ကိုကြီးဇော် ( မုန်တိုင်း )

ဗဟုသုတဘဏ်

this site the web

1018..Iron Cross အဖွဲ့ ဖျော်ဖြေပွဲကို ဆီဒိုးနားဟိုတယ်၌ ကျင်းပမည် ( 26.8.10 )

 

Iron Cross တီးဝိုင်းနှင့် အဆိုတော်ငါးဦးတို့၏ ဖျော်ဖြေပွဲကို စက်တင်ဘာလ ၄ ရက်နေ့တွင် ဆီဒိုးနားဟိုတယ်၌ ကျင်းပမည်ဟုသိရသည်။ အဆိုပါ ဖျော်ဖြေပွဲတွင် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်းနှင့် လင်းလင်းတို့ ဖျော်ဖြေမည် ဖြစ်ကြောင်း သိရှိရသည်။ ယင်းဖျော်ဖြေပွဲသည် ၂၀၁၀ ပြည့်နှစ်တွင် အသစ်ချုပ်ဆိုလိုက်သော Music Tour ၏ ပထမဆုံး ရန်ကုန်ဖျော်ဖြေပွဲလည်း ဖြစ်သည်။
Iron Cross တီးဝိုင်းနှင့်အဆိုတော် ခြောက်ဦးတို့သည် သြစတြေးလျနိုင်ငံရှိ ဆစ်ဒနီမြို့တွင် သြဂုတ်လ ၁၁ ရက်နေ့က လည်းကောင်း၊ မယ်လ်ဘုန်းမြို့တို့တွင် သြဂုတ်လ၂၃ရက်နေ့ ကလည်းကောင်း ဖျော်ဖြေခဲ့ကြောင်း သိရှိရသည်။ ပြည်ပဖျော်ဖြေရေးတွင် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်း တို့အပြင် ခင်ဘုဏ်း၊ ကြိုးကြာစသော အမျိုးသမီးအဆိုတော်နှစ်ဦး ပါဝင်ကြောင်းသိရသည်။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1017.. မေသန်းနုရဲ့ "ပါရမီရှင်" DVD,VCD Promotion Show လက်မှတ်ရေးထိုးပြီး သီဆိုဖျော်ဖြေပေးမည့် နေရာများ ( 26.8.10 )

 
www.monetine999.com

အကယ်ဒမီ(၅)ခုကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်တဲ့ အကယ်ဒမီ မေသန်းနုရဲ့အနုပညာသက်တမ်းငွေရတု အထိမ်းအမှတ်အဖြစ် "ပါရမီရှင်" တေးဂီတပဒေသာကပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲလေးရဲ့မြင်ကွင်းပုံရိပ်တွေကို DVD,VCD ခွေများအဖြစ် ပရိတ်သတ်အားလုံးရဲ့ရှေ့မှောက်ကို အရောက်ပို့ပေးတော့မှာ ဖြစ်ပါတယ်။ ပါရမီရှင် တေးဂီတပဒေသာကပွဲ DVD,VCD Promotion Show မှာတော့ ပဒေသာကပွဲမှာ ပါဝင်ခဲ့ကြတဲ့ ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာ ပါရမီရှင်များစွာမှ အမှတ်တရ လက်မှတ်ရေးထိုးပြီး သီဆိုဖျော်ဖြေပေးကြမှာ ဖြစ်ပါတယ်။



သြဂုတ်လ(၂၈)ရက် ... ညနေ(၃)နာရီမှ (၅)နာရီထိ...... စိန်ဂေဟာ(လှည်းတန်း)....၊ ညနေ(၆)နာရီမှ ည(၉)နာရီထိ ဗစ်တိုးရီးယား(လှိုင်သာယာ) သြဂုတ်လ(၂၉)ရက်.....နေ့လည်(၁)နာရီမှ (၃)နာရီထိ Happy World ခေတ်မီကစားကွင်းအမှတ်(၁)(ကန်တော်မင်္ဂလာပန်းခြံ)၊

............................. ညနေ(၆)နာရီမှ ည(၉)နာရီအထိ Happy Zone ခေတ်မီကစားကွင်း (ပြည်သူ့ရင်ပြင်) တို့မှာ

အမှတ်တရ လက်မှတ်ရေးထိုးကာ သီဆိုဖျော်ဖြေသွားကြမှာဖြစ်ကြောင်း သတင်းပေးတင်ဆက်လိုက်ရပါတယ်။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

1014..online ပေါ်မှ Premier League ဘောလုံးခန့်မှန်းပြိုင်ပွဲ ( 26.8.10 )

 
www.monetine999.com
ယခု ခန့် မှန်း ဘောလုံးပြိုင်ပွဲ သည် အွန်လိုင်းသုံးစွဲသူများစိတ်ဝင်စားမှုများ၊ ဘောလုံးပြိုင်ပွဲကို နှစ်ခြိုက်သူများ၏ တောင်းဆိုချက်များအတူ၊ အထက်ပါ ကမ္ဘာ့ဖလားဘောလုံးခန့်မှန်းပြိုင်ပွဲ၏ အောင်မြင်မှုအသီးအပွင့်အဖြစ် ဆက်လက်ဖူးပွင့်လာသော အစီအစဉ်သစ်တစ်ခုဖြစ်ပါသည်။

Sponsor အဖြစ် ပါဝင်ကူညီမည့် စီးပွားရေးလုပ်ငန်း များကိုလည်း နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။
ပြိုင်ပွဲအစီအစဉ်
အမည်............................................ ရက်စွဲ............................. ကစားပွဲ
Premier League Warming up............. (14thAugust to 31th August)... 30
MNL 2010 (Warming Up) ...............(14th August to 3rd September). 15
Premier First Round................... (18th September to December)... 160
MNL 2010 Second Round ......... (4thSpetember to 7th November ) ... 40
Premier Second Round ........... (January to May)..................... 180
MNL 2011 First Round.................. (March – June 2011)................... 55

ဆုများကို အားပေးသူများ၏ထည့်ဝင်မှုအလိုက်ဆက်လက်ကြေညာသွားပါမည်။
Premier League ဘောလုံးခန့်မှန်းပြိုင်ပွဲ သို့

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1013..Future Engineering Group မှ ပညာဒါန သင်တန်းများ ဖွင့်လှစ်ပို့ချမည်( 26.8.10 )်

 
www.monetine999.com"

Future Engineer မှ ကွန်ပျူတာနည်းပညာရပ်ဆိုင်ရာ ပညာဒါန သင်တန်းများကို ဖွင့်လှစ်ပို့ချပေးမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ သင်တန်းများကို Future Engineer Generation School မှ ဖွင့်လှစ်သင်ကြားပေးမှာ ဖြစ်ပြီး
**ကွန်ပျူတာအခြေခံသင်တန်းများကို သြဂုတ်လ 30 ရက်နေ့တွင်လည်ကောင်း၊
**Graphic သင်တန်းဖြစ်သော Photoshop Basic ကို စက်တင်ဘာလ 1 ရက်နေ့တွင်လည်ကောင်း ၊
**Auto CAD ကို Basic & Intermediate ကို စက်တင်ဘာလ 7 ရက်နေ့ မှာလည်းကောင်း

ဖွင့်လှစ်ပေးမှာ ဖြစ်ကြောင်း သိရှိရသည်။

တက်ရောက်လိုသူများ ဖုန်းနံပါတ် 723365 သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရှိရသည်။

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

1009..တိုက်ဂါးဝုဒ်နှင့် ဇနီးသည် တို့ တရားဝင် ကွာရှင်း​ လိုက်ပြီ​ ( 25.8.10 )

 
http://blogs.bet.com/entertainment/spotlight/bet-blog/assets/2010/05/elin-woods-and-tiger-woods.jpg



တိုက်ဂါးဝုဒ်နှင့် ဇနီးသည် အီလင်နော်ဒီဂါရန်တို့ တရားဝင်ကွာရှင်းမှု​ အတွက်ဆွီဒင် ​ မော်ဒယ်ဟောင်း ဇနီးသည်အား ဒေါ်လာ သန်း ၁၀၀ မှ သန်း ၇၅၀ ကြား ပေးခဲ့ရကြောင်း သတင်းများက ခန့်မှန်း​ ဖော်ပြ​ ခဲ့သည်။ အသက် ၃၀ အရွယ် အီလင်သည် ဝုဒ်၏ ဇာတ်ရှုပ်​ ဖောက်ပြန်မှုများအား သည်းမခံ​ နိုင်တော့သည့်​ အတွက် ဩဂုတ် ၂၃ ရက်နေ့က တရားဝင် ကွာရှင်း​ ခဲ့ခြင်း​ ဖြစ်သည်။ သဘောတူညီမှုများ​ အရ အမျိုးသမီး ၂၀ ခန့်နှင့် အတူ​ အိပ်ခဲ့ကြောင်း စွပ်စွဲ​ ခံနေရသည့် အသက် ၃၄ နှစ်​ အရွယ် ဝုဒ်သည် သားနှစ်ဦး​ အတွက် အုပ်ထိန်းခွင့်အား အီလင်နှင့် ခွဲဝေရရှိမည်ဟု သိရသည်။



Tiger Woods' wife turns to McGuire Woods for divorce

Tiger Woods' website has officially revealed about the finalized divorce settlement of the number one golfer in the world, Tiger Woods with wife of five years and a former model Elin Nordegren.In October 2004, Woods married Elin Nordegren, a Swedish former model and daughter of former Minister of Migration Barbro Holmberg and journalist Thomas Nordegren.

