ကိုကြီးဇော် ( မုန်တိုင်း )
ဗဟုသုတဘဏ်
this site the web
2305.. စာသားကိုတွေကို မြန်မာလို့ အသံဖြင့် ဖတ်ပေးမယ့် Google Go
စာသားကိုတွေကို မြန်မာလို့ အသံဖြင့် ဖတ်ပေးမယ့်
Google Go
အခြားသော Google  Lens က ဘယ်ဘာသာမဆို
စာသားကို ဓာတ်ပုံရိုက်ပြီး မြန်မာ ဘာသာပြန်ဆိုပေးနိုင်ပါတယ်။
Google Go  က ဘယ်ဘာသာမဆို
စာသားကို ဓာတ်ပုံရိုက်ပြီး မြန်မာ ဘာသာ
အသံထွက် နဲ့ဖတ်ပြခိုင်းလို့ရသလို စာသားကို
ရှာဖွေလို့လည်း ပြုလုပ်နိုင်ပါတယ်။
အသံထွက် နဲ့ဖတ်ပြခိုင်းလို့ရတယ်
ပြီးရ် အပေါ် ဘယ်‌ဒေါင့် က Setting ထဲ၀င်
မြန်မာ ပြောင်း
Photo Crd နည်းပညာ လမ်းညွှန်
Labels:
Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်
မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
2304..ကွန်ပျူတာထဲမှာ အရင်ကဇော်ဂျီဖောင့်နဲ့ Word တို့ Excel တို့ကို မြန်မာစာ ယူနီကုဒ်ဖောင့် ပြောင်းချင်တယ်ဆိုရင်
Converter  ဆော့ဝဲလ်လေးရှိပါတယ်။
ထည့်သွင်းပုံ
  1. ဒေါင်းလို့ရလာတဲ့ msi ဖိုင်ကိုနှစ်ချက်နှိပ်ပြီး run လိုက်ပါ။
  2. Next ကိုပဲဆက်တိုက်နှိပ်သွားပါ။ဘာမှပြောင်းလဲစရာမလိုပါဘူး။
အသုံးပြုပုံ
  1. ထည့်သွင်းပြီး‌သော NLP Converter ဆော့ဝဲလ် ကိုဖွင့်ပါ။
  2. Browse ခလုပ်မှတဆင့် မိမိပြောင်းလိုတဲ့ဖိုင်ကိုရွေးပါ။
 ပြီးရင် Convert ကိုနှိပ်ပါ။ခဏလေးစောင့်ပြီးသွားရင် မြန်မာစာယူနီကုဒ် ပြောင်းလဲပေးထားတဲ့ဖိုင် ပွင့်လာပါလိမ့်မယ်။ဒါဆိုမြန်မာစာယူနီကုဒ် ပြောင်းလဲပြီးသား word ၊excel ဖိုင်တို့ကို ရပါပြီ။
Credit Unicodetoday
Labels: ,
Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်
မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
2303..KKZ Myanmar Unicode Keyboard .apk
KKZ Myanmar Unicode Keyboard
                    တိုင်းရင်းသား ဘာသာ တွေမထည့်ထားဘူး ပေါ့ပေါ့ပါးပါး English နဲ့ ဗမာ သာ
Labels: ,
Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်
မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
1654.. Zawgyi-One နှင့် Unicode နှစ်မျိုးလုံးသုံးချင်ရင်
Zawgyi-One ကို Install လုပ်နည်း
Image
အရင်ဆုံး Zawgyi-One-20060620 ကို Install လုပ်လိုက်ပါ.. Zawgyi-One-20060620 ကို Install လုပ်ပြီးပြီဆိုရင်တော့ Keyboard အတွက် 32 Bits ဆိုတဲ့ Folder ထဲမှာရှိတဲ့ zfk-eg-wc2 ကို Install လုပ်ပေးလိုက်
ပါ..ဒါဆိုရင် 32 Bits Users များအတွက် မိမိတို့ရဲ့ ကွန်ပျူတာမှာ Zawgyi-One ဖောင့်ကို ကောင်းကောင်းအသုံးပြုလို့ရသွားပြီဖြစ်ပါတယ်..
