ကိုကြီးဇော် ( မုန်တိုင်း )

ဗဟုသုတဘဏ်

this site the web

1887.. Android အစ္စလာမ် ဘုရားရှိခိုးနည်း video လမ်းညွှန် Muslim Prayer (Salah) Guide v1.3

 
          
Android အစ္စလာမ် ဘုရားရှိခိုးနည်း video လမ်းညွှန် Muslim Prayer (Salah) Guide v1.3
                  အစ္စလာမ် တွေ ၀တ်ပြုနည်း အသေးစိတ်ကို video တွေနဲ့ ပြထားပါတယ်....အင်တာနက် ကွန်နရှင်လိုပါတယ်...

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1835.. Android Bible ကျမ်း စာအုပ် v3.9.6

 
 Android Bible ကျမ်း  နောက်ဆုံး version ပါ


Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1834.. အလ္လာ ၏ နာမည် 99 မျိုး တစ်ခုချင်းစီ ၏ အဓိပ္ပါယ် Android အတွက်

 
 

                    အလ္လာ ၏ နာမည် 99 မျိုး ကို အဂ်လိပ် အိုဒရူ နှစ်မျိုး နှင့် ဖတ်နိုင် နားထောင်နိုင်ပါတယ်...တစ်ခြား Feature    တွေလည်းပါပါတယ်.. နာမည်တစ်ခုချင်းစီ ၏ အဓိပ္ပါယ်တွေ လည်းပါပါတယ်...

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

1824.. ပိဋကတ် ၃ပုံ မြန်မာပြန် စာအုပ်

 
အားလုံး ၄၅အုပ်(33.5MB)

www.monetine.net ပိဋကတ် ၃ပုံ မြန်မာပြန် စာအုပ်
စာအုပ်ကိုဖွင့်လိုက်ပါက  မာတိကာ အပေါ်ကလိုလေးပေါ်ပါတယ်။
ဖတ်မည့်စာအုပ်ပေါ် ကလစ်လေး ပေးကာ ဖတ်နိုင်ပါသည်။
တစ်အုပ်လျှင် စာမျက်နာ ၂၀၀ ကျော် ၃၀၀ ကျော် အသီးသီးပါပါတယ်။
အားလုံ ၄၅ အုပ် ပါ။

33.5 MB
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgnzkWqWzvbCNV7ZDS3aKV9-wr0h5uh7TQ11t_U21hntNjmESEPkmz6Lv2ohtGHZQzRL11j7R1llKN0rZDnRx7TlY2fpF_AFaLwhIrTxIRCkc5RAVy6QUMFhLZ4SOccwXYvoZ535IsRyk/s1600/Download+Buttom.gif
 

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
3 comments

1798.. ဒီပုံ တွေ လားဟေ့ 2012 မြန်မာ ရိုးရာ သက်ြန်

 
Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

1744. ခရိယာန် ဘာသာဝင်များ ရဲ့ EZ Bible Search Viewer ( Portable )

 
Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1742.. အစ္စလာမ် ဘာသာ များရဲ့ Quran Viewer Software ကူရ်အန် စာအုပ်

 

ကူရ်အန် စာအုပ် ဖြစ်ပါတယ်...

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1740.. အစ္စလာမ် ဘာသာဝင်များ​အတွက် စမတ်ဖုန်း

 

              အစ္စလာမ် ဘာသာဝင်များ​အတွက် ရည်ရွယ်တီထွင်​သော စမတ်ဖုန်း​ ဖုန်း​တွင် ပါရှိ​သော အိမ်​မြှောင်စနစ်သည် မက္ကာမြို့​သို့​သာ အစဉ်သဖြင့်​ ညွှန်ပြ​နေမည်ဖြစ်ပြီး​ ဖုန်း​အတွင်း​သို့​ ကိုရန်ကျမ်း​စာကိုလည်း​ အလိုအ​လျောက် Downloadပြုလုပ် ထည့်​သွင်း​​ပေး​ထား​မည်ဖြစ်သည်။ အိန္ဒိယ နိုင်ငံရှိ Enmacက အဆိုပါ ဖုန်း​ကို တီထွင်ပြီး​ ဘာသာ​ရေး​ကို နည်း​ပညာ နယ်ပယ်နှင့်​ ​ပေါင်း​စည်း​မှု တစ်ခုဟု ​ပြောကြား​ခဲ့​သည်။

            အိန္ဒိယသည် ကမ္ဘာပေါ်တွင် မိုဘိုင်း​ဖုန်း​ သုံး​စွဲသူဦး​​ရေ တိုး​ပွား​မှု အမြန်ဆုံး​ နိုင်ငံလည်း​ဖြစ်ပြီး​ လယ်သမား​များ​၊ အလုပ်ကြမ်း​သမား​များ​ အပါအ၀င် လူ​ပေါင်း​ သန်း​ ၈၅၀ ​ကျော်မျှ မိုဘိုင်း​ဖုန်း​ ကိုင်​ဆောင်ထား​သည်။ Enmac ၏ တာဝန်ရှိသူ တစ်ဦး​က အိန္ဒိယတွင် အစ္စလာမ် ဘာသာဝင် သန်း​ ၁၈၀ ​ကျော် ရှိ​ နေပြီး​ ယခုမိုဘိုင်း​ဖုန်း​အ​ပေါ် စိတ်ဝင်စား​မှု များ​ပြား​မည်ဟု ယူဆ​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

           Enmac သည် ကိုရန်ကျမ်း​စာကို အာ​ရေဘစ် ဘာသာမှ အခြား​ဘာသာ ၂၉ ခုသို့​လည်း​ ဘာသာပြန်​ပေး​ရန် စီစဉ်​ပေး​ထား​ပြီး​ဖြစ်သည်။ ထို့​အပြင် တမန်​တော် မိုဟာမက်၏ ​ပြောစကား​များ​နှင့်​ အိန္ဒိယ မွတ်ဆလင်တို့​အတွက် ဘာသာ​ရေး​ဆိုင်ရာ အကြံပြု လမ်း​ညွှန်ချက်များ​ပါ ထည့်​သွင်း​​ပေး​ထား​သည်။ Enmac က လူမှုနယ်ပယ်တွင် အလုပ်များ​​နေသူများ​အတွက် ဘုရား​သခင်နှင့်​ နီး​စပ်​စေရန် နည်း​ပညာက အကူအညီ ​ပေး​နိုင်လိမ့်​မည်ဟု ​ကြေညာခဲ့​သည်။


Islamic smartphone launched, with compass permanently pointing to Mecca and the Koran already downloaded


Top app: The Enmac (similar to the one pictured) comes with the Koran already downloaded


An Islamic smartphone has been launched with a compass pointing permanently to Mecca and the Koran already downloaded.

Inventors of the Enmac in India said they focused on religious technology when designing the new phone.

And the market is heaving as India has the fastest growing mobile phone users in the world with more than 850 million subscribers including farmers and rickshaw drivers.

Anuj Kanish, who has launched the Enmac in India, told The Telegraph: 'India has around 180 million Muslims and the penetration of mobile phone in that community is less.

'But when a compelling product or service is available, it has a potential to increase the number of users. So far, we have had a tremendous response for the product.'

He added: 'Religion has a very important place in Indian society, so has the mobile phone. Our aim was to bring a device which caters to both the sections, the product is a combination of both technology and religion, the first of its kind in India.'



Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

1688.. သမ္မာ ကျမ်းစာ သမိုင်း

 
ခရစ်ယာန်တွေမှာ ဘုရားနှုတ်ကပတ်တော်ဆိုတဲ့ ကျမ်းစာကို ရှေးက ကျမ်းတတ်ပုဂ္ဂိုလ်၊ ယာဇ်ပရောဟိတ်များ နှုတ်နဲ့အာဂုံဆောင်ခဲ့ကြပါတယ်။ ပေ၊ပရပိုက်၊ သားရေပြား တွေပေါ်မှာ ရေးသားမှတ်တမ်တင်ထားပေမဲ့ အုပ်စိုးသူမင်းများ၊ သာသနာပိုင်ဘုန်းတော်ကြီးများကပဲ သိမ်းဆည်းထားပါတယ်။ သာမန်လူများ နှုတ်ကပတ်တော်ကို ဖတ်ရှုဖို့မပြောနဲ့ ကြားဖို့တောင် တော်တော်ခဲယဉ်းလှပါတယ်။  BC 1445 - BC400 ကာလအတွင်းမှာ ဓမ္မဟောင်းကျမ်းစာ ၃၉ကျမ်း ကို ဟီဘရူးဘာသာ (ဂျူးဘာသာစကား) နဲ့ စတင်ရေးသားပါတယ်။ ဓမ္မဟောင်းကာလမှာ ဂျူးလူမျိုးများရဲ့ ဘာသာဖြစ်လို့ ဘာသာပြန်ခြင်းမရှိခဲ့ပါဘူး၊ သခင်ယေရှုကာတိုင်မှာအသေခံပြီး  AD30 နောက်ပိုင်း နှစ်၁၀၀အတွင်းမှာ ဓမ္မသစ် ၂၆ကျမ်းကို ဂရိဘာသာနဲ့ရေးခဲ့ပါတယ်။ ရိုမင်ကတ်သလစ်တွေမှာ -  အပိုခရာဖာ APOCRYPHA (ဂျူးရာဇ၀င်) ၁၁ကျမ်း ပိုပါတယ်။သခင်ယေရှုဟာ ဘုရားရဲ့သားတော်အဖြစ် လောကကိုကြွဆင်းလာပြီး ဂျူးလူမျိုး သာမက လူတိုင်း ကိုးကွယ်ရတဲ့ ဘုရားအဖြစ် ဟောပြောခဲ့ပါတယ်။ ကျေးဇူးတော် Grace Period ကို ကျမ်းစာလာတဲ့အတိုင်း သားကောင်များယာဇ်ပူဇော်ခြင်းကို ရပ်တံ့စေပြီး ဓမ္မဟောင်းကျမ်းကို ပြည့်စုံစေပါတယ်။ (1)
 ဂျူးလူမျိုးများကတော့ ဓမ္မဟောင်းကျမ်းတွေကိုပဲ သုံးစွဲလျှက်ရှိပါတယ်။ အာရပ် မွတ်ဆလင်များက ဓမ္မဟောင်း၊ဓမ္မသစ်များ
 ကို တမန်တော်မိုဟာမက်အားဖြင့် ပိုမိုပြည့်စုံတဲ့ ကိုရမ်ကျမ်းစှာQur'an အဖြစ် အာရပ်ဘာသာစကားနဲ့ AD632 မှာပြုစုပြီးစီးခဲ့ပါတယ်။ သဘောကတော့ ဂျူး၊ အာရပ်၊ ခရစ်ယန်များ အားလုံးဟာ ထာဝရဘုရားခြင်းတူကြတယ်။ ဂျူးဘာသာက ရဟိုးဝါ လိုခေါ်တယ်။ မွတ်ဆလင်ဘာသာများက အလ္လာအရှင်မြတ် လို့ခေါ်ကြပြီး ခရစ်ယာန်တွေက ထာဝရဘုရား၊ သခင်ယေရှု၊ သန့်ရှင်သောဝိညာဉ် (၃)ပါးတစ်ဆူ အဖြစ် ခေါ်ဝေါကြတယ်။ ခြုံကြည့်ရင် ဒီဘာသာ၃ရပ် အခြေခံကတော့ ဓမ္မဟောင်းကျမ်း နဲ့ တစ်ဆူတည်းသောဘုရားဖြစ်ပြီး၊  ဘာသာရေးယုံကြည်ချက် နဲ့ ကျင့်ဝတ်များမှာ ကွဲလွဲမှုကြီးများ ရှိပါတယ်။ သမ္မာကျမ်းစာ သမိုင်းမှာ အာရပ် နဲ့ ဂျူးလူမျိုး သမိုင်းမပါရင် မဖြစ်ဘူးလို့ ပြောရပါမယ်။ (2)




St. Jerome ဂျာရောမ် c347-420
လက်တင်ဘာသာ ခရစ်ယာန် သမ္မာကျမ်းစာ ဘာသာပြန်သူအနေနဲ့ စိန့်အောဂတ်စတင်း နဲ့ စိန့်ဂျာရောမ် တို့၂ဦးတို့ဟာ ထင်ရှားပါတယ်။ ယခင်က ဓမ္မဟောင်းကျမ်းကို ဟီဗရူး နဲ့ ဂရိ နှစ်ဘာသာနဲ့ ရေးသားထားတဲ့အချိန် လက်တင်ဘာသာနဲ့ ဘာသာပြန်ထားတာ အနည်းအကျဉ်းရှိပါတယ်။ စိန့် ဂျာရောမ် ကတော့ ကျမ်းစာတစ်ခုလုံးကို ဘုန်းတော်ကြီးကောင်စီခွင့်ပြုချက်နဲ့ ဘာသာပြန်ခဲ့ပါတယ်။ သမ္မာကျမ်းစာကို အခြားဘာသာများသို့ ပြန်ဆိုခြင်းခွင့်မပြုတဲ့ပါ။ ဟီဗရူး၊ ဂရိ နဲ့ လက်တင်ဘာသာ များနဲ့ AD1400 အထိ ကျမ်းတတ်ပုဂ္ဂိုလ်များသာ သမ္မာကျမ်းစာကို ဖတ်ခွင့်ရခဲ့ပါတယ်။ စိန့်ဂျာရောမ် ဘာသာပြန်တဲ့ လက်တင်ဘာသာ သမ္မာကျမ်းစာကို နှစ်တထောင်လောက်  (AD 400  to 1400) သုံးစွဲခဲ့တယ်ဆိုတာ တော်တော်အံ့သြဘွယ်ပါပဲ။  စိန့်ဂျာရောမ် ဟာ ဂရိလူမျိုးဖြစ်ဟန်ရှိပါတယ်။ ငယ်စဉ်က ရောမမြို့ကို ပညာသွားသင်ပြီး ဂရိ နဲ့ ဟီဗရူး၊ လက်တင်ဘာသာများ တတ်မြောက်ခဲ့တယ်။ c478 နှစ်လောက်မှာ ရိုမင်ကက်သလစ်ဘုန်ကြီးအဖြစ် သိက္ခာတင်ခံရတယ်။ သူ့ဘ၀တလျှောက်လုံး သူငယ်ချင်းမိတ်ဆွေများ၊ နောက်လိုက်များ နဲ့ အတူနေထိုင်ရင်း သမ္မာကျမ်းစာ လက်တင်ဘာသာပြန်ရေးကို ဘ၀တလျှောက်လုံး သေသည်အထိ လုပ်ဆောင်သွားခဲ့ပါတယ်။
Notes: သမ္မာကျမ်းစာရဲ့ မူရင်း ဟီဗရူး နဲ့ ဂရိ  (ဟေဗြဲ နှင့် ဟေလသပါဌိတော်) နှစ်ဘာသာကို ကျမ်းစာကျောင်းများမှာ နှစ်ချီသင်ကြားရပါတယ်။ လက်တင်ဘာသာလည်း သင်ရပါတယ်။ မြန်မာကျမ်းစာ ဆရာကြီးယုဒဿန်ဘာသာပြန်ရာမှာ မူရင်း ဟေဗြဲ နဲ့ ဟေလသ နှစ်ဘာသမှ တိုက်ရိုက်ပြန်ပါတယ်။ အင်္ဂလိပ်ဘာသာမှ ပြန်ဆိုခြင်းမဟုတ်ပါ။ 

ရှေးခေတ်က သမ္မာကျမ်းစာကို နည်းမျိုးစုံနဲ့ ပုံနှိပ်ကြပေမဲ့ လက်ရေးနဲ့ရေးတာပဲများတယ်။ အလွန်အချိန်ကုန်ပြီး ကျမ်းစာကို လှပ၊ကြည့်ရှုဘွယ်ကောင်းအောင် Illumination & Rubrication ကနုတ်ပန်းများနဲ့ တောက်ပစေခြင်း၊ ရောင်စုံ စာလုံးများထည့်ရေးပေးခြင်း တွေလုပ်ပေးရတော့ ပိုပြီးအချိန်နဲ့ ငွေကုန်ကျစရိတ်ကြီးလှပါတယ်။ ဘုန်းတော်ကြီးကျောင်းများ၊ အစိုးရအုပ်ချုပ်သူ၊ တက္ကသိုလ်ကျောင်းကြီးများ နဲ့ ချမ်းသာကြွယ်ဝသူများလောက်ပဲ ၀ယ်ယူနိုင်ပါတယ်။ ငွေသိပ်မပေးနိုင်သူများကတော့ ရောင်စုံ၊ပန်းကနုတ်တွေ မထည့်ကြပါဘူး။

