မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေး ၇ မျိုးနှင့် မှတ်ပုံတင် သက်တမ်းလွန်ဆေးတစ်မျိုးတို့အား အများပြည်သူ သုံးစွဲရန်မသင့်ဟု ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ 17 ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ တယ်လီဖုန်းအမှတ်တံဆိပ် မျက်စဉ်း၊
နန်းတွင်းဒေဝီအမှတ်တံဆိပ် ကလေးလေပုပ်ထုတ်ဆေး၊
ငန်းနက်အမှတ်တံဆိပ် အပူငြိမ်းဆေး၊
ဒေါ်ကြည်အမှတ်တံဆိပ် အပုပ်ချလေဆေး၊
သမားတော်ကြီးဆရာရှိန်း အပူသတ်ဆေးချို၊ ပိစပ်ဆေးပြားနှင့်
ပြည်သူ့မုန်တိုင်း အမှတ်တံဆိပ် လေကွဲဆေး
တို့သည် တိုင်းရင်းဆေး ပညာဦးစီးဌာနတွင် မှတ်ပုံတင်ထား ခြင်း မရှိသော ဆေးများဖြစ်ပြီး
ဇော်ဂျီအမှတ်တံဆိပ် ဝမ်းနုတ်ဆေးမှာ မှတ်ပုံတင် သက်တမ်းလွန် တိုင်းရင်း ဆေးဖြစ်ကြောင်း
ကျန်းမာရေး ဝန်ကြီးဌာနက စက်တင်ဘာလ ၈ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာ များတွင် နှိုးဆော်ချက်ထုတ်ပြန်ခဲ့သည်။
Labels: Health-III, News-XII
0 - ဦး မှတ်ချက်ပေးထားပါသည်
Post a Comment