ကိုကြီးဇော် ( မုန်တိုင်း )
ဗဟုသုတဘဏ်
this site the web
1750.. သမီး ဖြစ်သူအား မုဒိမ်း ကျင့်သည့် အမျိုးသား ကိုဖမ်းမိ
                      ဆ်ာဒီအာရေဗျ နိုင်ငံတွင် သမီးဖြစ်သူအား မုဒိမ်းကျင့်ခဲ့သည့် အမျိုးသား တစ်ဦးအား ကြိမ်ဒဏ် အချက်ပေါင်း ၂၀၈၀ ရိုက်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
                  ဆော်ဒီ သတင်းစာ တစ်စောင်က အဆိုပါ အမျိုးသားသည် ယင်းကြိမ်ဒဏ်အပြင် ထောင်ဒဏ် ၁၃ နှစ်ကိုလည်း သီးခြားချမှတ် ခံရကြောင်း ဖော်ပြခဲ့သည်။ ဘာသာရေးအရ မြင့်မြတ်သော မက္ကာမြို့ရှိ တရားရုံးက အဆိုပါ အမျိုးသားသည် ဆယ်ကျော်သက်အရွယ် သမီးရင်း ကို ၇ နှစ်သမီး ကတည်းက မုဒိမ်းကျင့်လာကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။
မူးယစ်ဆေး သုံးစွဲပြီးနောက် သမီးရင်းကိုပင် ပြုကျင့်ခဲ့သည့် အမျိုးသား၏ အမည်ကိုမူ Okaz သတင်းစာက မဖော်ပြခဲ့ချေ။
                   ဆော်ဒီ ဘာသာရေး ရဲများက မိန်းကလေး၏ ဦးလေးတော်စပ်သူက အဆိုပါ ကိစ္စကို ရာဇဝတ်မှုအနေနှင့် တိုင်ကြားခဲ့ကြောင်း ပြောကြားသွားသည်။ ဆော်ဒီတွင် ဘာသာရေးအရ ချမှတ်သော ပြစ်ဒဏ်များအနက် ကြိမ်ဒဏ်သည်လည်း အပါအ၀င်ဖြစ်သည်။
                 ဆော်ဒီတွင် မွတ်ဆလင် ဘာသာရေးအရ စည်းမျဉ်းများ သတ်မှတ်အုပ်ချုပ်နေပြီး ယခုပြစ်မှုကို ဘာသာရေးရှုထောင့်မှ စီရင်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 
2,080 lashes for Saudi rapist dad
An official Saudi newspaper says a man convicted of raping his daughter has been sentenced to receive 2,080 lashes over the course of a 13-year prison term.
The court in the holy city of Mecca found the man guilty of raping his teenage daughter for seven years while under the influence of drugs.
The Okaz newspaper reported on Saturday that the man will receive the lashes in stages throughout his prison sentence. The man's name was not published.
Saudi religious police say the girl's uncle tipped them off to the crime.
Lashing is one of the penalties available to the clerics who serve as judges in Saudi Arabia and issue rulings according to the kingdom's strict interpretation of Islamic law.
Labels: ,
Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်
မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
1 comments
1739.. လိင် ဒီပလိုမာလက်မှတ်​​ပေး​​သည့်​​ ကမ္ဘာ့ ပထမဆုံး​​​ ကျောင်း
sex school
            ဩစတြီး​​ယား​​ရှိ ​​ဗီယင်နာမြို့ ​​တွင် ဖွင့်​​လှစ်​​သော လိင်သင်တန်း​​​ကျောင်း​​သည် ​​ကျောင်း​​သူ ​​ကျောင်း​​သား​​များ​​အား​​ ချစ်မှု​​ရေး​​ရာနှင့်​​ ပတ်သက်၍ မည်သို့​​မည်ပုံ တတ်ကျွမ်း​​ရမည်ကို အထူး​​ပြု သင်ကြား​​​ပေး​​မည်ဖြစ်သည်။
             စာသင်နှစ် တစ်နှစ်အတွက် ကုန်ကျစရိတ်သည် ​​ပေါင်စတာလင် ၁၄၀၀ မျှ ရှိမည်ဖြစ်သည်။ ​​ကျောင်း​​သူ ​​ကျောင်း​​သား​​များ​​သည် အ​​ဆောင်များ​​တွင် သီး​​သန့်​​ ​​ရော​​နှော​​နေပြီး​​ ၎င်း​တို့​​၏ အိမ်စာများ​​ကို လက်​​တွေ့​​ ပြုလုပ်ရမည်ဖြစ်သည်။ 
Yes, there are practical lessons: World's first sex school opens in Austria
Most Brits think it's an activity best learned behind closed doors.
