ကာမေသုမိစ္ဆာစာရကံဟူသည်
ကာမေသု မိစ္ဆာစာရကံနှင့်ပတ်သက်ပြီး မေးခွန်းတွေ အဖြေ တွေကို စာအုပ်များစွာတွင်ရော အင်တာနက်
စာမျက်နှာအပေါ် မှာရော ရှာတွေ့နိုင်ပါသည်။ အဲဒီတော့ အင်တာနက် သုံးဆွဲနေ သူတွေ အတွက်တော့
google search ကနေ ကာမေသု မိစ္ဆာ စာရ မြန်မာလို စာလုံးရိုက်ပြီး ရှာလိုက်ရင် ထို ကာမေသု မိစ္ဆာ
စာရ ကံနှင့် ပတ်သက်ပြီး ရေးထားသော ဘလော့ဂ်များစွာနှင့် ၀က်ဘဆိုက်တို့ကို တွေ့ရပါလိမ့်မယ်။
ထို့ကြောင့် အကျယ်တ၀န့် မပြဆိုတော့ဘဲ အနဲအကျဉ်းမျှသာ ပြဆိုပေမည်။
ကာမေသု မိစ္ဆာစာရ
ကာမေသု- ကာမဂုဏ်တို့၌ မိစ္ဆာ-မှားယွင်းစွာ၊ ဖောက်ဖောက် ပြန်ပြန်၊ မလျော်မကန်၊ ပုံမှန်မဟုတ်သော
နည်းဖြင့်။ စာရ- ပြု ကျင့်ခြင်း၊ ကျူးလွန်ခြင်း။ ဆိုလိုသည်မှာ ကာမနှင့် ပတ်သက်၍ ကဲ့ရဲ့ ထိုက်စွာ မသင့်
မတော်လွဲမှား ဖောက်ပြန် ယုတ်မာစွာ ကျင့်ခြင်းကိုဆိုလိုသည်။
ဋီကာကျော် (အဘိဓမ္မာ)တွင် မေထုန်ကို လွန်ကျူးခြင်းဟု ဆို အပ်သော ကာမဂုဏ်တို့၌ မှားယွင်း၍
ကျင့်ခြင်းဟု ဆိုအပ်သော ယုတ်မာသောအကျင့်သည် ကာမေသုမိစ္ဆာစာရ မည်၏။ တနည်းကား-
မေထုန်မှီဝဲသည်၏ အစွမ်းဖြင့် ကာယဒွါရ၌ ဖြစ် သော မသွားလာ အပ်သော အရာကို ကျူးလွန်ကြောင်း
ဖြစ် သော စေတနာသည် ကာမေသုမိစ္ဆာစာရကံ မည်၏ဟု ဆိုထား ၏။ ၀ိနည်း ပိဋကတ်တော်
ပါရာဇိကဏ် ပါဠိတော်လာ အမျိုး သားများအတွက် မသွားသင့်သော အမျိုသမီး၂၀ ရှိပါသည်၊
ထိုအမျိုးသမီးတို့မှာ အုပ်ထိမ်းသူများ ရှိကြသဖြင့် သွားလာမိပါ က ကာမေသုမိစ္ဆာစာရ ကံထိုက်သည်ဟု
ဆိုသည်။ အကျယ်ကို ထိုပါရာဇိကဏ် အဋ္ဌကထာ၊ ဋီကာတို့တွင်လည်း လေ့လာနိုင်ပါ သည်။
ထို အမျိုးသမီး (၂၀)
၁။ မာတုရက္ခိတ= အမိအုပ်ထိန်းသော မိန်းမ။
၂ ။ ပိတုရက္ခိတ=အဘအုပ်ထိန်းသော မိန်းမ။
၃ ။ မာတာပိတု ရက္ခိတ= အမိအဘစုံ အုပ်ထိန်းသော မိန်းမ။
၎။ ဘာတု ရက္ခိတ= မောင်ကြီး မောင်ငယ် အုပ်ထိန်းသော မိန်းမ။
၅ ။ ဘဂိနိ ရက္ခိတ= အမကြီး အမငယ် အုပ်ထိန်းသော မိန်းမ။
၆။ ဥာတိ ရက္ခိတ= ဆွေမျိုးတို့ အုပ်ထိန်းသော မိန်းမ။
၇ ။ ဂေါတ္တ ရက္ခိတ= အမျိုးအနွယ်တို့ အုပ်ထိန်းသော မိန်းမ။
၈။ ဓမ္မ ရက္ခိတ= သီတင်းသုံးဖော်တို့ အုပ်ထိန်းသော မိန်းမ။
မှတ်ချက်။ ။ အထက် ဖေါ်ပြခဲ့သော မိန်းမ(၈)ဦးတို့ကို ကျူးလွန် လျှင် ယောက်ျားတွေမှာသာ ကံထိုက်၏
အမျိုးသမီးများကား ကံမထိုက်ဟု ဆို၏။ ထိုအမျိုးသမီးများမှာ မိမိတို့၏ ကာမဂုဏ် အတွေ့ကို