AD 1400 မှာ ဂူဒင်ဗက် ဆိုတဲ့ ဂျာမန်လူမျိုးတယောက် အခုခေတ်ပေါ် ခဲစာလုံးစနစ် ပုံနှိပ်စက်ကို စတင်တီထွင်ပါတယ်။ Gutenberg ပုံနှိပ်စက် တီထွင်ခြင်းကို တီထွင်မှုများသမိုင်းမှာ အကြီးမားဆုံးတစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ နှစ်ပေါင်း ၆၀၀ ကျော်ကြာပါပြီ၊ ကာလာကောပီယာ နဲ့ အော့ဖ်ဆက်များ ပေါ်လာပေမဲ့ အခြေခံပုံနှိပ်နည်းကတော့ ဂူဒင်းဘတ်စနစ်ပါပဲ။ တီထွင်သူ ဂူဒင်းဘတ်ဟာ သမ္မာကျမ်းစာကို ရိုက်နှိပ်ဖို့ နှစ်ပေါင်းများစွာကြိုးစားရပါတယ်။ ပထမဆုံး စာအုပ် ၁၃၅ အုပ်ကို အီတလီလုပ်စာရွက်များသုံးပြီး ဂျာမဏီနိုင်ငံမှာ ရိုက်နှိပ်ပါတယ်။ တပြိုင်တည်း ၄၅အုပ်ကို သားရေပြားပေါ်မှာ ရိုက်နှိပ်ပါတယ်။ စာမျက်နှာ ၁၂၇၂ မျက်နှရှိပြီး စာကြောင်း ၄၂ခု သုံးထားတဲ့အတွက် 42-line Bible လို့လဲခေါ်ကြပါတယ်။ ရိုက်ပြီးချိန် မှာကြားသူများအလိုအတိုင်း ရောင်စုံစာလုံး၊ ပန်းကနုတ်များ လုပ်ပေးပြီး စာအုပ်ချုပ်ရပါတယ်။ အားလုံး တချက်တည်း ရောင်းကုန်သွားကြပါတယ်။ ဒီခေတ်ကာလ လက်နဲ့ရေးတဲ့ ကျမ်းစာများထက် ပိုမိုတိကျ၊ သေသပ်၊မြန်ဆန်ပါတယ်။  ဈေးနှုန်းကလည်း တော်တော်သက်သာပါတယ်။ အဲဒီ ပထမဆုံး Gutenberg Bible 47 book ၄၇အုပ် အခုထိကျန်နေဆဲပါပဲ။ စာမျက်နှာအပြည်အစုံကတော့ ၂၁အုပ်ပဲရှိပါတယ်။ ဒီစာအုပ်တွေဟာ တစ်အုပ်ကို အမေရိကန်ဒေါ်လာ ၂၅ သန်းကနေ ၃၅သန်း တန်ဖိုးရှိနြေုပီဖြစ်လို့ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးစာအုပ်တွေ ဖြစ်နေပါပြီ။

ဂူဒင်းဗတ် ကျမ်းစာ နဲ့ ဂျာရောမ် ကျမ်းစာ (လက်တင်ဘာသာ) ၂ခုကို အင်တာနက်မှာ အလွယ်တကူ ရနိုင်ပါတယ်။ ကာလာကော်ပီလုပ်ပြီး သိမ်းထားလိုသူများ အခမဲ့ဒေါင်းလုပ်နိုင်ပါတယ်။ဲ့ လင့်ခ်တွေ အများကြီးထဲက တစ်ခုကို ကြည့်ပါ။ (3)


http://molcat1.bl.uk/treasures/gutenberg/search.asp (4)

ဘာသာပြန်ခြင်းများ
  John Wycliffe's  (1324-1384) ဂျွန်ဝတ်ကလစ်ဖိုင် ဆိုသူ ပါမောက္ခတစ်ဦးက အင်္ဂလိပ်ဘာသာပြန်ခဲ့တဲ့စာအုပ်ကို အင်္ဂလန်မှာ သိမ်းဆည်းထားသူဆိုရင် အရှင်လတ်လတ်မီးရှို့သတ်ပစ်ခဲ့ပါတယ်။  မာတင်လူတာ (1843-1546)ကတော့ ပရိုတက်စတင့်ခွဲထွက်ခဲ့တယ်။ ဂျာမန်ဘာသာနဲ့ ကျမ်းစာကို ဘာသာပြန်ပြီး ပုပ်ရဟန်းမင်းကြီးစိုးမှုက တော်လှန်ရေးစတင်ခဲ့တယ်။ ပုပ်ရဟန်းမင်း ကြီးစိုးသောခေတ် ကုန်ဆုံးသွားပြီးတဲ့နောက်ပိုင်းတော့ ရိုမင်ကက်သလစ်ဘုန်းတော်ကြီးမှ လွတ်လပ်ခွင့်ကို လျှော့ပေါ့ပေးခဲ့ပါတယ်။ ဒီနောက် သမ္မာကျမ်းကို ဘာသာအားလုံးနီးပါးပြန်ကြတယ်။ လူအားလုံး ဘုရားနဲ့ တိုက်ရိုက်ဆက်သွယ်ခွင့်ရသွားပါတယ်။ ဆုတောင်းခြင်းဟာ လူသားမှဘုရားထံသို့ စကားပြောခြင်းဖြစ်ပြီး၊ ကျမ်းစာဖတ်ခြင်းဟာ ဘုရားပြောစကားကို နားထောင်ခြင်း လို့သတ်မှတ်ပါတယ်။ သမ္မာကျမ်းစာကို ဘာသာပြန်ခြင်း၊ အနက်ဖွင့်ခြင်း များကိုတော့ ကျမ်းစာနားလည်သူ ဘုန်းတော်ကြီးသာလျှင် လုပ်ဆောင်ကြပါတယ်။
အနောက်နိုင်ငံ ဘာသာစကားများမှာလည်း ကျမ်းစာဘာသာပြန်သူများစွာပေါ်လာပါတယ်။ အသင်းတော်တစ်ခု ကြီးမားလာလျှင် မိမိအသင်းသားများအတွက် အနက်ဖွင့်ကျမ်းစာများ သီးသန့်ထုတ်ဝေလာကြသည်။ ယခုခေတ်ပုံနှိပ်ထုတ်ဝေရေးမှာ ငွေကြေး၊ အချိန် သိပ်မကုန်တာကြောင့် လွတ်လပ်မှုကို လိုလားတဲ့အသင်းတော်များ ကိုယ်ပိုင်ကျမ်းစာအုပ်အသစ်များထွက်လာကြသည်။ Charismatic Movement (ဟာလေလုယ)ချီးမွမ်းခြင်းအသင်းတော်များ  ၁၉၆၀ နောက်ပိုင်း ပရိုကတ်စတင့်အသင်းတော်များမှာ ပေါ်ပေါက်လာပါတယ်။  ၁၉၆၇ နောက်ပိုင်းမှာ ရိုမင်ကက်သလစ်အသင်းတော်များမှာ ပေါ်လာပါတယ်။ သီဆိုချီးမွမ်း၊ သက်သေခံခြင်း၊ စုပေါင်းအသံထွက်ဆုတောင်းခြင်း တို့အပြင် အခြားသောဘာသာစကားပြောဆိုတဲ့ Pentecostal အသင်းတော်များ များစွာပေါ်ပေါက်လာခဲ့ပါတယ်။ ခရစ်ယာန်များ လူဦးရေအားလုံးရဲ့ ၂၅ရာနှုံးအထိ လူဦးရေတိုးတက်လာပြီး တရုပ်၊ကိုးရီးယား နိုင်ငံများမှာတော်တော်ကျယ်ပြန့် လာပါတယ်။ သူတို့လည်း ကိုယ်ပိုင် ဘာသာပြန်ကျမ်းစာများ ထုတ်ဝေလာကြပါတယ်။
တကမ္ဘာလုံးက ဘာသာစကားအားလုံးနီးပါးသို့ ဘာသာပြန်ထားပါတယ်။ The Book A History of Bible by Christopher De Hamel 2001-Print စာအုပ်မှာတော့ ဘာသာပြန်မှုများကို ရေးထားပါတယ်။ Wikipedia မှာလည်း ရှာနိုင်ပါတယ်။ မြန်မာနဲ့နီးစပ်တဲ့ အာရှလူမျိုး ဘာသာပြန်များပဲ အနည်းကျဉ်းဖေါ်ပြပါမယ်။ (4)
 
