အသားအရေထိန်းသိမ်းခြင်းဆိုင်ရာ အခြေခံလုပ်ဆောင်ချက်များဖြစ်ပြီး ရိုးရှင်းလွယ်ကူသော နည်းလမ်းများပဲ ဖြစ်ကြပါတယ်။ ပထမဆုံးအနေဖြင့် အသားအရေလှပချောမွတ်စေရန်အတွက် အကောင်းဆုံးမျက်နှာဆေးကြောစနစ် Cleanser တစ်မျိုးကို ရွေးချယ်အသုံးပြုရန် လိုအပ်ပါတယ်။ ထိုမျက်နှာသစ်ခရမ်ဟာ သင်၏အသားအရေနှင့် လိုက်ဖက်မှုရှိရန် လိုအပ်သလို အရေပြားအမျိုးအစားအလိုက် အသုံးပြုရန် သင့်တော်သော Cleanser ဖြစ်ရန်လည်း လိုအပ်ပါတယ်။ ထို့ကြောင့် သင့်အသားအရေနှင့် အံဝင်ဂွင်ကျဖြစ်စေမည့် Cleanser တစ်မျိုးကို စတင်ရွေးချယ်အသုံးပြုသင့်ပါတယ်။

သင့်အသားအရေကို စင်ကြယ်စွာ ဆေးကြောပေးရန်အတွက်ကတော့ ဈေးနှုန်းအရ သင့်တင့်ပြီး သင်နှစ်သက်ရာ Cleanser တစ်မျိုးကို ရွေးချယ်လိုက်ပါ။ မျက်နှာပြင်ကို ချောမွေ့စွာ သန့်စင်ပေးရန်အတွက် သာမန်ဆပ်ပြာများကို အသုံးပြုခြင်းမှ ရှောင်ကျဉ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုဆပ်ပြာအချို့ဟာ သင့်အသားအရေကို ခြောက်သွေ့စေလို့ပါပဲ။ ပြင်သစ်နိုင်ငံရှိ အလှအပရေးရာ ကျွမ်းကျင်သူအမျိုးသမီးတစ်ဦးကတော့ ဆပ်ပြာဟာ လည်ပင်းမှ ခန္ဓာကိုယ်အောက်ပိုင်းအထိသာ ဆေးကြောရန် အသုံးပြုသင့်ကြောင်း ပြောကြားခဲ့ဖူးပါတယ်။ သင်ဟာ ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်ဖြစ်ပါက သင့်အနေဖြင့် Cream အမျိုးအစား Cleanser ကို အသုံးပြုသင့်ပြီး သင့်အသားအရေဟာ အဆီပြန်တဲ့အသားအရေဖြစ်ပါက အဆီပါဝင်မှုနည်းသော Cleanser ကို ရွေးချယ်အသုံးပြုသင့်ပါတယ်။

