
ပထမဆုံး သင်၏ခြေထောက်တစ်စုံအား သန့်စင်အောင် ဆေးကြောထားရပါမယ်။
ပြီးရင်တော့ ပုံတွင်ဖော်ပြပေးထားတဲ့အတိုင်း ခြေသည်းဆိုးဆေး အပြာရင့်ရာင်အား ဦးစွာဆိုးလိုက်ပါ။
ပုံ အဆင့် (၁) တွင် ကြည့်ပါ။

ပြီးရင်တော့ ဆိုးဆေး ခဲရောင်လေးနှင့် ခြေသည်းအဖျားပိုင်းမှနေပြီး အလယ်နားဆီသို့
ဆွဲချပြီးဆိုးပေးပါ။
ပုံ အဆင့် (၂) တွင် ကြည့်ပါ။

ထို့နောက် ပုံအဆင့်(၂)တွင် ဆွဲခဲ့သော ခဲရောင်လိုင်းစင်းလေး၏ ညာဘက်ဘေးနားမှနေပြီး
အဖြူရောင်ဆိုးဆေးနှင့် လိုင်းလေးဆွဲလိုက်ပါတယ်။
ပုံအဆင့် (၃) တွင် ကြည့်ပါ။

ပြီးရင်တော့ ခြေသည်းခွံ၏ ညာဘက်အောက်ထောင့်နားလောက်တွင် ဆိုးဆေးအဖြူရောင်နှင့်
ကန့်လန့်ဖြတ်ပြီး ဆိုးလိုက်ပါ။
ပုံ အဆင့် (၄) တွင်ကြည့်ပါ။

နောက်ဆုံးအဆင့်မှာတော့ ပုံ (၂)တွင် ဆိုးခဲ့သော ခဲရောင်ဆိုးဆေးလိုင်း၏ တစ်ဖက်အနားတွင်
ကပ်ပြီး ငွေမှုန်ဆိုးဆေးလေးအား ဆိုးလိုက်ပြီဆိုရင်တော့ တက်ကြွလန်းဆန်းနေသောဟန်ရှိတဲ့
ခြေသည်းတစ်စုံကို ပိုင်ဆိုင်နိုင်ပြီ ဖြစ်ပါတယ်။
ပုံ အဆင့် (၅) တွင် ကြည့်ပါ။
Labels: Beauty-III
0 - ဦး မှတ်ချက်ပေးထားပါသည်
Post a Comment