For 64 Bits
Image
32 Bits အတွက် Install လုပ်ပြီးသွားပြီ ဆိုရင်တော့ ကျွန်တော်တို့ 64 Bits User များအတွက် Zawgyi-One ဖောင့်ကို အသုံးပြုလို့ရအောင် ဘယ်လိုဆက်လုပ်ရမယ်ဆိုတာကိုပြောပြပေးပါမယ်..တစ်ချို့က ဒီအဆင့်လေး
ကိုမသိတဲ့ အတွက် Zawgyi-One ကိုသုံးလို့မရတာတွေဖြစ်တက်ပါတယ်..ဒေါင်းလော့ချထားတဲ့ ဖိုဒါလေးထဲက 32Bits အတွက် Install လုပ်ပြီးသွားပြီဆိုရင်တော့ 64 Bits ဆိုတဲ့ Folder လေးထဲကိုသွားလိုက်ပါ..ပြီးရင်အဲ့
ဒီဖိုဒါလေးထဲက install_me ဆိုတာလေးကို Install လုပ်ပေးလိုက်ပါ..ပြီးရင်မိမိတို့ ကွန်ပျူတာကို restart ချပေးလိုက်ယုံပါပဲ..ဒါဆိုရင် 64 Bits မှာ Zawgyi-One ကိုအသုံးပြုရတာ အဆင်ပြေသွားပါလိမ့်မယ်..
Zawgyi-One Download
Zawgyi and Unicode
Image
နောက်တစ်ခုကတော့ Unicode ရော Zawgyi-One ရော Install လုပ်ပြီးသုံးချင်သူတွေအတွက်အဆင်မြေမယ့်နည်းလမ်းလေးပါ..။အပေါ်မှာရှင်းပြခဲ့သလို မိမိတို့ရဲ့ကွန်ပျူတာမှာ Zawgyi-One Font ကို Install လုပ်ပြီးပြီ
ဆိုရင်တော့ ကျွန်တော်တို့ Unicode ကို မိမိတို့စက်မှာသွင်းဖို့အတွက် Unicode Font တွေကိုဒေါင်းလော့ချလိုက်ပါ..Unicode အတွက် ဖောင့်တွေကိုဒေါင်းလော့ချပြီးပြီဆိုရင်တော့ အထဲမှာပါတဲ့ mm3 , winuniiw , Yunghkio , yunghkio_pop_april_22_ship စတဲ့ ဖောင့်တွေအကုန်လုံးကို Install လုပ်လိုက်ပါ.ဒါဆိုရင်မိမိတို့ရဲ့စက်မှာ Zawgyi-One ရော Unicode ရော နှစ်မျိုးလုံးနဲ့ရေးထားတဲ့ စာတွေကိုဖတ်လို့ရသွားပါပြီ.။နောက်
ထပ် Unicode လက်ကွက်ကို အသုံးပြုနိုင်ဖို့အတွက် မိမိတို့ရဲ့ ကွန်ပျူတာမှ KeyMagic လေးကို Install လုပ်လိုက်ပါ..ဒါဆိုရင် ကျွန်တော်တို့က Zawgyi-One ကိုအသုံးပြုမယ် ဆိုရင် ကီးဘုတ်က Shift နဲ့ Ctrl ကိုနှိပ်ပြီးပြောင်းသုံးနိုင်သလို Unicode လက်ကွက်ကိုသုံးမယ် ဆိုရင်လဲ Keyboard မှ Ctrl + Shift + Z ကိုနှိပ်ပြီးပြောင်း သုံးလို့ရသွားပါပြီ..။ဒါကတော့ လက်ရှိအသုံးပြုနေကြတဲ့ Zawgyi-One နဲ့ Unicode နှစ်မျိုးလုံးကိုမိမိတို့ရဲ့ ကွန်ပျုတာမှလွယ်လွယ်ကူကူနဲ့အသုံးပြုနိုင် ဖို့အတွက်ကျွန်တော်သိသလောပြန်ပြီးတော့ မျှဝေပေးခြင်းသား ဖြစ်ပါတယ်..အားလုံးပဲအဆင်ပြေကြပါစေ..ခင်ဗျာ..
