ဗဟုသုတဘဏ်
ကျွန်တော်တို့တွေ overclocking လုပ်ကြတယ်၊ MB တွေ CPU တွေပျက်တယ်။ သက်တမ်းကြာလာလို့ HDD တွေပျက်တယ်။ memory တွေပျက်တယ်။ ပျက်တဲ့ပစ္စည်းလေးကို လဲလိုက်ရုံပဲ။ Software တွေကြောင်တယ်၊ OS တွေကြောင်တယ်။ ကွန်တော်တို့တွေ ပြန်တင်လိုက်ရုံပဲ။ ဒါပေမယ့် PSU မကောင်းလို့ ကြီးကြီးမားမား အမှားတစ်ခုခုဖြစ်ရင် MB, Graphic card capacitor တွေ့ပွင့်ထွက်ကုန်တာ၊ Chipset တွေလောင်ကုန်တာတွေ့ဘူးတယ်။
ဒါကြောင့် သိထားသိတဲ့ PSU အကြောင်းမှာ...................
Power Supply Unit
Power Supply Unit ဆိုတာ ကွန်ပျူတာအစိတ်အပိုင်းအားလုံးကို power ပေးတဲ့ unit ဖြစ်တယ်။ ကွန်ပျူတာအစိတ်အပိုင်းတွေအားလုံးက DC (direct current ) ကိုသုံးတာဖြစ်လို့ PSU က အဝင် AC ကနေ DC ကိုပြောင်းပေးတယ်။ သူ့ရဲ့နောက်ကိုကြည့်မယ်ဆိုရင် AC power In, On-Off Switch, Voltage selection switch ဆိုပြီး သာမန်အားဖြင့်ရှိတယ်။
အပေါစား နဲ့ နိုင်ငံတွင်းသီးသန်သုံး PSU တွေမှာတော့ Voltage selection switch ပါဝင်လေ့မရှိဘူး။ On-Off switch မှာတော့ ပုံနှစ်ခုပါဝင်တယ်။
စက်ဝိုင်းပုံလေးနဲ့ မျဉ်းကြောင်းပုံလေးဖြစ်တယ်။ စက်ဝိုင်းပုံလေးက ပိတ်ထားတာကိုဆိုလိုပြီး မျဉ်းကြောင်းလေးက ဖွင့်တာကိုဆိုလိုတယ်။
Supplying DC
PSU က AC 220V ကနေ DC 12v, 5v, 3.3v DC တွေကိုထုက်ပေးတယ်။ အဝါရောင်ကြိုးဟာ +12V ဖြစ်ပြီး အနီရောင် ကြိုးဟာ +5V ဖြစ်တယ်။ (-12V, -5V တွေလည်း ကွန်ပျူတာမှာသုံးပါတယ်။ အနက်ရောင်ဟာ ground ( 0V )ဖြစ်တယ်။ PSU ကထွက်လာတဲ့ power တွေကို အလွယ်တကူဖြုတ်တပ်နိုင်အောင် connector တွေနဲ့ ဆက်ပေးထားတယ်။ ဒီ connector တွေမှာ များပြီး မဆက်နိုင်အောင် စောင်းလေးတွေလုပ်ပေးထားတယ်။ အဲဒါကို chamfer လို့ခေါ်တယ်။
Power to Motherboard
Motherboard နဲ့ချိတ်ဆက်တဲ့ power connector ကို 20 pin or 24 pin P1 power connector လို့ခေါ်တယ်။
24 pin ကို 20 pin သုံး MB တွေမှာ တပ်ဆင်နိုင်ပါတယ်။ ဒီ့အတွက် 24 pin connector မှာရှိတဲ့ ဘေးအစွန် 4 pin ကိုဖြုတ်တပ်လို့ရအောင် ပြုလုပ်ထားပါတယ်။ 20 pin ကို 24 pin MB တွေမှာတပ်ဆင်နိုင်ပေမယ့်လို့ မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ MB တော်တော်များများမှာ ဒါကိုကာကွယ်ဖို့ function တွေပါဝင်ပြီးသားဖြစ်ပါတယ်။ နောက်ပြီးတော့ ယခုသုံးနေတဲ့ modern MB တွေအတွက် 4pin power connector တွေပါလာတယ်။ များသောအားဖြင့် 4pin တွေဖြစ်တယ်။ သူတို့ကိုတော့ P4 connector လို့ခေါ်တယ်။
