

Body Spray နှင့်ရေမွှေးတို့ဟာ အခြေခံအားဖြင့် တူညီမှုရှိကြပြီး ၎င်းတို့တွင် အသုံးပြုထားတဲ့
ရေမွှေးအဆီအချိုးကွာခြားကြပါတယ်။ ထို့ပြင် ရေမွှေးအဆီအသုံးပြုနှုန်းလည်း ကွဲပြားပြီး Body Spray
ဟာ ရနံ့ပျံ့နှံ့မှုနှုန်း 1%မှ 3% ၀န်းကျင်သာ အသုံးပြုထားကြပါတယ်။ ရေမွှေးတွေမှာတော့ ရနံ့ပျံ့နှံ့မှုနှုန်း
15% မှ 40% ၀န်းကျင်ရှိကြပြီး ရေမွှေးများဟာ Body Spray ထက် ရနံ့ထိန်းသိမ်းနိုင်မှု ပိုမိုကြာရှည်
တတ်ပါတယ်။
Body Spray များဟာ ရနံ့ပြယ်မှုမြန်ဆန်တတ်ပြီး ၃ နာရီအတွင်း ရနံ့ပြယ်တတ်ပါတယ်။
ရေမွှေးရနံ့တွေကတော့ ၅နာရီနှင့်အထက် တာရှည်ခံတတ်ပြီး ရနံ့ပျံ့နှံ့မှုနှုန်း နည်းကြပါတယ်။
ဒါပေမယ့် Body Spray ရဲ့ အားသာချက်ဟာ ခန္ဓာကိုယ်အနှံ့အပြင် ဆံပင်ကိုပါ ပက်ဖျန်းနိုင်ပြီး ဆံပင်သား
ထိခိုက်မှုအတွက်လည်း မစိုးရိမ်ရပါဘူး။

ထို့ပြင် Body Spray များအား အိမ်တွင်းအခန်းများ၊ ဆက်တီများ၊ ဆိုဖာများအား ပက်ဖျန်းနိုင်
သလို မိမိအသုံးအဆောင်ပစ္စည်းများတွင်လည်း Body Spray စွတ်ထားလို့ ရပါတယ်။ ထို့ကြောင့် တစ်ခါ
တစ်ရံမှာ Body Spray များဟာ ရေမွှေးများထက် ပိုမိုဈေးကြီးတတ်ပါတယ်။

သင့်အနေဖြင့် နှစ်သက်ရာ ရေမွှေးတစ်ခုခုကို Body Spray အနေဖြင့် ပြောင်းလဲအသုံးပြုလိုပါက
၎င်းရေမွှေးနှင့် ပေါင်းခံရည်ကို အချိုးညီညီပေါင်းစပ်ကာ Spray ဘူးအတွင်း ထည့်သွင်းကာ အသုံးပြုနိုင်ပါတယ်။
၎င်းအတွက် ရေမွှေးတစ်ဆပေါင်းခံရည်နှစ်ဆကို အချိုးကျရောစပ်ရမှာ ဖြစ်ပြီး ကိုယ်ပိုင် Body Spray တစ်မျိုးကို
ဖန်တီးရယူနိုင်ပါတယ်။
Labels: Beauty-III
0 - ဦး မှတ်ချက်ပေးထားပါသည်
Post a Comment