The Judgment was delivered on August 23, in Bay County (Florida) Circuit Court dissolving the marriage. The Judgment provides for shared parenting of their two children.

 

Am Law reports that Elin Nordegren was advised by McGuireWoods, with attorneys Richard Cullen and Dennis I. Belcher in Richmond, Scott S. Cairns in Jacksonville and Walter H. White, Jr., and Josefin Lonnborg in London, assisted by Rebecca Palmer of Lowndes, Drosdick, Doster, Kantor & Reed, P.A.

 

Tiger Woods was represented by Thomas J. Sasser of Sasser, Cestero and Sasser P.A., and Peter T. Mott of Brody Wilkinson, P.C., Golfer's long time General Counsel.

 

Elin is a twin, and her sister Josefin Lonnborg is a specialised M & A Attorney in McGuireWoods, the firm which helped Elin Nordegren, in getting the divorce settled.

 

Above the Law reports that Elin Nordegren will walk away from her marriage to Woods with between $100 million (Rs. 450 crore) and $150 million (Rs. 675 crore). And although contingency fees aren't permissible in divorce cases, we believe McGuireWoods will be paid well.

 

Tiger Woods is a renowned American professional golfer all around the world, whose achievements to date rank him among the most successful golfers of all time. According to the Wikipedia he is currently the world number 1 and is the highest-paid professional athlete in the world, having earned an estimated $90.5 million (Rs. 407 crore) alone from winnings and endorsements in 2010.

 

On December 11, 2009 Woods publicly announced, he would take an indefinite leave from professional golf to focus on his marriage after his admission of infidelity. His multiple infidelities were revealed by women, through innumerable media sources.

Ref:http://www.barandbench.com/




Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

1006..ထူးထူးခြားခြားတစ်ယောက်ပဲ သေတဲ့ လေယာဉ်ပျက်ကျမှု ( 25.8.10 )

 
http://www.aviationnews.eu/blog/wp-content/uploads/2009/02/tc-jge-crash.jpg

http://www.globosapiens.net/data/gallery/co/pictures_468/colombia--san-andres-y-providencia--50009.jpg


များသော်အားဖြင့် လေယာဉ်ပျက်ကျရင် အားလုံးနီးပါးသေဆုံးပြီး အနည်းငယ်အသက်ရှင်ကျန်ခဲ့ပါတယ်......
အခုတော့........................
ကိုလံဘီယာ လေကြောင်း (Aires) မှ  (Boeing 737-700) ခရီးသည်တင် ဂျက်လေယာဉ်သည် တနင်္လာနေ့ (၁၆-၈-၂၀၁၀) နံနက် ၁း၄၅ တွင် ဆင်းသက်ရန် ပြင်ဆင်နေစဉ်တွင်
(San Andrés) ကျွန်းပေါ်တွင် လေယာဉ်ပျက်ကျ တဲ့ဆီမှာတော့ တစ်ယောက်ပဲသေဆုံးခဲ့ပါတယ်..

ဒါကြောင့် မှတ်သားမိအောင်ပိုစ့်တင်တာပါ.....နဲနဲတော့ကြာသွားတယ်.............


Crash Landing Aires Boeing 737-800 San Andres Island, Columbia.


At least one person died and five more are injured after a Boeing 737 crashed onto the runway at 1:49 a.m. local time today on San Andres Island, Colombia. The jet, carrying 131 people, broke into three pieces.

The Aires flight departed Bogoto around midnight and, according to Colombian Air Force Colonel David Barrero, officials are investigating reports the aircraft experienced a lightning strike. Of the 125 passengers and six crewmembers, it is believed the only fatality was 65-year-old Amar Fernandez de Barreto. Thaindian claims that up to 114 were injured.

San Andres Island's airport has closed its 7,545-foot (2,300-meter) runway until the wreckage can be removed. "It was a miracle and we have to give thanks to God," said Pedro Gallardo, governor of the resort destination island with around 78,000 inhabitants, adding it was lucky there were not more casualties.

National police director Orlando Paez in an interview with The Star said a group of police officers awaiting the plane for their own flight back to the mainland assisted with rescue efforts. Barrero commented that "the skill of the pilot kept the plane from colliding with the airport." The landing occurred during a storm.

Source: Wikinews.org

Boeing Statement on Aires S.A. Accident

SEATTLE, Aug. 16, 2010 – Boeing extends its profound condolences and wishes for speedy recovery to the families and friends of those lost or injured in the crash of an Aires S.A. 737-700 in San Andres, Colombia. Boeing is sending a team to provide technical support to the Colombia DJAC to assist in the agency's investigation of the accident, at the invitation of the Colombian authorities.


Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

998..လူခြောက် သားရှင်ပြု အလှူပွဲကြီး တဲ့ဗျာ ( 24.8.10 )

 
http://yangonmedia.com/news/imagelibrary/LocalNews/LocalNews_283.jpg



မျတ်ချက်.......ဒီသတင်းအား ဖြန့်ဝေရန်မသင့်ပါသဖြင့် ဖြန့်ဝေခြင်းမပြုကြပါရန်




 ယခုတွေ့ရှိရသော လူခြောက်ကလေးမှာ လူ့သက်တမ်း ဆယ်နှစ်အရွယ်ရှိနေပြီဖြစ်သော မောင်ငြိမ်းချမ်းဝင်း အမည်ရသူဖြစ်သည်။

ယခုနှစ်မတ်၏ လကုန်ရက်ပိုင်း၌ ကချင်ပြည်နယ် မိုးညှင်းမြို့ပေါ်၌ရှိသော ပညာရောင်ခြည် ပျော်ဖွယ်စာသင်တိုက်၌ သားရှင်ပြု အလှူပွဲတစ်ခုနှင့် ကြုံကြိုက်ခဲ့ရသည်။ မိုးညှင်းမြို့ ပျော်ဖွယ်ရပ်ကွက်နေ ဦးမင်းနိုင်၊ဒေါ်မမကြီးတို့၏ ရင်သွေးအငယ်ဖြစ်သူ မောင်ငြိမ်း ချမ်းဝင်းမှာ သာမန်မနုဿလူဟုပြော၍မရသော လူခြောက်ဟု အခေါ်ခံရသူဖြစ်သည်။

ထိုလူခြောက်ကလေး မောင်ငြိမ်းချမ်းဝင်းအား မိဘနှစ်ပါးတို့က သင်္ကန်းပရိက္ခရာ စုံလင်စွာဖြင့် သားရှင်ပြု အလှူပွဲကြီး ပြုလုပ်ခဲ့သည်။ ပညာရောင်ခြည် စာသင်တိုက်တွင် ရှိနေသော စာသင်စာချသံဃာအပါး ၁၀၀ကျော်တို့အား ဆွမ်းကပ်၍ အလှူ ကြီးပေးခဲ့သော ပဗ္ဗဇ္ဇမင်္ဂလာပွဲဖြစ်သည်။

မောင်ငြိမ်းချမ်းဝင်းအား ရှင်သာမဏေပြုပေးရာ၌ သံဃာတော် ကိုးပါးတို့ကိုပင့်၍ သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းခဲ့သည်။ လူခြောက်ကလေး မောင်ငြိမ်းချမ်းဝင်း၏ ရှင်သာမဏေဘွဲ့တော်မှာ ရှင်ရာဏိန္ဒဟု ကျောင်းထိုင်ဆရာတော် ဦးပညောဘာသက အမိန့်ရှိ၏။

အရပ် ကိုးလက်မ၊ ရင်အကျယ်သုံးလက်မအရွယ်ရှိသော မောင်ငြိမ်းချမ်းဝင်း၏ ထူးကဲသော ရှင်ပြုပွဲကို ကြားသိရသူ အပေါင်းက စိတ်ဝင်တစားဖြစ်နေခဲ့ကြသည်။ ၂၀၀၁ခုနှစ် ဇန်နဝါရီ ၁ရက်က မွေးဖွားလာခဲ့သော မောင်ငြိမ်းချမ်းဝင်းမှာ သားသမီးများ၌ အငယ်ဆုံးဟုသိရသည်။


ကျွန်တော်၏မှတ်ချက်များ...........................