ပိုင်ဆိုင်သူမရှိ၊ မိမိတို့ကပင် ပိုင်ဆိုင်သောကြောင့် ယောက်ျားနှင့် သွားလာ ဆက်ဆံသော်လည်း
ကာမေသုမိစ္ဆာ စာရကံ မထိုက်ဟု ဆို၏။
၉။ သာရက္ခာ= ထိန်းမြား (တစ်နည်း) လက်ထပ်ပြီးသူ၊ ထိမ်း မြားကြောင်းလမ်းပြီးသူ၊ လင်
အုပ်ထိန်းသောမိန်းမ။ ၀မ်းတွင်းကပင် စောင့်ရှောက်ထားသော မိန်းမ၊ ဆိုလိုသည်မှာ- အမိဝမ်းတွင်းကပင်
ဖွားမြင်လာလျှင် မယားအဖြစ် လက်ထပ်ယူ ရန် တောင်းရမ်းသက်မှတ်ထားသော မိန်းမ။
၁၀ ။ သပရိဒဏ္ဍာ= ဘုရင်ကောက်ယူရန် သတ်မှတ်ထားလျက် ဒဏ်ထားပြီးလျင် အုပ်ထိန်းသော မိန်းမ။
အာဏာပိုင်မင်းတို့က ကိုယ်တိုင် သိမ်းပိုက်ရန် ရည်ရွယ်ထားသဖြင့်'' ဤ မိန်းမကို သွားလာ ကျူးလွန်လျှင်
အပြစ်ဒဏ်သင့်စေ''ဟု သက်မှတ်ထား သော မိန်းမ။
၁၁ ။ ဓနက္ကီတာ= ဥစ္စာဖြင့် ၀ယ်ယူထားလျက် မယားအဖြစ် အုပ်ထိန်းထားသော မိန်းမ။
၁၂ ။ ဆန္ဒ၀ါသိနီ= သဘောတူ အလိုတူ ညားနေသော ပေါင်း သင်းနေသော မိန်းမ၊ (နှစ်ဦးသဘောတူ)။
မိန်းကလေးနှင့် ယောက်ျားလေး နှစ်ဦးသဘောတူ ခိုးယူ ထွက်ပြေးရာ၌ မိန်း ကလေးသည် ဆန္ဒ၀ါသိနီ
မယားဖြစ်၏။
၁၃။ ဘောဂ၀ါသိနီ= စည်းစိမ်ကိုပေး၍ ပေါင်းသင်းနေသော မိန်းမ။ ယောက်ျားထံမှ ပစ္စည်းဥစ္စာများရ၍
မယားအဖြစ် သွား ရောက်နေထိုင်သော မိန်းမ။
၁၄။ ပဋ၀ါသိနီ= ပုဆိုးပေး၍ (ပုဆိုးတန်းတင်) ပြု၍ပေါင်းသင်း နေသော မိန်းမ။
ဝတ်ရုံလောက်ကာမျှသော အ၀တ်ထမီကို ရ၍ မယားအဖြစ် ခံယူသော မိန်းမ။
၁၅။ သြဒပတ္တကိနီ= ရေခွက်၌ လက်ဆုံချ၍ မိဘက ထိမ်းမြား ပေးစားထားသော မိန်းမ။
၁၆ ။ သြဘဋ စုမ္ဗဋာ= ခေါင်းခုကို ချ၍ လင်မယားအဖြစ် နေ သော မိန်းမ။ ထင်ခွေ ရေခပ်ခြင်း အမှုကို
ပြုလုပ်နေသော မိန်းမကို မယားအဖြစ် သိမ်းပိုက်လို၍ '' သင် ဤနေ့မှစ၍ ထင်း ခွေ ရေခပ်ခြင်းအမှုကို
မပြုနဲ့တော့''ဟု ပြောဆိုကာ သိမ်းပိုက် ထားသော မယား။
၁၇ ။ ဒါသီစ ဘရိယာ စ= ကျွန်လည်းဖြစ် မယားလည်း ဖြစ် သော မိန်းမ။
၁၈ ။ ကမ္မကာရီ စ ဘရိယာ စ= အမှုလုပ်ကို လုပ်စေ မယား အဖြစ်ကိုလည်း ပြုထားသော မိန်းမ။
၁၉ ။ ဓဇာ ဟဋာ= စစ်မြေပြင်မှ ဆောင်ယူခဲ့သော သုံးပန်း အဖြစ်ရခဲ့သော မိန်းမ။
၂၀ ။ မုဟုတ္တိကာ= ခေတ္တမျှပေါင်းရန် ငှားယူထားသော ခေတ္တ မယားပြုထားသော မိန်းမ။ ပြည်တံဆာ
ကဲ့သို့သော မယား။
မှတ်ချက်။ ။ အမှတ်(၉)မှ(၂၀)ထိသော မိန်းမ(၁၂)ယောက် အနက် တစ်ယောက်ယောက်ကို
လွန်ကျူးလျှင် လင်ရှိ မယား များဖြစ်၍ သို့မဟုတ် ကာမပိုင် ရှိနေ၍ ယောက်ျားရော မိန်းမပါ ကာမေသု
မိစ္ဆာစာရကံထိုက်၏။