8pin power connector တွေကိုတော့ highend CPU တွေအတွက် ထည့်ပေးထားကြတယ်။ အထူးသဖြင့် Intel Extreme series CPU တွေအတွက်ဖြစ်တယ်။ ဒီ 8 pin connector တွေကို EPS 12V, EATX 12V, ATX 12V 2x4 စသည်ဖြင့်ခေါ်ကြတယ်။ သူ့ရဲ့ Pin တဝက်ဟာ P4 connector တွေနဲ့တူတူပဲဖြစ်တယ်။ PSU တော်များများမှာတောင် 8 pin connector တွေမပါလာဘူး။
Power to Peripherals
HDD, floppy, DVD, Fans စတာတွေကိုတပ်ဖို့ကြတော့ Mini, Molex နဲ့ SATA power connector ပါဝင်လာတယ်။
Molex connectors
ဒီ connectors တွေကို 5v နဲ့ 12v သုံး devices တွေအတွက် အသုံးပြုတယ်။ ဥပမာ အားဖြင့် IDE HDD, DVD, Fans တွေဖြစ်တယ်။ သူမှာ တော့ pin ၄ ခုပါဝင်တယ်။ သူကို ပြောင်းပြန်မှားမတပ်နိုင်အောင် chamfer လုပ်ထားတယ်။ ဒီအမျိုးအစား ကိုတော့ အများဆုံးအသုံးပြုတယ်။ ဒီ connector တွေမှာ အဝါရောင်ကြိုးက +12V၊ အနီရောင်က +5V နဲ့ အနက်နှစ်ကြိုးက ground တွေဖြစ်တယ်။
Mini connector
Floppy power connector လို့ခေါ်တဲ့ ဒီ Mini connector ကိုတော့ floppy တွေကိုပဲအဓိကထားသုံးတယ်။ အခု များသောအားဖြင့် PSU တစ်ခုမှာ mini connector တစ်ခုတော့ပါလာသေးတယ်။ molex connector တွေကိုပြောင်းပြန်တပ်ဖို့ခဲရင်းပေမယ့် mini connector တွေကိုအလွယ်တကူ မှားပြီးတပ်ဆင်နိုင်တဲ့အတွက် ဒီ connector တွေကိုသုံးမယ်ဆိုရင်သတိထားရပါတယ်။
SATA power connector
အရင်တုန်းက IDE HDD တွေကို power ပေးဖို့အတွက် molex ခေါင်းတွေကိုပဲသုံးတယ်။ SATA HDD တွေပေါ်လာတော့ သီးခြား power connector ကိုသုံးလာတယ်။ SATA power connector တွေဟာ L ပုံ ပြုလုပ်ထားတဲ့အတွက် မှားတပ်ဖို့ရာ မလွယ်ကူတော့ပါဘူး။ သူ့မှာ Pin ၁၅ ခုပါဝင်တယ်။ တချို့ SATA HDD တွေမှာတော့ molex connector ကိုပါအသုံးပြုနိုင်အောင် ထည့်ပေးထားတယ်။ ယခုနောက်ပေါ် PSU တွေမှာ SATA power connector တစ်ခုကနေ နှစ်ခုလောက်ထိ ထည့်သွင်းပေးထားကြတယ်။ မပါလည်းပြဿနာမရှိပါဘူး။ Molex to SATA power connector တွေကို အလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်။