မြန်မာ။    အမေရိကန်လူမျိုး ဆရာကြီးယုဒဿန် Judson (1788-1850) မြန်မာဘာသာကို မူရင်း ဟီဗရူး နဲ့ ဂရိဘာသာတို့မှ ပြန်ဆိုခဲ့ပါတယ်။ မြန်မာ၊ပါဌိ အဘိဓါတ်ပြုစုခဲ့ပါတယ်။
ကချင်။   ဆွီဒင်လူမျိုး (အမေရိကန်နိုင်ငံသား) Ola Hanson (1864-1927) ကချင်ဘာသာ (ဓမ္မဟောင်း၊ ဓမ္မသစ် ၂ခုစလုံး) ပြန်ဆိုခဲ့ပါတယ်။ ကချင်အဘိဓါန် ပြုစုခဲ့ပါတယ်။
ကရင်၊ 
First Sagaw Karen Bible, published in 1853
ရှမ်း၊  ဓမ္မသစ်ကျမ်းကို Rev. Cushing (အမေရိကန်နိုင်ငံသား) ဘာသာပြန်ပြီး 1882 မှာထုတ်ဝေခဲ့ပါတယ်။ ဓမ္မဟောင်းကိုတော့ Dr. Kirkpatrick ဘာသာပြန်ပြီး 1891 မှာထုတ်ဝေခဲ့ပါတယ်။ (4a)
တမီးလ်။    ဂျာမန်လူမျိုး Johann Phillip Fabricuisu (1711-1791) သိရိလင်္ကာကို ၁၇၄၀မှာရောက်လာပြီး ဓမ္မသီချင်းများနဲ့ ကျမ်းစာတအုပ်လုံးကို ဘာသာပြန်ခဲ့ပါတယ်။
ထိုင်း။   အင်္ဂလိပ်လူမျိုး John Taylor Jones (1802 - 1852) ထိုင်းနိုင်ငံမှာ အနှစ်၄၀ ကွယ်လွန်သည်အထိနေထိုင်ပြီး၊ ဓမ္မသစ်ကျမ်းကို ဂရိဘာသာမှ ထိုင်းဘာသာပြန်ဆိုခဲ့ပါတယ်။
ဘင်္ဂလားဒေ့ခ်ျ၊   အင်္ဂလိပ်လူမျိုး  William Carey (1761-1834) အိန္နိယနိုင်ငံသာသနာပြုဆရာဖြစ်ပြီး ဘင်္ဂလားဘာသာ Bengali ၊ သက္ကတဘာသာ Sankrit ပြန်ခဲ့ပါတယ်။ အခြား အိန္နိယဘာသာများစွာလည်း ပြန်ဆိုခဲ့ပါတယ်။ တမီးလ် အဘိဓါန်ကိုလည်း ပြုစုခဲ့ပါတယ်။
တရုပ်၊   ဘုရားမရှိတဲ့ ကွန်မြူနစ်တရုပ်နိုင်ငံကြီးဟာ ကမ္ဘာလူဦးရေအများဆုံးဖြစ်ပြီး ၁၉၇၀ နောက်ပိုင်း ဘာသာရေးလွတ်လပ်ခွင့်ရလာတယ်။ ၁၉၉၀ တရုပ်ကွန်မြူနစ်များရဲ့ စီးပွားပြောင်းလဲမှုနောက်ပိုင်းမှာ ခရစ်တော်ကို ယုံကြည်သူ အံ့မခန်းတိုးပွားလာပါတယ်။ တရုပ်အစိုးရကတော့ ဘာသာရေးအဖွဲ့အားလုံးကို ချုပ်ကိုင်ထားဆဲဖြစ်ပါတယ်။ အစိုးရတရားဝင်စာရင်းအရ ခရစ်ယန် ၁၅သန်းလောက်ပဲရှိသော်လည်း CIA Fact နဲ့တခြားသုတေသနပြုချက်များအရ သန်း၄၀ မှ ၁၃၀ အတွင်းမှာရှိနေပါတယ်။ ဒါကြောင့် သမ္မာကျမ်းစာ ဘာသာပြန်ခြင်းကိုလည်း အသင်းတော်အမျိုးမျိုးက လုပ်ဆောင်နေရပါတယ်။ အောက်ဖေါ်ပြပါများဟာ အချက်များအချို့ ဖြစ်ပါတယ်။

Catholic Bible: 1968 the New and Old Testaments were published in a single volume.  Protestant Bible: Prof. Ghazarian and Dr. Joshua Marshman the New Testament being published in 1813, and the whole Bible in 1822, by the liberality of the British and Foreign Bible Society. Same period in 1807 the Rev. Robert Morrison translation task was finished in November, 1819, published, in 21 volumes, in 1823. The next new translation was made by Walter Henry Medhurst, Karl Gutzlaff, and Elijah Coleman Bridgman. New Testament in 1835 ; translation of the Old Testament in 1840 and published by Gutzlaff. The committee, aided by several native scholars (principally the Chinese scholar Wang Tao), whole Bible completed in 1853 “The Delegates Version”.   Anqing Beijing Mandarin versions was printed in 1864.
List of Chinese Bible translations
遺詔全書, 1822
神天聖書, 1823-1824
Chinese Union Version (和合本), 1904-1919 Read it here
Studium Biblicum Version (思高譯本), 1935-1968
Lu Zhenzhong's translation (呂振中譯本), 1970
Dangdai Shenjing (當代聖經), 1974

Today's Chinese Version (現代中文譯本), 1979
New Chinese Version (聖經新譯本), 1993
Pastoral Bible (Chinese) (牧靈聖經), 1991-1999
Recovery Version (聖經恢復本), 2003 (Watchman Ngee)
John C. Wu's translation (新經全集), 1946
(4b)
 


 မြန်မာဘာသာ ကျမ်းစာများ


မြန်မာကျမ်းစာအုပ်များမှာ အင်္ဂလိပ်ကျမ်းစာအုပ်များကဲ့သို့ Revision အမျိုးအစားများစွာမရှိသေးသော်လည်း ခေတ်ကာလလိုအပ်ချက်အရ အမျိုးအစားတော်တော်များများထုတ်ဝေလာ ကြပါတယ်။ ယခင်က နှစ်ခြင်းအသင်းတော်၊ ကက်သလစ်အသင်းတော်၊ အင်္ဂလိကန်၊ မက်သဒစ် စသည့်အသင်းတော်များလည်း မိမိအသင်းတော်နှင့်လျောက်ပတ်သော ကျမ်းစာများကို မြန်မာဘာသာပြန်ပြီး  တိုင်းရင်းသားဘာသာအသီးသီးသို့လည်း ဘာသာပြန်ရတယ်။ ဆရာကြီးယုဒဿန်၏ ဟီဗရူး နှင့် ဂရိဘာသာမှ ဘာသာပြန်ထားတဲ့ ကျမ်းစာကို အသင်းတော်များစွာက အသုံးပြုနေကြတာ အနှစ်၂၀၀ ရှိပြီဖြစ်ပါတယ်။ 
မြန်မာကျမ်းစာအုပ်များ အမျိုးအစားများစွာ ချီးမွမ်းခြင်းအသင်းတော်များခေတ်မှာ ပေါ်ပေါက်လာပါတယ်။ မြန်မာများပြားစွာ ပြည်ပသွားရောက် အလုပ်လုပ်ကိုင်တဲ့ ခေတ်ကာလပါ။ ၁၉၈၈ခုနှစ်ကစတင်ပြီး မြန်မာများ ပြည်ပထွက်လာရင်း ၂၀၀၇ နောက်ပိုင်းမှာ အလုံးအရင်းနဲ့ ဥရောပ၊အမေရိကားအထိ ပြန့်နှံ့လာချိန်မှာ ပြည်တွင်းပြည်ပ၊ မြန်မာမျိုးဆက်သစ် ခရစ်ယန်များ ပေါ်ပေါက်လာပါတယ်။ အများစုကတော့ လက်ရှိ ဆရာကြီးယုဒဿန်ရဲ့ ကျမ်းစာကို သုံးစွဲနေတုန်းပါ။ အင်္ဂလိပ်ကျမ်းစာမှာလည်း King James နဲ့ NIV အမေရိကန် ၂မျိုး လူသုံးများတဲ့အတွက် မြန်မာများလည်း ဆရာယုဒဿန်ကျမ်းစာ နဲ့ ခေတ်သစ်မြန်မာကျမ်းစာ ၂မျိုးကို မြန်မာကျမ်းစာအသင်းကိုယ်တိုင်မှ ထုတ်ဝေနေပါတယ်။ ကက်သလစ်မြန်မာအသင်းတော်ကလည်း သူတို့ဘာသာပြန်အဖွဲ့နဲ့ ကျမ်းစာထုတ်ဝေပါတယ်။ ကက်သလစ်ကျမ်းစာဖတ်ကြည့်ရင် အခေါ်အဝေါ်၊ စာလုံးပေါင်းတွေက မတူကြပါဘူး။ ပရိုတက်စတင့်ကျမ်းစာအသစ်တွေမှာတော့ ချီးမွမ်းခြင်း အစား ထောမနာပြုခြင်းလို့ ရေးထားတယ်။ ရွှေလင်းတကို လင်းယုန်ငှက် လို့ပြန်ရေးထားတယ်။ အညိုရောင် ကျမ်းစာသစ်  (Judson The Eagle Version) တအုပ်လည်း ၂၀၀၇လောက်က ထွက်လာပါတယ်။ အောက်ခြေမှာ အပြန်အလှန်ကျမ်းကိုးများရေးသားထားပြီး၊ ကျမ်းစာမြေပုံများကို ရောင်စုံနဲ့ဖေါ်ပြထားပါတယ်။ ဆရာယုဒဿန်ကျမ်းစာကို စာလုံးအနည်းငယ်လောက်ပဲပြောင်းပေးပါတယ်။ ခပ်ထူထူနဲ့ ကျမ်းစာတအုပ်ကတော့ မြန်မာပြည် Charismatic Churches တွေ တော်တော်သုံးကြပါတယ်။ မြန်မာလို သေသေချာချာ လေ့လာလိုသူများအတွက် အထူးအသုံးဝင်တဲ့ ရှင်းလင်းချက်များ၊ ကျမ်းစာဖတ်နည်းများ၊ ကျမ်းစာသမိုင်းများ၊ မာတိကာ နဲ့ ကျမ်းညွန်းများ စုံလင်စွာ ဘာသာပြန်ထားပါတယ်။ ဧ၀ံဂေလိ အသင်းတော်များလည်း သူတို့အသင်းတော်သုံးဖို့အတွက်  မြန်မာဘာသာ၊ တိုင်းရင်းသားဘာ တစိတ်တပိုင်း ဘာသာပြန် အသုံးချနေကြပါတယ်။ အင်တာနက် မြန်မာကျမ်းစာကိုတော့ မြန်မာလူမျိုးများ သိပ်မသုံးကြသေးပါဘူး။ လက်ရှိ myanmarbible.com  နဲ့  burmesebible.com နှစ်ခုစလုံး ဆရာကြီးယုဒဿန်ကျမ်းစာကိုပဲ အသုံးပြုထားပါတယ်။