Unicode Fonts Download
KeyMagic Download
Quote:
Labels: ,
Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်
မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments
1551..Unicode နဲ့ရေးထားတဲ့ ဆိုဒ်တွေကို Unicode Font မရှိလဲ ဖတ်ရှုနည်း..( 4.7.11 )
အရင်​ဆုံး BookMark Toolbar ကို အရင်​ဖွင့်ထားတာ ​ကောင်းမယ်​ထင်​ပါတယ်။
ဥပမာ Firefox (အခြား ဘ​ရောက်​ဇာ​တွေလဲရပါတယ်။ သူ့ Bookmark bar နဲ့သူရှိပါတယ်။)
http://www.freeimagehosting.net/uploads/d91d6730cb.png
ပြီးရင် ဒီ​နောက်​က လင့်ခ်​ကို အဲဒီ ဘား​ပေါ်​ကို ​မောက်​စ်​နဲ့ ဆွဲထည့်ပါ။ ==> Unicode 5.1 -> Zawgyi 2009 Converter
မောက်​စ်​နဲ့ လင့်ခ်​ကို ဖိနှိပ်​ထားပြီး Bookmark Bar ​ပေါ်​ကို ဆွဲလာပြီး Bookmark bar ​ပေါ်​ရောက်​မှ ​မောက်​စ်​ကို လွှတ်​ပါ။ Click and Drag to Bookmark bar ဖြစ်​ပါတယ်။
http://www.freeimagehosting.net/uploads/09f90c2c68.png
ပြီးရင် ယူနီကုတ် ၅.၁ ဆိုဒ်​ကို ဖွင့်ပါ။
http://centralupload.com/files/22084_5xgmf/te3.jpg.png
ဖတ်​မရတာ​တွေ့ရပါလိမ့်မယ်။ ဆိုဒ် တက်​လာပြီး စက္ကန့်အနည်းငယ်​အကြာမှာ ခုန bookmark ဘား​ပေါ်​က Unicode 5.1 -> Zawgyi 2009 Converter ဆိုတာ ကို နှိပ်ကြည့်ပါ။ ၁စက္ကန့် ၂စက္ကန့်အကြာမှာ ​ဟောဒီလို ​ဇော်​ဂျီအ​နေနဲ့ ​တွေ့မြင်​ရပါမယ်။
http://www.freeimagehosting.net/uploads/90f49a159f.png
:-)
# firefox plugin ဖြစ်​တဲ့ noscript ကဲ့သို့​သော script ကို ပိတ်​ထား​သော အရာတင်​ထားခဲ့လျှင် my.wikipedia.org ကို allow လုပ်​ပေးမှ ရပါမယ်။ noscript ဆိုတာ ဘာမှန်း မသိရင် ဘာမှ လုပ်​စရာမလိုပါဘူး။
# ယူနီကုတ် ၅.၁ နဲ့ ​ရေးထားတဲ့ ဆိုဒ်​တွေဟာ လက်​ချိုး​ရေလို့ ရပါတယ်။ ပုံမှန်​အားဖြင့် သင် လိုမှာမဟုတ်​ပါဘူး။
Ref: ကိုစိုးမင်း
Labels:
Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်
မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
2 comments
1492..ယူနီကုဒ် မြန်မာစာလုံးများ ( 28.1.11 )
(က) မြစေတီ
Myanmar Computer Fonts