1......တကယ်တမ်းတော့ ဒီ လူကြောက်ဆိုတာ ပြိဿာနွယ်ပါ ။ မိမိရဲ့ ခန္ဓာကိုယ်ကို စွဲလန်းနေတဲ့ သူပါ။ မိဘတွေက အလှူတန်းလုပ်ပြီး အမျှဝေပေးရမှာပါ၊


2.....ရုပ်နှင့်နာမ် မတွဲသမျှ ရဟန်း သာမဏေပြု၍ မရဟုနားလည်ထာပါသည်


3.. ..ရှင်သာမဏေဆိုတာ အနဲဆုံးတော့ ကျီး ခြောက်နိုင်မှ ဘုရားခွင့်ပြုတယ်




Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
2 comments

997..ဘောလုံးပွဲ အဖြေတွေဖုန်းက သိချင်ရင် ( 24.8.10 )

 
http://www.cc.cc/img/product/2009/200909/20090905/246769_0_Soft_Gate_Technology_225.png

မြန်မာနိုင်ငံအတွင်းရှိ Mobile Phone များအားလုံးတွင် ဘောလုံးပွဲရာသီပွဲစဉ်ရလဒ်များကို စာတိုပို့စနစ်(SMS) ဖြင့် အချိန်နှင့် တပြေးညီ ပေးပို့ပေးမည့် အစီအစဉ်တစ်ရပ်အား Soft-Gate Technology Group မှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါအစီအစဉ်တွင် မြန်မာနိုင်ငံအတွင်းရှိ Mobile Network များသော WCDMA, GSM, CDMA 450 MHz, CDMA 800 MHz ဖုန်းများ အားလုံးပါဝင်နိုင်မည်ဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲစဉ်များ၊ ချန်ပီယံလိဂ်ပွဲစဉ်များ၊ အီတလီစီးရီးအေပွဲစဉ်များ၊ စပိန်လာလီဂါပွဲစဉ်များ၊ ဂျာမန်ဘွန်ဒါလီကာပွဲစဉ်များ အစရှိသည့် ပွဲစဉ်များ အားလုံး၏ ပွဲစဉ်တ၀က်ရလဒ်များ နှင့် ပွဲအပြီး ရလဒ် အဖြေများကို အချိန်နှင့်တပြေးညီ စာတိုပို့စနစ်(SMS) ဖြင့် ပေးပို့ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း သိရသည်။

ဘောလုံးပွဲများအား ပွဲစဉ်တိုင်းမကြည့်အားဘဲ ပွဲရလဒ်အဖြေသိလိုသူများအတွက် ၎င်းစနစ်မှာ အဓိကအဆင်ပြေစေနိုင်မည်ဟု ဘောလုံးဝါသနာရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။

၎င်းအစီအစဉ်တွင် မြန်မာတစ်နိုင်ငံလုံးရှိ မိုဘိုင်းဖုန်းရှိသူတိုင်း ပါဝင်နိုင်မည်ပြီး ၀န်ဆောင်မှုရယူလိုသူများ အနေဖြင့် ဖုန်း ၀၁၅၅၅၄၆၆၊ ၀၉၅၀၂၄၀၆၁၊ ၀၁၇၃၀၈၁၄၈၈ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရှိရပါသည်။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

994..မြန်မာနိုင်ငံ ဆရာဝန် အသင်းရဲ့ Mr.SMART & Mrs.SMART ပြိုင်ပွဲ ကျင်းပမည် ( 23.810 )

 
capture7-4.jpg image by kowanna999
မြန်မာနိုင်ငံ ဆရာဝန် အသင်း လူငယ် ဖွံ့ဖြိုးမှု အစီအစဉ်က ကြီးမှူး ကျင်းပမည့် Mr.SMART နှင့် Mrs.SMART ရွေးချယ် ပွဲကို မြန်မာနိုင်ငံ ဆရာဝန် အသင်း၌ စတင်ဘာလ (၃) ရက်နေ့မှ စတင်ကျင်းပသွားမည် ဖြစ်သည်။ Mr.SMART & Mrs.SMART ရွေးချယ် ပွဲကို ခန္ဓာကိုယ် အချိုးအစား ကျရန် လှပကျန်းမာမှု၊ ကျန်းမာရေး အသိပညာရှိမှု၊ အထွေထွေ ဗဟုသုတ ရှိမှု အပေါ်မူတည်ကာ အဆင့်ဆင့် ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။

အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်း လူငယ် များသာ လျှောက်ထားနိုင်ပြီး ဆေးလိပ်၊ အရက်နှင့် ပတ်သက်နေသော ကုမ္ပဏီများ၊ လုပ်ငန်းများတွင် လုပ်ကိုင်နေသူများ၊ သုံးစွဲသူများ၊ ကြော်ငြာရိုက်ကူးသူများအား ပါဝင်ခွင့် မပြုကြောင်း သိရသည်။ Mr.SMART & Mrs.SMART အတွက် ဆုတံဆိပ်နှင့် ငွေကျပ် ငါးသိန်းစီ 1 st Runner up ဆုအတွက် ငွေကျပ် တစ်သိန်းစီ အပြင် Knowledge, Performance, stylist တို့အတွက်လည်း ဆုငွေများ ချီးမြှင့်သွားမည် ဖြစ်သည်။

ဆန်ကာတင် အဆင့် ရှောက်ရှိသူများ၊ သတ်မှတ် အဆင့်မီ သူများအား အခြားခံစားခွင့် အပြင် လူငယ်ဖွံ့ဖြိုးရေး အစီအစဉ်က ပြုလုပ်သည့် သင်တန်းများတွင် တက်ရောက်ခွင့်၊ လူငယ် ပညာပေး လုပ်ငန်းများတွင် မော်ဒယ် အဖြစ် သရုပ်ဆောင်ခွင့်များ ရရှိမည် ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲတွင် ပါဝင်လိုသူများသည် သိမ်ဖြူလမ်းရှိ မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ ရုံးဖုန်း ၃၈၀၈၉၉၊ ၃၉၄၁၄၁ တို့ကို ဆက်သွယ်ကာ စာရင်း ပေးသွင်း နိုင်ကြောင်း သိရသည်။

Ref:Commerce

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
1 comments

984..အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းကို ယာယီ ရပ်ဆိုင်း ( 21.8.10 )

 



   ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းကို ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၁ရက်နေ့မှ စ၍ ယာယီရပ်ဆိုင်းထားမည် ဖြစ်ကြောင်း သိရသည်။

 
    အဆိုပါလေဆိပ်များ၌ မည်သည့်နိုင်ငံသားတိုင်းမဆို ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းကို ဧပြီလ၃၀ရက်နေ့ ပြည်ထဲရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၌ ဆိုက်ရောက်ဗီဇာ ပြောင်းလဲကျင့်သုံးရေးဆိုင်ရာ အစည်းအဝေးမှဆုံးဖြတ်ခဲ့သည့် မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များအရ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ ထို့သို့ပြုလုပ်ပြီး လေးလအကြာ စက်တင်ဘာ ၁ရက်နေ့တွင် ဆိုက်ရောက်ဗီဇာပေးခြင်းကို ယာယီ ရပ်နားသွားမည်ဖြစ်ကြောင်း သိရသည်။


    ဆိုက်ရောက်ဗီဇာပေးခြင်းအား ယာယီရပ်နားထားရခြင်းတွင် ဗီဇာထုတ်ပေးပြီး လေးလတာကာလတွင်း ဆိုက်ရောက်ဗီဇာ အသုံးပြု ၀င်ရောက်ခဲ့သည့် ခရီးသည်အနေအထား၊ ၀င်ငွေရရှိမှုအခြေအနေ စသည်တို့ကို ပြန်လည်သုံးသပ်မည် ဖြစ်သောကြောင့် ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံက စုံစမ်းသိရှိရသည်။