But an enterprising Swedish schoolmistress thinks otherwise.
Ylva-Maria Thompson has opened the world's first international sex school to teach its students how to be better lovers.
The Austrian International Sex School in Vienna offers 'hands on' lessons in seduction for £1,400 a term.
The 'headmistress' says anyone over the age of 16 can enrol at 'the world's first college of applied sexuality'.
Students live in a mixed sex dormitory block where they're expected to practise their homework.
And at the end of the course, they are awarded a qualification.
The new school head said: 'Our core education is not theoretical, but very practical. The emphasis is on how to be a better lover.
'Sexual positions, caressing techniques, anatomical features. And we teach people hands on.'
School spokesperson Melodi Kirsch added: 'We are confident that the school will be a great success.
Labels:
Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်
မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
1736.. ဝတ်လစ်စလစ်ပုံများ​​ ကြည့်​​ရင် ​​ ဦး​​​နှောက်စွမ်း​​​ဆောင်ရည်တိုး​​မြှင့်​​နိုင်
               မိန်း​​က​​လေး​​များ​​၏ ဝစ်လစ်စား​​လစ် ဓာတ်ပုံများ​​ကို ကြည့်​​ရှုခြင်း​​သည် ဦး​​​နှောက်၏ စွမ်း​​​ဆောင်ရည်များ​​ကို တိုး​​မြှင့်​​​ပေး​​​ကြောင်း​​ သိရှိရသည်။
             သု​​တေသီများ​​က Page 3မှ လှပ​​သော Lacey, Keeley and Rhian တို့​​ကဲ့​​သို့​​ ​​မော်ဒယ်မိန်း​​က​​လေး​​များ​​၏ အဝတ်ဗလာ ဓာတ်ပုံများ​​ကို ပြသပြီး​​ စမ်း​​သပ်ချက်အရ ဦး​​​နှောက်၏ စွမ်း​​​ဆောင်ရည်ကို လှုံ့​​​ဆော်​​ပေါ်နိုင်​​ကြောင်း​​ ​​ဖော်ထုတ်နိုင်ခဲ့​​သည်။