သင်၏ မျက်နှာနှင့်ပတ်သက်၍ မကြာခဏဆိုသလို ဆေးကြောသန့်စင်ခြင်းမှ ရှောင်ရှားသင့်ပါတယ်။ မျက်နှာသစ်ခြင်းဟာ ဗက်တီးရီးယားနှင့် ဖုန်မှုန့်များကို ဖယ်ရှားပေးနိုင်ပေမယ့် ခဏခဏမျက်နှာသစ်ခြင်းကိုတော့ ရှောင်ရှားသင့်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ တစ်နေ့လျှင် မနက်တစ်ကြိမ်၊ ညတစ်ကြိမ်မျက်နှာကို စင်ကြယ်စွာ ဆေးကြောသန့်စင်ပါတယ်။ သင်ဟာ ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်ဖြစ်ပါက ပြင်သစ်နိုင်ငံထက် Pond's ကဲ့သို့ Cold Cream ကို အသုံးပြုသင့်ပါတယ်။ ဆေးကြောရာတွင်လည်း Cream အား အရင်ဆုံးမျက်နှာပြင်အနှံ့ ညင်သာစွာပွတ်လိမ်းကာ ဖြေးညှင်းစွာ ဆေးကြောသန့်စင်သင့်ပါတယ်။ အချို့သော အမျိုးသမီးများကတော့ မျက်နှာပြင်ကို ဆေးကြောရာတွင် ရေနွေးနွေးဖြင့် ဆေးကြောသန့်စင်ကြပါတယ်။ ဒါပေမယ့် ပူလွန်းအေးလွန်းသောရေများကို အသုံးမပြုသင့်ပါဘူး။
Scrub ပြုလုပ်ခြင်းဆိုတာဟာ သင့်အသားအရေချောမွေ့စေဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ သာမန်အားဖြင့် တစ်ပတ်တစ်ခါဆိုသလို သင့်မျက်နှာနှင့် အသားအရေအား Scrub ပြုလုပ်ကာ ဆေးကြောသန့်စင်သင့်ပါတယ်။ Scrub ပြုလုပ်ခြင်းကြောင့် မျက်နှာ၏ အပေါ်ယံလွှာရှိ Dead ဆဲလ်(ဆဲလ်သေ)များကို ဖယ်ရှားပေးနိုင်ပြီး အသားအရေကို ပိုမိုပြေပြစ်ချောမွေ့စေနိုင်ပါတယ်။ ဒါပေမယ့် Scrub ပြုလုပ်ဆေးကြောရာတွင် ဖြေးညှင်းညင်သာစွာ ဆေးကြောသန့်စင်သင့်ပါတယ်။ ဈေးပေါသော Scrub အချို့သော အသားအရေ၏ အပေါ်ယံလွှာကို ပေါက်ပြဲစေနိုင်တာကြောင့် Scrub အကောင်းစားတစ်မျိုးကို ရွေးချယ်ဝယ်ယူကာ အသုံးပြုသင့်ပါတယ်။

Retinoids (Retin-A) ဟာ သင့်အသားအရေအပေါ်ယံလွှာရှိ ဆဲလ်အသေ Dead Cell များကို ဖယ်ရှားပေးနိုင်ပြီး အသားအရေအား ချော့မွေ့ညီညာစေနိုင်ပါတယ်။ ၎င်းဟာ အသားအရေရှိ အရေးအကြောင်းနှင့် အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်ပြီး ဆဲလ်အသစ်များကိုလည်း ဖြစ်ထွန်းစေနိုင်ပါတယ်။

အမျိုးသမီးအချို့ကတော့ Toner ကို နှစ်ခြိုက်စွာ အသုံးပြုကြပါတယ်။ Toner အသုံးပြုခြင်းဟာ မျက်နှာပြင်ရှိ အဆီနှင့်မိတ်ကပ်များ၊ အညစ်အကြေးများကို သန့်စင်ဖယ်ရှားပေးနိုင်ပေမယ့် Cleanser အတော်များများဟာလည်း Toner ကဲ့သို့ ၎င်းအညစ်အကြေးများကို ဖယ်ရှားပေးနိုင်ပါတယ်။ အဲဒါကြောင့် အလှအပဆိုင်ရာ သုတေသီများကတော့ Toner ဟာ အသားအရေအတွက် ထိရောက်မှုမရှိကြောင်း ပြောဆိုကြပြီး Toner နှစ်ခြိုက်သူတွေအနေနှင့်ကတော့ ဆက်လက်အသုံးပြုနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။