Graphic Power Connector
ယခုနောက်ပေါ် Mid-range နဲ့ high end graphic card တွေဟာ power ပိုစားတဲ့အတွက် သူတို့အတွက် သီးခြား power connector တွေလိုအပ်လာတယ်။ Graphic card အတွက် power connector တွေဟာ 4 pin, 6 pin, 8 pin ဆိုပြီးရှိပါတယ်။ သူတို့ကို auxiliary PCI Express power connector လို့ခေါ်တယ်။
ဒီ 4 pin နဲ့ 8 pin power connector ဟာ MB အတွက်ဖြစ်တဲ့ P4 connector တွေနဲ့မတူတဲ့အတွက် သူတို့ကိုမှားပြီးမတပ်ဆင်ရပါဘူး။ Molex to PCIe power connector တွေကိုလည်း ဈေးကွက်မှာဝယ်ယူရရှိနိုင်ပါတယ်။
PSU generation
ATX PSU
စစခြင်းပေါ်လာတဲ့ PSU တွေကို ATX PSU လို့ခေါ်တယ်။ သူ့မှာတော့ 20 pin P1, molex connectors, mini connectors တွေသာပါဝင်တယ်။ သူ့နောက်ပေါ်ပေါက်လာတာက ATX 12V 1.3 ဖြစ်တယ်။
ATX 12v 1.3 PSU
သူမှာတော့ 4pin P4 connector နဲ့ AUX လို့ခေါ်တဲ့ 6 pin Auxiliary power connector ပါဝင်လာတယ်။ အထူးသဖြင့် AMD motherboard က AUX ကိုသုံးပြီး Intel MB တွေက P4 ကိုသုံးတယ်။
EPS 12V PSU
နောက်ထပ်ထွက်ပေါ်လာတာကတော့ EPS 12V PSU တွေပဲဖြစ်တယ်။ သူတို့မှာ 20 pin P1 အစား 24 pin P1 တွေကိုသုံးလာတယ်။
ဒါတွေအပြင် AUX, 4pin P4, 8 pin MB connector စတာတွေအကုန်လုံးကိုထည့်ပေးထားတယ်။ ဒါပေမယ့် ATX power system တွေမှာအသုံးပြုလို့မရတဲ့အတွက် ခဏတာသာပေါ်ပေါက်ခဲ့တယ်။
ATX 12V 2.0
ဒီ PSU စနစ်ကတော့ ကျွန်တော်တို့ယခုလက်ရှိသုံးနေတဲ့ PSU တွေပဲဖြစ်ပါတယ်။ သူမှာတော့ 24 pin P1, 4 pin P4 and/or 8 pin တွေပါဝင်ပါတယ်။ 24pin P1 ဟာ pin ၄ခုကိုဖြုတ်ပြီး 20 pin P1 အနေနဲ့လည်းသုံးနိုင်ပါတယ်။ ဒါပေမယ့် ပိုတဲ့ 4 pin ဟာ P4 connector နဲ့တော့မတူပါဘူး။
တခြား PSU တွေလည်းရှိသေးတယ်။ သူတို့ကတော့ TFX 12V, SFX 12V, CFX 12V နဲ့ LFX 12V တို့ဖြစ်တယ်။
TFX12V
TFX12V ကိုတော့ low profile (တိက်ဆိတ်ညိမ်သက်သော system) ATX system တွေမှာသုံးတယ်။
SFX 12V
SFX 12V ကိုတော့ Flex-ATX MB တွေမှာသုံးတယ်။
CFX12V
CFX12V PSU တွေဟာ L ပုံဖြစ်ပြီး Micro BTX system တွေမှာသုံးပါတယ်။
LFX12v
LFX12V PSU တွေကိုတော့ low-profile BTX System တွေမှာသုံးပါတယ်။
