ ခုနှစ် အထိ ပြည်နယ် နှင့်တိုင်း အသီးသီး၌ တိုင်းရင်းဆေးရုံ ၁၄ ရုံ၊ တိုင်းရင်း ဆေးကုဌာန ၂၃၇ ခုအထိ တိုးမြှင့် ဖွင့်လှစ် နိုင်မှုစသည့် ကြိုးပမ်းဆောင် ရွက်မှုများကြောင့် ယခုအခါတွင် ပြည်သူများ အတွင်း တိုင်းရင်းဆေး ပညာဖြင့် စောင့်ရှောက်နိုင်မှု အကျိုး ရလဒ် ကောင်းများ ပီပီပြင်ပြင် ဖြစ် ထွန်း နေပြီဖြစ်ကြောင်း သိရသည်။

ဆေးဆရာ ၆,၄၄၂ ဦး

မြန်မာ့ တိုင်းရင်း ဆေးပညာစနစ် တကျ ထွန်းကားရေးတွင် အဓိက လိုအပ်ချက် တစ်ရပ်ဖြစ်သော မြန်မာ့ တိုင်းရင်းဆေးပညာရှင် လူ့စွမ်းအား အရင်းအမြစ်များကို သင်ကြားလေ့ ကျင့်ပေးလျက်ရှိရာ၌ တစ်နိုင်ငံလုံး အတိုင်း အတာ အနေဖြင့် တိုင်းရင်း ဆေးပညာ ဒီပလိုမာ၊ မြန်မာ့တိုင်းရင်း ဆေးပညာဘွဲ့၊ တစ်နှစ်သင်တန်း ဆင်း တိုင်းရင်းဆေးဆရာ နှင့် အခြား မှတ်ပုံတင် တိုင်းရင်းဆေးဆရာ ပေါင်း ၆,၄၄၂ ဦး မွေးထုတ် ပေးခဲ့ကြောင်း သိရသည်။

မြန်မာ့ တိုင်းရင်း ဆေးပညာကို နိုင်ငံတကာက လက်ခံရေးနှင့် ပြည် သူများ ပိုမိုယုံကြည် အားကိုးလာရေး ကို ဆက်လက် ကြိုးပမ်းကြရဦးမည်။

source:myanmarpost

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

689.. အင်တာနက်မှာ တဏှာကြီးတတ်တဲ့ ယောက်ျား နှင့်ဇနီးသည်၏မာယာ

 