၁၉၉၉ ခုနှစ်မှ စတင်ကာ ယူနီကုဒ် အဖွဲ့အစည်းမှ သတ်မှတ် ပေးထားသော စံအတွင်း မြန်မာစာလုံးများ ထည့်သွင်း အသုံးပြုနိုင်ရေးအတွက် သံလွင်ဆော့ဖ် မှ ပိတောက်မန္တလေး ပရောဂျက် အစရှိသော မြန်မာယူနီကုဒ် အကောင်အထည် ဖော်ရေး အဖွဲ့များ စတင် ကြိုးပမ်းခဲ့ကြသည်။ သို့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် အောင်မြင်မှု မရရှိခဲ့ကြပဲ ၂၀၀၂ ခုနှစ်တွင်မှ (ဦး) ငွေထွန်း (Solveware Solution) မှ မြစေတီ ယူနီကုဒ် ကိုတီထွင် နိုင်ခဲ့ကာ etrademyanmar.com တွင် စတင်အသုံးပြုနိုင်ခဲ့သည်။ ယူနီကုဒ်၏ စံသတ်မှတ်ချက်များနှင့် အနီးစပ်ဆုံး ကိုက်ညီသော ပထမဦးဆုံး မြန်မာယူနီကုဒ်ဖောင့်ထ် ဖြစ်ပြီး အခမဲ့ နှင့် ဝယ်ယူ အသုံးပြုနိုင်သော ဗားရှင်း ဟူ၍ ၂-မျိုးရှိကာ မြန်မာ ဝဘ်လောက တွင်မူ တွင်ကျယ်စွာ အသုံးပြုနိုင်ခြင်း မရှိခဲ့ပေ။
ယူနီကုဒ် အကြောင်း ထဲဝင်၊ ကျယ်ပြန့်စွာ ပညာပေးမှုများ၊ ပြည်တွင်း၌ပင် ယူနီကုဒ် အကြောင်း ကျယ်ပြန့်စွာ လေ့လာမှုများ မပြုလုပ်နိုင်သေးမှီမှာပင် မြန်မာ ယူနီကုဒ်စနစ် တစ်ခုကို အစောဆုံး တီထွင် အသုံးပြုနိုင်ခဲ့ခြင်းသည် မြစေတီ ယူနီကုဒ်စနစ် အတွက် သမိုင်း မှတ်တိုင် တစ်ခုသဖွယ် ဖြစ်သော အောင်မြင်မှုကြီး ဖြစ်ပြီး ၎င်းနောက်မှ နေ၍ အခြေခံ အုတ်မြစ်သဖွယ်ဖြစ်သည့် မြန်မာယူနီကုဒ် စနစ်အား တစ်ပြည်လုံး ကျယ်ပြန့်စွာ အသုံးပြုလာနိုင်ရေး အတွက် နေရာတိုင်းတွင် အခမဲ့ ဖြန့်ဝေခွင့်ပေးခြင်း၊ အသုံးပြုနည်းများ၊ ပိုမို ကောင်းမွန်သော ဗားရှင်းများ အတွက် ထပ်မံ တိုးတက် (Develop) ထုတ်လုပ်နိုင်ရန် အခြေခံ သီအိုရီများ ဖြန့်ဝေ ပညာပေးခြင်း၊ ထိုမှ တစ်ဆင့် ပထမဆုံးသော မြန်မာယူနီကုဒ် ဖြစ်သည်နှင့် အညီ မြစေတီအား အနည်းဆုံး ပြည်တွင်း အဆင့် ခိုင်မာတိကျသော စံသတ်မှတ်ချက် တစ်ခုဖြစ်လာအောင် ကြိုးပမ်းနိုင်ခြင်း မရှိခဲ့ပဲ ဦးစွာ စီးပွားရေး လုပ်ငန်းသုံးရန် အဓိကထား ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ခြင်း တို့သည်ကား မြစေတီ အတွက် ဝမ်းနည်းဖွယ် ဖြစ်ရပ်များ ဖြစ်လာခဲ့သည်။ ထို အတွက် ထင်သာမြင်သာ ရှိလှသော ဥပမာ တစ်ခုကား “လယ်သမား ကောင်းဟူသည် လယ်မြေကို ညက်စွာ ထွက်ယက်ပြီးမှ မျိုးစေ့၊ မျိုးပင် တို့ကို စနစ်တကျ စိုက်ပျိုးအပ်ခြင်း” ဟူသော ဥပမာ ဖြစ်ပေလိမ့်မည်။ မြန်မာတို့ အတွက် အလွန့်အလွန် အခြေခံကြီးဖြစ်သော၊ လယ်မြေနှင့် တူသော မြန်မာစာ အတွက် ယူနီကုဒ်စနစ် ကို မှ အားလုံး အကျွမ်းတဝင် ကြေညက်စွာ အသုံးမပြု နိုင်ကြသေးမှီ ၎င်းမှ ထပ်မံ ပေါက်ရောက် ထွက်ရှိ လာမည့် သီးပင်၊ စားပင် တို့အား အောင်မြင်စွာ သီးပွင့် ဆွတ်ခူးရန် အတွက် မျှော်လင့်ခြင်း ပြုနိုင်အံ့ မထင်ပေ။