            ဦး​​​နှောက်၏ လျှပ်စစ်ဇီဝ စီး​​ဆင်း​​မှုများ​​သည် လှပ၍ ကြည့်​​​ကောင်း​​​သော မိန်း​​က​​လေး​​၊​ ​​ယောက်ျား​​​လေး​​ ဓာတ်ပုံများ​​ကို မြင်ရသည့်​​အခါ ပိုမိုတုံ့​​ပြန်မှု မြန်လာတတ်​​ကြောင်း​​ သိရသည်။ အကယ်၍ ဓာတ်ပုံထဲတွင် ပါ​​သော မိန်း​​က​​လေး​​များ​​ကို ​​ရေကူး​​ဝတ်စုံနှင့်​​ပုံ၊​ သို့​​မဟုတ် အဝတ်အစား​​ အပြည့်​​အစုံနှင့်​​ပုံများ​​ဖြင့်​​ ပြသပါက ဦး​​​နှောက်၏ တုံ့​​ပြန်မှုသည် အဝတ်မပါ​​သော ပုံများ​​တွင် မြင်ရချိန်ထက် ၀.၂ စက္ကန့်​​ ​​နှောင့်​​​နှေး​​​နေတတ်​​ကြောင်း​​ ​​ဖော်ထုတ်နိုင်ခဲ့​​သည်။
            ဖင်လန်နိုင်ငံ တမ်ပီရီ တက္ကသိုလ်မှ ပ​​ရော်ဖက်ဆာ Jari Hietanen က “ကျွန်​​တော်တို့​​ရဲ့​​ အချက်အလက်​​တွေက အမြင်အာရုံရဲ့​​ နှိုး​​ဆွမှုဟာ ဦး​​​နှောက်ကို သက်​​ရောက်နိုင်တယ်ဆိုတာ ပထမဆုံး​​အကြိမ် လက်​​တွေ့​​ပြနိုင်ခဲ့​​ပါတယ်။ အထူး​​သဖြင့်​​ လိင်နဲ့​​ဆိုင်တဲ့​​ လှုံ့​​​ဆော်မှုဟာ ဦး​​​နှောက်ရဲ့​​ တွက်ချက်မှု မြန်နှုန်း​​ကို သိသိသာသာ ဆက်စပ်သွား​​တယ်ဆိုတာ မြင်ခဲ့​​ပါပြီ”ဟု ​​ပြောကြား​​သွား​​ခဲ့​​သည်။
ADMIRING The Sun's Page 3 lovelies can speed up your mental reactions, scientists say.
The scientists discovered that looking at pics of the likes of Lacey, Keeley and Rhian makes the brain react quicker.
They experimented by showing men and women photos of naked and clothed models.
At the same time, the participants' electrical brain activity was monitored.
And their results showed that it takes less than 0.2 seconds to process the image of a naked body — much less than when models are fully clothed or wearing swimsuits.
This kick-starts the brain into evaluating other images faster too.
Boost your brainpower at Page3.com
The team's findings are good news for advertisers who use scantily-clad stunners to boost sales.
Brain responses are strongest to pictures of nude bodies, the second strongest to bodies in swimsuits, and the weakest to fully clothed bodies — so the fewer clothes the better.