PSU တွေကိုရွေးချယ်ဝယ်ယူရာမှာ 450 W ချင်းတူတူ ဘာကြောင့် တစ်ခုက သိသိသာသာပိုဈေးကြီးနေရတာလဲ။ 12v, 5v, 3.3v Rail တွေကထုက်ပေးနိုင်တဲ့ Ampere ( လျှပ်စီးကြောင်း )ပမာဏကြောင့်အဓိကဖြစ်တယ်။
Output watt
PSU တစ်ခုကို အဓိကဖော်ပြတဲ့အရာက သူ့ရဲ့ watt ပဲဖြစ်တယ်။ 450W, 550W, 650W စသည်ဖြင့်ပေါ့။ ဒါပေမယ့် သူတို့ရဲ့ output ဟာအပြည့်မထွက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ PSU က AC ကနေ DC ကိုပြောင်းလဲရာမှာ ဖြစ်ပေါ်တဲ့ lossess တွေကြောင့်ဖြစ်ပါတယ်။ ဒီအတွက် PSU ထုက်လုပ်သူတွေက သူတို့ PSU ရဲ့ effenciency တွေကိုဖော်ပြတယ်။ အထူးသဖြင့် 80% power effenciency PSU တွေမှာဖြစ်တယ်။ ဒီ PSU တွေကို 80+ PSU တွေလို့ခေါ်တယ်။ Electrical power ကို AC ကနေ DC ကိုပြောင်းလဲရာမှာ အနည်းဆုံး 80% ပြောင်းလဲနိုင်တယ်လို့ဆိုပါတယ်။
Active power factor correction (active PFC) ဖြစ်တယ်။ PSU ဟာ AC ကနေ DC ကိုပြောင်းလဲရာမှာ Hermonics တွေပါဝင်လာတယ်။ ဥပမာ "ဒီ ဒီ ဒီ" ဆိုတဲ့အသံကို ကျွန်တော်တို့အိမ်သုံး inverter တွေမှာကြားရသလိုဖြစ်တယ်။ ဒီ hermonics တွေက အချိန်ကြာလာတာနဲ့အမျှ electrical devices တွေကိုပျက်စီးစေပါတယ်။ ဒီကောင်ကိုချေဖျက်တဲ့ active PFC ကို အရည်အသွေးပြည့်မှီတဲ့ PSU တွေမှာထည့်သွင်းလာပါတယ်။ Active PFC PSU တွေကို PSU ထုက်လုပ်သူတွေက ဂုဏ်ယူစွာဖော်ပြတက်ကြတယ်။
Rail Power
ကျွန်တော်တို့ယခုလက်ရှိသုံးနေတဲ့ PSU တွေက 12v, 5v, 3.3v တွေထုက်ပေးတယ်ဆိုပေမယ့် သူတို့ကို တကယ်တမ်းတော့ အများကြီးခွဲသုံးတယ်။ ဆိုလိုတာက +12V ကို သက်ဆိုင်ရာ device တွေမှာသုံးဖို့ +12v ကြိုးတွေကို အများကြီးထုက်သုံးတယ်။ +12v ကြိုးမှန်သမျှဟာ +12v output တစ်ခုထဲကနေခွဲထွက်သွားတာဖြစ်တယ်။ ဒီလို +12v ခွဲထွက်တဲ့ output ကို Rail လို့ခေါ်တယ်။ +12v rail, -12v rail, +5v rail စသည်ဖြင့်ပေါ့။
ကျွန်တော်တို့ PSU တွေကိုဝယ်ယူရာမှာအဓိက ကြည့်ရမှာက +12V rail က ampere ဖြစ်တယ်။ အထူးသဖြင့် CPU မြင့်မြင့်နဲ့ Graphic card မြင့်မြင့် ကိုသုံးသူတွေကြည့်ရမယ့်အရာဖြစ်တယ်။ အနည်းဆုံး +12V rail ampere က 18A ရှိရမယ်။ သူထက်ပိုများရင်ပိုကောင်းပါတယ်။ ဒါကြောင့် iCute 1000W က 60000 ကျပ်ခန့်ရှိပြီး တရုက် ထုက် 1000W က 50000ကျပ်ခန့်ပဲရှိတာဖြစ်တယ်။ PSU ကိုဝယ်ယူရာမှာ ဒီ rail power တွေကိုဖော်ပြမထားတဲ့ PSU တွေကိုရှောင်ရားသင့်ပါတယ်။ Watt နဲ့ Rail Power တွေကိုစဉ်းစားပြီးရင် နောက်ထပ်စဉ်းစားရမယ့်အရာတွေက PSU တစ်ခုရဲ့ function တွေပဲဖြစ်တယ်။