ချယ်ရီရောဘတ်စ်ဟာ အသက်(၆၈)နှစ် ရှိပြီဖြစ်တဲ့ ခင်ပွန်းသည် ဒေးဗစ်ရောဘတ်စ်တစ်ယောက် နေ့တိုင်းနေ့တိုင်း ကွန်ပျူတာရှေ့ထိုင်၊ အင်တာနက်သုံးပြီး အချိန်ကုန်နေတာကို မသင်္ကာ ဖြစ်နေခဲ့တာ ကြာပါပြီ။ ဒါကြောင့်လည်း သူ့ယောက်ျား ဘာတွေလုပ်နေသလဲဆိုတာ ချယ်ရီက အမြဲတမ်း စူးစမ်းကြည့်ပြီးတဲ့နောက် အဖိုးကြီးဟာ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေဆီ Sexနဲ့ပတ်သက်တဲ့ Messageတွေ ပေးပို့နေတယ်ဆိုတာ သိလာရပါတယ်။ ဒေးဗစ်ရဲ့ Messageတွေဟာ မိန်းကလေးငယ်တွေကို သွေးဆောင်တဲ့ စကားလုံး ခပ်ကြမ်းကြမ်းတွေ ပါနေပြီး ဒီလိုလုပ်နေတာ တော်တော်ကြာပြီဆိုတာ အသက်(၆၁)နှစ်အရွယ် ချယ်ရီတစ်ယောက် သိသွားခဲ့ပါတယ်။ ဒီနောက်တော့ ချယ်ရီဟာ သူ့ယောက်ျားရဲ့ လုပ်ရပ်တွေအတွက် တုန့်ပြန်ဖို့ ပြင်ဆင်လာပါတော့တယ်။ ချယ်ရီဟာ သူ့ကိုယ်သူ အင်တာနက်ပေါ်မှာ ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ယောက်လို ဟန်ဆောင်လိုက်ပါတယ်။ ဒီနောက်တော့ အိမ်ထောင်သက် နှစ်(၂၀)ရှိပြီဖြစ်တဲ့ ခင်ပွန်းသည် အမြဲဝင်ပြီး မြူးနေတဲ့ ဆယ်ကျော်သက် Chatting ၀က်ဘ်ဆိုက်ကိုဝင်ပြီး ဒေးဗစ်ကို အရောဝင်ခဲ့ပါတယ်။ ချယ်ရီဟာ သူ့ယောက်ျား ဘာလုပ်နေတယ်ဆိုတာ သိပေမယ့် ပြဿနာ မရှာခဲ့ပါဘူး။ အိမ်မှာရှိတဲ့ တခြားကွန်ပျူတာ တစ်လုံးကိုသုံးပြီး ဒေးဗစ်ရဲ့အခန်းနဲ့ နံရံတစ်ချပ်သာ ခြားတဲ့နေရာကနေ သူ့ယောက်ျားကို ဆက်သွယ်ခဲ့ပါတယ်။ ချယ်ရီဟာ သူ့ကိုယ်သူ (၁၄)နှစ်ပဲ ရှိသေးတဲ့ ကောင်မလေးအနေနဲ့ ဒေးဗစ်နဲ့ မိတ်ဖွဲ့ခဲ့တာပါ။ နောက်ပိုင်းမှာတော့ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေကို ရည်ရွယ်ပြီး ပို့ခဲ့တဲ့ သူ့ယောက်ျားရဲ့ Messageတွေကို ချယ်ရီတစ်ယောက် လက်ခံရရှိခဲ့ပါတော့တယ်။ Messageတိုင်းမှာ ဒေးဗစ်ရဲ့ Nicknameဖြစ်တဲ့ Corkyဆိုတဲ့ နာမည်ကို လက်မှတ်ထိုးထားတာ တွေ့နိုင်ပါတယ်။

