ဗဟုသုတဘဏ်
"ပရိုဂရမ်ရေးမယ့်သူ အဆင်သင့်ရှိနေပြီ။ တစ်နှစ်ဆို ကောင်းကောင်း ပြည့်စုံအောင် ရေးနိုင်တယ်။ ဝက်ဘ်ဆိုက်တင်တာလဲ ဒိုမိန်းတစ်ခုလောက် ဝယ်လောက်ရုံပဲ"
ဟု စီစဉ်နေမှု အခြေအနေကို ယင်းက ရှင်းပြသည်။ လက်ရှိအဆိုပါ ကစားနည်းကို ပြည်တွင်း၌ တိမ်မြုပ်နေခြင်းကြောင့် အင်တာနက်အသုံးပြုသူ လူငယ်များအနေဖြင့် စိတ်ဝင်စား လာနိုင်ကြောင်းလည်း ဝါသနာရှင်အချို့က သုံးသပ်ပြောသည်။
"အရုပ်ကို စီတဲ့နေရာမှာ တစ်ဖက်က ထိုးစစ်ကို ဘယ်လိုခုခံမယ်၊ ဘယ်လိုတိုက်မယ်ဆိုပြီး ပြင်ဆင်လို့ရတယ်။ ခံစစ်လေးမျိုး၊ တိုက်စစ်လေးမျိုးနဲ့ ကစားရတာ။ ချက်စ် ကစားရတာ ထက် သူက စည်းမျဉ်းစည်းကမ်းတွေ ပိုများတယ်။ ပညာပိုင်း၊ နည်းစနစ်ပိုင်းလဲ ပိုနက်နဲတယ်" ဟု ဆိုသည်။
ယင်းကဲ့သို့ အွန်လိုင်းပေါ်တွင် ကစားနိုင်ရန် လာမည့်နှစ်အတွင်း အပြီးသတ်နိုင်လောက် မည် ဖြစ်၍ နိုင်ငံတကာမှ စိတ်ဝင်စားသူများလည်း ဝင်ရောက် ကစားနိုင်မည်ဟု ဥက္ကဋ္ဌက ပြောသည်။
"ကိုယ့်ပြည်တွင်းက လူငယ်တွေ စိတ်ဝင်စားလာနိုင်ပြီး နိုင်ငံတကာကလဲ စိတ်ဝင်စားလာရင် ပွဲတွေအနေနဲ့ လုပ်ပေး နိုင်အောင် စီစဉ်ပေးမယ်။ ဒီပွဲက အချိန်နဲ့ ကစားရတာမို့ အင်တာနက် လိုင်းကောင်း နေဖို့တော့ လိုတယ်"
ဟု ပြောသည်။
Ref:The Yangon Time
Labels: Sport
ကျေးဇူးတင်ပါတယ် မုန်တိုင်း
ကျန်းမာကြပါစေ