Connector
( အပေါ်က ပုံတွေကိုကြည့်ပါ )
Connector ပိုင်းမှာ ယနေ့ခေတ်အရစဉ်းစားရမည့်အရာတွေက SATA နဲ့ PCI express power connector တွေပဲဖြစ်တယ်။
အနည်းဆုံး SATA connector နှစ်ခုနဲ့ 6 pin PCIe connector တစ်ခုပါသင့်ပါတယ်။ နောက်ပိုင်း PSU တွေမှာ PCIe connector တစ်ခုတော့ပါလာပါတယ်။ SATA connector ကတော့ပါလာရင်ပိုကောင်းပေမယ့် မပါလာလည်း Molex to SATA connector တွေကိုအလွယ်တကူဝယ်ယူနိုင်ပါတယ်။ ဒါပေမယ့် Molex to PCIe ကတော့နည်းနည်းရှားပါတယ်။ Extreme series CPU တွေကိုသုံးသူတွေကတော့ 8 pin motherboard connector ပါတဲ့ PSU ကိုသာရွေးချယ်သင့်ပါတယ်။
Cable sleeve
ရှင်းရှင်းလင်းလင်းနဲ့ လေဝင်လေထွက်ကောင်းတဲ့ system တစ်ခုကိုလိုချင်သူတွေကတော့ cable sleeve လုပ်ထားတဲ့ PSU ကိုရွေးချယ်ရပါမယ်။ သူတို့ကိုရှာမတွေ့ဘူးဆိုရင်လည်း nilon clip လေးတွေနဲ့ PSU cable တွေကိုသပ်သပ်ရပ်ရပ်ဖြစ်အောင် ချည်ထားသင့်ပါတယ်။
Moduler or Non-Moduler
PSU တွေရဲ့ cable တွေကိုတပ်တဲ့ပုံစံပေါ်မူတည်ပြီးတော့ Modular နဲ့ non-moduler ဆိုပြီးနှစ်မျိုးရှိပါတယ်။
Non-modular PSU တွေက cable နဲ့ PSU ကို အသေတပ်ဆင်ပြီးသားဖြစ်တယ်။ သူတို့ကိုဖြုတ်တပ်လို့မရဘူး။
Modular PSU တွေကတော့ ဖြုတ်တပ်လို့ရတယ်။ ကိုယ်လိုအပ်သလောက် တပ်ထားရုံပဲ။ ဒီနှစ်ခုရဲ့ကွာခြားချက်က Non-modular PSU တွေက မလိုတဲ့ cable တွေရှိလာရင် casing ထဲမှာ ရှုပ်တယ်၊ ဒါပေမယ့် သူ့မှာ cable voltage losses နည်းတယ်။
Cooling
PSU တစ်ခုမှာအနည်းဆုံးတော့ fan တစ်ခုပါလာစမြဲပဲ။ တချို့ PSU တွေကတော့ Intake နဲ့ Exhaust ဆိုပြီး fan နှစ်ခုပါလာတယ်။
ဒီ PSU တွေက သူတို့ကိုသူတို့ အအေပေးရုံသာမကဘူး casing ထဲကလေပူတွေကို စွန့်ထုက်ရာမှာပါ အကျိုးသက်ရောက်တယ်။ fan များခြင်းကတော့ အသံဆူညံမှုများတယ်။ ဒါပေမယ့် နာမည်ကြီး PSU တော်တော်များများကတော့ အသံညိမ်တဲ့ fan တွေကိုသာသုံးစွဲလေ့ရှိတယ်။
Never buy at exect value!