Researchers reckon our ancestors evolved the fast response to nakedness to help them find a mate quickly.
Labels:
Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်
မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
1 comments
721.. ဖိုမ သဘာဝ အသိ ပညာပေး ( 2 )
ကျန်းမာရေးအတွက်ရေးသားခြင်းသာဖြစ်သည်...ညစ်ညမ်းခြင်းများမရေးပါ...
ဟိုရှေးရှေးကတည်းက ရှိခဲ့တဲ့ ရောဂါ ဖြစ်လို့ပါ။ ဘီစီ ၁၅၀၀ က အီဂျစ် Papyrus ရှေးဟောင်းစာမှာ ရင်သားကင်ဆာ လူနာ ၈ ယောက်ကို ကုသတယ်လို့ မှတ်တမ်း တင်ခဲ့တယ်။ ကင်ဆာကို နာမယ် စပေးခဲ့သူကတော့ ဆေးပညာဖခင်ကြီးလို့ သတ်မှတ်ခံရတဲ့ Hippocrates ဖြစ်တယ်။ ဘီစီ ၄၀၀ တုံးက (ဟစ်ပိုခရေးတီးစ်) ကနေ သားအိမ်ကင်ဆာ “ကုရာနတ္ထိ”လို့ ဆိုခဲ့ပါတယ်။
ဆေးပညာ မသင်ဘူးလို့ ရောဂါတွေအကြောင်း သိပ်မသိပေမဲ့၊ ဗေဒင်ကိုတော့ ပိုသိကြမယ် ထင်ပါတယ်။ ကင်ဆာ နာမယ်ဟာ ဗေဒင်ကနေ လာတာပါ။ ဇွန် ၂၁ ကနေ ဇူလိုင် ၂၂ ရက်အတွင်း မွေးဖွါးသူတွေရဲ့ ဆယ့်နှစ်ရာသီခွင် ရုပ်ဟာ မြန်မာလို ပုဇွန်လုံး (ကရကဋ်)၊ အင်္ဂလိပ်လို Cancer zodiac sign 'The Crab' မဟုတ်ပါလား။ ဗေဒင်ဟောရရင် သူတို့ဟာ စိတ် သိပ်လှုတ်ရှားသူတွေပေါ့။ ဒီအရုပ်နဲ့ ကင်ဆာ ဘယ်လို ဆက်စပ်သလဲ။ အရုပ်ကို သေသေခြာခြာ ကြည့်ပါ။ ခြေထောက်တွေ အများကြီး မဟုတ်လား။ ကင်ဆာက အဲလိုဘဲ ဟိုရောက် ဒီရောက် သွားလွန်းလို့၊ ဖြစ်တဲ့နေရာတွင် မကဘဲ ကူးစက်စေတဲ့ အဓိပ္ပါယ်ကို ဖေါ်ညွှန်းတာ ဖြစ်ပါတယ်။
အိန္ဒိယမှာ Chaini Khaini (ခိုင်နီး)ဆိုတဲ့ ငုံဆေးကို ရောင်းတဲ့အခါ ကင်ဆာအန္တရာယ်ရှိတယ်လို့ သိစေအာင် အရုပ်ကိုပါ ပုံနှိပ်ပြီးမှ ရောင်းစေတယ်။ လွဲနေတာက ပုဇွန်လုံးရုပ် မဟုတ်ဘဲ ကင်းမြီးကောက် ဖြစ်နေတယ်။ ကင်းမြီးကောက် Scorpio ဆိုတာကလဲ ဆယ့်နှစ်ရာသီခွင် ရုပ်ဖြစ်တယ်။ ဒီလူမျိုးတွေက အောက်တိုဘာ ၂၃ နဲ့ နိုဝင်္ဘာ ၂၂ ကြား ဖွါးသူများပါ။ ဗေဒင်အရ ပဋိပက္ခနဲ့ မွေးလာသူတွေလို့ ဆိုပါတယ်။ အဝေးကြီး သွားရှာစရာ မလိုဘူးနော်။ သိပ်မလွဲဘူးလို့တော့ ပြောရမလား၊ Scorpion ဆိုတာကလဲ လူကို သေစေတဲ့ အဆိပ်ရှိ အကောင်ဘဲ။