ပိုဆိုးတာက ဒေးဗစ်ဟာ တစ်ဖက်ကသူကို တကယ့်မိန်းမပျိုလေးထင်ပြီး Web cam Sexနဲ့ဆိုင်တဲ့ မဖွယ်မရာ အပြုအမူတွေ လုပ်ပြနေခဲ့တာပါပဲ။ နောက်ပြီးတော့ ဒေးဗစ်က မိန်းကလေးလို့ ထင်နေတဲ့ သူ့မိန်းမကို အပြင်ခေါ်ပြီး Sexကိစ္စ လုပ်ငန်းစဖို့ ပြောလာတဲ့အခါ သည်းခံစိတ် ကုန်သွားပြီဖြစ်တဲ့ ချယ်ရီက ရဲကိုအကြောင်းကြားခဲ့ပါတယ်။ နောက်ပြီး ဗြိတိန်အမျိုးသား ကလေးသူငယ် စောင့်ရှောက်ကာကွယ်ရေးအဖွဲ့ (NSPCC)ကိုလည်း ထပ်ပြီးတော့ သတင်းပို့ခဲ့ပါတယ်။ နောက်ပိုင်းတော့ ရဲတွေရောက်လာပြီး ဒေးဗစ်ရဲ့ ကွန်ပျူတာကို စစ်တဲ့အခါ ကလေးတွေရဲ့ ၀တ်လစ်စားလစ် တရားမ၀င် ဓာတ်ပုံတွေ ဒါဇင်နဲ့ချီပြီး တွေ့ခဲ့ရပါတယ်။ ဒေးဗစ်က တခြားအကြောင်းပြချက်တွေနဲ့ ငြင်းဖို့ကြိုးစားခဲ့သေးပေမယ့် ချယ်ရီက ရဲတွေကို သူ့ဆီရောက်လာသမျှ ဒေးဗစ်ရဲ့ Messageတွေနဲ့ Webcamကနေ သိမ်းဆည်းထားတဲ့ ဒေးဗစ်လုပ်ပြနေသမျှ မဖွယ်မရာပုံရိပ် ဗီဒီယိုတွေကို အပ်နှံလိုက်ပါတယ်။ ဒီတော့မှ သူChattingကနေ အပီကြူနေတာ သူ့မိန်းမမှန်း ဒေးဗစ်တစ်ယောက် သဘောပေါက်သွားပြီး ကြက်သေသေနေခဲ့ပါတယ်။ တရားရုံးက ဒီအမှုကို စစ်ဆေးနေပြီး လင်မယားနှစ်ယောက် နံရံခြားပြီး Messageတွေ အပြန်အလှန် ပေးပို့နေခဲ့တာကို အတည်ပြုခဲ့ပါတယ်။ ဒေးဗစ်ဟာ အရွယ်ရောက်ပြီး သားသမီးတွေ ရှိသူဖြစ်ပြီး တရားရုံးမှာတော့ သူဟာ ကျောင်းသူမိန်းကလေးတွေနဲ့ လိင်ဆက်ဆံခဲ့တာမျိုး မရှိခဲ့ပါဘူးလို့ ငြင်းဆိုထားပါတယ်။ ဒါပေမယ့် အခွင့်အရေးရရင် လိုချင်တဲ့စိတ်တော့ ရှိခဲ့ပါတယ်လို့လည်း ဒေးဗစ်က ၀န်ခံထားပါတယ်။ ဗြိတိန်နိုင်ငံ၊ ကားဒစ်ဖ်ခရောင်း တရားရုံးက ဒေးဗစ်ရဲ့ Sexနဲ့ဆိုင်တဲ့ ကမ်းလှမ်းမှုတွေကို ဇနီးကိုယ်တိုင်က မျက်မြင်ဖြစ်နေတာကြောင့် ခိုင်ခိုင်မာမာ စွဲချက်တင်ပြီး ဒေးဗစ်ကို ထောင်ချဖို့ထိ ရည်ရွယ်ခဲ့ပေမယ့် လျှော့ပေါ့ပြီး ပြည်သူ့အကျိုးပြု လုပ်ငန်းတွေ (၃)နှစ်လုပ်ဖို့ အမိန့်ချလိုက်ပါတယ်။ သူဟာ အသက်(၁၈)နှစ်အောက် ဘယ်ကလေးသူငယ်နဲ့မှလည်း နီးနီးစပ်စပ် နေခွင့်မရတော့သလို Sexနဲ့ပတ်သက်ပြီး အန္တရာယ်ရှိသူအဖြစ်လည်း (၅)နှစ်ကြာ စာရင်းသွင်းခံထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီတရားခွင်မှာပဲ ချယ်ရီရဲ့ လျှောက်ထားမှုကို တရားသူကြီး ခရစ္စတိုဖာ ဗော့စ်ပါက လက်ခံပြီး လင်မယားကွာရှင်းဖို့ ခွင့်ပြုခဲ့ပါတယ်။ ခုတော့ ချယ်ရီဟာ ပြီးခဲ့တဲ့သီတင်းပါတ်က ကွာရှင်းမှု ပြီးကတည်းက သူငယ်ချင်းတွေနဲ့အတူ ဝေလပြည်နယ် တောင်ပိုင်းမှာ နေထိုင်နေတုန်းပါ။ သူက ခင်ပွန်းဟောင်းရဲ့ ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး “ကျွန်မ စီရင်ချက်ကိုကြားတော့ တော်တော်အံ့ဩသွားတယ်။ ဒါပေမယ့် တရားသူကြီးဟာ ခက်ခဲတဲ့ အမှုတစ်ခုနဲ့ ရင်ဆိုင်ရတာကို နားလည်ပါတယ်။ ဒေးဗစ်ဟာ ထောင်ထဲရောက်သင့်သူပဲ။ ကျွန်မသူ့ကို ခုထိစိတ်ဆိုးတုန်းပါ။ ဒေးဗစ်ကို လက်ထပ်ခဲ့တုန်းက ဒီလိုလူစားမျိုး မဟုတ်ဘူးလို့ ထင်ခဲ့မိတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မလုပ်ရပ်အတွက် နောင်တမရပါဘူး။ အမှန်ကန်ဆုံး လုပ်ခဲ့တာလို့ ယုံပါတယ်။ ခုတော့လည်း ဒီအဖြစ်တွေကို ကျွန်မဘ၀ရဲ့ အတိတ်တစ်ခုအဖြစ် ချန်ထားလိုက်ပါပြီ”လို့ ပြောပြသွားခဲ့ပါတယ်။