    "ဆိုက်ရောက်ဗီဇာ ထုတ်ပေးမှုကို စက်တင်ဘာလ ၁ရက်နေ့က စပြီး ယာယီရပ်နားသွားပါမယ်။ ဗီဇာထုတ်ပေးခဲ့တဲ့ အချိန်အတွင်းမှာ ဘယ်နိုင်ငံက ဘယ်လူမျိုးတွေဝင် လာတယ်။ နိုင်ငံတော်အတွက် ၀င်ငွေက ဘယ်လိုရှိတယ် စသဖြင့် ဆိုက်ရောက်ဗီဇာနဲ့ ပတ်သက်တဲ့ အချက်တွေကို ပြန်သုံးသပ်ဖို့ရှိတဲ့ အတွက် သုံးသပ်နေတဲ့အချိန်အတွင်းမှာ ဆိုက်ရောက်ဗီဇာထုတ်ပေးမှုကို ခဏရပ်ထားတာ ဖြစ်ပါတယ်" ဟု အဆိုပါ တာဝန်ရှိသူကဆိုသည်။


    ၎င်းကပင်ထပ်မံ၍ " ဘယ်အချိန်မှာ ပြန်ပြီး ဆိုက်ရောက်ဗီဇာ ပေးမလဲဆိုတာကတော့ မသိပါဘူး။ ဆိုက်ရောက်ဗီဇာ ထုတ်ပေးဖို့ ရပ်ထားတဲ့ ကာလအတွင်းမှာတော့ အရင်လိုပဲ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနရဲ့ ခွင့်ပြုချက်ရယူပြီးရင် ဗီဇာပေးမှာ ဖြစ်ပါတယ်။" ဟု ရှင်းပြခဲ့သည်။


    မြန်မာနိုင်ငံနှင့် နိုင်ငံတကာသို့ ချိတ်ဆက်ပျံသန်း ပြေးဆွဲလျက်ရှိသည့် နိုင်ငံတကာလေကြောင်း လိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးကလည်း" ဒီလကုန်ကစပြီး ဆိုက်ရောက်ဗီဇာ ထုတ်မပေးတော့ဘူးလို့ သိရတယ်။ ဘာကြောင့်လဲ ဆိုတာကိုတော့ အခုချိန်ထိ သေချာမသိရသေးပါဘူး။ အနည်းဆုံး နှစ်လလောက်တော့ ရပ်ထားမယ်လို့ ကြားရတာပဲ။"ဟု သူကြားသိချက် ကို ပြောပြခဲ့သည်။


    ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းကြောင့် မြန်မာနိုင်ငံသို့ ယခုနှစ် ခရီးသွားရာသီတွင် ခရီးသွားများ ပိုမိုများပြားလာနိုင်သည့် အနေအထားရှိသည်ဟု သုံးသပ်မှုများရှိခဲ့ရာမှ လက်ရှိတွင်မူ ဗီဇာထုတ်ပေး မှုယာယီရပ်ဆိုင်းမည် ဖြစ်သည့်အတွက် ခရီးသွားများပြားချိန်အမှီ ဆိုက်ရောက်ဗီဇာ ပြန်လည်ထုတ်ပေးရန် မျှော်လင့်နေကြောင်း ခရီးသွားကုမ္ပဏီအချို့ထံမှ သိရှိရသည်။

 ဆိုက်ရောက်ဗီဇာ လျှောက်ထားသူများအတွက် ထုတ်ပြန်ထားသည့်အချက်အချို့


- မြန်မာနိုင်ငံအစိုးရမှ တရားဝင် အသိအမှတ်ပြုလိုင်စင် ထုတ်ပေးထားသည့် ဟိုတယ်၊ မိုတယ်၊တည်းခိုခန်းများတွင် နေထိုင်လည်ပတ်မည့်သူဖြစ်ရမည်။ တည်းခိုမည့် လိပ်စာကို အတိအကျဖော်ပြရမည်။


- ဆွေမျိုးများ၊ မိတ်ဆွေများ၏ နေအိမ်များ၊ စက်ရုံ၊ အလုပ်ရုံအပါအ၀င် တည်းခိုရန်နေရာရှိသူများ အနေဖြင့် လက်ခံမည့်သူ၏ လိပ်စာကို အတိအကျ ဖော်ပြရမည်။


- မိဘ၏ နိုင်ငံကူးလက်မှတ်၌ ပူးတွဲပါရှိသော အသက် ၇ နှစ်အောက် ကလေးများကို မိဘနှင့်အတူ အခမဲ့ခွင့်ပြုသည်။ သီးခြားပတ်စ်ပို့ ကိုင်ဆောင်သူ အသက် ၇နှစ်အောက် ကလေးများကို ဗီဇာကြေးအခမဲ့ခွင့်ပြုမည်။


- တစ်ဦးချင်း လာရောက်လည်ပတ်သူ ဖြစ်ပါက ကိုယ်ပိုင်ငွေအနည်းဆုံး အမေရိကန်ဒေါ်လာ ၃၀၀ ပါရှိကြောင်း တင်ပြနိုင်ရမည်။ မိသားစု အလည်အပတ် လာရောက်ခြင်းဖြစ်ပါက အနည်းဆုံး အမေရိကန်ဒေါ်လာ ၆၀၀ပါရှိကြောင်း တင်ပြနိုင်ရမည် (သို့မဟုတ်) အမေရိကန်ဒေါ်လာနှင့် တန်ဖိုးညီမျှသော နိုင်ငံခြားသုံးငွေကို တင်ပြနိုင်ရမည်။


- ခွင့်ပြုချက်မရှိသော ကန့်သတ်နယ်မြေများကို သွားရောက်ခြင်းမပြုရ။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

983..နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက တိုင်းခုနစ်တိုင်းကို တိုင်းဒေသကြီးများအဖြစ်လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ များကိုလည်းကောင်း ပြည်ထောင်စုနယ်မြေ၏ ခရိုင်နှင့်မြို့နယ်များကိုလည်းကော

 
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက တိုင်းခုနစ်တိုင်းကို တိုင်းဒေသကြီးများအဖြစ်လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကိုလည်းကောင်း ပြည်ထောင်စုနယ်မြေ၏ ခရိုင်နှင့်မြို့နယ်များကိုလည်းကောင်း သတ်မှတ်





          ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် အမိန်ကြေငြာစာအမှတ် ၃၂၊ ၃၃၊ ၃၄/၂၀၁၀တို့ ကို သြဂုတ်လ ၂၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ကြောင်း ယနေ့ညနေပိုင်းတွင် နိုင်ငံပိုင်ရုပ်သံမီဒီယာမှ တစ်ဆင့်ကြေညာခဲ့သည်။

        အမိန့်ကြေငြာစာ ၃၂/၂၀၁၀ အပြည့်အစုံမှာ တိုင်းဒေသကြီးများ ခေါ်ဝေါ်သုံးစွဲရန် သတ်မှတ်ခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၃ အရဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သည်နေ့မတိုင်မီနိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အကောင်အထည်ဖော်ရေးအတွက် ကြိုတင် ဆောင်ရွက်သင့်သည့် လုပ်ငန်းရပ်များကို ကြိုတင်ဆောင်ရွက်ထားရန် ပြဌာန်းချက်နှင့်အညီ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၉ ပါ ပြဌာန်းထားသည့်အတိုင်း
        (က) စစ်ကိုင်းတိုင်းကို စစ်ကိုင်းတိုင်းဒေသကြီးအဖြစ်လည်းကောင်း၊
        (ခ) တနင်္သာရီတိုင်းကို တနင်္သာရီတိုင်းဒေသကြီးအဖြစ်လည်းကောင်း၊
        (ဂ) ပဲခူးတိုင်းကို ပဲခူးတိုင်းဒေကြီးအဖြစ်လည်းကောင်း၊
        (ဃ) မကွေးတိုင်းကို မကွေးတိုင်း ဒေသကြီးအဖြစ်လည်းကောင်း၊
        (င) မန္တလေးတိုင်းကို မန္တလေးတိုင်းဒေသကြီးအဖြစ်လည်းကောင်း၊
        (စ)ရန်ကုန်တိုင်းကို ရန်ကုန်တိုင်းဒေသကြီးအဖြစ်လည်းကောင်း၊
        (ဆ)ဧရာဝတီတိုင်းကို ဧရာဝတီတိုင်းဒေသကြီးအဖြစ်လည်းကောင်း ခေါ်ဝေါ်သုံးစွဲရန် သတ်မှတ်လိုက်ကြောင်း ဟုဖော်ပြပါရှိပါသည်။