(ခ) မြန်မာ - ၁၊ ၂၊ ၃ (Myanmar1, 2, 3)
မြန်မာနိုင်ငံ ကွန်ပြူတာ အသင်းချုပ် ၏ ကြီးကြပ်မှုဖြင့် မြန်မာစာ စနစ် အကောင်အထည်ဖော်ခြင်း အဖွဲ့ (Myanmar Unicode and National Language Processing Research Center – MyanmarNLP) အား ၂၀၀၂-ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ MyanmarNLP အဖွဲ့မှ Myanmar1, Myanmar2 နှင့် Myanmar3 ယူနီကုဒ် ဖောင့်ထ် များကို အများပြည်သူတို့ အခမဲ့ သုံးစွဲရန် အတွက် အဆင့်ဆင့် တီထွင်နိုင်ခဲ့ပြီး နောက်ဆုံး ထုတ် ယူနီကုဒ် ဗားရှင်းမှာ ရတနာပုံ ဆိုက်ဘာမြို့တော် ဖွင့်ပွဲ (၁၄.၁၂.၂၀၀၇) တွင် ဖြန့်ချီခဲ့သော Myanmar3 ဖြစ်သည်။ ၎င်း Myanmar3 ဖောင့်ထ် အား နိုင်ငံတကာ စံပြုအဖွဲ့အစည်း (ISO) ၏ စံနှုန်းသတ်မှတ်ချက်များ အတိုင်း ထုတ်လုပ်ထားသည်ဟု သိရပြီး မိုက်ခရိုဆော့ဖ် ဝင်းဒိုးစ် စနစ်၊ ပန်းသီး ၏ OS စနစ်နှင့် Linux စနစ်များတွင်ပါ အသုံးပြုနိုင်လိမ့်မည် ဖြစ်ကြောင်း ဖော်ပြထားကာ မြန်မာ ကွန်ပြူတာ အသုံးပြု သူများ အတွက် ထပ်မံ စောင့်ကြည့် လေ့လာရမည့် ယူနီကုဒ် တစ်ခုအဖြစ် ဆက်လက် တည်ရှိနေ၏။
Myanmar NLP မှ ထုတ်လုပ်ဖြန့်ချီသော ဖောင့်ထ် ဒီဇိုင်းနှင့် လက်ကွက်များကို အသုံးပြုရန် မြန်မာ-၁၊ မြန်မာ-၂ နှင့် မြန်မာ-၃ တို့ အတွက် ကိုယ်ပိုင် Open Type ဖောင့်ထ် များနှင့် လက်ကွက်မြေပုံဖိုင် တစ်ခုစီ ကိုယ်ပိုင် တီထွင် ပါရှိပြီး နောက်ဆုံးထုတ် မြန်မာ-၃ ဖောင့်ထ် ကို မိမိ ကွန်ပြူတာ တွင်ထည့်သွင်းပြီး လက်ကွက် အသုံးပြုနိုင်ရန် အတွက် Tavultesoft Keyman (Home Free Version) ကို အသုံးပြုထားသည်။ လက်ရှိ နောက်ဆုံးထုတ် Myanmar3 ဖောင့်ထ် သည် ယူနီကုဒ်၏ နောက်ဆုံး စံသတ်မှတ်ချက် ၅.၁.၀ နှင့် ကိုက်ညီအောင် ပြုပြင်ထားသည် ဟုသိရှိရပြီး Myanmar NLP ၏ ဝဘ်ဆိုဒ်တွင်မူ ပထမဦးဆုံးထုတ် ဗားရှင်းဖြစ်သော မြန်မာ-၁ ကိုသာလျင် Standard Version အဖြစ် ဖော်ပြထားသေးသည် ကို တွေ့ရှိရသည်။