စာက ဆိုပါသေးသည်၊ မိမိရဲ့ မယား မိမိ၏ကာမပိုင်ပင် ဖြစ်လင့် ကစား ပုံမှန် ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘဲ
မလျော်မကန်ဖောက်ပြန် သော နည်းလမ်းများဖြင့် ပြုကျင့်ပါက ကာမေသု မိစ္ဆာစာရကံ
ထိုက်ပါသေးသည်ဟူ၍လည်း ဆိုထား၏။
အုပ်ထိန်းရာသော မိန်းမ ၂၁ မနုကျယ် ဓမ္မသတ်ကျမ်း ဆဋ္ဌမတွဲ ပုဒ်မ ၂၈ တွင်၊ အထက်ဖေါ်ပြပါ ၁ မှ ၈
အထိ ကဲ့သို့သော အစောင့်ရှောက်ခံ မိန်းမ ၂၁ ယောက်အနက် တဦးတယောက် သော မိန်းမကပင်
မိမိ၏ ကာမကို သဘောတူပေါင်းသင်းရန် ပေးသော်လည်း အုပ်ထိန်းသူတို့၏ ခွင့်ပြုချက်မရဘဲ ပေါင်းသင်း
ဆက်ဆံကျူးလွန်သော ယောက်ျားအား ကြီးလေးသော အပြစ် ဒဏ်ကို ပေးရမည်ဟု ဆိုထား၏။
ထို ၂၁ ယောက်ထဲတွင် အသက်ကြီးသော မိန်းမ၊ ကိုယ်ဝန်ရှိ သော မိန်းမ၊ အရွယ်မရောက်သေးသော
မိန်းမ၊ ခရီးဝေးက လာသော မိန်းမ၊ ဘဒွေး၊ မိထွေး၊ အရီး၊ ဦးလေး၊ ဦးကြီး၊ အဖိုး၊ အဖွား
စောင့်ရှောက်သော မိန်းမများ စသဖြင့် ပါဝင်သည်။
ကာမေသုမိစ္ဆာစာရကံ အထမြောက်ရန်မှာ-
၁။ အဂမနိယ ၀တ္ထု ၂၀ တွင် ပါဝင်ခြင်း၊ ဆိုလိုသည်မှာ အထက် ဖေါ်ပြခဲ့သော မသွားသင့်သော
အမျိုးသမီး ၂၀ တွင် ပါဝင်ခြင်း။
၂။ကျင့်ပြု၊ မှီဝဲလိုစိတ် ရှိခြင်း။ (ဆိုလိုသည်မှာ စိတ်ဆန္ဒမပါဘဲ သူတပါးလုလ္လပယောဂ (အတင်း
အဓမ္မပြုခိုင်းခြင်း) ကြောင့် ကံမမြောက်)။
၃။ နည်းအမျိုးမျိုးနှင့် မှီဝဲရန် လုလ္လပြုခြင်း၊ ပြုကျင့်ခြင်း။
၎။ ပြုကျင့်ခြင်းကို သာယာမိခြင်း။ (ဆိုလိုသည်မှာ- သူတပါး အတင်းအကျပ် ခိုင်းခြင်းကြောင့် အနာဂါမ်
ရဟန္တာများ ကျူး လွန်မိခြင်းတို့သည် ကံမမြောက်။ အနာဂါမ် ရဟန္တာတို့သည် ကာမဂုဏ်တို့၌
သာယာသော စိတ်မရှိ၊ သာမန် ပုထုဇဉ်တွေ သော်မှလည်း ထိုပြုကျင့်မှု၌ သာယာမှု မရှိပါက
ကံမမြောက်)။
မှတ်ချက်။ ။ ထိုကာမေသုမိစ္ဆာစာရကံသည် သီလစသော ဂုဏ် မရှိသူကို ကျူးလွန်မိလျှင် အပြစ်နဲ၏၊
သီလစသော ဂုဏ်ကြီး မြတ်သူကို ကျူးလွန်မိလျှင် အပြစ်ကြီး။ အလှပိုင်ရှင် ဥပ္ပလ၀ဏ် ထေရီမကဲ့သို့
ရဟန္တာမကို ကျူးလွန်မိသော နန္ဒလုလင်သည် ထိုကျူးလွန်မိရာ နေရာမှာပင် မြေကြီးက မျိုချပြီး ငရဲဘုံမှာ
ခံ စားရပြီး၊ တိရိစ္ဆာန် ၃ ဘ၀ဖြစ်၍ သင်းကွပ်ခံရခြင်း၊ ထိုမှ လွတ် လျှင် ကျွန်မ၀မ်းဗိုက်၌
နပုံးပဏ္ဍုက်ဖြစ်ရခြင်းအပြင် နောက်ဆုံး ကျွတ်တန်းဝင်မည့် ဘ၀မှာပင် မိန်းမဘ၀ဖြင့် ကျွတ်တမ်းဝင်ရ
ရှာလေသည်။ (ထေရီ၊၄၂၅-၄၂၈၊ ထေရီ၊ဋ္ဌ။၂၆၇၊၂၇၇)
Ref:သီတဂူစတား
Labels: Religion-II