အမျိုးသမီးများမှာ အဖြစ်များတာတွေက ရင်သားကင်ဆာ၊ အဆုပ်ကင်ဆာ၊ အူမကြီးကင်ဆာလို့ သတ်မှတ် ရာကနေ အခု သားအိမ်အ၀ကင်ဆာဟာ ဒုတိယနေရာ ရောက်လာပြီ။ သေစေတတ်တဲ့ ကင်ဆာမှာတော့ နံပါတ် ၅ လိုက်တယ်။ အမျိုးသမီး ၁ သိန်းမှာ ၁၆ ယောက်ဖြစ်ပြီး၊ ၉ ယောက် သေဆုံးရတယ်။ တနှစ် သန်းတ၀က် ဖြစ်နေပြီး၊ ၂ သိန်းခွဲကျော် သေနရပါသတဲ့။
အီဂျစ်သမိုင်းမှာ ရင်သားကင်ဆာကို မှတ်တမ်းတင်နိုင်ခဲ့တာက အပြင်ကနေ စမ်းကြည့်လို့ ရတာကြောင့် ဖြစ်မယ် ထင်တယ်။ မှန်ပါတယ် ရင်သားမှာ အလုံး-အကြိတ် ရှိ-မရှိ ကိုယ့်ဖါသာကိုယ် စမ်းတဲ့နည်းရှိတယ်။ သားအိမ်အ၀ဆိုတာက မမြင်ကွယ်ရာ ဟို အထဲထဲမှာ ရှိတာကိုး။ သားအိမ်ရဲ့ ပါးစပ်လို အ၀ (အပေါက်) မှာ ဖြစ်ရတာ။ သားအိမ်အ၀ ကင်ဆာက အသက်ကြီးမှ ဖြစ်တာ များတယ်။ အသက် ၂၀ အောက်မှာ အနည်းဆုံး ဖြစ်ပြီး။ ၄၅ ကနေ ၅၅ အထိအရွယ်မှာ အများဆုံးဖြစ်တယ်။ ဒါပေမဲ့ Jade Goody ဆိုတဲ့ ဗြိတိန်က တီဗွီ မင်းသမီးဟာ ဒီရောဂါနဲ့ဆုံးတော့ အသက် ၂၇ နှစ်ဘဲ ရှိသေးတယ်။
ကင်ဆာမှန်သမျှ ဘာ့လို့ဖြစ်ရတယ်ဆိုတာ တိတိကျကျ မသိကြရသေးပါ။ တချို့ အမျိုးအစားတွေမှာတော့ (ဗိုင်းရပ်စ်) လို့ သိနေရပါပြီ။ ၁၉၈၀ ကျမှ သားအိမ်အ၀ကင်ဆာရဲ့ တရားခံဟာ Human Papilloma Virus (HPV) လို့ သိလာခဲ့တယ်။ (HPV) ဆိုတာ သားအိမ်အ၀ ကင်ဆာ နှစ်မျိုးထဲက တမျိုးကို ဖြစ်စေပါတယ်။ သူ့ကြောင့် ဆိုရင်တော့ လိင်ဆက်ဆံတာကနေ ကူးစက်နိုင်တယ်။ မွေးလမ်းမှာ ကြွက်နို့ဖြစ်တာနဲ့လဲ ဆိုင်တယ်။
အများအားဖြင့် စောစောပိုင်းမှာ ဘာလက္ခဏာမှ မပေါ်လို့ ကင်ဆာ ရှိနေမှန်း မသိနိုင်ဘူး။ အချိန်အခါမဟုတ် မွေးလမ်းကနေ သွေးဆင်းတာ။ သွေးဆုံးပြီးမှ သွေးဆင်းတာ။ အတူနေပြီး သွေးဆင်းလာတာ။ အတူနေတုံး ထူးပြီး နာကျင်တာ။ သွေးမဟုတ်ဘဲ အရည်ဆင်းတာ။ အနံ့ဆိုးထွက်တာမျိုးလဲ ရှိနိုင်တယ်။ အဖြူ၊ ပန်းရောင်၊ အနီရောင်၊ အညိုရောင်တွေလဲ ဆင်းတတ်တယ်။
သိပ်မဆိုးတာက သားအိမ်အ၀ကင်ဆာဟာ စောစောစီစီး မကူးတတ်ဘူး။ ပုဇွန်လုံးက အသွားနှေးတယ် မဟုတ်လား။ နောက်ဆက်ဖြစ်ရင် သားအိမ်ကနေ ဘေးကူးပြီ။ ကူးရင်လဲ အနီးအနားများတယ်။ အဝေးသွားရင် သွေးပြန်ရည်လမ်း ကနေကူးတယ်။ နောက်ပိုင်း ရောက်လာရင်တော့ အစားပျက်၊ အားယုတ်၊ ပိန်လာမယ်၊ တင်ပါးဆုံတွင်းက နာမယ်၊ ခြေထောက်နာ-ယောင်၊ ဆီးလမ်း၊ ၀မ်းသွားလမ်း ထိခိုက်၊ အရိုးနာတာတွေ ဖြစ်လာနိုင်တယ်။
လူ-တိရစ္ဆာန်-သစ်ပင် သက်ရှိတွေရဲ့ အသေးဆုံးအစိတ်အပိုင်း တခုကို Cell (ဆဲလ်) လို့ခေါ်တယ်။ အရေပြား၊ ကြွက်သား၊ အရိုး စသဖြင့် (ဆဲလ်) အမျိုးမျိုးရှိတယ်။ (ဆဲလ်) မှန်သမျှ အသစ် ဖြစ်လာကြ၊ ကြီးရင့်လာကြ၊ နောက်ဆုံး သေကြတယ်။ “အနိစ္စ အမြဲမရှိ၊ ဖေါက်ပြန် ပျက်စီးသည့် သဘောရှိ၏” ဆိုတာ ဆေးသိပ္ပံ အလိုအရပါ မှန်တယ်။
(ဆဲလ်)တွေ အသစ်ပေါက်ဘို့ မလိုဘဲ ပေါက်လာရင်၊ ဒါမှမဟုတ် သေရမဲ့(ဆဲလ်)က မသေတာမျိုး ဖြစ်လာရင် Lump (Tumor) အကြိတ် (အလုံး) နှစ်မျိုးထဲက တခုခုဖြစ်လာမယ်။ တခုကတော့ ကင်ဆာ။ တမျိုးက ကင်ဆာ မဟုတ်တဲ့ အကြိတ်။
အဲလို မူမမှန်တဲ့ (ဆဲလ်)တွေ ဖြစ်နေ-မနေ သိအောင် Pap smear လုပ်ရတယ်။ Pap နည်းဆိုတာက ၁၉၂၈ ကတည်းက စပေါ်တယ်။ Pap test စမ်းလို့ မကောင်းတာ တွေ့ရပေမဲ့ ရောဂါဟုတ် မဟုတ် စမ်းလို့ သေခြာမှ ကင်ဆာ ခေါ်တယ်။ ကင်ဆာ မဖြစ်သေးတဲ့ အဆင့်ကို Dysplasia လို့ ခေါ်တယ်။ ယောက်ျားတွေကို HPV ပိုး ရှိမရှိ စစ်ဆေးလို့ မရသေးပါ။
Pap smear နဲ့ ဆရာဝန်ပြတာကို အသက် ၂၀ ကျော်တွေ ၁ နှစ် တခါ မှန်မှန်လုပ်သင့်တယ်။ Pap test က ကောင်းနေယုံ နဲ့တော့ မရှိဘူးလို့ ရာနှုန်းပြည့် မပြောနိုင်ပါ။ ရောဂါရှိမှန်း သေခြာအောင် မွေးလမ်းကြောင်း စစ်ဆေးတာနဲ့ စရတယ်။ ကြည့်တာနဲ့ကို အနေအထား ပြောင်းနေတာ မြင်ရတယ်။ သေခြာအောင် အသားစ ဖြတ်ယူပြီး၊ ဓါတ်ခွဲခမ်းမှာ မှန်ဘီလူးနဲ့ စစ်ဆေးရတယ်။ Biopsy ခေါ်တာပေါ့။
ရောဂါကို နှိမ်နင်းဘို့ဆိုတာ လူတွေကို အသိရှိနေအောင် Awareness လုပ်တာဟာ အရေးပါတယ်။ Screening ခေါ်တဲ့ လူတွေကို အစုလိုက် Pap smear လုပ်ပေးရင် ရောဂါဖြစ်တာကို အစောကြီးသိရတယ်။ ကောင်းကောင်း ကုပေးနိုင်လို့ အသေအပျောက် အတော်နည်းလာတယ်။ မြန်မာပြည်မှာ အမျိုးသမီး ၁၀၀၀ ကို Pap Smear စစ်တမ်း ကောက်ယူ စစ်ဆေးခဲ့ဘူးတယ်။ အဲဒီမှာ သားအိမ်အ၀ကင်ဆာ ဖြစ်စပြုနေသူ ၅ ယောက်ကို တွေ့ရှိခဲ့ရတယ်လို့ ၈-၄-၁၉၇၀ ရက်နေ့မှာ ကျင်းပတဲ့ မြန်မာနိုင်ငံ ဆေးသုတေသန ဆွေးနွေးပွဲမှာ တင်ပြခဲ့ဖူးတယ်။