အောက်မှာတော့ ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို ခေတ်သုံးမြန်မာ၊ ဂျပ်ဆင်မြန်မာ၊ ကက်သလစ်မြန်မာ .. အမျိုးအစား၃မျိုးဖတ်ကြည့်နိုင်ပါတယ်။ ခေတ်သုံးမြန်မာကျမ်းစာဟာ အမေရိကန် NIV ကနေ တိုက်ရိုက်ဘာသာပြန်ထားတဲ့အတွက် ရှင်လင်းပြီး၊ လူငယ်များအတွက် မြန်မာခေတ်စကားနဲ့ အဆင်ပြေအောင် လုပ်ထားတာတွေ့ရပါတယ်။ ကျမ်းပိုဒ်နံပါတ်များကို လက်ဝဲဘက်မှာ သီးသန့်ရေးသားထားတဲ့အတွက် ပိုမိုရှင်းလင်းစွာဖတ်နိုင်ပါတယ်။


အခုခေတ် အင်တာနက် နဲ့ iPhone, PDA တွေက ကောင်းလွန်းအားကြီးတော့ သမရိုးကျ စာအုပ်ကျမ်းစာ မကိုင်ချင်ဖြစ်လာကြတယ်။ အသင်းတော်တွေမှာလည်း ပရိုဂျက်တာတွေရှိနေတော့ ကျမ်းစာ နဲ့ ဓမ္မသီချင်းများကို ပိတ်ကားပေါ်ထိုးပြတဲ့အတွက် ကျမ်းစာအုပ်မပါပဲ ဘုရားကျောင်းသွားခြင်းလုပ်ကြတယ်။ စင်ကာပူက လူငယ်များစွာ သောင်းနဲ့ချီ ၀တ်ပြုစည်းဝေးပွဲတွေလုပ်တဲ့ ဘုရားကျောင်းကြီးတွေကို လာတတ်တဲ လူငယ်များလည်း လက်ထဲမှာကျမ်းစာအုပ် ကိုယ်စီကိုင်လာတာတွေ့မိပါတယ်။ တရားဟောဆရာကလည်း ပရိုဂျက်တာနဲ့ ပိတ်ကားပေါ်မှာထိုးပြပေမဲ့ ကိုယ့်ကျမ်းစာအုပ်ကိုတော့ ဘုရားကျောင်းယူလာဖို့မမေ့ပါနဲ့ လို့ စာအုပ်ကျမ်းစာကိုပဲ အားပေးနေတာတွေ့မိပါတယ်။

အသင်းတော်သင်းအုပ်ဆရာ တရားဟောချက်တခုမှာ .. လူငယ်တွေ ဘုရားကျောင်းလာချင်အောင် အတီး၊အမှုတ်၊အက Appetizers တွေအတွက် ငွေအကုန်ခံမယ်ဆိုပြီး လူကြီးတွေဆုံးဖြက်တယ်တဲ့။ ငွေသာကုန်သွားတယ် လူငယ်တွေ ဘုရားကျောင်းရောက်မလာဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားကျောင်းမှ ၀ိညာဉ်တန်ခိုးရှိရင် လူငယ်တွေလာမှာပါ  ... ဆိုတာကြားယောင်မိပါတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နဲ့ မိဘများ မိတ်သဟာရဖြစ်ပြီးရင် သားသမီးများလည်း ကျမ်းစာဖတ်၊ ဘုရားကျောင်းသွား ဖြစ်လာမှာပါ။ ကျွန်ုပ်သား နေ့စဉ်ကျမ်းစာမဖတ်သေးသော်လည်း အချိန်တန်ရင် ဖတ်လာမှာပါ။ ကျမ်းစာကို အင်္ဂလိပ်စာ ကျွမ်းချင်လို့ အလွတ်ရပေမဲ့ အနက်အဓိပ္ပါယ်ကတော့ ဘုရားရှင်ရဲ့ ထိတွေ့မှုအားဖြင့်သာ ရရှိပါတယ်။ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်းအားဖြင့် အစပြုရပါတယ်။

ဘယ်လိုပင်ဖြစ်ပါစေ .. မြန်မာအများစုကတော့ ဆရာကြီးယုဒဿန်စာအုပ် (ဂျပ်ဆင်ကျမ်းစာ) ကို နှစ်များစွာဆက်လက်သုံးဦးမှာပါပဲ။

http://www.murann.com/ezine/index.php?option=com_content&view=article&id=176:2010-07-02-06-59-15&catid=2:knowledge&Itemid=3

 


Reference

1. The Bible A History of The Bible , CHRISTOPHER DE HAMEL 2001
2. ၀ိညာဉ်သစ်မဂ္ဂဇင်း 
ကမ္ဘာပေါ် ငွေကြေးအချမ်းသာဆုံးလူမျိုးတော် နဲ့ ၀ိညာဉ်ရေး
3.  St. Jerome ဂျာရောမ်
4. ဂူဒင်းဘတ်ကျမ်းစာအုပ်
http://en.wikipedia.org/wiki/Johannes_Gutenberg
   4a. ရှမ်းဘာသာ Shan Mission http://www.shan-missions.com/
          ကချင်ဘာသာ ဒေါက်တာအိုလာဟတ်ဆင် http://kachintodayusa.org/documents
   4b. ဘာသာပြန်ခြင်းများ http://en.wikipedia.org/wiki/Bible_translations_by_language
5. မုရန်မဂ္ဂဇင်း အံ့သြဘွယ် ဂျူးလူမျိုး
6.  အံသြဘွယ်ရာစာအုပ်တအုပ်  The Bible
    - ထာဝရဘုရား၏ သမ္မာကျမ်း (Original Tongues by Rev. A. Judson, DD)
    - ကျမ်းစာတော်မြတ် (ကက်သလစ်မြန်မာကျမ်းစာတော်မြက်ဘာသာပြန်အဖွဲ့ ၂၀၀၅)
    - သမ္မာကျမ်း ( by Rev. A. Judson, DD.  The Eagle Edition - 2006)
    - သမ္မာကျမ်း၊  ခေတ်သုံးမြန်မာစကား ( by MYA CL 62 , Published by The Bible Society of Myanmar)
    - သမ္မာကျမ်း (လေ့လာနည်း ဖြည့်ဆည်းထားသည်). (Original Tongues by Rev. A. Judson, DD)

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
3 comments

1666.. သရဏဂုံ အကြောင်း ( 2 ) 2.10.11

 
             မြတ်စွာဘုရားရှင် ဘုရားအဖြစ်သို့ရောက်တော်မူပြီးခါစမှာ သံဃာဆိုတာ မပေါ်သေးပါဘူး။ဘုရားရတနာနဲ့ တရားရတနာဆိုပြီး ရတနာနှစ်ပါးပဲရှိသေးတဲ့အချိန်ဖြစ်ပါတယ်။ မြတ်စွာဘုရားရှင် ဘုရားအဖြစ်သို့ရောက်တော်မူပြီး သတ္တာဟ(၇)နေရာမှာ အလှည့်ကျ သီတင်းသုံးပါတယ်။တစ်နေရာမှာ (၇)၇က်နဲ့ (၇)နေရာမှာ (၄၉)ရက်တိတိ သီတင်းသုံးတယ်လို့ဆိုရမှာပါ။ပထမဆုံးသတ္တာဟက ပလ္လင်္ကသတ္တာဟဖြစ်ပါတယ်။

            မဟာဗောဓိညောင်ပင်အောက် ရွှေပလ္လင်ပေါ်မှာ ထက်ဝယ်ဖွဲ့ခွေထားသော ပလ္လင်(တင်ပလ္လင်)ကိုဖြေတော်မမူပဲ ဝိမုတ္တိသုခလို့ခေါ်တဲ့ ကိလေသာမှလွတ်မြောက်ခြင်းချမ်းသာကို ဘုရားဖြစ်တော်မူတဲ့ ရွှေပလ္လင်ပေါ်မှာပင် ခုနစ်ရက်ပတ်လုံးစံနေတော်မူပါတယ်။ဒါကို ပလ္လင်္က သတ္တာဟလို့ခေါ်ပါတယ်။


            အဲဒီနောက်မှာ ဒုတိယသတ္တာဟအနေနဲ့ ပလ္လင်ပေါ်မှထပြီး မဟာဗောဓိပင်ရဲ့ အရှေ့မြောက်အရပ်မှာရပ်နေတော်မူပြီး မဟာဗောဓိပင်နှင့်ပလ္လင်တော်ကိုမမှိတ်သော မျက်လုံးတော်ဖြင့်ကြည့်တော်မူပြီး ဤပလ္လင်တော်၌ သဗ္ဗညုတ ဥာဏ်တော်ကိုရပေသည်ဟု ဆင်ခြင်တော်မူလျှက် ခုနစ်ရက်ပတ်လုံး စံနေတော်မူပါတယ်။အဲဒါကို အနိမိသ သတ္တာဟ လို့ခေါ်ပါတယ်။


                အဲဒီနောက် တတိယ သတ္တာဟမှာ ရပ်တော်မူနေတဲ့နေရာနဲ့ ပလ္လင်အကြားမှာ လူးလာတုံ့ခေါက် စင်္ကြံလျှောက်တော်မူပြီး ခုနစ်ရက်ပတ်လုံး စံနေတော်မူပါတယ်။ဒါကို လမ်းလျှောက်ခြင်းဣရိယာပုတ်နဲ့နေတော်မူတာဖြစ်ခြင်းကြောင့် စင်္ကမသတ္တာဟလို့ခေါ်ပါတယ်။


            အဲဒီနောက် စတုတ္ထသတ္တာဟမှာ ဗောဓိပင်ရဲ့အနောက်မြောက် အရပ်မှာ နတ်တို့ဖန်ဆင်းထားတဲ့ ရတနာဃရ ရွှေအိမ်တော်မှာ ဝိနည်း၊သုတ္တန်၊အဘိဓမ္မာ ပိဋကတ်သုံးပုံတို့မှာ အဘိဓမ္မာပိဋကတ်ကို အထူးထားပြီး ပဋ္ဌာန်းဒေသနာတော်ကို သုံးသပ်တော်မူလျက် ခုနစ်ရက်ပတ်လုံး စံတော်မူပါတယ်။အဲဒီလိုဆင်ခြင်သုံးသပ်တော်မူသောကြောင့်လည်း မြတ်စွာဘုရားကိုယ်တော်မှ နီလ ပီတ လောဟိတ သြဒါတ မဉ္ဇိဋ္ဌ ပဘဿရ ဟူသော ရောင်ခြည်တော်တို့ကား ပဋ္ဌာန်းကျမ်းတော်မြတ်ကို ဆင်ခြင်တော်မူ၍ နာမ်ဓာတ်၊ ရုပ်ဓာတ်များ ကြည်လင်လျက် အလိုလို ကွန့်မြူးလာခြင်းသာ ဖြစ်ပါသည်။ဒါကို ရတနာဃရ သတ္တာဟလို့ခေါ်တာပါ။


           အဲဒီနောက် ပဉ္စမ သတ္တာဟမှာ ဗောဓိပင်ရဲ့အရှေ့အရပ်မှာရှိတဲ့ ဆိတ်ကျောင်းညောင်ပင်(အဇပါလ)ရှိရာသို့ကြွတော်မူပြီး ထိုညောင်ပင်ရင်းမှာ တရားတော်တို့ကို ဆင်ခြင်သုံးသပ်လျှက်ခုနစ်ရက်ပတ်လုံးစံတော်မူပါတယ်။ဒါကို အဇပါလသတ္တာဟ လို့ခေါ်ပါတယ်။(မှတ်ချက်)ယခုအခါမှာတော့ အဇပါလညောင်ပင်က မရှိတော့ပဲ ကျောက်တိုင်တစ်ခုသာ စိုက်ထူထားတာကိုတွေ့ရပါတယ်။ထိုသို့စံပယ်တော်မူနေစဉ်အတွင်းမှာ တဏှာ၊အရတီ၊ရဂါ လို့ခေါ်တဲ့ မာရ်နတ်ရဲ့သမီးတော်သုံးယောက်က ဖခင်ကြီးမာရ်နတ် စိတ်ချမ်းသာရစေရန် စစ်ကူပေးသည့်အနေနဲ့ မြတ်စွာဘုရားအနီးသို့လာရောက်ပြီး ပရိယာယ်မာယာ အဖြာဖြာတို့ဖြင့် ဖြားယောင်းသော်လည်း ကိလေသာခပ်သိမ်းငြိမ်းတော်မူပြီးတဲ့ မြတ်စွာဘုရားမှာမူ မျက်လုံးတော်ကိုမျှ ဖွင့်တော်မမူပဲ ဝိဝေကသုခ(ဆိတ်ငြိမ်ခြင်းချမ်းသာ)ကိုခံစားလျှက်နေတော်မူပါတယ်။


         အဲဒီနောက်ဆဋ္ဌမသတ္တာဟမှာ မဟာဗောဓိပင်ရဲ့ အရှေ့တောင်အရပ်မှာရှိတဲ့ ကျည်းပင်ရင်း(မုစလိန္ဒ)သို့ကြွတော်မူပြီးခုနစ်ရက်ပတ်လုံး ဝိမုတ္တိသုခ ကိုခံစားတော်မူပါတယ်။မုစလိန္ဒနဂါးမင်းသည်လည်း မြတ်စွာဘုရားကို အအေး၊အပူတို့ မနှိပ်စက်စေခြင်းငှာ မိမိကိုယ်ကို ခုနစ်ခွေခွေပြီး ပါးပျဉ်းဖြင့်ဘုရားရှင်ကိုမိုးကာထားပါတယ်။ဒါကို မုစလိန္ဒသတ္တာဟလို့ခေါ်ပါတယ်။(ယခုအခါမှာ ထိုအိုင်ကိုလည်း အမှတ်အသားရေကန်တစ်ခုလောက်သာကျန်ပါတော့ပါတယ်။ရေကန် အလည်မှာ မြတ်စွာဘုရားရှင်ကို မုစလိန္ဒနဂါးမင်းက မိုးကာထားတဲ့ပုံတော်လေးလည်းလုပ်ထားတာကိုတွေ့ရပါတယ်။


         အဲဒီနောက် သတ္တမသတ္တာဟမှာ ဗောဓိပင်ရဲ့ တောင်အရပ်မှာရှိတဲ့ လင်းလွန်းပင်(ရာဇာယတန)သို့ကြွရောက်တော်မူပြီး လင်းလွန်းပင်ရင်းမှာ ခုနစ်ရက်ပတ်လုံး ဝိမုတ္တိသုခကိုခံစားတော်မူပါတယ်။ဒါကို ရာဇာရတနသတ္တာဟလို့ခေါ်ပါတယ်။ဤသို့အားဖြင့် မြတ်စွာဘုရားရှင်ဟာ ခုနစ်နေရာမှာ တစ်နေရာလျှင်ခုနစ်ရက်စီ၊အားလုံး(၄၉)ရက်လုံးဆွမ်းအာဟာရကို မျှတတော်မမူပဲ မဟာဗောဓိပင်ရဲ့ အနီးတစ်ဝိုက်မှာ ဝိမုတ္တရသ-ကိလေသာမှလွတ်မြောက်ခြင်းချမ်းသာကို ခံစားလျှက် စံတော်မူပါတယ်။


        တကယ်ရေးရမှာက နောက်ဆုံးသတ္တာဟတစ်ခုကိုပဲရေးရမှာပါ။ဒါပေမယ့်ကျန်တဲ့ သတ္တာဟအကြောင်းတွေကိုလည်း မသိသေးသူများသိစေချင်လို့ထည့်ရေးပေးလိုက်ပါတယ်။အဲဒီလို မြတ်စွာဘုရားရှင် သတ္တမသတ္တာဟ လင်းလွန်းပင်မှာစံတော်မူနေစဉ် ဥက္ကာလာနယ်မှ ကုန်ရောင်းလာကြတဲ့ တပုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့ရောက်လာကြပြီး မြတ်စွာဘုရားအား ပျားဆုပ်မုန့်နှင့် မုန့်ကြွက်ကျစ်တို့ကို လှူဒါန်းကြပြီး မြတ်စွာဘုရားရှင်က အနုမောဒနာတရားဟောကြားတော်မူပြီး ဘုရားရတနာနှင့်တရားရတနာ သရဏဂုံနှစ်ပါး ကိုယုံကြည်ဆည်းကပ်ကြပါတယ်။ ဒါကြောင့် ထိုကုန်သည်ညီနောင်မှာ မြတ်စွာဘုရားရှင်သာသနာမှာ ပထမဆုံးသာဝကများလည်းဖြစ်သလို၊သရဏဂုံနှစ်ပါးအရင်ဆုံးတည်သူများလည်းဖြစ်ကြပါတယ်။


   ကုန်သည်ညီနောင်တို့က အမြဲကိုးကွယ်ဆည်းကပ်ဖို့ရာ ပူးဇော်ဖွယ်တစ်ခုခုချီးမြှင့်ရန်တောင်ဆိုတာကြောင့် မြတ်စွာဘုရားရှင်က ဆံတော်ကိုလက်ဖြင့်သပ်ပြီး လက်တော်တွင်ပါလာတဲ့ ဆံတော်နှစ်ဆူကိုချီးမြှင့်တော်မူပါတယ်။ကုန်သည်ညီနောင်တို့က ထိုဆံတော်နှစ်ဆူကို ဌာပနာပြီး ဥက္ကာလာအရပ်မှာ စေတီတည်ထားပါတယ်။


         (ဤကုန်သည်ညီနောင်တို့၏ ဥက္ကာလာနယ်ကိုပင် ဥက္ကာလာပဟုခေါ်သော ဒဂုံမြို့ဟုယူဆကြကာယခုရွှေတိဂုံစေတီတော်ကို ထိုစဉ်က တပုဿနှင့် ဘလ္လိက ညီနောင်တို့ တည်ထား၍ ဆံတော်များဌာပနာခဲ့ကြသည်ဟုယူဆကြပါသည်။)



ကျွန်တော်သည် ၀ီရဓမ္မ {အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)္မ }မှ ဆည်းပူးတင်ပြပါသည်...

