ကိုကြီးဇော် ( မုန်တိုင်း )

ဗဟုသုတဘဏ်

this site the web

586..ကမ္ဘာကျော်အသံတိတ်ဟာသမင်းသားကြီးMr Bean ( video )

 


နဲနဲလောက်ရီကြည့်ပါ.....




Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

456.. ကြက်သားဟင်း မစားချင်ဘူးလား(ဟာသ)

 
စိတ္တဇဆေးရုံတွင်(တခြားတုင်းပြည်က) ဆေးရုံအုပ်ကြီးက လူနာများအား ပြောကြားသည်မှာ...
" မနက်ဖြန် နိုင်ငံတော် အကြီးအကဲ ဆေးရုံမှာ လာဟောပြောမယ်
သူဟောပြောပြီးလို့ ငါချောင်းဟန့်တာနဲ့ အားလုံး လုပ်ခုပ်တီးကြပါ။ ဒါဆို မင်းတို့ကို ကြက်သားဟင်းနဲ့
ထမင်းကျွေးမယ်။ "
ဟောပြောသောနေ့သို့ ရောက်သော် အဆင်ပြေစွာ ဟောပြော ပြီးဆုံးသောကြောင့် ဗိုလ်ချုပ်မှူးကြီးက လွန်စွာ ကျေနပ်လေ၏။ ထိုအခါ ဆေးရုံအုပ်ကြီးက ချောင်းဟန့်လိုက်၏ ထင်ထားသည့် အတိုင်း အားလုံးက ၀မ်းမြောက်စွာ လက်ခုပ် တီးကြလေသည်။
သို့သော်မထင်မှတ်သော အဖြစ်တစ်ခုလည်း ဖြစ်သွားသည်။ ထိုသည်ကား
လူနာတစ်ယောက်သည် ရုတ်တရက် ဗိုလ်ချုပ်မှူးကြီး အား ပါးချလိုက်ခြင်း ဖြစ်သည်။ အားလုံး မင်တတ်နေစဉ်
သူပြောလိုက်သော စကားသည်ကား
" အရူး..မင်းကလက်ခုပ်တီးရမယ်ဆိုတာ မသိဘူးလား ကြက်သားဟင်း မစားချင်ဘူးလား။ "






Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
1 comments

431.. ကြေးနှဲ( ဟာသ)

 
သူတောင်းစား(ဖက်ခွက်စား) တစ်ဦးသည် ကြေးနှဲကြီးတစ်လက်ကိုပိုက်လျှက် ရထားပေါ်တက်လာပြီး စည်းဝါးမပါဘဲ
ကြေးနှဲကြီးကို အလွန် ကျယ်လောင် ဆူညံစွာ မိနစ်အနည်းငယ် တီးမှုတ်ပါသည်။
ထို့နောက် ပိုက်ဆံတောင်းရာတွင် အသုံးပြုသော၎င်း၏ ခွက်ကိုထုတ်လိုက်ပြီး ပြောလိုက်ပုံမှာ..............

`ကျွန်တော် ဒီခွက်နဲ့ လိုက်ပြိး ပိုက်ဆံတောင်းပါတော့မယ်၊ သတိပြုဖို့ကတော့ ကျွန်တော် လိုသလောက် ပိုက်ဆံမရသေးဘူးဆိုရင် ဒီနှဲကြီးနဲ့ လူကြီးမင်းများကို ထပ်မံ ဖျော်ဖြေပါလိပ်ဦးမယ်မယ်´




Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

415.. ဆရာႀကီး

 
တနေ့ မှာလူတယောက်သည်ကြက်တူရွေးဝယ်
မယ်ဆိုပြီးထွက်လာသည်။
ကြက်တူရွေးရောင်းတဲ့ ဆိုင်ရောက်တော့ ဆိုင်ရှင်က...
လာပါအကို ကြည့်ပါကြက်တူရွေးတွေကလှလဲလှတယ် စကားလဲတက်တယ်
အကိုကြိုက်တာယူပါ
အဲ့ဒီမှာဝယ်တဲ့သူက
အင်း ဟုတ်ပြီးဒီကောင်ကဘယ်လောက်လဲ
အဲ့ဒါကငါးထောင်ပါ သူကတရုတ်စကားကောင်းကောင်းပြောတက်တယ်။
သူ့ ဘေးကကောင်ကခုနှစ်ထောင်ပါ သူကျတော့ တရုတ်ရောကိုရီးယားရောနှစ်မျိုးတက်တယ်
အဲ ဟိုအလယ်ကအကောင်ကျတော့တစ်သိန်းပါ
အဲ့ဒီမှာဝယ်သူက
ဟ...ဘာလို့ အဲ့ဒီကောင်ကဈေးကြီးနေရတာလဲ သူကဘာတွေတက်နေလို့ လဲ
ပြောပါအုံးလဲမေးလိုက်ရော ဆိုင်ရှင်က
သူဘာတက်လဲဆိုတာတော့ကျွန်တော်မသိဘူး အဲဒါပေမယ် ဒီဘက်ကနှစ်ကောင်က သူ့ ကို
ဆရာဆရာလို့ တော့ခေါ်နေတာပဲလေ။
ပန်းချယ်ရီ.....




Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

348.. အရမ်းရှက်တတ်သော အပျိုကြီးညီမ

 
နယ်စပ်မြို့လေး တမြို့ရှိ အိမ်တအိမ်တွင် အရမ်းရှက်တတ်သော အပျိုကြီးညီမ
နှစ်ယောက်နေထိုင်သည်
အဲဒီ ညီမနှစ်ယောက်ဟာ ဘယ်လောက်ရှက်တတ်သလဲ ဆိုရင်
လူမှန်းသိတတ်ချိန်မှစပြီး သူစိမ်းတွေနဲ့လဲ ဆက်ဆံမှုနည်းပါပြီး
ယောကျာင်္းလေးများနဲ့လဲ အကျွမ်းတ၀င်သိပ်မရှိပဲ အိမ်ထဲမှာတွင်သာ
အနေများကြလေသည်။ထို အပျိုကြီးများ၏မိဘနှစ်ပါးသည်
သူတို့အတွက်အစိုးရိမ်လွန်နေကြသည်။
အဘိုးကြီး။ ။............မိန်းမရေ..ငါတို့သမီးနှစ်ယောက်အတွက် ဘယ်လိုလုပ်ကြမလဲ။ဒီလို
အရှက်အကြောက်ကြီးနေရင်တော့
ငါတို့ မရှိတော့ရင် သူတို့ဘယ်လိုနေထိုင်ကြမလဲ?
အဘွားကြီး။ ။........ဟုတ်တယ်ရှင့် သူတို့အတွက် တခုခုတော့ ကျွန်မတို့
လုပ်ပေးသင့်နေပြီထင်တယ်။
တနေ့တော့ သူတို့မြို့မှာ ကာယအလှမယ် ပြိုင်ပွဲကျင်းပလေသည်။အဲဒီမှာ
အဘိုးကြီးက သူ့သမီးနှစ်ယောက်ကြည့်ရအောင် လက်မှတ်နှစ်စောင်
ဝယ်ခဲ့လေသည်။အိမ်ရောက်တော့ "သမီးတို့ရေ သမီးတို့ နှစ်ယောက်လဲ
အပြင်မထွက်တာကြာပြ။ီသမီးတို့အတွက်
ကာယအလှမယ်ပြိုင်ပွဲကြည့်ရအောင်လက်မှတ်ဝယ်ခဲ့တယ်။သမီးတို့
သွားကြည့်လိုက်လိုက်ဦး"
အဲဒီတော့ အပျိုကြီးညီအမ နှစ်ယောက်လဲ
သွားကြည့်ကြလေသည်။သိပ်မကြာမီ အပျိုကြီးညီမ နှစ်ယောက် သုတ်သုတ်
သုတ်သုတ်နဲ့ ပြန်ရောက်လာကြသည်။သူ၏ ဖခင်မှာ စိုးရိမ်ပြီး မေးမြန်းလေသည်။
အဘိုးကြီး။.................. ဘာဖြစ်လို့ မြန်မြန်ပြန်ခဲ့တာလဲ သမီးတို့! ဘာတွေဖြစ်လို့လဲ?
အပျိုကြီး။.....................သမီးတို့လဲ အဖေလက်မှတ်ဝယ်ပေးလို့ သွားကြည့်ပါတယ်။ပထမတော့
ကာယအလှမယ် ပြိုင်ပွဲတုန်းက အရမ်းကြည့်ကောင်းတယ်။ကာယ အလှမယ်လေးတွေက
ချောသလားမမေးနဲ့ အဖေရယ်။ကာယအလှမယ်ပြိုင်ပွဲ ပြီးတော့ ကာယဗလမောင်တွေ
ထွက်လာတယ် အဖေရယ်။ ကာယဗလမောင်တွေက အ၀တ်အစားတွေလဲ မပါဘူး အဖေရယ်။ သမီးတို့
ရှက်လိုက်တာ မပြောပါနဲ့တော့။အဲဒါ သမီးတို့ ရှက်လွန်းလို့
ကာယမလမောင်တွေရဲ့ အ၀တ်အစားရှိတဲ့ နေရာလေးကိုပဲ လက်ကလေးနဲ့ကွယ်ပြီး
တချိန်လုံးကြည့်ခဲ့တယ် အဖေရဲ့။
အဘိုးကြီး..................တော်သေးတာပေါ့ ရှက်လွန်းလို့ အ၀တ်အစားရှိတဲ့ နေရာလေးကိုပဲ
တချိန်လုံးကြည့်ခဲ့လို့ပေါ့။မရှက်များ မရှက်ရင်......
ကဲ စဉ်းစားသာကြည့်ပါတော့ ကာယဗလမောင်တွေရဲ့ အ၀တ်အစားရှိတဲ့နေရာ?
ပန်းချယ်ရီ.......




Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

209.. ဒါပေမဲ့ ရှင့်မှာလည်း ပစ္စည်းကရိယာနဲ့

 
တစ်ခါက လင်မယား နှစ်ယောက်သည် ငါးမျှားလို့ရသော အပန်းဖြေစခန်းတစ်ခုကို အားလပ်ရက်ခရီးထွက်ခဲ့ကြသည်။ ယောင်္ကျားက ငါးမျှားလျှင် ခဏတဖြုတ် ပဲမျှားချင်၏် ။ မိန်းမကတော့ စာဖတ်ဝါသနာ ပါလေသည်။ တစ်ရက်သောမနက်ခင်းမှာ အချိန် အကြာကြီး ငါးမျှားရာမှ ပြန်လာသော ယောင်္ကျားက တရေးတမောအိပ်ရန် ဆုံးဖြတ်လိုက်သည် ။ မိန်းမ ကတော့

စာဖတ်မည်ဟု စိတ်ကူး၍ ရေကန်ထဲတွင် လှေထုတ်လှော်သည်။ ဟိုနားဒီနား လှေလှော် ကြည့်ရင်း ပျင်းလာသောအခါ စာအုပ်ထုတ် ၍ စာဖတ်နေလိုက်သည် ။
ထိုအခါ တာဝန်ရှိသူအရာရှိတစ်ယောက် မော်တော်ဘုတ်ဖြင့် ရောက်လာသည် ။
လှေအနား ကပ်လာကာ ဒီလိုစမေးလေသည် ။
“မင်္ဂလာမနက်ခင်းပါ မိန်းကလေး၊ မင်းဒီမှာဘာ လုပ်နေတာ လဲ”
မိန်းကလေးက
“စာအုပ် ဖတ်နေ ပါတယ်” ဟုပြန်ဖြေရင်း ဒီလူ မျက်စိကန်းနေတာလားဟု တွေးလိုက်သည်။
“ဒီနေရာမှာ ငါးမျှားခွင့် မရှိဘူး မိန်းကလေး” “ဒီနေရာဟာ ကန့်သတ်နယ်မြေ”
“ကျမ ငါးမမျှားပါဘူး အရာရှိကြီးရယ် ..စာဖတ်နေတာ ရှင်မမြင်ဘူးလား”
“မင်းရဲ့ လှေပေါ်မှာ ငါးမျှားတံတွေနဲ့ ငါးမျှားတဲ့ ပစ္စည်းကရိယာ အစုံအလင်ပါနေတယ်”
“………”
“မင်းကို ဒါဏ်ငွေရိုက် အရေးယူရလိမ့်မယ် မိန်းကလေး”
“ရှင်က ငါးမျှားတံတွေနဲ့ ငါးမျှားတဲ့ ပစ္စည်းကရိယာ အစုံအလင်ပါနေလို့ ကျမကို ဒါဏ်ငွေရိုက်မယ်ဆိုရင် ရှင့်ကိုလဲ မုဒိမ်းမှု နဲ့တရားပြန်စွဲ ရလိမ့်မယ်” ဟု
မိန်းကလေးက ပက်ခနဲ ပြန်ပြောလိုက်သည် ။
” ဟာ…ငါမင်းကို လက်ဖျားနဲ့တောင် မထိဘူးနော်”
အရာရှိက ကြောက်လှန့်တကြား ပြောလိုက်၏။
”မှန်ပါတယ် ၊ ဒါပေမဲ့ ရှင့်မှာလည်း ပစ္စည်းကရိယာ အစုံအလင်ပါနေတာပဲမဟုတ်လား”

