ကိုကြီးဇော် ( မုန်တိုင်း )

ဗဟုသုတဘဏ်

this site the web

2283..Firefox မှာ Profile များ ပြောင်းလဲ အသုံးပြုလို့ရစေမယ့် နည်းလမ်း

 



           Firefox မှာ Profile များစွာ ပြုလုပ်အသုံးပြုနိုင်တဲ့ စွမ်းဆောင်ချက် ထည့်သွင်းပေးထားတာ ကြာပြီ ဖြစ်ပါတယ်။ ပရိုဖိုင် တစ်ခုချင်းစီ ရဲ့ ဒေတာများ ကို သီးခြား သိမ်းဆည်းပေးထားပြီး အခြေအနေများစွာ မှာ အသုံးဝင်ပါတယ်။ ဥပမာ အားဖြင့် အလုပ်အတွက် ပရိုဖိုင်တစ်ခု ပြုလုပ်ပြီး အလုပ်နဲ့ ပတ်သက်တဲ့ Extensions များ နဲ့ Bookmarks များ အသုံးပြုနိုင်မှာပါ။ အင်တာနက် ဘဏ် လုပ်ငန်းများ နဲ့ ငွေကြေးနဲ့ ပတ်သက်တဲ့ အလုပ်များ အတွက် လုံခြုံစိတ်ချရတဲ့ ပရိုဖိုင် တစ်ခု အသုံးပြုနိုင်ပါတယ်။ Guest Profile ပြုလုပ်ပြီး သူငယ်ချင်း မိတ်ဆွေများ ကို အသုံးပြုစေနိုင်ပါတယ်။


          ဘယ်လို အကြောင်းကြောင့် ဖြစ်စေ Profile များ ဟာ အလွန်အသုံးဝင်ပါတယ်။ အထူးသဖြင့် Firefox Version များစွာ ကို တစ်ပြိုင်နက် အသုံးပြုလို့ရစေပါတယ်။

         Firefox မှာ Profile Manager ပါရှိပေမယ့် ဘရောက်စာ ရဲ့ Interface မှာ ပြသထားခြင်း မရှိတဲ့အတွက် အလွယ်တကူ အသုံးပြုလို့မရပါဘူး။

Profile တွေကို Manage ပြုလုပ်နိုင်တဲ့ အခြေခံ နည်းနှစ်နည်း ရှိပါတယ်။

၁။ ၀င်းဒိုးရဲ့ Search Box ကနေ Firefox –p လို့ ရိုက်ပြီး Profile Manager ကို ဖွင့်လို့ရပါတယ်။ အဲဒီကနေ Profile တွေကို ရွေးချယ်အသုံးပြုလို့ရသလို Profile အသစ် ပြုလုပ်တာ၊ Profile တစ်ခု ကို ဖျက်ပစ်တာ ၊ Profile တစ်ခု ကို နာမည်ပြောင်းတာ ပြုလုပ်နိုင်ပါတယ်။

၂။ Mozilla Profile Manager ဆိုတဲ့ App ကို လည်း Profile တွေကို Manage ပြုလုပ်ဖို့ အသုံးပြုနိုင်ပါတယ်။ Mozilla Profile Manager က ၂၀၁၁ ခုနှစ် ကတည်းက Update ပြုလုပ်ပေးခြင်း မရှိပေမယ့် ကောင်းမွန် အဆင်ပြေပါတယ်။


               Profilist က Firefox Extension တစ်ခု ဖြစ်ပြီး ပရိုဖိုင်တွေကို ဘရောက်စာ ရဲ့ Interface ကနေ Manage ပြုလုပ်နိုင်ပါတယ်။ Extension ကို Firefox 29 နဲ့ သူ့နောက်ပိုင်း ဗားရှင်းများ မှာ အသုံးပြုနိုင်ပါတယ်။

             Profilist ကို အင်စတော လုပ်ပြီးရင် ဘရောက်စာ မှာ ရေပြင်ညီ မျဉ်းကြောင်းပုံစံ အိုင်ကွန် ကို မြင်တွေ့ရမှာ ဖြစ်ပြီး အိုင်ကွန် ကို နှိပ်ရင် လက်ရှိအသုံးပြုနေတဲ့ ပရိုဖိုင် ကို ပြပေးမှာဖြစ်ပါတယ်။ Mouse Cursor ကို ပရိုဖိုင်ပေါ် ကို တင်ကြည့်ရင် ပရိုဖိုင် အားလုံး ကို ပြပေးမှာ ဖြစ်ပြီး နှစ်သက်ရာ ပရိုဖိုင် ကို လွယ်ကူစွာ ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။

              အခြား ပရိုဖိုင် တစ်ခု ကို ပြောင်းလဲ အသုံးပြုရင် သီးခြား ဘရောက်စာ တစ်ခု အနေနဲ့ ဖွင့်ပေးမှာ ဖြစ်ပြီး လက်ရှိသုံးနေတဲ့ ပရိုဖိုင် ကိုလည်း ဆက်လက် အသုံးပြုနိုင်ပါတယ်။ အဲဒီအတွက် ပရိုဖိုင်များစွာ ကို တစ်ပြိုင်နက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

profilist

                   ပရိုဖိုင် အသစ်တစ်ခု ပြုလုပ်နိုင်သလို ပရိုဖိုင်များ ကို နာမည်ပြောင်းနိုင်ပါတယ်။ ပရိုဖိုင် တစ်ခု ကို နာမည်ပြောင်းဖို့ Left-Click နှိပ်ပြီးဖိထားပါ။ ဒါဆိုရင် နာမည်ပြောင်းနိုင်ပါပြီ။

               ပရိုဖိုင် တစ်ခု ကို ဖျက်ပစ်ဖို့ အတွက် နာမည်ပြောင်းသလို ပြုလုပ်ရမှာ ဖြစ်ပြီး ပရိုဖိုင်နာမည် ကို ဖျက်ပစ်ရမှာ ဖြစ်ပါတယ်။ လက်ရှိ အသုံးပြုနေတဲ့ ပရိုဖိုင် ကို ဖျက်ပစ်လို့ မရတာ ကို သတိပြုပါ။ ပရိုဖိုင် တစ်ခု ကို ဖျက်ရင် Confirmation Box ကျလာမှာ ဖြစ်ပြီး Accept လုပ်ပေးရမှာပါ။

               ပရိုဖိုင်တစ်ခု ကို ဖျက်ရင် အင်စတော လုပ်ထားတဲ့ Extension များ၊ Passwords များ၊ Cookies များ၊ Themes များ၊ Bookmarks များ နဲ့ အခြား ဒေတာများ အပါအ၀င် ဒေတာ အားလုံး ကို ဖျက်ပစ်မှာ ဖြစ်ပါတယ်။
                Firefox မှာ ပရိုဖိုင်များစွာ ပြုလုပ်အသုံးပြုတဲ့သူ ဖြစ်စေ ၊ အခုမှ စတင် အသုံးပြုမယ့် သူ ဖြစ်စေ Profilist က အလွန်အသုံးဝင်ပါတယ်။ ဘရောက်စာ ကနေ ပရိုဖိုင်များ ကို စီမံခန့်ခွဲ နိုင်ပြီး ပရိုဖိုင် ပြောင်းလဲ အသုံးပြရတာလည်း အလွန်လွယ်ကူပါတယ်။

               Developer က Extension ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ဖို့ အစီအစဉ်များ ရှိပါတယ်။ နောက်ပိုင်းမှာ ပရိုဖိုင် ကို Edit ပြုလုပ်ဖို့ ပိုမိုလွယ်ကူအောင် ပြုလုပ်ပေးမှာ ဖြစ်သလို Default Profile ကို လွယ်ကူစွာ ပြောင်းလဲ နိုင်ဖို့လည်း ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

2269.. Mozilla Firefox v 29.0 ( 30.4.14 ထွက် )

 

               Firefox version 29 ကို April လ ၃၀ရက်နေ့ကထုတ်ပေးလိုက်တာဖြစ်ပီးအရင်ကထက်မြန် လာတာကိုတွေ့ရမှာဖြစ်ပြီး ဒီဇိုင်းလဲလှပလာတာ ကိုတွေ့ရမှာဖြစ်ပါတယ်

The update brings the following new features to the Desktop version:
  • Enhancements to the Firefox UI.
  • Added an interactive onboard tour in order to guide you through new changes.
  • A modernized and upgraded customization mode.
  • You can now set up Firefox Sync by creating a Firefox account.
  • Gamepad API has been finalized and enabled.
  • navigator.plugins is not enumerable from now, for user’s privacy.
  • Implemented the box sizing.
  • SharedWorker is activated by default.
  • Now you can encounter console object in Web Workers.
  • The updated version will not show add-on bar and the content has been moved to the navigation bar.
  • Resolved a bug: Echo cancellation on apprtc.apps.