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
1 comments

686..Barcode ဆိုသည္မွာ

 
- Barcode- ဆိုတာဟာ အလင်းဖြင့်ထိုးပြီး စက်တွေကဖတ်နိုင်တဲ့အချက်အလက်ဖြစ်ပါတယ်။ Barcode တွေဟာ အချက်အ လက်တွေကို ဒေါင်လိုက်လိုင်း လေးတွေအဖြစ် နေရာလွတ်ခြား ပြီးချထားတာပါ။ ဒီလိုပုံစံအပြင် လေးဒေါင့်ပုံ၊ အစက်ပုံ၊ ခြောက် ဒေါင့်ပုံနဲ့အခြားသော ဂျော်မထရီ ပုံစံရုပ်ပုံလေးတွေ အဖြစ်လည်း ရှိတတ်ပါတယ်။ သို့သော်လည်း လူ အများစုက ဒေါင်လိုက်ပုံစံမျဉ်း ကြောင်းလေးတွေကို သိတာများ ကြပါတယ်။
Barcode ကိုပထမဆုံးသုံး တာက ကားတွေမှာအမှတ်တံဆိပ် လုပ်ဖို့ပါ။ သို့ပေမယ့် စီပွားရေး အတွက် အောင်မြင်မှုမရှိခဲ့တာ ကြောင့် စူပါမားကတ်တွေရဲ့ ငွေ ရှင်းစနစ်တွေမှာ အစားထိုးသုံးစွဲ လာကြပါတယ်။
Barcode တွေကို optical scanner လို့ခေါ်တဲ့ barcode reader များနှင့်ဖတ်ရှုနိုင်သလိုအ ထူးပြုလုပ်ထားတဲ့ဆော့ဖ်ဝဲများနှင့် လည်း scan ဖတ်ပြီးအသုံးပြုနိုင်ပါ တယ်။
Barcode ကို 1952 ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ်မူပိုင်ခွင့်တင် ခဲ့တာဖြစ်ပါတယ်။
Barcode ကို ၁၉၄၈ခုနှစ်မှာ Bernard Silver ဆိုသူကျောင်း သားကသူ၏သူငယ်ချင်းများနှင့်စု ပေါင်းတည်ထွင်ခဲ့ကြတာဖြစ်ပါ တယ်။ Silver ဟာ ဒေသတွင်း အ စားအစာလုပ်ငန်းဆိုင်ရာ ဥက္ကဋ္ဌ က ထုတ်ကုန်များရဲ့သတင်းအ ချက်အလက်ကို အလိုအလျောက် မှတ်တမ်းတင် စစ်ဆေးနိုင်မည့် စနစ်တစ်ခုရချင်တယ်ဟု သုတေ သီတစ်ဦး ကိုပြောသံကြားရာမှ ယခုကဲ့သို့ပြုလုပ်ရန် အကြံရရှိခဲ့ ခြင်းဖြစ်ပါတယ်။ ပထမပိုင်းတွင် ultraviolet မင်ကို သုံးစွဲခဲ့တဲ့ အတွက်ဈေးအလွန်ကြီးမားခဲ့ပါ တယ်။ တဖြည်းဖြည်းပိုမိုကောင်း မွန်စေရန်ကြံစတီထွင်ကြရင်းမှယ နေ့သုံးစွဲသော Barcode ပုံစံကိုရ ရှိလာကြတာဖြစ်ပါတယ်။
Source:Imternet Jiornal

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

636..History of Fort Siloso (1878 - 1942)

 





Fort Siloso ဆိုတာ ဒုတိယကမ္ဘာစစ်တုန်းက အင်္ဂလိပ်တပ်သားတွေက စင်ကာပူကျွန်းမှာအမြှောက်ခံတပ်တစ်ခု ဖွဲ့စည်းတည်ဆောက်ခဲ့တဲ့ နေရာတစ်ခုပါ။ ပင်လယ်ဆိပ်ကမ်း အမြှောက်ခံတပ် ၁၂ခုထဲက တစ်ခုအပါအ၀င်လည်းဖြစ်ပါတယ်။ အဲ့ဒီ ခံတပ်ကို 4 hectares (10 acres) ဖြင့် အကာအကွယ် ပြုလုပ်ထားပါတယ်။ ‘Siloso’ ဆိုတာ ဖိလစ်ပိုင် အခေါ်အဝေါ်နဲ့ မနာလို သ၀န်တိုတတ်တဲ့သူ လို့ အဓိပ္ပါယ်ရပါတယ်။

၁၈၈၅ ခုနှစ်မှာ အင်္ဂလိပ်လူမျိုးတွေဟာ စည်ကားတဲ့ ကပ်ပယ်(Keppel) ဆိပ်ကမ်းတွေနားမှာ ခံတပ်တွေဆောက်လုပ်ခြင်းနဲ့ အလုပ်များနေခဲ့တယ်၊ စင်ကာပူကျွန်းရဲ့ အရှေ့ဘက်မှာရှိတဲ့ တန်ဂျုံ ကတောင်(Tanjong Katong) ခံတပ်နဲ့ အနောက်ဘက်မှာ ပူလာဘရန်နီ(Pulau Brani) ၊ စီလင်စင်း (Silinsing)ခံတပ်နဲ့ တာရာဂါ(Teregah) ခံတပ်တွေကို ဆောက်လုပ်ခဲ့တယ်။

အဲဒီအထဲမှာတော့ စီလိုဆို(Siloso) ခံတပ်ကဖြင့် အဲ့ဒီအချိန်မှာ ထင်ရှားခဲ့တယ်။ Fort Siloso ဆိုတာ စင်ကာပူရဲ့ ပင်လယ်ကမ်းခြေ ခံတပ်တစ်ခုဖြစ်တဲ့အပြင် အင်္ဂလိပ်လူမျိုးတွေဟာ Sentosa ကျွန်းပေါ်မှာ ရှေးဟောင်းအကျဆုံး စစ်တပ်ပုံစံ တည်ဆောက်ထားတဲ့ ခံတပ်နေရာတစ်ခုဖြစ်ပါတယ်။Sentosa ကျွန်းကို ရှေးယခင်က Pulau Blakang Mati ကျွန်းလို့ခေါ်ဝေါ်သုံးစွဲခဲ့ဖူးတယ်။ အင်္ဂလိပ်လူမျိုးတွေဟာ အဲ့ဒီကျွန်းကို မဟာဗျူဟာအရ အရေးပါကြောင်းကို ၁၈၀၀ ခုနှစ်မတိုင်ခင်ကတည်းက သိရှိပြီးဖြစ်ပါတယ်။ ဒါပေမယ့် စူးအက်တူးမြောင်းဖောက်လုပ်ပြီးတဲ့အချိန်အထိ တည်ဆောက်မှု အနည်းငယ်သာ ပြုလုပ်ခဲ့တယ်။

၁၉ရာစုနှစ်ကုန်ပိုင်းမှာ စင်ကာပူဟာ အကြီးကျယ်ဆုံး စီးပွားဖြစ် ဆိပ်ကမ်းမြို့တော်တစ်ခုဖြစ်တဲ့အပြင် သဘောင်္ကုန်သည်တွေနဲ့ ဘုရင့်ရေတပ်အတွက် အရေးကြီး အားထားရတဲ့ မဟာမိတ်နေရာတစ်ခုလည်းဖြစ်လာပါတယ်။

ခံတပ်တွေ၊ စစ်စခန်းတွေ အများကြီးရှိတဲ့အထဲမှာ sentosa ကျွန်းပေါ်မှာရှိတဲ့ စီလိုဆို(Siloso) ခံတပ်ဟာ မူလအတိုင်းတည်ရှိနေတဲ့ ခံတပ်ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်း စင်ကာပူအစိုးရက sentosa ကျွန်းကို အပန်းဖြေစခန်းတစ်ခုအဖြစ် ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်ပြီး စီလိုဆို(Siloso) ခံတပ်ကိုလည်း သမိုင်းဝင်နေရာတစ်ခုအဖြစ် ပြောင်းလဲလိုက်ပါတယ်။ မူလ လက်ရာမပျက်ဘဲ နဂိုအတိုင်းရှိနေတဲ့ စီလိုဆို(Siloso)ခံတပ်ကို ၁၉၇၅ခုနှစ်မှာ အများပြည်သူ၊ ကမ္ဘာလှည့်ခရီးသည်တွေ အတွက် ဖွင့်လှစ်ခဲ့တယ်။