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

031..မဆုတ္သာမတိုးသာ

 
အလုပ်ရှင်က အတွင်းရေးမှူးမကို ပြောသည်။ ငါ့တို့ နိုင်ငံ့ခြားကို
တစ်ပတ်ကြာ သွားရလိမ့်မယ်။ ဒါကြောင့် စီစဉ်စရာရှိတာတွေ စီစဉ်ထား။
အတွင်းရေးမှူးမက သူ့ယောင်္ကျားထံ ဖုန်းဆက်၏။ ကျွန်မ သူဌေးနဲ့ ကျွန်မ
နိုင်ငံခြားကို တစ်ပတ်ကြာ သွားရလိမ့်မယ် ။ ရှင် ကိုယ့်ဘာသာကိုယ်
ကြည့်နေနော် ယောကျာင်္းက သူ့တိတ်တိတ်ပုန်း ချစ်သူထံဖုန်းခေါ်သည်။
ကိုယ့်မိန်းမ နိုင်ငံခြားကို တစ်ပတ်ကြာသွားရလိမ့်မယ်။ ဒါကြောင့်
ကိုယ်တို့ တစ်ပတ်လုံး အတူနေကြရအောင်။ တိတ်တိတ်ပုန်းချစ်သူက သူမ သီးသန့်
ကျူရှင်ပေးနေသော ကောင်လေးထံ ဖုန်းဆက်သည်။ ငါ တစ်ပတ်လောက်
အလုပ်လုပ်စရာရှိတယ်။ ဒါကြောင့် မင်းစာလာသင်စရာ မလိုဘူး ကောင်လေးက
သူ့အဘိုးထံ ဖုန်းဆက်သည်။ ဘိုးဘိုး၊ ကျွန်တော့်ဆရာမ အလုပ်များနေလို့
တစ်ပတ်လောက် စာမသင်ရဘူး။ ကျွန်တော်တို့ တစ်ပတ်လုံးနေပြီး
အချိန်ဖြုန်းရအောင်။ အဘိုး(အလုပ်ရှင်သူဌေး)က သူ့အတွင်းရေးမှူးကို
ဖုန်းဆက်သည်။ ဒီအပတ်ငါမြေးနဲ့ အချိန်ဖြုန်းရမယ်။ အဲဒီ အစည်းအဝေးကို
မတက်နိုင်တော့ဘူး။
အတွင်းရေမှူးက သူ့ယောင်္ကျားကို ဖုန်းခေါ်သည်။ ကျွန်မအလုပ်ရှင်က ဒီတစ်ပတ်ထဲ
လုပ်စရာလေးတွေရှိတယ်။ ခရီးစဉ်ကို ဖြက်လိုက်တယ်။ ယောင်္ကျားက
သု့တိတ်တိတ်ပုန်းချစ်သူထံ ဖုန်းဆက်သည်။ ငါတို့ ဒီတစ်ပတ် အတူတူ
အချိန်မဖြုန်းနိုင်တော့ဘူး။ ငါ့မိန်းမ ခရီးစဉ် ဖျက်လိုက်တယ်။
တိတ်တိတ်ပုန်းချစ်သူက ကျူရှင်သင်ပေးနေသည့် ကောင်လေးထံ ဖုန်းခေါ်သည်။
ဒီတစ်ပတ် ငါတို့ ပုံမှန်အတိုင်း စာသင်ဖို့ရှိတယ်။ ကောင်လေးက
သူ့အဘိုးထံဖုန်းဆက်သည်။ ဘိုးဘိုး ကျွန်တော့်ဆရာမက ပြောတယ်။
ကျူရှင်တက်ရမယ်တဲ့ အဘိုးနဲ့ အဖော်မလူပ်ပေးနိုင်တာ စိတ်မကောင်းပါဘူး။
အဘိုး (အလုပ်ရှင်)က သူ့အတွင်းရေးမှူးထံ ဖုန်းဆက်သည်။ ဘာမှ မစိုးရိမ်နဲ့။
အဲဒီ အစည်းအဝေးကို ဒီတစ်ပတ် ဒို့တက်ရလိမ့်မယ်။ ဒါကြောင့်
စီစဉ်စရာရှိတာတွေ စီစဉ်ထားလိုက်။
အဲဒါကို မဆုတ်သာမတိုးသာ အခြေအနေဟု ခေါ်သည်။

နှင်းပွင့်ဦး...




Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

017.. အီးအီးပါရအောင်..