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

2259.. Firefox ကို Super အမြန်နှုန်းရအောင် ပြုလုပ်မယ်

 
                Firefox ကို.....Super အမြန်နှုန်းရအောင်

 
               New Tab မှာ about:config ရိုက်ထည့်ပြီး Enter ခေါက်...



         အပေါ်ကပုံလိုပေါ်လာရင် I'll careful,I promise ကို ကလစ်ပါ...

  Super အမြန်နှုန်းရအောင် နည်း ( 6 ) ချက်


Boost No.1: BROWSER HISTORY 
               ...Name တွေ အများကြီးပေါ်လာမယ်...အဲဒီ ထဲမှာ browser.sessionhistory.max_entries ကို ရှာလိုက်ပါ..... Value: 50 တွေ့ရပါမယ်... Right Click > Modify >value 10 ပေး ပြှီး OK
******************************
***************************************************




 

Boost No.2: Speedup Page Loading
                အပေါ်ပုံမှာလို ညာဘက်နားလေးကလွတ်နေတဲ့တစ်နေရာလေးမှာ Right Click နှိပ်ပြီး 
New>Integer ကိုဝင်လိုက်ပါ..... ပေါ်လာတဲ့ box မှာ
nglayout.initialpaint.delay လို့ရေးပြီး OK ပေးပါ....ထပ်မံပေါ်လာတဲ့ box မှာ 0 ( သုည ) ပေးပြှီး OK ပါ......
****************************
*************************************




  

Boost No.3: Define small amount of memory to Firefox
              browser.cache.memory.enable ကိုရှာပါ.... false ဖြစ်နေရင်  true လို့ပြင်ပါ...true ဖြစ်ရေင် ပြငျိစရာမလို.....
              ညာဘက်နားလေးကလွတ်နေတဲ့တစ်နေရာလေးမှာ Right Click နှိပ်ပြီး 
New>Integer ကိုဝင်လိုက်ပါ..... ပေါ်လာတဲ့ box မှာ
browser.cache.memory.capacity လို့ရေးပြီး OK ပေးပါ....
               ထပ်မံပေါ်လာတဲ့ box မှာ မိမိ ကွန်ပျူတာ Memory အလိုက် value ပေးပြီး OK ပါ....
YOUR RAM
Value
128MB
2048
256MB
4096
512MB
8192
1024MB=1GB
& above all RAMs
12288
****************************************** 
*******************************************************

 

Boost No.4: Set the cache capacity for Firefox
               browser.cache.disk.capacity ကိုရှာပါ....value ဘယ်လောက်တွေ့တွေ့ 4096 ပေးပြှီး OK ပါ.....
************************************
************************************************************ 
 
 

Boost No.5: Regain Memory when Firefox is not in action
                 ညာဘက်နားလေးကလွတ်နေတဲ့တစ်နေရာလေးမှာ Right Click နှိပ်ပြီး 
New>Boolean ကိုဝင်လိုက်ပါ..... ပေါ်လာတဲ့ box မှာ
config.trim_on_minimize လို့ရေးပြီး OK ပေးပါ....
               ထပ်မံပေါ်လာတဲ့ box မှာ true ကျိုရွေးပြှီး OK ပါ.....
**************************
*********************************************



Boost No.6: Stop Prefetching
             network.prefetch-next က်ုရှီာပါ....true ဖြစ်နေတာတွေ့ရပါမယ်....false ပြောင်းပါ...
( double click ပြှီးပြောင်းပါ... )
****************
************************************* 


















Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

2241.. How To Import Firefox Bookmarks To Chrome

 
            Firefox Bookmark များကို Chrome ထဲသို့ ရွှေ့ပြောင်းချင်ရင်......

1.. Setting>Bookmarks>Import bookmarks setting

2... Mozilla Firefox ကိုရွေး...Import


Done...ပြီးပြီ

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

2237.. Firefox Browser အတွက် Restart Shortcut လေး ဖန်တီးမယ် ( Firefox Browser ကို Restart ချချင်ရင် )

 
                            Firefox Browser ကို Tab တွေခေါ်ထားတုန်း ပိတ်ပြီး ပြန်ဖွင့်တာ ဟာ Restart ချတာ မဟုတ်ပါဘူး....တစ်ခါတစ်ရံ ခေါ်ထားတဲ့ Tab တွေတောင် ပြန် မ Run တော့်ဘူး......