ကိုယ့် system က 450 W သုံးလို့ 450W PSU ကိုမဝယ်ယူသင့်ဘူး။ သာမန်အားဖြင့် ကိုယ်လိုအပ်တဲ့ပမာဏရဲ့ ၃၀% လောက်ပိုပြီး PSU ကိုဝယ်ယူသင့်တယ်။ ဘာကြောင့်လဲ့ဆိုတော့ PSU တစ်ခုဟာ အထက်မှာဆိုခဲ့တဲ့အတိုင်း AC power အားလုံးကိုမပြောင်းလဲပေးနိုင်တာရယ်၊ PSU တွေဟာ အချိန်ကြာလာတာနဲ့အမျှ စွမ်းရည်ကျသွားတာရယ်၊ ကိုယ့်ရဲ့ system ထဲက components တွေက power ကို တသက်မက်ထဲ သုံးတာမဟုတ်တဲ့အတွက်ကြောင့်ဖြစ်တယ်။ ကျွန်တော့်အနေနဲ့ပြောရရင် ကျွန်တော်တို့ အတွက် ဈေးနှုန်းအရရော၊ performace အရရော အရွေးချယ်သင့်ဆုံး PSU ကတော့ iCute ပဲဖြစ်ပါတယ်။
Labels: Hardware-II, Hardware-IV
ကျေးဇူးတင်ပါတယ် မုန်တိုင်း
ကျန်းမာကြပါစေ
3 - ဦး မှတ်ချက်ပေးထားပါသည်
Good တယ်
အဲ ကူညီပါအုံးနော်
Memoey DDR2 2GB 1066 ကို intel DG 41 RQ မှာထည့်လို.ရမလား mainboard က Supports 1333/1066/800 MHz System Bus
Supports Dual-channel DDR2 800/667/SDRAM Memoey 8GB Max
ရေးထားတယ် တစ်ကယ်လိုMemoey DDR2 2GB 1066 ကိုထည့်လိုက်ရင်ဘာဖြစ်မလဲ
Memoey လောင်မလား mainboard လောင်မလား
နောက်ပြီးMemoey DDR2 2GB 1066 ကို CPU-Z နဲကြည့်ရင် DDR2 2GB 1066 MHz လိုမပြဘဲ DDR2 2GB 400MHz ဘဲပြတာ
mainboard ရဲ. cmos မှတော့ DDR2 2GB 1066 MHz ပြတယ်
CPU လဲ intel core 2 quad 2.83GHz FSB 1333MHz 12MB Q9550 ကို
CPU-Z နဲကြည့်ရင်
intel core 2 quad 2.83GHz FSB 800MHz ဘဲပြတာ
Computer ဆင်ရင် FSB:DRAM ( 1း1 )ဖြစ်ရင်ကောင်းတယ်ဆို ( 1း1 ) ဖြစ်အောင်ဘယ်လိုလိုပ်ရမလဲ ကူညီပါအုံး ကျေးဇူးတင်ပါတယ်
kosaiwinaung@gmail.com တာချီလိပ်
ဟုတ်ကဲ့ပါ....
ပိုစ့်တစ်ခုအနေနှင့်တင်ပါမယ်...လောလောဆယ် ကွန်နရှင် မလန်းဘူးလေ...ကိုယ်မသိတာတွေကို over sea site ကရှာရတော့ လန်းမှမြန်မယ်လေ..
ကျေးဇူးတင်ပါတယ်....
ကျေးဇူးပါ...ပိုစ့်တစ်ခုအနေနှင့်တင်လိုက်ပါမယ်...
Post a Comment