ယူနီကုဒ်၏ စံသတ်မှတ်ချက်များ နှင့် ကိုက်ညီမှုရှိပြီး အစိုးရမဟုတ်သော၊ မြန်မာ ယူနီကုဒ်ကို လေ့လာဖွံ့ဖြိုးမှုများ ပြုလုပ်နေသော အဖွဲ့များ အနက် တာဝန်အရှိဆုံး ဖြစ်သော အမျိုးသား စီမံကိန်း အဖွဲ့တစ်ခုမှ ထုတ်ဝေသော အခမဲ့ ဗားရှင်း ဖြစ်သော်လည်း မြန်မာ ၁၊ ၂၊ နှင့် ၃ ဖောင့်ထ် တို့ကို အသုံးပြုသူ နည်းပါးခဲ့ကြ၏။ အကြောင်းရင်းမှာ အဆိုပါ ယူနီကုဒ် စနစ်၏ (ယူနီကုဒ် စနစ်ကို အတိအကျ လိုက်နာထားသော စနစ်ဖြစ်သည့် အလျောက်) အသုံးပြုရာတွင် ရှုပ်ထွေးမှုများ အနည်းငယ် ပါရှိနေခြင်း ၊ ဗားရှင်း တစ်ခုနှင့် တစ်ခု အပြောင်းအလဲများ ကြားတွင် စံပြုသတ်မှတ်မှုများ ကွာဟချက် ကြီးမားနေခြင်း၊ ဖောင့်ထ် ပုံစံ သေသပ်မှု အနည်းငယ် လိုအပ်နေခြင်း နှင့် နောက်ဆုံး Myanmar NLP ကိုယ်တိုင် အဆိုပါ Myanmar 1, 2, 3 Font များကို အသုံးပြုသူများ မြန်ဆန်စွာ လက်ခံ အသုံးပြု လာနိုင်စေရေး အတွက် ကျယ်ပြန့်စွာ စည်းရုံး လှုံ့ဆော်မှုများ မပြုလုပ်နိုင်ခဲ့ခြင်း တို့ကြောင့် ဖြစ်ကြောင်း သုံးသပ် တွေ့ရှိရသည်။ (မြန်မာ-၁ [၂၀၀၆] မထွက် မှီ ဇော်ဂျီ-၁ [၂၀၀၅] ထွက်ရှိခဲ့ပြီး တွင်ကျယ်ခဲ့မှု ကလည်း အဓိက အကြောင်း တစ်ရပ် ဖြစ်ဖွယ် ရှိသည်။)
အငြင်းပွားဖွယ် ပြဿနာများ ရှိနေသော်ငြားလည်း လက်ရှိ Myanmar 1,2,3 Unicode Font များသည် ယူနီကုဒ် အကျိုးတူ အဖွဲ့အစည်း ကြီးမှ သတ်မှတ်ထားသော ကမ္ဘာသုံး ယူနီကုဒ် စနစ်၏ မြန်မာစာ အတွက် စံနှုန်းများကို အတိကျနိုင်ဆုံး ဖြစ်အောင်နှင့် မြန်မာစာ ရေးထုံးများအတိုင်း လိုက်နာပြီး ရေးသား အသုံးပြုနိုင်ရန် တီထွင်ဖန်တီး ထားသည်ကို တွေ့ရှိရကာ (ဥပမာ - န ငယ် ၂-မျိုး၊ န နှင့် န၊ ရ ရစ် ၄-မျိုး၊ြြြြ    ၊ တစ်ချောင်းငယ်၊ နှစ်ချောင်းငယ် ၂-မျိုးစီ၊ုူ  စသည်တို့ သတ်မှတ်ထားခြင်း မရှိပဲ အသုံးပြုသော စကားလုံးနှင့် အသုံးပြုပုံ ကိုလိုက်၍ ကီးတစ်ခုတည်းကို ရိုက်နှိပ်ရုံဖြင့် အလိုအလျောက် ပြောင်းလဲအောင် ဖန်တီးထားခြင်း . စသည်…)  တရားဝင် အနေအထား တစ်ခုအတွက် အသုံးပြုရန် မူရင်း ဆော့ဖ်ဝဲ ကို မြန်မာဘာသာသို့ ပြန်ဆို ရေးသားသူများ၊ ဝဘ်ဆိုဒ် ဖန်တီး ရေးသားသူများ စသူတို့ အနေဖြင့် ပြည်တွင်းမှု ပြုခြင်း (WordPress & Joomla စသည့် အခြေခံ ဆော့ဖ်ဝဲရ် အထုပ်များကို မြန်မာဘာသာ ဖြင့် အလွယ် အသုံးပြုနိုင်ရန် ပြန်ဆိုခြင်း စသည်…)၊ အခြားသော မြန်မာဘာသာသို့ ပြန်ဆိုခြင်း (Officially Localizations For Software  & Web Development ) စသည့် လုပ်ငန်း ဆောင်တာတို့အတွက် အလွယ် တစ်ကူ အခမဲ့ ရရှိနိုင်သော မရှိမဖြစ် နှင့် မသုံးမဖြစ် သုံးရမည့် မြန်မာ ယူနီကုဒ် ဖောင့်တစ်ခု ဖြစ်သည် ဆိုခြင်းကိုမူ ငြင်းပယ်ဖွယ် မရှိပါချေ။
(ဂ) ဇော်ဂျီ (ZawGyi )
လက်ရှိ  မြန်မာ ကွန်ပြူတာ အသုံးပြုသူများ (End Users) နယ်ပယ်တွင် အောင်မြင်မှု အရှိဆုံး၊ ကျယ့်ပြန့်စွာ အသုံးချမှုအများဆုံး၊ ဖောင့်ထ်၏ သေသပ်လှပမှုနှင့် အသုံးပြုရန် လွယ်ကူမှု အရှိဆုံး၊ အငြင်းပွားဖွယ်လည်း အဖြစ်ဆုံးသော ဇော်ဂျီ ဟု ခေါ်သည့် တစ်စိတ် တစ်ပိုင်း မြန်မာ ယူနီကုဒ်စနစ် (ZawGyi Myanmar Unicode Font) ကို မြန်မာ့ အိုင်တီ နယ်ပယ်မှ ပညာရှင် ငါးဦး ပါဝင်သော ဇော်ဂျီ အဖွဲ့ နှင့် အယ်လ်ဖာ မန္တလေး (Alpha Mandalay) တို့ ပူးပေါင်း၍ ယူနီကုဒ် ၄.၀ အပေါ်တွင် အခြေခံကာ၂၀၀၅ ခုနှစ် တွင် အခမဲ့ စတင်ထုတ်လုပ် ဖြန့်ချီခဲ့သည်။ ကိုယ်ပိုင် ကီးဘုတ် ဆော့ဖ်ဝဲရ် ကို အသုံးပြုထားပြီး ပြုပြင်မှုများ၊ အသစ်ထပ်မံ ထုတ်လုပ်မှုများ အဆင့်ဆင့် နှင့် မြန်မာ ကွန်ပြူတာ အသုံးပြုသူများ (အထူးသဖြင့် ဘလော်ဂါများ) လောကဝယ် လွယ်လင့်တစ်ကူ၊ ထိထိရောက်ရောက် ၊ အခမဲ့ အသုံးချနိုင်ခြင်း တည်းဟူသော အချိန်အခါ၏ လိုအပ်ချက်ကို အမိအရ ဆုပ်ကိုင်ကာ ဇော်ဂျီ မြန်မာယူနီကုဒ် သည် ၂၀၀၇ ခုနှစ်တွင် MCPA (Myanmar Computer Professional Association)  Excellent Award ဆုကို ရရှိသည် အထိ အောင်မြင်ခဲ့သည်။
ဇော်ဂျီ ယူနီကုဒ် ကို ၂၀၀၈-ခုနှစ်၊ ဇန်န၀ါရီလ ၉ ရက်နေ့ တွင် နောက်ဆုံး မွမ်းမံ ထုတ်လုပ်ခဲ့ကြောင်း ဇော်ဂျီ၏ ကိုယ်ပိုင် ဝဘ်ဆိုဒ် တွင် ဖော်ပြထားပြီး နောက်ဆုံးထုတ် ဗားရှင်းသည် မည်သည့် ယူနီကုဒ် ဗားရှင်းကို အခြေခံ ထားကြောင်း ကိုမူ ဖော်ပြထားခြင်း မရှိပေ။ လေ့လာသူ ပညာရှင်တို့၏ အလိုအရ ဇော်ဂျီ မြန်မာဖောင့်ထ် သည် အသုံး ပြုရန် လွယ်ကူမှု ရှိခြင်း နှင့် ဖောင့်ပုံစံ သေသပ် လှပခြင်းတို့မှ အပ အခြားသော ယူနီကုဒ်-၅.၁.