ကင်ဆာတွေထဲမှာ ကာကွယ်ဆေးရယ်လို့ရှိတာ ဒီရောဂါပါ။ ၂၀၀၆ ခုနှစ်မှာ အမေရိကန် FDA ကနေ အသိအမှတ် ပြုခဲ့တဲ့ ကာကွယ်ဆေးကို Gardasil လို့ခေါ်တယ်။ နောက်တမျိုးကတော့ Cervarix ပါ။ သားအိမ်အ၀ကင်ဆာ ၇၀% ကိုဖြစ်စေတဲ့ HPV နှစ်မျိုးအပြင် တခြား လိင်ကတဆင့် ကူးစက် ရောဂါတွေကိုပါ ကာကွယ်နိုင်တယ်။ ၉၂-၉၈% ထိရောက်တယ်။ သူများတိုင်းပြည်တွေမှာတော့ လိင်ဆက်ဆံတာမျိုးနဲ့ မကြုံနိုင်သေးတဲ့ အသက် ၉ နှစ်သမီးကနေ ၂၆ နှစ်အရွယ် မိန်းကလေးတွေကို ပြစ်မှတ်ထားပြီး ထိုးပေးတယ်။ မုဒိတာပွါးပါလေ။ ကိုယ့်ဆီအတွက် ခက်တာက ဆင်းရဲသူတွေ အဖြစ်များရတဲ့အထဲ ဆေးဈေးက ကြီးလှတယ်။
ကျန်းမာရေး (ဘလော့ခ်)မှာ ဒီရောဂါအကြောင်း တင်တုံးက ပြည်တွင်းက ဆရာဝန်တဦးကနေ (ကွန်မင့်)မှာ ရေးလာတာတခု ရှိတယ်။ “မြန်မာနိုင်ငံမှာ HPV ကာကွယ်ဆေးထိုးဘို့ အခက်အခဲတွေ ရှိနေပါတယ်။ လူအများစုက အဲဒီ ဗဟုသုတ နည်းနေကြပြီး၊ ဆေးတလုံး ကျပ် ၅ သောင်းလောက် ပေးနေရတယ်။ အစိုးရက ဖြစ်ဖြစ် အစိုးရမဟုတ်တဲ့ အဖွဲ့များကဖြစ်ဖြစ် တာဝန်ယူ ဆောင်ရွက်ပေးနိုင်ရင် သားအိမ်အ၀ ကင်ဆာ ဖြစ်ရတာကို အတော်ကြီး ကယ်တင်နိုင်မယ်”။ နောက်ဆရာတယောက် ရေးတာကတော့ “ဆေးတလုံးကို ၈၆၀၀၀ ကုန်ကျပြီး၊ စုစုပေါင်း ၃ လုံးထိုးရင် ကျပ်ငွေ ၂ သိန်း၊ ၄ ထောင် ကျပါတယ်”။
ရောဂါဖြစ်ရင် ၁-၂-၃-၄ ဆိုပြီး၊ အဆင့်တွေ သတ်မှတ်ထားတယ်။ ကုသတဲ့အခါလဲ အဆင့်လိုက် ကုရတယ်။ စောစောသိ၊ ချက်ချင်းကုရင် ပျောက်ပါတယ်။ အဆင့် ၁ ကို သားအိမ်ထုတ်ပေးရတယ်၊ သားအိမ်ဘေးက သွေးပြန်ရည် အကြိတ်တွေကိုပါ ထုတ်ရတာလဲရှိတယ်။ ကလေး ရချင်သေးသူများဆိုရင် (LEEP) နည်း လုပ်ပေးရတယ်။ အဆင့်၁ နောက်ပိုင်း ရောက်နေရင် အားလုံးကုန်ထုတ်နည်း နဲ့ ဓါတ်ကင်တာ လုပ်ပေးတယ်။ အဆင့် ၂ ရောက်နေရင် ဓါတ်ကင်တာနဲ့ ဆေးဝါးနဲ့ ကုပေးတာ ရောတယ်။ တချို့လဲ ခွဲစိတ်တာပါ လုပ်ရတယ်။ ၂၀၀၆ ကတည်းကသုံးနေတဲ့ဆေး ၂ မျိုးကတော့ Hycamtin နဲ့ Cisplation တို့ဖြစ်တယ်။