        ဆက်လက်၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် အမိန့်ကြေငြာချက် အမှတ် ၃၃/၂၀၁၀ ကိုလည်း ထုတ်ပြန်ကြေငြာခဲ့ပါသည်။ အဆိုပါကြေ ငြာချက်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၊ရုံးစိုက်ရာမြို့များသတ်မှတ်ခြင်း၊
        (၁) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံပုဒ်မ ၅၆ အရကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို အောက်ပါအတိုင်းသတ်မှတ်ထား ကြောင်း ဖော်ပြထားပါသည်။
             (က) ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်းမြို့နယ်၊ နမ့်ခန်းမြို့နယ်၊ ပန်ဆန်း၊ ပန်ခန်းမြို့နယ် ခြောက်မြို့နယ်တို့ကို စုစည်းပြီး "၀"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊
             (ခ) စစ်ကိုင်းတိုင်းရှိလေရှီးမြို့ နယ်၊ လဟယ်မြို့နယ်နှင့် နန်းယွန်း မြို့နယ်တို့ကို စုစည်းပြီး "နာဂ"ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ
             (ဂ)ရှမ်းပြည်နယ်ရှိ ရွာငံမြို့နယ် နှင့်ပင်းတယမြို့နယ်တို့ကိုစုစည်းပြီး "ဓနု"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
             (ဃ)ရှမ်းပြည်နယ်ရှိ ဟိုပုန်းမြို့နယ်၊ စီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်တို့ကိုစုစည်းပြီး "ပအို့"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ။
             (င)ရှမ်းပြည်နယ်ရှိ နမ့်ဆန်မြို့နယ်နှင့် မန်ထုံမြို့နယ်တို့ကိုစုစည်း ပြီး "ပလောင်"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ။
             (စ) ရှမ်းပြည်နယ်ရှိကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ်တို့ကိုစုစည်းပြီး "ကိုးကန့်"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ။
       ၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၃ အရ ဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်သည့်ရက် မတိုင်မီ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေအကောင်အထည်ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက်သင့်သည့်လုပ်ငန်းရပ်များကို ကြိုတင်ဆောင်ရွက်ထားရန် ပြဌာန်းချက်နှင့် အညီ အပိုဒ်(၁)ပါအတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအဖြစ် သတ်မှတ်လိုက်ကြောင်းနှင့် ၎င်းတို့၏ရုံးစိုက်ရာမြို့များကို အောက်ပါအတိုင်း သတ်မှတ်လိုက်ကြောင်း သိရသည်။
            (က) "၀"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအတွက် ဟိုပန်မြို့၊
            (ခ) "နာဂ"ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသအတွက် လဟယ်မြို့၊
            (ဂ) "ဓနု"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွက် ပင်းတယမြို့၊
            (ဃ) "ပအို့"ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသအတွက် ဟိုပုန်းမြို့။
            (င) "ပလောင်"ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအတွက် နမ့်ဆန်မြို့၊
            (စ) "ကိုးကန့်"ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအတွက်လောက်ကိုင်မြို့တို့ဖြစ်ကြောင်း ကြေညာချက်တွင်ပါ ၀င်ပါသည်။

        ထို့ပြင် နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ သည်အမိန့်ကြေငြာစာအမှတ် ၃၄/၂၀၁၀ ကို ယနေ့ရက်စွဲဖြင့်ထပ်မံ ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါ ထုတ်ပြန်ချက်အပြည့်အစုံမှာအောက်ပါအတိုင်း ဖြစ်ပါသည်။

         ပြည်ထောင်စုနယ်မြေဖြစ်သည့် နေပြည်တော်တွင် ခရိုင်နှင့် မြို့နယ် များသတ်မှတ်ခြင်း။
        (၁)ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၂၄ တွင် ပြည်ထောင်စုနယ်မြေဖြစ်သည့် နေပြည်တော်အုပ်ချုပ်ရေးနယ်မြေနှင့်ပတ်သက်၍ သတ်မှတ်ပြဌာန်းဖော်ပြထားပါသည်။
        (၂)ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ် မ ၄၄၃ အရ ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သည့်နေ့မတိုင်မီ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အကောင်အထည်ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက်သင့်သည့် လုပ်ငန်းရပ်များကို ကြိုတင်ဆောင်ရွက်ထားရန် ပြဌာန်းချက်နှင့်အညီ အောက်ပါခရိုင်နှင့်မြို့နယ်များကို ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်လိုက်သည်။
            (က) ခရိုင်၊
                  ၁။နေပြည်တော်ခရိုင်
            (ခ)မြို့နယ်များ
                  ၁။ ဇေယျာသီရိမြို့နယ်
                  ၂။ ဇမ္ဗူသီရိမြို့နယ်
                  ၃။ ဒက္ခိဏသီရိမြို့နယ်
                  ၄။ ဥတ္တရသီရိမြို့နယ်
                  ၅။ ပုပ္ဗသီရိမြို့နယ်
                  ၆။ ပျဉ်းမနားမြို့နယ်
                  ၇။ လယ်ဝေးမြို့နယ်
                  ၈။ တပ်ကုန်းမြို့နယ် တို့ဖြစ် ကြောင်းဖော်ပြပါရှိပါသည်။

        အဆိုပါအမိန်ကြေညာစာ သုံးခုစလုံးတွင် အမိန့်အရ ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး အတွင်းရေးမှူး(၁)နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဟု ဖော်ပြပါရှိကြောင်း သိရသည်။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

980.. ကိုရီးယားနိုင်ငံ၌ Lazy Club တီးဝိုင်းနှင့် အဆိုတော်များ ဖျော်ဖြေမည် 20.8.10

 
http://i.ytimg.com/vi/XZ7cbFrBP7o/0.jpg

           ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ Lazy Club တီးဝိုင်းနှင့် အဆိုတော် ခင်မောင်တိုး၊ ဟဲလေး၊ Lလွန်းဝါ၊ ချစ်သုဝေ၊ သဇင်၊ ဂျင်းနီနှင့် ချစ်ဆုဝေ တို့သီဆိုမည်ဖြစ်ကြောင်း သိရှိရသည်။

"ဖျော်ဖြေပွဲကို စက်တင်ဘာလ ၂၁ ရက်နေ့ ညနေ၃နာရီက စပြီးဖျော်ဖြေမှာဖြစ်ပါတယ်။  အဆိုပါပွဲကို ကိုရီးယားနိုင်ငံရှိ စကားဝါစတိုး၊ မြန်မာသူကြီး စားသောက်ဆိုင်နှင့် အမေ့အိမ်စားသောက်ဆိုင်တို့ က ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး လက်မှတ်တစ်စောင်လျှင် ၀မ်ငါးသောင်း ဖြစ်ကြောင်း သိရှိရသည်။



Credit :Eleven Media Group.


Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

977..အဝေးပြေး ကားလက်မှတ်များ အွန်လိုင်းပေါ်တွင် ၀ယ်ယူနိုင်ပြီ ( 19.8.10 )

 
c_buses.jpg image by tanintharyithar

အောင်မင်္ဂလာအဝေးပြေးကား ၀င်းမှပြေးဆွဲလျက်ရှိသောအဝေးပြေး ကားလိုင်းများနှင့် မြန်မာပြည်အနှံ့ ဘုရားဖူးပို့ဆောင်ရေးလုပ်ငန်းများ၏ အသွားအပြန်ကားလက်မှတ်များကို ပင်ရင်းဂိတ်ဈေးအတိုင်း http://www.easyticket.asia.com/ တွင် Aug :လ ၂၀ရက် နေ့မှစ၍ ၀ယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

ထိုင်ခုံအလွတ်များကိုလည်း online ပေါ်တွင်ကြည့်နိုင်ပါမည်....သို့ရာတွင် ၀န်ဆောင်မှုအတွက် ငွေ ၂၀၀ ကျပ်တော့ပိုပေးရမည်ဟုသိရသည်....

''Online မှဝယ်ယူလိုသူက Easy Ticket ရဲ့ Prepaid Member ဖြစ်ရန်လိုအပ်ပြီးတော့ ကြိုတင်ငွေ ၆၀၀၀ကျပ်သွင်းဖို့ လိုပါတယ်။ မိမိ သွားလိုတဲ့ခရီးစဉ်နှုန်းထားပေါ်မူတည် ပြီး အနည်းဆုံးလက်မှတ်တစ်စောင်နှုန်း ကြိုတင်ပေးသွင်းထားမှသာ online ကနေတဆင့် ကြိုတင်လက်မှတ်ဝယ် ယူနိုင်မှာဖြစ်ပါတယ်''ဟုအဆိုပါအစီ အစဉ်ကိုဆောင်ရွက်သည့် Easy Ticket ကုမ္ပဏှီ Chief Operating Officer ဒေါ်မေသူခင်က ပြောသည်။


Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

976..Kaplan Management Diploma များကို MAA တွင် သင်ယူနိုင်ပြီ ( 18.8.10 )

 
http://www.maalearningcentre.com/images/profile-pic02.jpg

နိုင်ငံတကာ အဆင့် အရည်အချင်းပြည့်မှီသော စီမံခန့်ခွဲမှု Diploma သင်တန်းများကို MAA တွင် (၄) လတက်ရောက်ပြီး Kaplan (S'pore) တွင် (၆)လ တက်ရောက်ရမည
်ဖြစ်ပါသည်။
Diploma in………..
Choice of 6 Majors Specialisation
• Business Administration
• Financial Management
• Banking, Securities and Investment Management
• Marketing Management
• Logistics Management
• Hospitality and Tourism Management
Direct Entry to Final Year Bachelor Degree(1 ½ years)
• University of Bedfordshire (UK)
• National University of Ireland, Dublin
• University Canada West (Canada)
• Murdoch University (AUS)
ဆက်သွယ်ရန်လိပ်စာ - MAA Learning Centre
                              No.377,Shwebontha Ye Yeik Tha, Units 11,12 & 24, 1st Floor,
                              Shwebontha Street, Yangon .
                              Tel: 250501/2.

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

975..(MDIS) ၏ ပညာရေး ဟောပြောပွဲ ( 18.8.10 )

 
http://www.hindu.com/edu/2006/09/11/images/2006091100280201.jpg

Management Development Institute of Singapore (MDIS)ပညာရေးဟောပြောပွဲကို မြန်မာနိုင်ငံ ကိုယ်စားလှယ်ဖြစ်သော KMD Computer Centre မှ အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

Seminar Date: 27 August 2010
Time            : 1:00 – 3:00 pm
Venue           : Park Royal Hotel (Grand Ballroom 3)
Topic            : Studying Abroad to Management Development Institute of Singapore (MDIS)

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

972..ထက်ထက်မိုးဦးအမှု တရားလိုပြသက်သေ စတင်စစ်ဆေး ( 18.8.10 )

 
ရန်ကင်း တရားရုံးတွင် ၂ လကျော်ကြာ တရား ရင်ဆိုင်နေရသော် ထက်ထက်မိုးဦးအမှုအား  ပထမအကြိမ် တရားလိုပြ သက်သေ ကို စစ်မေးခဲ့သည်.......

တရားသူကြီး********************************************* ဦးနေအောင်
တရားလိုပြ သက်သေ*************************************ဖက်ရှင်မဂ္ဂဇင်း အယ်ဒီတာ မ၀င်းဝင်းမာ


တရားသူကြီး***** The Voice မှာပါတဲ့ ထက်ထက်မိုးဦးနဲ့ အေးသူစံတို့ရဲ့ အမေးအဖြေ တွေကို ဖတ်ဖူးလားလို့ မေးတယ်။ အဲဒီမေးခွန်းတွေက အနုပညာနဲ့ ဆိုင်လား၊ ဘယ်ဟာကို အနုပညာလို့ ထင်လဲ

မဝင်းဝင်းမာ***** တရားသူကြီး၏ မေးခွန်းများသည် အနုပညာရှင်ဖြေရမည့် မေးခွန်းများသာ ဖြစ်ကြောင်း.....

"ထက်ထက်မှာက နှလုံးရောဂါရှိတော့ သူ့ပရိသတ်တွေက သူ့ကျန်းမာရေး ကောင်း၊ မကောင်းဆိုတာ အရင် သိချင်ကြမှာပဲလေ။ နောက်၊ အိမ်ထောင်ရေး ဆိုတာလည်း သိချင်ကြမှာပဲ။ သာမန် အရပ်သူဆိုရင်တော့ ဘယ်သိချင်ကြမလဲလို့ ဖြေလိုက်တယ်" ဟု    မဝင်းဝင်းမာက ပြောပြသည်။

               တရားသူကြီး ဦးနေအောင်က ယင်းမေးခွန်း တခုတည်းသာ စစ်မေးခဲ့ပြီး တရားခံရှေ့နေကသာ ကိုယ်ထိ လက်ရောက်မှုနှင့် ပတ်သက်သည့် မေးခွန်းများ မေးမြန်းသည်။

အမှုကို ရန်ကင်းတရားရုံးက မေလ၂၄ ရက်နေ့တွင် စတင်လက်ခံခဲ့ပြီး ဇွန် ၃ ရက်တွင် နာကျင်စေမှု ပုဒ်မ ၃၂၃၊ ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆ တို့ ဖြင့် ထက်ထက်မိုးဦးအား တရားစွဲတင်ထားသည်။

             ထက်ထက်မိုးဦးက ဇူလိုင် ၁၃ ရက်တွင် တရားရုံးသို့  ဆေးစာတင်ပြခဲ့ပြီး ယခုရုံးချိန်းအထိ လာရောက်ကြားနာခြင်း မရှိသေးပေ။

               သတင်းထောက်အေးသူစံဘက်က တရားလိုပြ သက်သေအဖြစ်
1....မ၀င်းဝင်းမာ၊
2.... ကိုဘုန်းနေလ၊
3....ကိုသန့်စင်အောင  နှင့်
4....မအေးမြကျော် တို့ကို တင်သွင်းထားပြီး လာမည့် ၃၁ ရက်နေ့တွင် တရားလိုပြ သက်သေများကို ဆက်လက် ကြားနာမည်........

ထက်ထက်မိုးဦးသည် ဇူလိုင်လ ၃၁ ရက်က ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း ပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။

 


Credit :
ဧရာဝတီ.

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

963..အဆိုတော် မိုးမိုး နှလုံးသွေးကြောပိတ် ဝေဒနာ ဖြစ်ပွား ( 17.8.10 )

 



The image

အဆိုတော် မိုးမိုးသည် နှလုံးသွေးကြောပိတ် ဝေဒနာ ဖြစ်ပွားမှုကြောင့် အနုပညာလုပ်ငန်း အချို့အား ရပ်နားခဲ့ရကြောင်း အဆိုတော်မိုးမိုး က ပြောပါသည်။

 
    "ဆာတိုရီနဲ့ ရိုက်ဖို့ ပြောထားတဲ့ ဇာတ်ကားတစ်ကား၊ နေပြည်တော်မှာ ဆိုမယ့်စတိတ်ရှိုးနဲ့ စင်ကာပူ ခရီးစဉ်တစ်ခုကို နှလုံးရောဂါကြောင့် ဖျက်လိုက်ရပါတယ်။ ဇူလိုင်လ ၂၃ ရက်နေ့မှာ ဆေးရုံက ပြန်ဆင်းလာပါတယ်။ သြဂုတ်လ ၁၆ နေ့ကစပြီး ဆေးရုံသုံးရက် ပြန်တက်ရပါမယ်။ ဒီတစ်ခါ ပြန်ဆင်းလာရင်တော့ အနုပညာလှုပ်ရှားမှုတွေကို ပုံမှန်ပြန်လုပ် နိုင်ပါပြီ"ဟု မိုးမိုးက ပြောကြားခဲ့ သည်။


    မိုးမိုးသည် လတ်တလောတွင် သီချင်းရေးသားခြင်း၊ သီဆိုခြင်းတို့ ကို ခေတ္တရပ်နားထားပြီး နေအိမ်တွင် အနားယူလျက် ရှိနေကြောင်း သိရှိရသည်။ မိုးမိုးသည် သြဂုတ်လ ၁၈ ရက်နေ့ နောက်ပိုင်း ပထမဆုံးအနု ပညာလှုပ်ရှားမှု အဖြစ် ဒါရိုက်တာ မောင်မျိုးမင်း ရိုက်ကူးမည့် ဗီဒီယို ဇာတ်ကားတွင် စိုင်းစိုင်းခမ်းလှိုင်နှင့် အတူ ပါဝင်သွားမည်ဟု သိရှိရပါသည်။

Ref:Eleven media grop


Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

961.. မိုက်တိုင်စန် မြန်မာနိုင်ငလာမည် ( 17.8.10 )

 
http://www.blackberryseeker.com/bb/wallpapers/upPics/200903/Mike-Tyson-Wallpaper.jpg


ဟဲဗီးဝိတ် ချန်ပီယံဟောင်း မိုက်တိုင်စန်သည် မြန်မာနိုင်ငံသို သာသနာပြုရန် သွားရောက်မည် ဖြစ်ကြောင်း သိရှိရသည်။

၁၉၉၂ ခုနှစ်တွင် အလှဘုရင်မ ဒက်စရီ ဝါရှင်တန်ကို မုဒိမ်းပြုကျင့် ခဲ့မှုဖြင့် တရားစွဲဆို ခံရသည်။ အပြစ်ရှိကြောင်း ထင်ရှား သဖြင့် မိုက်တိုင်စန်သည် ထောင်ဒဏ် ၃ နှစ် အပြစ်ပေး ခံခဲ့ရသည်။

၁၉၉၇ ခုနှစ်၊ အီဗန်ဒါ ဟိုလီဖီးလ်နှင့် ယှဉ်ပြိုင် ထိုးသတ် ခဲ့ရာတွင် ဟိုလီဖီးလ်၏ ညာဘက် နားရွက်ကို ကိုက်ဖြတ်ခဲ့မှု ကြောင့်လည်း ဟိုးလေး တကျော်ကျော် ဖြစ်ခဲ့သည်။

အသက် ၄၄ နှစ်အရွယ် ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဟောင်းသည် ၎င်း၏ လုပ်ဆောင်ခဲ့မှုများ အတွက် အရှက်ရနေပြီ ဖြစ်ကြောင်း၊ ကောင်းမွန်သည့် အလုပ်များကိုသာ လုပ်ဆောင် သွားတော့မည် ဖြစ်ကြောင်း ပြောဆိုထား သည်ဟုလည်း သိရှိရသည်။

မိုက်တိုင်စန်က "ဘုရားသခင်ဆီမှာရော၊ တခြားဘာသာတွေမှာရော ကျနော့်နာမည် မပါရင်လည်း ကိစ္စမရှိပါဘူး။ ဒါပေမယ့် လူ့ဂုဏ်သိက္ခာ ဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ ကျနော့်နာမည်ကို ကျန်ခဲ့စေချင်ပါတယ်"ဟု Express သတင်းစာတွင် ပြောဆိုထားသည်။


မိုက်တိုင်စန်ကို ၁၉၆၆ ဇွန်လ ၃၀ ရက်နေ့တွင် မွေးဖွားခဲ့ပြီး လက်ဝှေ့သမား ဘဝကို အသက် ၁၅ နှစ်အရွယ်တွင် စတင်ခဲ့သည်။ ကမ္ဘာ့လက်ဝှေ့ကောင်စီ (WBC)၊ ကမ္ဘာ့လက်ဝှေ့အဖွဲ့ချုပ် (WBA) နှင့် အပြည်ပြည်ဆိုင်ရာ လက်ဝှေ့အဖွဲ့ချုပ် (IBF) တို့တွင် မိုက်တိုင်စန်သည် ကမ္ဘာ့အသက်ငယ်ဆုံး ဟဲဗီးဝိတ်ချန်ပီယံ အဖြစ် မှတ်တမ်းတင်ခံခဲ့ရသည်။ ပထမဆုံး ဟဲဗီးဝိတ် ချန်ပီယံဖြစ်ချိန်တွင် မိုက်တိုင်စန်သည် အသက် ၂၀ သာရှိသေးသည်။


Mike Tyson eyeing Burma trip
By WENN.COM

Mike Tyson has vowed to make his kids proud of him now he's turned his life around - he's eyeing a mercy mission to Burma.

The former boxing champion, who shot to fame in 1986 when he became the youngest ever winner of the World Boxing Council (WBC) heavyweight title at the age of 20, recently vowed to devote his life to caring for others after a string of personal controversies.

His allegedly abusive marriage to actress Robin Givens in the late 1980s began to overshadow his sporting achievements and in 1992, Tyson was convicted of raping Desiree Washington, for which he served three years in prison.

Tyson later turned to drugs, but now retired and clean, the sports star admits he regrets the first 44 years - branding them a "f**king waste".

He's now determined to help others less fortunate than him and he's planning a trip to Burma, south-east Asia to aid impoverished communities.

Tyson tells Sports Illustrated magazine, "I want to count for something. Not in the name of God or any religion but in the name of self-dignity.

"I feel I'm a clown, I'm a joke. I just want to do nice things so my kids can respect me. I want to live in a hut in Burma."

http://slam.canoe.ca/Slam/Fighting/Boxing/2010/08/16/15043626.html

 


Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

954..တရုတ်နိုင်ငံထုပ် နို့မှုန့်ကြောင့် မိန်းကလေးငယ်များ ရင်သားကြီးထွားလာ 15.8.10

 
အသက် ၄ လ မှ ၁၅ လ အထိ ပါဝင်သော နို့စို့အရွယ် မိန်းကလေး ၃ ဦးသည် နို့မှုန့်တစ်မျိုးကြောင့် ဟော်မုန်းဓာတ်ပမာဏမှာ အရွယ်ရောက်ပြီး အမျိုးသမီးများထက်ပင် များနေခဲ့ကြောင်း ချိုင်းနားဒေးလီးက ဖော်ပြသည်။ သို့ရာတွင် ဒေသဆိုင်ရာ စားနပ်ရိက္ခာ လုံခြုံရေး အာဏာပိုင်များကမူ Syuntra မှ ထုတ်သော ယင်းနို့မှုန့်ကို မိဘများ၏ တောင်းဆိုချက်ဖြင့် စစ်ဆေးမပေးနိုင်ကြောင်း ငြင်းဆို ထားသည်။ သံသယရှိခံရသည့် Syuntra မှ ထုတ်သော ယင်းနို့မှုန့်ကို ဟူပေပြည်နယ် မြို့တော်ဝူဟန်တွင် လျော့ဈေးဖြင့် ရောင်းနေပြီး မြို့တော်ပေကျင်းရှိ စတိုင်းဆိုင်များတွင်လည်း ရောင်းနေဆဲဖြစ်ကြောင်း ဂလိုဘယ်တိုင်းမ်က ဖော်ပြသည်။



ကွမ်တုံပြည်နယ် နို့ထွက်ပစ္စည်း ထုတ်လုပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌဟောင်း ၀န်ဒင်မြန်ကမူ လယ်သမားတို့က နို့စားနွားများ နို့ထွက်ကောင်းစေရန် သုံးစွဲရာမှ နို့တွင်ဟော်မုန်းများ ပါလာခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့သည်။

''ကျွဲနွားတိရစ္ဆာန်တွေ မွေးမြူရာမှာ ဟော်မုန်းသုံးတာကို တရုတ်မှာ ပိတ်ထားပါတယ်။ ဒါပေမဲ့ ဒီလို ပိတ်ထားလို့ ဘယ်သူမှ မသုံးကြပါဘူးလို့ ပြောရင်တော့ ဒါလိမ်တာပါ ပဲ''ဟု ၀န်ဒင်မြန်က သုံးသပ်ခဲ့သည်။

၂၀၀၈ ခုနှစ်ကလည်း တရုတ်ပြည်လုပ် နို့မှုန့်များတွင် ပလတ်စတစ်လုပ်ရာတွင် သုံးသည့် မယ်လမင်း ပါရှိခြင်းကြောင့် ကလေးအချို့ သေဆုံးခဲ့ပြီး ကလေးသူငယ်ပေါင်းများစွာ အဆိပ်သင့်ခဲ့ရကာ တရုတ်နို့မှုန့်များ နာမည်ပျက်ခဲ့သည်။

'No evidence' China milk powder caused infant breasts

A Chinese baby looks at tins of Synutra milk powder at a supermarket in Beijing on 9 August 2010 The inquiry found "nothing abnormal" in Synutra milk powder

China's health ministry has said an inquiry has found no evidence milk powder produced by a Chinese company caused three infant girls to grow breasts, state media have reported.

There had been claims hormone-tainted formula made by Synutra International had caused several cases of premature puberty in Hubei province.

The Chinese firm strongly denied its products were contaminated.

Food safety problems involving formula have caused concerns in the past.

Two years ago, the chemical compound melamine was found in milk products made by 22 Chinese firms. Hundreds of thousands of children were poisoned and six died.

BBC map

Following the latest scare, researchers "found nothing abnormal about the amount of hormones contained in milk powder from Synutra and other brands" after testing samples from 14 producers, the state Xinhua news agency said, citing a ministry spokesman.

It said the ministry believed breast growth in the three babies "had no connection to the Synutra milk powder".

The ministry said it tested 42 samples of Synutra milk, including some from the families' homes, and 31 samples from 14 other Chinese and foreign suppliers.

Medical tests had indicated the levels of hormones in three girls, ranging in age from four- to 15-months and who were fed the same Synutra baby formula, exceeded those of the average adult woman, the China Daily reported last week.

The infants were found to have abnormal levels of the hormones estradiol and prolactin, which stimulates the production of breast milk, Health Times reported.

On Tuesday, the father of a 13-month-old girl in Beijing told China Daily his daughter had been diagnosed with symptoms of premature puberty.

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

953.. ​အာ​ကာ​သ​​ အ​တွင်း​ ​ကြယ်​စုကြီး ပေါက်​ကွဲ​မှု​ဖြစ်ပွား 14.8.10

 

နက္ခတ်ဗေဒ ပညာရှင်များသည် အလွန်ဝေးကွာသော အာကာသ၏ နေရာ​ တစ်ခု​ အတွင်း ကြယ်စု​ ပေါက်ကွဲမှု ဂါမာ​ ရောင်ခြည်များ​ အား ဖမ်းယူ​ နိုင်ခဲ့သည်..NASA​ မှ လာဂီအာရီယာက ပေါက်ကွဲမှု ဖြစ်ပွားပြီး ၁၅ ရက်အကြာတွင်မှ ဂါမာ​ ရောင်စဉ်တန်းများအား  နက္ခတာရာကြည့် မှန်ပြောင်းများဖြင့် ဖမ်းယူ​ နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ယင်းပေါက်ကွဲမှုသည် နေက တစ်နှစ်စာ ထုတ်ပေးနေသည့် စွမ်းအင်ပမာဏ၏ အဆ ၁၀၀၀ မျှထိ ပြင်းထန်နိုင်ကြောင်း ၊ယင်းပေါက်ကွဲမှုသည် ကမ္ဘာမှ အလင်းနှစ် ၉၀၀၀ ကွာဝေးသော နေရာတွင် ဖြစ်ပေါ်ခဲ့ပြီး ဂါမာရောင်ခြည်များကို အရှိန်အဟုန်ပြင်းပြင်း ထုတ်ပေးလိုက်ခြင်းဖြစ်ကြောင်း အဲလိဇဘက်ကဆိုသည်။

ယင်းသို့သော ပေါက်ကွဲမှုကြီးများသည် နှစ်ပေါင်း တစ်သိန်းကျော်မျှထိ ရောင်စဉ်တန်းနှင့် စွမ်းအင်အကြွင်းအကျန်များကို စကြာဝဠာအတွင်း ထုတ်လွှင့်​ ပေးနေ​ တတ်ကြောင်းလည်း ပြောကြားသွားသည်။



Fermi Detects 'Shocking' Surprise from Supernova's Little Cousin


Astronomers using NASA's Fermi Gamma-ray Space Telescope have detected gamma-rays from a nova for the first time, a finding that stunned observers and theorists alike. The discovery overturns the notion that novae explosions lack the power to emit such high-energy radiation.

A nova is a sudden, short-lived brightening of an otherwise inconspicuous star. The outburst occurs when a white dwarf in a binary system erupts in an enormous thermonuclear explosion.

"In human terms, this was an immensely powerful eruption, equivalent to about 1,000 times the energy emitted by the sun every year," said Elizabeth Hays, a Fermi deputy project scientist at NASA's Goddard Space Flight Center in Greenbelt, Md. "But compared to other cosmic events Fermi sees, it was quite modest. We're amazed that Fermi detected it so strongly."


Gamma rays are the most energetic form of light, and Fermi's Large Area Telescope (LAT) detected the nova for 15 days. Scientists believe the emission arose as a million-mile-per-hour shock wave raced from the site of the explosion.

A paper detailing the discovery will appear in the Aug. 13 edition of the journal Science.

The story opened in Japan during the predawn hours of March 11, when amateur astronomers Koichi Nishiyama and Fujio Kabashima in Miyaki-cho, Saga Prefecture, imaged a dramatic change in the brightness of a star in the constellation Cygnus. They realized that the star, known as V407 Cyg, was 10 times brighter than in an image they had taken three days earlier.

The team relayed the nova discovery to Hiroyuki Maehara at Kyoto University, who notified astronomers around the world for follow-up observations. Before this notice became widely available, the outburst was independently reported by three other Japanese amateurs: Tadashi Kojima, Tsumagoi-mura Agatsuma-gun, Gunma prefecture; Kazuo Sakaniwa, Higashichikuma-gun, Nagano prefecture; and Akihiko Tago, Tsuyama-shi, Okayama prefecture.

On March 13, Goddard's Davide Donato was on-duty as the LAT "flare advocate," a scientist who monitors the daily data downloads for sources of potential interest, when he noticed a significant detection in Cygnus. But linking this source to the nova would take several days, in part because key members of the Fermi team were in Paris for a meeting of the LAT scientific collaboration.

"This region is close to the galactic plane, which packs together many types of gamma-ray sources -- pulsars, supernova remnants, and others in our own galaxy, plus active galaxies beyond them," Donato said. "If the nova had occurred elsewhere in the sky, figuring out the connection would have been easier."

The LAT team began a concerted effort to identify the mystery source over the following days. On March 17, the researchers decided to obtain a "target-of-opportunity" observation using NASA's Swift satellite -- only to find that Swift was already observing the same spot.

"At that point, I knew Swift was targeting V407 Cyg, but I didn't know why," said Teddy Cheung, an astrophysicist at the Naval Research Laboratory (NRL) in Washington, D.C., and the lead author of the study. Examining the Swift data, Cheung saw no additional X-ray sources that could account for what Fermi's LAT was seeing.

V407 Cyg had to be it.

Half an hour later, Cheung learned from other members of the LAT team that the system had undergone a nova outburst, which was the reason the Swift observations had been triggered. "When we looked closer, we found that the LAT had detected the first gamma rays at about the same time as the nova's discovery," he said.

V407 Cyg lies 9,000 light-years away. The system is a so-called symbiotic binary containing a compact white dwarf and a red giant star about 500 times the size of the sun.

"The red giant is so swollen that its outermost atmosphere is just leaking away into space," said Adam Hill at Joseph Fourier University in Grenoble, France. The phenomenon is similar to the solar wind produced by the sun, but the flow is much stronger. "Each decade, the red giant sheds enough hydrogen gas to equal the mass of Earth," he added.

The white dwarf intercepts and captures some of this gas, which accumulates on its surface. As the gas piles on for decades to centuries, it eventually becomes hot and dense enough to fuse into helium. This energy-producing process triggers a runaway reaction that explodes the accumulated gas.

The white dwarf itself, however, remains intact.


The blast created a hot, dense expanding shell called a shock front, composed of high-speed particles, ionized gas and magnetic fields. According to an early spectrum obtained by Christian Buil at Castanet Tolosan Observatory, France, the nova's shock wave expanded at 7 million miles per hour -- or nearly 1 percent the speed of light.

The magnetic fields trapped particles within the shell and whipped them up to tremendous energies. Before they could escape, the particles had reached velocities near the speed of light. Scientists say that the gamma rays likely resulted when these accelerated particles smashed into the red giant's wind.

"We know that the remnants of much more powerful supernova explosions can trap and accelerate particles like this, but no one suspected that the magnetic fields in novae were strong enough to do it as well," said NRL's Soebur Razzaque.

Supernovae remnants endure for 100,000 years and affect regions of space thousands of light-years across.

Kent Wood at NRL compares astronomical studies of supernova remnants to looking at static images in a photo album. "It takes thousands of years for supernova remnants to evolve, but with this nova we've watched the same kinds of changes over just a few days," he said. "We've gone from a photo album to a time-lapse movie."

For more information visit http://www.nasa.gov/mission_pages/GLAST/news/shocking-nova.html

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