this site the web

1629.. System မူလ အခြေအနေ သို့ပြူပြင်ခြင်း ( Restore Windows )

 

window XP system Restore လုပ်ဆောင်ချက်သည် သင့် computer တွင် software များပြသနာတစ်ခုခုဖြစ်ပေါ်ပါက အလွန်အသုံးဝင်ပါသည်။

အဆိုပါပြသနာမျိုး မပေါ်မီ တစ်ရက်အလိုခန့်က အနေအထားမျိုးသို့ file များပြန်ရွှေပေးခြင်းဖြစ်သည်။ ၄င်းသည် စနစ် file များကိုသာ ပြန်တင်
ပေးခြင်းဖြစ်ပြီး လက်ရှိအလုပ်လုပ်နေသော file များကို မဖယ်ထုတ်ပေးပါ။

မည်သို့ပင်ဖြစ်စေ သင့် computer အား အမှားမ ပေါ်ခင်က အနေအထားအတိုင်း ပုံမှန် အလုပ်လုပ်စေသည်။ ၄င်းအတွက် start–>All Programs–>Accessaries>System Tools –>System Restore ကိုဖွင့်ပါ။ System Restore box ပွင့်လာပါလိမ့်မည် ။

၎င်းတွင် ” Restore my computer to an earlier time” ကို နှိပ်ပါ ။ Next ကို နိုပ်ပါ ။


Select a Restore Point
calender တစ်ခုပေါ်လာပါမည်။၎င်းတွင် သင်၏ computer ကောင်းမွန်စွာ အလုပ်လုပ်ခဲ့သော မကြာသေးသည့်နေ့ကို ရွေးချယ်လိုက်ပါ။ Next ကို ဆက်နိုပ်သွားပါ။ system restore လုပ်ငန်းစဉ် စတင် ပါမည်။ computer restart ပြန်ဖြစ်သွားပါမည် ။

computer ပြန်ပွင့်စဉ် screen ပေါ်မှ ညွန်းကြားချက်များအတိုင်း ဆက်လက် ဆောင်ရွက်သွားပါ ။ computer ပြန်လည်ကောင်းမွန်သွားပါမည်။ window စနစ်ကို ဖွင့်မရသောအခှါSystem Restore ကိုအသုံးပြုခြင်း computer သည် window စနစ်ကိုပင် မဖွင့်နိုင်လောက်အောင် ဆိုးဆိုးဝါးဝါး ဖြစ်နေလျှင် System Restore ကိုအသုံးပြုကယ်တင်နိုင်ပါသည်။


၎င်းအတွက် Safe Mode သို့ဦးစွာဝင်ရောက်ပါ ။ safe mode ကိုရွေးပြီး enter နိုပ်လိုက်ပါ ။ ” please system to start ” ဟု message ပေါ်လာပါမည် ။ window xp ကို သာတင်မည်ဖြစ် Enter key နိုပ်လိုက်ပါ။



command prompt တစ်ခုပေါ်လာပါမည် ။ ၄င်းကွက်လပ်တွင် %systemroot%\ system32\restore\rstrui.exe ဟုရိုက်ထည့်ပါ။ enter နိုပ်ပါ ။



ခဏကြာရင် “System Restore ” မြင်ကွင်းပေါ်လာပါမည် ။ ၄င်းတွင် ‘ Restore My computer to an earlier time’ ကိုနိုပ်လိုက်ပါ။ အပေါ်ကအတိုင်းဆက်လက်လုပ်ဆောင်သွားပါ ။


Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

1 - ဦး မှတ်ချက်ပေးထားပါသည်

Anonymous သန္လ်င္သား said...

ဲအစ်ကိုရေ.. အစ်ကိုဆိုဒ့်ကို အမြဲတမ်း လာဖတ်ပါတယ်။ ပို့(စ်)တွေက အရမ်းတန်ဖိုးရှိတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ အင်္ဂလိပ်စာနဲ့ ပက်သတ်တဲ့ ပို့(စ်)လေးတွေလည်း တင်ပေးပါဦး.အစ်ကို။

17/11/11 2:43 PM  

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