this site the web

1840.. တစ်ရက်ကို ၂၀၀ ကျပ်နဲ့ အင်တာနက် သုံးစွဲနိုင်မယ့် Mobile E-mail Service

 

                     Call Center မှ ၀န်ဆောင်မှု အသစ် အနေနဲ့ တစ်ရက်ကို ၂၀၀ ကျပ်နဲ့ အင်တာနက် သုံးစွဲနိုင်မယ့် Mobile E-mail Service ၀န်ဆောင်မှုကို ဇွန်လ ၁၅ ရက် နေ့မှာ စတင် မိတ်ဆက်ခဲ့ပြီး ယခုအခါ စတင် အသုံးပြု နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စနစ်မှာ အင်တာနက် လျှောက်ထား ပြီးဖြစ်တဲ့ CDMA, GSM Mobile ဖုန်းတွေသာ အသုံးပြု နိုင်မှာ ဖြစ်ပြီး အင်တာနက် အသုံးပြုခ ဖြစ်တဲ့ ၁ မိနစ်ကို ၂ ကျပ်၊ ၄ ကျပ်တို့ ပေးစရာ မလိုပဲ ရက်နဲ့သာ တွက်ပြီး ၁ ရက်ကို ၂၀၀ ကျပ်နဲ့ ၂၄ နာရီ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

                   အသုံးပြုလို သူတွေ အနေနဲ့ Call Center သို့ အသုံးပြု လိုကြောင်း Message ပေးပို့ ရမှာ ဖြစ်ပါတယ်။ ဒီလို ပေးပို့ရာမှာ Call Center ရဲ့ ကုတ်နံပါတ် တစ်ခုဖြစ်တဲ့ ၁၈၈၃ ကို GET MAIL ဆိုတဲ့ စကားလုံးကို အင်္ဂလိပ် အက္ခရာ စာလုံး အကြီးများ အသုံးပြုကာ သုံးစွဲမယ့် သူရဲ့ အင်တာနက် Account နဲ့ Passward ကို ပေးပို့ရမှာ ဖြစ်ပါတယ်။ အသုံးပြုခ ကိုတော့ ဖုန်းဘေလ် ထဲမှ ဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ သုံးစွဲပုံ အသေးစိတ်ကို သိရှိလိုပါ ကလည်း Call Center သို့ စုံစမ်း မေးမြန်း နိုင်တယ် လို့လည်း သိရပါတယ်။

                 သုံးစွဲသူတွေ အနေနဲ့ ၁ ရက်ကို ၂၀၀ ကျပ်နဲ့ ၁ လစာ ၆၀၀၀ ကျပ် သတ်မှတ် ထားပြီး အသုံးမပြု လိုတဲ့ ရက်ရှိပါက Call Center သို့ ကြိုတင် အကြောင်းကြားပြီး Server ပိတ်ထားရမှာ ဖြစ်ပါတယ်။ ဒီလို အကြောင်း မကြားပါက တစ်လစာ အတွက် ကျပ် ၆၀၀၀ ကို မိမိဖုန်းဘေလ် ထဲက ဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ၀န်ဆောင်မှုကို ယခု ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ ကောက်ခံမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

2 - ဦး မှတ်ချက်ပေးထားပါသည်

Blogger Unknown said...

ကိုမုန်တိုင်းခင်ဗျာ....call center ရဲ့ဖုန်းနံပါတ်သိချင်ပါတယ်ခင်ဗျာ...ပြီးတော့ ဘယ်လိုလုပ်ရမလဲ ထပ်ရှင်းပေးထားပါအုံးနော်..

5/8/12 12:55 AM  
Blogger မုန်တိုင်း said...

1876 ဖြစ်ပါတယ်....

ဒီကိစ္စ မှာတော့် 1883 ကို GET MAIL လို့ ရေးပြီး လို့သာရေးပြီး အရင် massage ပို့လိုက်ပါ.....

အသေးဟစိတ်ကိုတော်. 1883 ဖုန်းခေါ်ပြီးမေးနိုင်တယ်လေ

5/8/12 10:51 PM  

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