
Iron Cross တီးဝိုင်းနှင့် အဆိုတော်ငါးဦးတို့၏ ဖျော်ဖြေပွဲကို စက်တင်ဘာလ ၄ ရက်နေ့တွင် ဆီဒိုးနားဟိုတယ်၌ ကျင်းပမည်ဟုသိရသည်။ အဆိုပါ ဖျော်ဖြေပွဲတွင် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်းနှင့် လင်းလင်းတို့ ဖျော်ဖြေမည် ဖြစ်ကြောင်း သိရှိရသည်။ ယင်းဖျော်ဖြေပွဲသည် ၂၀၁၀ ပြည့်နှစ်တွင် အသစ်ချုပ်ဆိုလိုက်သော Music Tour ၏ ပထမဆုံး ရန်ကုန်ဖျော်ဖြေပွဲလည်း ဖြစ်သည်။
Iron Cross တီးဝိုင်းနှင့်အဆိုတော် ခြောက်ဦးတို့သည် သြစတြေးလျနိုင်ငံရှိ ဆစ်ဒနီမြို့တွင် သြဂုတ်လ ၁၁ ရက်နေ့က လည်းကောင်း၊ မယ်လ်ဘုန်းမြို့တို့တွင် သြဂုတ်လ၂၃ရက်နေ့ ကလည်းကောင်း ဖျော်ဖြေခဲ့ကြောင်း သိရှိရသည်။ ပြည်ပဖျော်ဖြေရေးတွင် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်း တို့အပြင် ခင်ဘုဏ်း၊ ကြိုးကြာစသော အမျိုးသမီးအဆိုတော်နှစ်ဦး ပါဝင်ကြောင်းသိရသည်။
Labels: News-Iv
0 - ဦး မှတ်ချက်ပေးထားပါသည်
Post a Comment