ဗဟုသုတဘဏ်
အနေကဇာတင်ဆိုတာ ''အနေကဇာတိ သံသာရံ'' ဆိုတဲ့ စကားကနေ ဖြစ်လာတဲ့ အခေါ်အဝေါ်တစ်ခု ဖြစ်ပါတယ်။ ထို ''အနေကဇာတိ သံသာရံ'' အစချီတဲ့ ဂါထာက ဘုရားရှင်၏ ဘုရားဖြစ်ပြီးချင်း ပီတိအဟုန်ကြောင့် ထွက်ပေါ်လာတဲ့ ဥဒါန်းစကားဖြစ်သည်၊ ဆိုလိုတာက ဘ၀များစွာ သံသရာက ခန္ဓာတည်းဟုသော အိမ်ကို တည်ဆောက်တတ်သော တဏှာဆိုတဲ့ လက်သမားဆရာကို ငါရှာတွေ့ပြီး ထိုတဏှာကိုလဲ ဖျက်ဆီးပြီး လွန်မြောက်တော်မူပြီးပြီလို့ ဆိုတယ်၊ ဆိုလိုတာ သံသရာက လွတ်မြောက်ပြီလို့ အဓိပ္ပါယ်ရပါတယ်။
မြတ်ဗုဒ္ဓအလောင်း ပထမဗောဓိပင်အောက်မှာ နေ၀င်ချိန် မာနတ်မင်းတပ်ပေါင်းစုကို အောင်မြင်ခဲ့သည်၊ ည မထမယာမ်မှာတော့ ပုဗ္ဗေနိဝါသအဘိဥာဉ်ကို ရခဲ့တယ်၊ မဇ္ဈိမ အလယ်ယာမ်မှာတော့ ဒိဗ္ဗစက္ခုအဘိဥာဉ်ရခဲ့သည်၊ နောက်ဆုံ ပစ္ဆိမယာမ်မှာတော့ မဟာကရုဏာတော်ဖြင့် ပဋိစ္စသမုပ္ပါဒကို အပြန်အလှန် ဆင်ခြင်သုံးသပ်ပြီး အရုဏ်တက်ချိန်မှာ ဘုရားဖြစ်ကို ရောက်ရှိခဲ့ပါသည်၊ ဘုရားဖြစ်ဖြစ်ခြင်းပဲ တစ်သိန်းသော ဗုဒ္ဓတို့ ကျူးရင့်သော ဥဒါန်းကို မြွတ်ဆိုတယ်၊ ထိုဥဒါန်းသည်ပင် အနေကဇာတင် ဟုခေါ်သည်။ ထို ''အနေကဇာတိ သံသာရံ'' ဘုရားရှင်အားရည်စူးပြီးထုလုပ်ထားတဲ့ ရုပ်ပွားတော်များအပေါ် တင်လိုက်ခြင်းကိုပဲ အနေကဇာတင်ဟု ခေါ်ဟန်တူပါသည်။
အခုခေတ်မှာတော့ ဘုရားရုပ်ပွားဆင်းတုတော် အသစ်ပင့်လာပြီဆိုရင် အမြတ်တနိုး ဘိတ်သိက် (ဗုဒ္ဓါဘိသေက) သွန်းလောင်းတယ်လို့ခေါ်တဲ့ အစီအရင်တစ်ခု အနေနဲ့ ကျင်းပကြသည်။ ဘုရားရှင်အား ပူဇော်ခြင်းတမျိုးပါပဲ ဖြစ်ပါသည်။ ဘုရင့်သားတော် ဘုရင်အဖြစ်အသိအမှတ်ပြုတဲ့ အနေနဲ့ ဘိသိက်သွန်းလောင်းပြီး အသိမှတ်ပြုသလိုပါပဲ။ သစ်သား၊ ကြေး၊ ကျောက် စသည်တို့ဖြင့် ပြုလုပ်ထားသော ရုပ်ပွားဆင်းတုတော်များကိုလည်း သက်တော်ထင်ရှား ဘုရားအဖြစ်နဲ့ ကိုးကွယ်သူတို့သန္တာန်မှာ ပိုမို သဒ္ဓါတရားဖြစ်စိမ့်သောငှါ ရည်ရွယ်၍ ဒီအစီအမံကို စနစ်တကျ ရှေးပညာရှိများက တီထွင်ခဲ့သည်။
အိမ်ပြောင်းရင် ဆင်းတုတော် အသစ်ဝယ်လာရင် စသည် အကြောင်းများတွင် အနေကဇာ တင်ကြပါတယ်....ဆစ်ချိုက တင်မှ ပိုပြီး တခိုးရှိတယ် ပိုပြီး ကိုးကွယ်ကောင်းတယ်လို့ ယူဆကြပါတယ်..ဘုန်းကြီးတွေကို ပင့်
1...သီတဂူစတား
2...အရှင်ဝိစိတ္တ (မနာပဒါယီ) တို့ အားကိုးကားကာ အတိုချုံ့တင်ပြထား ခြင်းဖြစ်ပါတယ်.....
Labels: Religion-III
ကျေးဇူးတင်ပါတယ် မုန်တိုင်း
ကျန်းမာကြပါစေ
0 - ဦး မှတ်ချက်ပေးထားပါသည်
Post a Comment