Moisturize ဆိုတာဟာ အသားအရေခြောက်သွေ့မှုကို ကာကွယ်ပေးခြင်းဖြစ်ပြီး မည်သည့်အသားအရေအမျိုးအစားမဆို Moisturizer တစ်မျိုးမျိုးကို အသုံးပြုနိုင်ပါတယ်။ သင့်အသားအရေဟာ အဆီပြန်သော အသားအရေဖြစ်ပါက Moisturizer အသုံးပြုခြင်းဟာ သင့်အတွက် သင့်တော်သော နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ Moisturizer ကို မည်သို့အသုံးပြုသင့်သည်ဆိုတာကတော့ သင့်အသားအရေပေါ်တွင် မူတည်ပါတယ်။ သင့်အသားအရေဟာ ခြောက်သွေ့ကြမ်းတမ်းသော အသားအရေဖြစ်ပါက Moisturizer ကို မဖြစ်မနေအသုံးပြုသင့်ပြီး အလွန်အကျွံအသုံးပြုခြင်းကိုတော့ ရှောင်ရှားသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် Moisturizer ကို အလွန်အကျွံအသုံးပြုခြင်းကြောင့် သင့်မျက်နှာပေါ်ရှိ မွေးညင်းပေါက်ကလေးများကို ပိုမိုကျယ်လာစေနိုင်ပါတယ်။

အချို့သောအလှအပဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ မျက်ခွံနှင့်မျက်စိပတ်ဝန်းကျင်အတွက် Eyecream တစ်မျိုးမျိုးကို အသုံးပြုရန် အကြံပြုကြပါတယ်။ ဘာကြောင့်လဲဆိုတော့ မျက်လုံးတစ်ဝိုက်ရှိ အသားအရေဟာ အဆီများသော တစ်သျှူးများမပါရှိတာကြောင့် အလွန်ပါးလွှာကာ အလွယ်တကူ ပါးရေတွန့်ခြင်းကို ဖြစ်ပေါ်စေနိုင်တာကြောင့် ဖြစ်ပါတယ်။ ထို့ကြောင့် Eye Cream များဟာ မျက်လုံးတစ်ဝိုက်ရှိ အသားအရေနှင့် ကိုက်ညီမှုရှိစေရန် ပြုလုပ်ထားကြပြီး ၎င်းခရမ်များကို နေ့စဉ်အသုံးပြုသင့်ပါသည်။

Sunscreen ကို အသုံးပြုခြင်းကြောင့် သင့်အသားအရေအား ပိုမိုဖြူဖွေးသန့်စင်စေပြီး နေလောင်ဒဏ်ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အဓိကအားဖြင့် အသားအရေပျော့အိလျော့ရဲလာမှုဟာ နေရောင်ခြည်ကြောင့်ဖြစ်ပြီး Sunscreen တစ်မျိုးမျိုး အသုံးပြုကာ ကာကွယ်ထားကြောင်း အလှအပ ပညာ ရှင်တို့က ပြောကြားထားပါတယ်။ ထို့ပြင် နှစ်တစ်နှစ်၏ အစောပိုင်းကာလဥပမာအားဖြင့် ဆောင်းဦးကာလများတွင် ၎င်း Suncream ကို အသုံးပြုသင့်ပြီး ၎င်းခရမ်များဟာ အသားအရေခြောက်သွေ့အက်ကွဲမှုနှင့် ကြမ်းတမ်းမှုတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ ထိုခရမ်ကို တစ်နေ့နှစ်ကြိမ် အသုံးပြုသင့်ပြီး နေ့အတွက်ဆိုလျှင် UV ကာကွယ်မှုပါဝင်သော ခရမ်မျိုးကို အသုံးပြုသင့်ပါတယ်။ ညာဘက်မှာတော့ ၎င်း Suncream နှင့် Moisturizer များကို အသုံးမပြုသင့်ဘဲ နှစ်သက်ရာ Night Cream တစ်မျိုးမျိုးကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ Suncream ကို ရွေးချယ်ဝယ်ယူရာမှာလည်း Mexoryl ပါဝင်သော Cream များကိုသာ ရွေးချယ်အသုံးပြုသင့်ပြီး လူကြိုက်အများဆုံး Suncream ကတော့ Neutrogena မှထုတ်လုပ်ထားသော La-Roche Posay ပဲဖြစ်ပါတယ်။
Labels: Beauty-III
0 - ဦး မှတ်ချက်ပေးထားပါသည်
Post a Comment