စင်ကာပူကျွန်းမှာရှိတဲ့ အင်္ဂလိပ်စစ်တပ်ဟာ ပထမကမ္ဘာစစ်အတွင်း စစ်မဆင်နွှဲလိုက်ရပါဘူး။ ဒုတိယကမ္ဘာစစ်ဖြစ်တဲ့အချိန်မှ စီလိုဆို(Siloso)ခံတပ်ဟာ ဂျပန်တွေရဲ့ လေကြောင်းမှာ ဗုံးကြဲမှုတွေကို အကြိမ်ကြိမ်ခံခဲ့ရတယ်။ အင်္ဂလိပ်တွေဟာလည်း သူတို့ရဲ့ ရှိသမျှအင်အားကို စင်ကာပူကျွန်းမှာ ဖြည့်ဆည်းခဲ့ရတယ်။ ဆိပ်ကမ်းအနီးမှာရှိတဲ့ ဂျပန်ဘုရင်တပ်သဘောင်္များကိုလည်း ပစ်ခတ်နစ်မြုပ်ခဲ့တယ်။ စီလိုဆို(Siloso) ခံတပ်ဟာ ဂျပန်လက်ထဲ ကျမသွားအောင် အစွမ်းကုန်ကြိုးစားခဲ့ရတယ်။ နောက်ဆုံးမှာ ဂျပန်တွေ စစ်ရေးနိမ့် လက်နက်ချသွားပြီး စစ်ပြေငြိမ်းရေး စာချုပ်ချုပ်ဆိုကာ စီလိုဆို(Siloso) ခံတပ်မှာပဲ စစ်စခန်းချခဲ့ကြပါတယ်။

ဒါက အဲ့ဒီနေရာကို ကားနဲ့ အရင်သွားရပါတယ်။ ပြီးမှ အဲ့ဒီကနေ ဇုန် ၃ခုခွဲထားပါတယ်။ အ၀ါဇုန်၊ အနီဇုန်၊ အပြာဇုန်ရယ်ဆိုပြီး ဇုန်တွေ ခွဲထားပြီး သွားလေ့လာလို့ရတယ်လေ။ ပထမဆုံး ၀ိုင်းရောက်ခဲ့တာကတော့ အ၀ါဇုန်ပါ။ အဲ့ဒီထဲမှာ စတင်လေ့လာမယ်ဆိုရင် ၃၅မိနစ်၊ အနီဇုန်ဆိုရင် ၄၅ မိနစ်နဲ့ အပြာဇုန်ဆိုရင် မိနစ် ၄၀ဆီ အသီးသီးကြာမြင့်ပါတယ်။ အနည်းဆုံး အချိန် ၂နာရီ ပေးနိုင်ရင် ရပါပြီ။


ပထမဆုံး စတင်ရောက်သွားတဲ့နေရာကတော့ Battery Command Post ဆိုတဲ့ ခံတပ်ကနေ ပင်လယ်ဘက်က လာမယ့် အမြောက်ရန်တွေကနေ ကာကွယ်ပေးနိုင်ဖို့အတွက် အမိန့်ပေးတဲ့နေရာပါ။ အဲ့ဒီထဲကို ရောက်သွားပြီဆိုရင် 1942ခုနှစ်တုန်းက စစ်ဖြစ်ကာလအတွင်း ဖြစ်ပွားခဲ့တဲ့ အမြောက်အသံတွေကို ထည့်ပေးထားပါတယ်။


ဒါကတော့ မြေအောက်ကနေ ခဲယမ်းမီးကျောက်တွေကို သယ်ပေးတဲ့ ၀န်ချီစက်ပါ။



အမြောက်ကျည်ဆံတွေကို အခုလိုသယ်ဆောင်ပြီး မြေအောက်ထဲမှာ သိမ်းထားကြခဲ့တဲ့ပုံတွေပါ။


စစ်ပွဲမှာ အမြောက်နဲ့ပစ်ဖို့ အဆင်သင့် ပြင်နေကြတာလေ။



ဒါကတော့ တဖက်ရန်သူကနေ ပစ်ခတ်လာမယ့် ဗုံးရန်တွေကနေ ကာကွယ်နိုင်ဖို့ အမြောက်ကျည်ဆန်တွေသိမ်းထားတဲ့နေရာပါ


