this site the web

1750.. သမီး ဖြစ်သူအား မုဒိမ်း ကျင့်သည့် အမျိုးသား ကိုဖမ်းမိ

 
                      ဆ်ာဒီအာရေဗျ နိုင်ငံတွင် သမီးဖြစ်သူအား မုဒိမ်းကျင့်ခဲ့သည့် အမျိုးသား တစ်ဦးအား ကြိမ်ဒဏ် အချက်ပေါင်း ၂၀၈၀ ရိုက်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

                  ဆော်ဒီ သတင်းစာ တစ်စောင်က အဆိုပါ အမျိုးသားသည် ယင်းကြိမ်ဒဏ်အပြင် ထောင်ဒဏ် ၁၃ နှစ်ကိုလည်း သီးခြားချမှတ် ခံရကြောင်း ဖော်ပြခဲ့သည်။ ဘာသာရေးအရ မြင့်မြတ်သော မက္ကာမြို့ရှိ တရားရုံးက အဆိုပါ အမျိုးသားသည် ဆယ်ကျော်သက်အရွယ် သမီးရင်း ကို ၇ နှစ်သမီး ကတည်းက မုဒိမ်းကျင့်လာကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။
မူးယစ်ဆေး သုံးစွဲပြီးနောက် သမီးရင်းကိုပင် ပြုကျင့်ခဲ့သည့် အမျိုးသား၏ အမည်ကိုမူ Okaz သတင်းစာက မဖော်ပြခဲ့ချေ။

                   ဆော်ဒီ ဘာသာရေး ရဲများက မိန်းကလေး၏ ဦးလေးတော်စပ်သူက အဆိုပါ ကိစ္စကို ရာဇဝတ်မှုအနေနှင့် တိုင်ကြားခဲ့ကြောင်း ပြောကြားသွားသည်။ ဆော်ဒီတွင် ဘာသာရေးအရ ချမှတ်သော ပြစ်ဒဏ်များအနက် ကြိမ်ဒဏ်သည်လည်း အပါအ၀င်ဖြစ်သည်။

                 ဆော်ဒီတွင် မွတ်ဆလင် ဘာသာရေးအရ စည်းမျဉ်းများ သတ်မှတ်အုပ်ချုပ်နေပြီး ယခုပြစ်မှုကို ဘာသာရေးရှုထောင့်မှ စီရင်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

2,080 lashes for Saudi rapist dad


An official Saudi newspaper says a man convicted of raping his daughter has been sentenced to receive 2,080 lashes over the course of a 13-year prison term.

The court in the holy city of Mecca found the man guilty of raping his teenage daughter for seven years while under the influence of drugs.
The Okaz newspaper reported on Saturday that the man will receive the lashes in stages throughout his prison sentence. The man's name was not published.
Saudi religious police say the girl's uncle tipped them off to the crime.
Lashing is one of the penalties available to the clerics who serve as judges in Saudi Arabia and issue rulings according to the kingdom's strict interpretation of Islamic law.

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

1 - ဦး မှတ်ချက်ပေးထားပါသည်

Anonymous Anonymous said...

တော်တော်ဆိုးတဲ့လူကြီးဘဲ

21/12/11 4:35 PM  

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