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
3 comments

1622.. ဆငိးတုတော် ကိုးကွယ်ရ ခြင်းr

 

ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။ မရှိတော့တဲ့မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား။ ကိုးကွယ်နေလို့ကောအကျိုးရှိပါမလား။ ဗုဒ္ဓဘာသာကဆင်းတုတွေ၊ ရုပ်ပုံပန်းချီကားတွေကို ကိုးကွယ်တဲ့ ဘာသာလား? ဆင်းတုတွေရုပ်ပုံတွေကို ရှိခိုးကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ။ ဒါတွေက အနောက်နိုင်ငံသားတွေ ဘာသာခြားတွေမေးတက်တဲ့ မေးခွန်းတွေပဲ။ ဂေါတမမြတ်စွာဘုရားဟာ ပရိနိဗ္ဗာန် စံလွန်သွားပြီ ဖြစ်ပေမဲ့ သူဟောကြားထားတဲ့တရားအဆုံးအမတွေက ပကတိအတိုင်း ရှိနေကြတုန်းပဲ။ ဘုရားဖြစ်အောင်ကြိုးပမ်းခဲ့တာ အခုလို တရားအဆုံးအမကို ဟောပြဖို့ပဲ။နိဗ္ဗာန်ရောက်ကြောင်းတရားကို ညွှန်ပြပေးခဲ့ဖို့ပဲဒါတွေကအခု အကုန်ရှိနေသေးတာမို့ ဒီတရားတော်အတိုင်း လိုက်နာကျင့်ကြံ အားထုတ်ရင်းမြတ်ဗုဒ္ဓရှိစဉ်တုန်းကလိုပဲ ထပ်တူထပ်မျှ အကျိုးထူးများကို ခံစားရပါတယ်။နိဗ္ဗာန်ချမ်းသာကိုလည်း မျက်မှောက်ပြုနိုင်ပါတယ်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်မစံမီမှာ ဗုဒ္ဓကိုယ်စား ကိုးကွယ်ဆည်းကပ်ဖို့အတွက် စေတီ ၄ မျိုးကို သတ်မှတ်ပေးတော်မူခဲ့တယ်။

ဓာတုစေတီ… ဗုဒ္ဓရဲ့ ရုပ်ကလပ်တော်ကို မီးသဂြိင်္ုဟ်တဲ့အခါ ကျန်ရစ်တဲ့ ဓါတ်တော်များကို ဘုရားရှင် ကိုယ်စားကိုးကွယ်နိုင်တယ်။

ဓမ္မစေတီ…ဗုဒ္ဓမြတ်စွာ ၄၅ နှစ်တိုင်တိုင် ဟောကြားတော်မူခဲ့တဲ့ ပိဋကတ်သုံးပုံ၊မဂ်လေးတန်၊ ဖိုလ်လေးတန်နဲ့ နိဗ္ဗာန်တရားတို့ကို ဘုရားရှင်ကိုယ်စား ကိုးကွယ်ဆည်းကပ်နိုင်တယ်။

ဥဒ္ဒိဿစေတီ…သက်တော်ထင်ရှား မြတ်ဘုရားကို ရည်မှန်းပြီး ရေးသားတဲ့ ပုံတော်၊ပန်းချီကားချပ်တွေ၊ သစ်သားဆင်စွယ် စသည်တို့ကို ထုလုပ် ထားတဲ့ ဆင်းတုတွေ၊အုတ်၊ သဲ၊ အင်္ဂတေ စသည်တို့ဖြင့် တည်ဆောက်ထားတဲ့ စေတီပုထိုးတွေ၊ဒီအရာတွေအားလုံးကို ဘုရားရှင်ကိုယ်စား ရှိခိုး ပူဇောနိုင်တယ်။

ပရိဘောဂစေတီ…မဟာဗောဓိပင် အပါအ၀င် ဘုရားရှင် အသုံးပြုတော်မူခဲ့တဲ့ သပိတ်၊ သင်္ကန်း၊တောင်ဝှေးစသည်တို့ကိုလည်း ဘုရားရှင်ကိုယ်စား ဆည်းကပ်ကိုးကွယ်နိုင်တယ်။

အဲဒီတော့ဗုဒ္ဓဘာသာဝင်များက မြတ်ဗုဒ္ဓရဲ့ ပုံတော်ပန်းချီကားတွေ၊ ဆင်းတုတွေကိုရှိခိုးပူဇော်တာဟာ ဥဒ္ဒိဿစေတီအဖြစ် ရည်မှန်းပြီးရှိခိုးပူဇော်ခြင်း ဖြစ်တယ်။ ပန်းချီကားအနေနဲ့ ရုပ်ထု၊ဆင်းတုတော်များအနေနဲ့ ရှိခိုးပူဇော်နေတာ မဟုတ်ဘူး။

ဥပမာ…ကွယ်လွန်သွားပြီးတဲ့ မိဘများရဲ့ဓါတ်ပုံကို ရှိခိုးကန်တော့နေတဲ့သူဟာစက္ကူဓာတ်ပုံကို ရှိခိုးကန်တော့နေတာမဟုတ်ဘူး။ သူ့မိဘကို ရည်မှန်း ပြီး ရှိခိုးကန်တော့နေခြင်းဖြစ်တယ်။ မိဘဓာတ်ပုံက အသက်ထင်ရှား ရှိစဉ်အခါကမိဘတို့ရဲ့ ရုပ်ပုံကိုထင်မြင်လာအောင် အထောက်အပံ့ပြုတယ်။ မိ ဘရဲ့ ဂုဏ်ကျေးဇူးတွေ ထင်ပေါ်လာအောင် ကျေးဇူးပြုပေးတယ်။စက္ကူဓာတ်ပုံကိုကျော်လွန်ပြီး မိဘတို့ရဲ့ တကယ့်ရုပ်သွင်နဲ့ မိဘတို့ရဲ့ဂုဏ်ကျေးဇူး များပေါ်လွင်လာအောင် ကြည့်ရှူရသလို ဘုရားပန်းချီ၊ ရုပ်ထု၊ဆင်းတုများကိုကျော်လွန်ပြီး မြတ်စွာဘုရားရဲ့ တကယ့်ရုပ်သွင်နဲ့ဂုဏ်တော်များ၊ ကျေး ဇူးတော်များပေါ်လွင်အောင် ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပုံတော်၊ ဆင်းတုတော်တိုဟာ အထောက်အပံ့ ပစ္စည်းမျှသာဖြစ်တယ်။ ပုံတော်၊ ဆင်းတုတော်တွေ မရှိဘဲနှင့်လဲ မြတ်စွာဘုရားရဲ့ ဂုဏ်တော်များကိုရည်မှန်းပြီး ရှိခိုးပူဇော်နိုင်ပါတယ်။မြတ်စွာဘုရားသက်တော်ထင်ရှား ရှိစဉ်အခါ ကလည်း ဘုရားဂုဏ်တော်များကိုသာရည်မှန်းပြီး ပူဇော်ရပါတယ်။ မြတ်စွာဘုရားရဲ့ဂုဏ်တော်များဆီသို့ စိတ်ရောက်တာချင်းတူရင် အကျိုးကျေးဇူး ကလည်း တူမှာပဲ။ဂုဏ်တော်များစုပေါင်းထားတဲ့ ဘုရားရှင်ကို ဉာဏ်နဲ့မြင်အောင် အာရုံပြုရမယ်။

ဒါကြောင့်ဗုဒ္ဓဘာသာဆိုတာ ရုပ်ပုံ၊ ရုပ်ထုတွေကို ဆည်းကပ်ကိုးကွယ်တဲ့ ဘာသာမဟုတ်ပါဘူး။ဒါက မသိ၊ နားမလည်သူတွေရဲ့ လွဲလွဲမှားမှား စွပ်စွဲ မှုများသာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေဆည်းကပ်ကိုးကွယ်နေတာက အရဟံအစ ဘဂ၀ါအဆုံး အတုမရှိတဲ့ ဂုဏ်တော်များရဲ့ပိုင်ရှင်ဖြစ်တဲ့ ဗုဒ္ဓဘုရား၊ ထိုမြတ်စွာဘုရားဟောကြားညွှန်ပြခဲ့တဲ့မဂ်လေးတန်၊ ဖိုလ်လေးတန် နိဗ္ဗာန်ပရိယတ်လို့ဆိုတဲ့အတုမရှိ မြင့်မြတ်တဲ့ဓမ္မတရား၊ သစ္စာလေး ပါး မြတ်တရားကို သိမြင်ကြပြီးတဲ့ အရိယာသံဃာများနဲ့မြတ်စွာဘုရားရဲ့ အဆုံးအမဩ၀ါဒအတိုင်း ကျင့်ကြံနေကြတဲ့ သမုတိသံဃာ၊ ဒီဘုရား၊တရား၊ သံဃာလို့ဆိုအပ်တဲ့ ရတနာမြတ်သုံးပါးပါပဲ။ ဒီလို ကိုးကွယ်ဆည်းကပ်ထိုက်တဲ့ အမြတ်ဆုံးရတနာ သုံးပါးဆိုတာ အခြားဘယ်မှာ ရှာဖွေလို့ ရနိုင်ပါ တော့မလဲ။

(ဒေါက်တာမင်းတင်မွန်)

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
4 comments

1593.. အနေကဇာ တင်တယ် ဆိုတာ ( 5.9.11 )

 

အနေကဇာတင်ဆိုတာ ''အနေကဇာတိ သံသာရံ'' ဆိုတဲ့ စကားကနေ ဖြစ်လာတဲ့ အခေါ်အဝေါ်တစ်ခု ဖြစ်ပါတယ်။ ထို ''အနေကဇာတိ သံသာရံ'' အစချီတဲ့ ဂါထာက ဘုရားရှင်၏ ဘုရားဖြစ်ပြီးချင်း ပီတိအဟုန်ကြောင့် ထွက်ပေါ်လာတဲ့ ဥဒါန်းစကားဖြစ်သည်၊ ဆိုလိုတာက ဘ၀များစွာ သံသရာက ခန္ဓာတည်းဟုသော အိမ်ကို တည်ဆောက်တတ်သော တဏှာဆိုတဲ့ လက်သမားဆရာကို ငါရှာတွေ့ပြီး ထိုတဏှာကိုလဲ ဖျက်ဆီးပြီး လွန်မြောက်တော်မူပြီးပြီလို့ ဆိုတယ်၊ ဆိုလိုတာ သံသရာက လွတ်မြောက်ပြီလို့ အဓိပ္ပါယ်ရပါတယ်။

မြတ်ဗုဒ္ဓအလောင်း ပထမဗောဓိပင်အောက်မှာ နေ၀င်ချိန် မာနတ်မင်းတပ်ပေါင်းစုကို အောင်မြင်ခဲ့သည်၊ ည မထမယာမ်မှာတော့ ပုဗ္ဗေနိဝါသအဘိဥာဉ်ကို ရခဲ့တယ်၊ မဇ္ဈိမ အလယ်ယာမ်မှာတော့ ဒိဗ္ဗစက္ခုအဘိဥာဉ်ရခဲ့သည်၊ နောက်ဆုံ ပစ္ဆိမယာမ်မှာတော့ မဟာကရုဏာတော်ဖြင့် ပဋိစ္စသမုပ္ပါဒကို အပြန်အလှန် ဆင်ခြင်သုံးသပ်ပြီး အရုဏ်တက်ချိန်မှာ ဘုရားဖြစ်ကို ရောက်ရှိခဲ့ပါသည်၊ ဘုရားဖြစ်ဖြစ်ခြင်းပဲ တစ်သိန်းသော ဗုဒ္ဓတို့ ကျူးရင့်သော ဥဒါန်းကို မြွတ်ဆိုတယ်၊ ထိုဥဒါန်းသည်ပင် အနေကဇာတင် ဟုခေါ်သည်။ ထို ''အနေကဇာတိ သံသာရံ'' ဘုရားရှင်အားရည်စူးပြီးထုလုပ်ထားတဲ့ ရုပ်ပွားတော်များအပေါ် တင်လိုက်ခြင်းကိုပဲ အနေကဇာတင်ဟု ခေါ်ဟန်တူပါသည်။

အခုခေတ်မှာတော့ ဘုရားရုပ်ပွားဆင်းတုတော် အသစ်ပင့်လာပြီဆိုရင် အမြတ်တနိုး ဘိတ်သိက် (ဗုဒ္ဓါဘိသေက) သွန်းလောင်းတယ်လို့ခေါ်တဲ့ အစီအရင်တစ်ခု အနေနဲ့ ကျင်းပကြသည်။ ဘုရားရှင်အား ပူဇော်ခြင်းတမျိုးပါပဲ ဖြစ်ပါသည်။ ဘုရင့်သားတော် ဘုရင်အဖြစ်အသိအမှတ်ပြုတဲ့ အနေနဲ့ ဘိသိက်သွန်းလောင်းပြီး အသိမှတ်ပြုသလိုပါပဲ။ သစ်သား၊ ကြေး၊ ကျောက် စသည်တို့ဖြင့် ပြုလုပ်ထားသော ရုပ်ပွားဆင်းတုတော်များကိုလည်း သက်တော်ထင်ရှား ဘုရားအဖြစ်နဲ့ ကိုးကွယ်သူတို့သန္တာန်မှာ ပိုမို သဒ္ဓါတရားဖြစ်စိမ့်သောငှါ ရည်ရွယ်၍ ဒီအစီအမံကို စနစ်တကျ ရှေးပညာရှိများက တီထွင်ခဲ့သည်။

အိမ်ပြောင်းရင် ဆင်းတုတော် အသစ်ဝယ်လာရင် စသည် အကြောင်းများတွင် အနေကဇာ တင်ကြပါတယ်....ဆစ်ချိုက တင်မှ ပိုပြီး တခိုးရှိတယ် ပိုပြီး ကိုးကွယ်ကောင်းတယ်လို့ ယူဆကြပါတယ်..ဘုန်းကြီးတွေကို ပင့်
ဆင်းတုတော်ကို အလယ်မှာ ထားပြီး အနေကဇာ တင်ကြတာပေါ့....တစ်ချို့က မတင်ရင် ကိုးကွယ်လို့ မကောင်းဘူး လို့ တွေးတာ ပိုဆိုး တယ်လို့ ထင်ပါတယ်..နောက်ပြီး ဘုန်းကြီးတွေ တင်မှ ပိုပြီး ဆန်ခိုး ရှိတယ် ထင်တာ
အမှားတစ်ခုပါ....

ဘုရား ကိုပိုပြီးတန်ခိုးရှိအောင် ဘုန်းကြီးတွေက ပြန်ပြီး တန်ခိုး တင်ပေး တယ် ဆိုတာကတော့ စဉ်းစား စရာပဲနော်...

အပေါ်မှာပြောခဲ့သလို အနေကဇာတင်ဖို့ လူတွေကလည်း ပြုလုပ်နိုင်ပါတယ်...အနေကဇာ ဆိုတာ ကိုက ဘုရားကို ပူဇော တာလေ.....

တစ်ချို့က ဗုဒ္ဒဘိသေက အနေကဇာ တင်တယ်လို့ ဆိုကြပြန်သေး တယ်ဗျာ..ဘုရား ကို ဘိတ်သိပ်မြှောက် ပေးတဲ့ သဘော ပေါ့....ဘုရား ကို ဘိတ်သိပ် မြှောက် ပေးလို့မရဘူးလေ......ဆင်းတုတော် ကို သန့်စင်တဲ့ သတော် ပဲ ရှိရမှာပါ..

ခြုံပြောရရင် အနေကဇာတင် တယ်ဆို တာ ဘုရားရှင် ကိုပူဇော်ပြီး ကိုးကွယ်ခံ ဆင်းတုတော် ကို သန့်စ်ငအောင် ပြုလုပ်တာ ဖြစ်ပါတယ်...
ဒါကြောင့်.ချဲ့စရာ မလိုပါဘူး...ဘုန်းကြီးတွေကလည်း ဆင်းတုတော် ကို ပိုပြီးတန်ခိုး ထက်အောင် မလုပ် နိုင်ပါဘူး....လူဝတ်ကြောင်ပဲ ဖြစ်ဖြစ် ရဟန်းတော်များကပဲ ဖြစ်ဖြစ် ဘုရားရှိခိုးဖြစ်သည်အတွက် မည်သူမဆို အနေကဇာတင်နိုင်ပါသည်။


ဆက်ပြီး လူတွေ အနေကဇာ တင်ပုံ ကို ဖေါ်ပြပေးပါ ဦးမယ်.....



အားလုံး သိကြတဲ့ အတိုင်း ကျွန်တော် ၇ဲ့ ဆောင်ပုဒ်ကတော့် ဘာမဆို အကုန်လုံးကို လုံးဝ မတတ်ရင်နေ သိထား နားလည် ထားနိုင်ရင် ပို ကောင်းတယ်.....



1...သီတဂူစတား

2...အရှင်ဝိစိတ္တ (မနာပဒါယီ) တို့ အားကိုးကားကာ အတိုချုံ့တင်ပြထား ခြင်းဖြစ်ပါတယ်.....



Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