ရှေးဟောင်းမီးအိမ်နဲ့ မီးအိမ်တွေကို ထိန်းသိမ်းထားတဲ့နေရာပါ။


ဒုတိယကမ္ဘာစစ်အတွင်း ရန်သူတွေကို တွန်းလှန်ကာကွယ် ခုခံနိုင်ဖို့အတွက် ဖွဲ့စည်းလိုက်တဲ့ အထူးပြောက်ကျားတပ်သား အဖွဲ့ Force 136 နဲ့
အဲ့ဒီအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ တပ်သား Lt. Yuen Wai Cheong


စစ်ဖြစ်ကာလအတွင်း စားနပ်ရိက္ခာတွေ သိုလှောင်ထားပုံ၊ စတိုခန်း၊ ရေလှောင်ကန်နဲ့ စားနပ်ရိက္ခာတချို့


သင်္ဘောပေါ်မှာ နေထိုင်ရတဲ့ စစ်သားတွေရဲ့ဘဝ

စစ်ဗိုလ်ချုပ်ကြီး နေတဲ့ အခန်းတဲ့ အိပ်တင် ကုတင်နေရာ

စစ်သားတွေနေတဲ့ စစ်တန်းလျား (Barrack room)


Laundry Room & Taylor Room


Cook House

12 pounder QF Gun (1942)

17th & 18th Century of Malayan Canons

Parbuckling (အမြောက်တွေကို တောင်ကုန်းပေါ်သယ်တဲ့အခါ အောက်ဖက်တွင်သစ်သားတုံး၊ကြိုး၊ လုံးဝန်းသော ပင်စည် (ပုံတွင်မြင်ရသည့်အတိုင်း) စသည်တို့ဖြင့် အသုံးပြုရွေ့လျားစေခြင်း)


အသုံးမပြုသော အမြောက်တချို့



တောင်ကုန်းပေါ်ကနေ လှမ်းမြင်နေရတဲ့ Labrador Park


ဂျပန်တွေ အရေးနိမ့်လို့ လက်နက်ချ အညံ့ခံတဲ့နေရာ (Surrender Chambers)



British surrender - ford motors boardroom (15th Feb 1942)
Janpanese Delegation - 11 person , British Delegation - 4 person (total 15 persons)


ဂျပန်နဲ့ အင်္ဂလိပ်တို့ စစ်ပြေငြိမ်းရေး သဘောတူစာချုပ်ချုပ်ဆိုနေစဉ်



Supreme allied commander S.E.A (Admiral Lord Louis MountBatten)



လက်မှတ်ထိုးအခမ်းအနားပြီးနောက် ပြည်သူလူထုနှင့်အတူ အောင်ပွဲခံပွဲ တက်ရောက်နေတဲ့ MountBatten

စီလိုဆို(Siloso) ခံတပ်ရဲ့ ကျော်ကြားလှတဲ့ ဒဏ္ဍာရီလေးတစ်ခုကတော့ အဲ့ဒီခံတပ်မှာရှိတဲ့ အမြောက်တွေဟာ ဒုတိယကမ္ဘာစစ်မှာ ရန်သူဂျပန်တပ်တွေကို တစ်ချက်မှ မပစ်ခတ်လိုက်ရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စီလိုဆို(Siloso) ခံတပ်ဟာ ရေကြောင်းတိုက်ပွဲအတွက် ပင်လယ်ပြင်ဘက်ကို မျက်နှာမူပြီး တည်ဆောက်ထားခဲ့တာပါ။ တကယ်တော့ ဂျပန်တွေဟာ စင်ကာပူကျွန်းကို ၀င်ရောက်သိမ်းပိုက်တာဟာ ကုန်းပိုင်းကနေသာ ၀င်ရောက်ခဲ့တာလေ ဒါကြောင့် အမြောက်တွေဟာ ကုန်းတွင်းဘက်ကိုလှည့်ပြီး ပစ်ခတ်နိုင်စွမ်းမရှိခဲ့ဘူးလို့ သိခဲ့ရပါတယ်။





Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