 
တနေ့..ဆရာဝန်ဆီသို့လူနာ၁ ယောက်ရောက်လာသည်..
လူနာ..... ဆရာ ကျွန်တော်ကို ကုပေးပါဦးဆရာ
ဆ၇ာဝန်.... ဘာဖြစ်လို့တုန်း.
လူနာ.....ကျွန်တော်မှာရောဂါ၁ခုဖြစ်နေလို့..
ဆ၇ာဝန်....ဘာရောဂါတုန်းကွ.
လူနာ.....ကျွန်တော်ညတိုင်းအိပ်မက်မက်တယ်
အိပ်မက်ထဲက လူကြီး၁ ယောက်က လာပြောတယ်
ကျွန်တော့်ကို ရူးရူးပေါက်ရအောင်ဆိုပြီးလာလာပြောနေတော့
ကျွန်တော်လဲအပြင်မှာပေါက်ချမိရောဗျ..
ဆ၇ာဝန်.... အာ...ဒါဆိုနောက်၁ခါလာရင် ပြောလိုက်ကွာ..ကျွန်တော်ပေါက်ပြီးပြီးလို့
နောက်တနေ့........... ထိုလူနာေ၇ာက်ချလာပြန်သည်..
ဆ၇ာဝန်.... ဘာဖြစ်ပြန်ပြီလဲကွ..
လူနာ.....ဆ၇ာရယ် ညက အိပ်မက်တယ်
ဆ၇ာဝန်.... ဟ... မင်း က ငါပြောခိုင်းသလို မပြောဘူးလားကွ..
လူနာ.....ပြောပါတယ်ဆရာ ဒါပေမဲ့ အဲ့ဒီ့လူကြီးက ကျွန်တော့ကိုပြောတယ်..
ဆ၇ာဝန်....အေး..ဘာပြောလဲ..
လူနာ..... သူက

" ဒါဆို အီးအီးပါလိုက်ကွာ."

ရယ်ခြင်းဖြင့်အသက်ရှည်နိုင်ကြပါစေ..

ချမ်းမင်း..............






Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

006..ခွေးတွေဆီက အတုခိုးစရာများ

 
ဘာရယ်မဟုတ်ဘဲ လမ်းသလားနိုင်တဲ့ အခွင့်အရေးကို ဘယ်တော့မှ လက်လွတ်မခံပါနဲ့..။

ချစ်ခင်သူတွေ အိမ်ပြန်လာတဲ့အခါတိုင်း အတင်းပြေးပြီး နှုတ်ဆက်စမ်းလိုက်ပါ..။

ကိုယ့်အတွက်သိပ်တန်းဖိုးရှိမယ်
ဆိုတာကို သိလိုက်တာနဲ့ တပြိုင်နက်
စိတ်ရှည်လက်ရှည် စောင့်
ဆိုင်းတတ်အောင် လေ့ကျင့်ထားပါ..။

ကိုယ့်စည်းကို တစ်ယောက်ယောက်က ကျော်လာပြီဆိုတာနဲ့ ကျော်နေတဲ့ အကြောင်းကို
အသိပေးလိုက်ပါ..။

ပြေးပါ ၊ ခုန်ပါ ၊ နေ့တိုင်းကစားပါ...၊

စားတဲ့အခါ အားရပါးရ နဲ့ မြိန်ရည်ယှက်ရည် စားလိုက်စမ်းပါ..။

သစ္စာတရားအပေါ် သစ္စာရှိပါ..။

ဟန်မဆောင်ပါနဲ့...။

ကိုယ်လိုချင်တာ မြှုပ်ထားမှန်းသိရင် ဘယ်လောက်နက်နက် ယက်ပြီးဖော်ပါ..။

တစ်ယောက်ယောက် စိတ်မချမ်းမသာဖြစ်နေရင် တိတ်တိတ်လေးနေ ၊

အနားမှာထိုင်လို့ ညင်ညင်သာသာလေး ထွေးပွေ့ပေးပါ..။

တစ်ချက်လောက်ဟောင် ရုံနဲ့ ပြီးမယ်ဆိုရင် ကိုက်မနေပါနဲ့တော့...။

ဘယ်လောက်ပဲ ခဏခဏ အဝေဖန်ခဲနေရ ၊ အပြစ်တင်ခံနေရ ခံရ ၊ ကိုယ့်ကိုယ်ကို
အပြစ်ရှိတယ်လို့ တစ်စက်လေးမှ မခံစားပါနဲ့..။ မျက်နှာ မပျက်ပါစေနဲ့..။
အဲဒီလို အချိန်မှာ လာလမ်းအတိုင်း အမြန်ဆုံးလှည့်ပြေးပြီး မိတ်ဆွေသစ်တွေ
ရှာလိုက်ရုံပါပဲ...။






Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