ကင်ဆာလူနာမှန်သမျှ ၅ နှစ်အထိ အသက်ရှင်သူ ရာနှုန်းဘယ့်လောက်ရှိလဲ ဆိုတာနဲ့ အဆိုးအကောင်း ခွဲခြား သတ်မှတ်တယ်။ အဆင့်စောလေ ကောင်းလေ။ အဆင့် ၁ ဆိုရင် ၈၀-၉၀%။ ၂ တွေက ၆၅-၇၀%။ ၃ က ၂၅-၃၀% နဲ့ နောက်ကျတဲ့ ၄ က ၁၅% ဖြစ်တယ်။
ပြည်တွင်းထုတ် မဂ္ဂဇင်းတခုမှာ ရေးတာရှိတယ်။ သားအိမ်ခေါင်းလို့ သုံးနှုံးတယ်။ “ကိုယ့်လူက ပါးစပ်ထဲ လက်ထည့်ရင်တောင် မကိုက်တတ်ဘူး” လို့ပြောပြီး၊ ရောဂါလက္ခဏာ ပေါ်လာသူ အမျိုးသမီးတွေ ဒုနဲ့ဒေး။ ပါတနာ (သို့) ခင်ပွန်းက ပျော်ပါးလို့ ဘဝနစ်မွန်းခဲ့ရတဲ့ အမျိုးသမီးတွေလဲ ရှိသလို ပါတနာ (သို့) ခင်ပွန်းကို အကြွင်းမဲ့ ယုံကြည်မိလို့ နောက်ဆုံး ဓားစာခံဖြစ်သွားတဲ့ အမျိုးသမီးတွေလဲ တပုံကြီးပါ။ တိုးတက်လွန်းပြီး၊ စိတ်မချရတဲ့ ခေတ်ကြီးထဲမှာ ဘယ်သူ့ ဘယ်သူကိုမှ ယုံဖို့ မခက်ပေဘူးလား” တဲ့။
ကွန်ဒွန်း (Condoms) သုံးတာ ဒီရောဂါအတွက်ပါ ကောင်းတယ်။ တကယ်လို့ အဖေါ်မှာ ကြွက်နို့ရှိနေရင် ဆက်ဆံဘို့ ငြင်းသင့်တယ်။ သားအိမ်အ၀ကင်ဆာဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ လိင်ဆက်ဆံသူတွေ အဖြစ်များလို့ ဆယ်ကျော်သက်များ သတိထားကြပါ။ ကလေး အမွေးများသူတွေမှာလဲ ပိုဖြစ်တတ်လို့ မိသားစုစီမံကိန်း လုပ်ကြပါ။ ဆင်းရဲ နွမ်းပါးသူတွေမှာ ပိုဖြစ်ကြရတယ်။ ချမ်းချမ်းသာသာ နေနိုင်အောင် ဒုတိယ-တတိယနိုင်ငံများ သွားချင် သွားပါလေ။ အဖေါ်များများနဲ့ လိင်ဆက်ဆံသူတွေမှာ အဖြစ်များလို့ အတူနေအဖေါ် နည်းနိုင်သမျှ နည်းသင့်တယ်။ တလင်-တမယားစနစ်ကို အလေးအနက် ပြန်ထားသင့်နေပြီ။
source:Dr.Tint Swe
Labels: , , ,
Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်
မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments
KKZ Myanmar Unicode Keyboard
Mone Tine On Android
►Version 1.1
►Version 1.0
MoneTineKeyboard
Like လုပ်ထားနိုင်ပါတယ်
Mone Tine Knowledge Bank
Labels
အောက်ကကြေငြာလေးကလစ်ပေးပါဦး
Usage Policies
သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )
ကျေးဇူးတင်ပါတယ် မုန်တိုင်း
ကျန်းမာကြပါစေ