၀ ၏ စံသတ်မှတ်ထားချက် များအား လိုက်နာရန် ကိုမူ အကြီးအကျယ် ပျက်ကွက်နေကြောင်း လေ့လာတွေ့ရှိရသည်။ ပမာအားဖြင့် ဆိုရလျင် ဇော်ဂျီသည် အထက်တွင် ဆိုခဲ့သည့် အတိုင်း ယူနီကုဒ် အဖွဲ့အစည်းမှ မြန်မာ အက္ခရာနှင့် တိုင်းရင်းသား အက္ခရာများ အတွက် ကုဒ်ပွိုင့်နေရာ သတ်မှတ်ချက်များကို မိမိလိုအပ်သလို အသုံးပြုထားပြီး အသုံးပြုသူများ(End Users) ၏ လိုအပ်ချက်များ ရှိနေချိန်တွင် အချိန်ကိုက် ထွက်ရှိလာခဲ့သော အစွမ်းထက် ဆေးမြီးတို ပမာ ဖြစ်လာခဲ့သည်။
ဇော်ဂျီအနေဖြင့် အနာဂတ်တွင် ထွက်ရှိမည့် ဗားရှင်း အသစ်များနှင့် ပတ်သက်၍ အရေးကြီး အဆင့်အတန်း သတ်မှတ်၍ လုပ်ဆောင်ရန်မှာ လက်ရှိ ဖြစ်ပျက်နေသည့် အသုံးပြုသူများ၏ အလွယ်လိုက်လိုခြင်း ဆန္ဒကို အခြေခံသည့် လတ်တလော တောင်းဆိုမှုများကို ငြင်းပယ်ကာ ယူနီကုဒ်၏ စံသတ်မှတ် ချက်များ အတိုင်း တိကျစွာ လိုက်နာထားသော ဖောင့်ထ်ပုံစံ နေရာချထားမှုများနှင့် မြန်မာစာ ရေးထုံးကို လိုက်နာမှုရှိသော လက်ကွက်ပုံစံသို့ တိုးတက် ထုတ်လုပ်ရန် သာဖြစ်သည်။ ထိုအချက်များ မပါရှိပဲ ဆက်လက်ထွက်ရှိမည့် ဗားရှင်း အသစ်များသည်လည်း ယခုအတိုင်းသာ ဖြစ်နေပါက ရေရှည်တွင် ကွန်ပြူတာသုံး မြန်မာစာ စနစ်အတွက် ကြီးမားသော အခက်အခဲ နှင့် အဟန့် အတား တစ်ခုအဖြစ် ပေါ်ပေါက်လာရန် မရည်ရွယ်ပဲ အားထုတ်နေမိ သကဲ့သို့ ရှိနေပေလိမ့်မည်။
ပုံ (၄) ယူနီကုဒ် ၅.၁.၀ တွင် သတ်မှတ်ထားသော မြန်မာစာ အတွက် နေရာ သတ်မှတ်ချက် ပြပုံ
http://www.freeimagehosting.net/uploads/3956ee0234.png
Positions of Myanmar Characters in Unicode 5.1
ပုံ (၅) လက်ရှိ အသုံးပြုနေသော ဇော်ဂျီ မြန်မာ ယူနီကုဒ် ၏ မြန်မာစာ အတွက် နေရာ သတ်မှတ်ချက် ပြပုံ
http://www.freeimagehosting.net/uploads/556a3ca62e.png
Character Map of Zawgyi Font
ပုံများ- ယူနီကုဒ် ၅.၁.၀ စံသတ်မှတ်ချက်များ နှင့် ဇော်ဂျီတို့၏ အသုံးပြုပုံ ကွဲလွဲနေခြင်းအား သရုပ်ပြပုံ
ယခုလက်ရှိ အနေအထားတွင်မူ ဇော်ဂျီသည် မြန်မာ ဘလော်ဂါများနှင့် အဓိက သတင်း ဝဘ်ဆိုဒ်ကြီးများ ကိုယ်တိုင် အလေးထား သုံးစွဲနေမှုတို့ကြောင့် မြန်မာတို့၏ ဝဘ်လောကတွင် လတ်တလော အနေဖြင့် အလွန့်အလွန်မှပင် အဆင်ပြေလျက် ရှိနေခြင်းမှာ အငြင်းပွားဖွယ် မရှိသော အချက်ဖြစ်သည်။ သို့သော် အမှန်တစ်ကယ် အပြည်ပြည်ဆိုင်ရာစံနှုန်း သတ်မှတ်ချက်များ အတိုင်း လိုက်နာထားသော လူသုံးများ ