ဗဟုသုတဘဏ်
ယေဘုယျအားဖြင့် RISC Processor တွေမှာ Instruction တစ်ခုအတွက် လုပ်ရမယ့်အလုပ်တွေကို အောက်မှာပြထားသလို အဆင့်နဲ့ခွဲထားပါတယ်။
အလုပ်တစ်ခုဟာ Clock တစ်ခုလိုအပ်တဲ့အတွက် Instruction တစ်ခုအတွက် အဆင့်ငါးဆင့် လုပ်ရမှာဖြစ်လို့ ပုံမှန်အားဖြင့် Clock ငါးခုလိုအပ်ပါတယ်။ နမူနာအဖြစ် အလုပ်လုပ်ပုံကို ပြောရမယ်ဆိုရင် 680x0 Instruction နမူနာတစ်ခုအဖြစ် move.l (a1), d1 ဆိုတာ Memory တစ်နေရာမှာ ရှိတယ်ဆိုကြပါစို့ အဲဒါဆိုရင် ပထမအဆင့် IF အနေနဲ့ အဲဒီ့ Instruction ကို သက်ဆိုင်ရာနေရာကနေ ဖတ်ပါတယ် ဒုတိယအဆင့် ID အနေနဲ့ Instruction ကိုဘာလုပ်ခိုင်းသလဲ ခွဲခြားရပါတယ် ခွဲခြားလိုက်မယ်ဆိုရင် move လုပ်ရမယ် လုပ်ရမယ့် Size က Long ဖြစ်တယ် a1 ထဲမှာရှိတဲ့ Address မှာသိမ်းထားတဲ့ data ကို d1 ဆိုတဲ့ Register ထဲကိုကူးထည့်ရမယ်လို့ ခွဲခြားနိုင်ပါတယ်။ တတိယအဆင့် EX အနေနဲ့ သူပြောထားတဲ့အလုပ်ကို ALU အနေနဲ့လုပ်ဖို့လိုအပ်ပါတယ် Execute လုပ်ဖို့အတွက် ဒီအတိုင်းလုပ်လို့မရပါဘူး a1 ထဲမှာရှိတဲ့ Address မှာသိမ်းထားတဲ့ data ကိုဖတ်ဖို့လိုတဲ့အတွက် Processor ထဲက Data နဲ့မလုံလောက်လို့ Memory ကို Access လုပ်ဖို့လိုပါတယ် အဲဒီ့လိုလုပ်တဲ့အလုပ်ကို စတုတ္ထအဆင့်အနေနဲ့ MA လို့ပြောလို့ရမှာဖြစ်ပါတယ် နောက်ဆုံးအဆင့်အနေနဲ့ ထွက်လာတဲ့အဖြေကို သက်ဆိုင်ရာ နေရာမှာသွားရေးရပါတယ် ဒီ Instruction မှာတော့ ဖတ်လို့ရတဲ့ Data ကို d1 ထဲကိုသွားရေးပါတယ် ဒါဆိုရင် ပဉ္စမအဆင့်ဖြစ်တဲ့ WB ပြီးဆုံးပါလိမ့်မယ်။ အဲဒါဆိုရင်နောက်ထပ် Instruction တစ်ခုကိုထပ်ဖတ်တဲ့ IF ကနေ WB အထိဆက်လုပ်ရင် Processor ကိုမပိတ်မချင်း ဆက်လုပ်နေမှာဖြစ်ပါတယ်။
အခုအချိန်အထိ အလုပ်တစ်ခုဟာ Clock အဖြစ်သာ အလုပ်လုပ်နေတယ်လို့ ယူဆနေတာပါ အဲဒီ့လိုဆိုရင်အလွန်ပဲနှေးပါလိမ့်မယ် နောက်ပြီးတော့ Processor ရဲ့အစိတ်အပိုင်းတွေဟာ အလုပ်အပြည့်အဝ အလုပ်နိုင်ပါဘူး။ ပုံမှန်အားဖြင့် IF ဟာ တစ်ကြိမ်အလုပ်လုပ်ပြီးရင် နောက်ထပ် IF မရောက်မချင်း Clock လေးခု အားနေပါတယ် အဲဒီ့တော့ အစိတ်အပိုင်း ၅ ခုလုံးသာ တစ်ပြိုင်တည်း အလုပ်လုပ်နိုင်ရင် လက်ဆင့်ကမ်းအလုပ်လုပ်သလို အပြိုင်အလုပ်လုပ်နိုင်ပါတယ်။ ဥပမာအားဖြင့် IF အလုပ်ပြီးလို့ ID ကိုအလုပ်ကို လက်ဆင့်ကမ်းလိုက်ပြီးရင် IF အနေနဲ့ နောက်ထပ် Instruction တစ်ခုကိုယူပြီးတော့ IF အလုပ်ထပ်လုပ်လို့ရပါတယ် အဲဒါဆိုရင် အလုပ်စစချင်း Clock လေးခုကလွဲရင် နောက်အကြိမ်တွေမှာ Clock တစ်ခုမှာ Instruction တစ်ခုပေးနိုင်ပါလိမ့်မယ်။ အဲဒါမျိုးအလုပ်လုပ်တာကို Pipelining လို့ခေါ်ပါတယ်။ အောက်ကပုံမှာကြည့်ပါ
အပေါ်မှာပြထားသလိုဆိုရင် အလုပ်တွေက Clock တစ်ခုမှာ Instruction တစ်ခုတော့ ပြီးအောင်လုပ်နိုင်သွားပါတယ် အရင်လို Clock တွေအများကြီးမလိုတော့ဘူးပေါ့။ နောက်တစ်ဆင့်အနေနဲ့ Clock တစ်ခုမှာ Multiple Instruction ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားရပြန်တယ်။ အယူအဆအားဖြင့် ရှင်းလင်းပါတယ် Pipeline တစ်ခုဟာ Single clock per instruction လုပ်ပေးနိုင်ရင် Multiple Pipeline ဆိုရင် Single clock per multiple instruction အလုပ်လုပ်နိုင်ပါလိမ့်မယ် အဲဒါမျိုးကို Superscalar လို့ခေါ်ပါတယ်။ အောက်မှာပြထားတဲ့ Figure ကိုကြည့်ပါ Double Pipeline ဖြစ်တဲ့အတွက် Single clock per double instruction အလုပ်လုပ်နေတာ တွေ့ရပါလိမ့်မယ်။
အပေါ်မှာပြောထားတာတွေက Instruction Execution ကိုအကြမ်းအားဖြင့်ပြောထားတာပါ တစ်ကယ်ကတော့ Processor Architecture ဆိုတာ အင်မတန်ကြီးမားတဲ့ ဘာသာရပ်ကြီးတစ်ခုပါ အဲဒါကြောင့် သဘောပေါက်ရုံသာပြောထားပါတယ်။ အသေးစိတ်လည်း စာတစ်ပုဒ်နဲ့ နားလည်အောင်ပြောဖို့မဖြစ်နိုင်ပါ။ အသေးစိတ်သိချင်ရင်တော့ Processor architecture တွေအကြောင်း ရေးထားတဲ့စာအုပ်တွေကို ဖတ်မှပဲရပါလိမ့်မယ်။ Hardware ဆိုပြီး A+ လိုစာအုပ်ကို မမြင်မိပါနဲ့ A+ ဆိုတာမျိုးက Processor architecture နဲ့ယှဉ်ကြည့်ရင် မူကြိုစာအုပ်လို့ ပြောရပါလိမ့်မယ်။ ဖတ်ချင်ရင်တော့ ရှာလို့အလွယ်ဆုံးက ကွန်ပျူတာတက္ကသိုလ် တတိယနှစ်မှာသင်တဲ့ Computer Architecture ကိုဖတ်ကြည့်လို့ရပါတယ် အသေးစိတ်ဖတ်ချင်ရင်တောင် အဲဒီ့စာအုပ်ဟာ အင်မတန်ကောင်းပါတယ်။ နောက်ပြီးတော့ Computer Organization လိုစာအုပ်မှာလည်း Knowledge အတွက် လုံလောက်ပါလိမ့်မယ်။ အသေးစိတ်တွေကတော့ Computer Architecture By A. D. Gajski, A.P.Godse, D.A.Godse လိုဟာမျိုးတွေ ဖတ်မှပဲရပါမယ်။ သိချင်ရင်တော့ရှာဖတ်ပါ ကျွန်တော်က Hardware အကြောင်း လေ့လာတဲ့လူမဟုတ်တော့ အသေးစိတ်တွေက မမှတ်မိတော့ပါဘူး....
|
Labels: A+, Computer-IV, Knowledges-II
ကျေးဇူးတင်ပါတယ် မုန်တိုင်း
ကျန်းမာကြပါစေ
0 - ဦး မှတ်ချက်ပေးထားပါသည်
Post a Comment