                           တစ်ခါတစ်ရံ Restart ချဖို့ ကြုံလာတာပျိုးရှိပါတယ်...Hung နေတာမျိုးဖြစ်ဖြစ် ဖွင့်ထားတာကြာရင်ဖြစ်ဖြစ် ပေါ့...ဒ.ါကြောင့် Menu ထဲမှာ Restart ချလို့ရသလို Ctrl+Alt+R ကိုတွဲနှိပ်ပြီး Restart ချချင်ရင်...


1.... https://addons.mozilla.org/en-US/firefox/addon/restartless-restart/  ကိုသွားပြီး
       Restatless Restart Addon ကို Install လုပ်ပေးလိုက်ပါ......

                 ဒါဆိုရင် နောင်ကို Menu မှတစ်ဆင့် Restart ချလို့ရသလို Ctrl+Alt+R ကိုတွဲနှိပ်ပြီး Restart ချလို့ရပါပြီ.....

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

2206.. New Tab ဖွင့်တိုင်း Bing.com ပေါ်ပေါ် နေတာ ဖယ်ရှားနည်း.... Remove Bing.com Toolbar

 




              တစ်ခါတစ်လေ software တွေ install လုပ်ရင်း https://www.bing.com  
 Toolbar ကြောင့် New Tab ဖွင့်လိုက်တိုင်း
https://www.bing.com  ရဲ့ Search Engine ပဲပွင့်ပွင့်နေတာကို ဖယ်ထုပ်ချင်ရင်....



 
1...New Tab တစ်ခု ဖွင့်ပြီး URL မှာ about:config ရိုက်ထည့်ပြီး Enter ခေါက်ပါ...


2.. အပေါ်ကပုံလိုပေါ်လာရင် I'll careful,I promise ကို ကလစ်ပါ...

3...Name တွေ အများကြီးပေါ်လာမယ်...Search Box ထဲမှာ browser.newtab.url ကိုရိုက်ထည့် ရှာလိုက်ပါ.....

4... browser.newtab.url ပေါ်လာရင် ကလစ်လုပ်ပြီး select ယူပါ...အဲဒီအပေါ်မှာ Right Click နှိပ်လိုက်ပြီး Reset ကို ရွေးပေးလိုက်ရင်....Ok ပြီ.....

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1822..Firefox ကို အလှဆင်မယ်....

 
Firefox ကိုအလှဆင်မယ်ဆိုရင်

1....https://addons.mozilla.org/en-US/firefox/themes/  
      ကိုအရင်သွား

2....Thems လှလှလေးတွေ အများကြီးထဲက မိမိကြိုက်ရာကို ကလစ် ....ကျွန်တော်ကတော့် A Blue Fox Theme ကိုရွေးလိုက်ပါတယ်....
www.monetine.net .Firefox ကို အလှဆင်မယ်
www.monetine.net .Firefox ကို အလှဆင်မယ်
 3...Continue to Download ကလစ်
www.monetine.net .Firefox ကို အလှဆင်မယ်
 4.....Add to Firefox ကလစ်
www.monetine.net .Firefox ကို အလှဆင်မယ်
 5.....Install ကလစ်...ပြီးရင် Restart Now ကလစ် နှိပ်လိုက်....ပြန်တက်လာ ရင် အောက်က ပုံလို လှလှလေးတွေ့ရမယ်....
www.monetine.net .Firefox ကို အလှဆင်မယ်

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1820.. Firefox ကို 1 စက္ကန့် နှင့် ဖွင့်မယ်....

 
www.monetine.net  Firefox ကို 1 စက္ကန့် နှင့် ဖွင့်မယ်

Firefox Preloader ကိုဒေါင်းပြီး Install လုပ်ပြီးရင် အပေါ်ကပုံလို Task bar  မှာ ရောက်နေမယ်....အဲဒါကို ဖွင့် လိုက်ရင် 1 စက္ကန့်တောင်ကြာ မှာ မဟုတ်ဘူး...Firefox ပွင့် လာမယ်....

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1769.. Bad Request Error 400 ဖြေရှင်းနည်း

 



 

 

      web site တွေဝင်ရင် Bad Request Error 400 ဆိုပြီးပေါ်ပေါ်နေတယ်။ဒါကိုဘယ်လိုလုပ်ရမယ်ဆိုတာ
ကျနော်အောက်မှာပုံနဲ့တကွအဆင့်ဆင့်ပြထားပေးပါတယ်

 


               

 


        

 

 


 

 


 


 

 

 

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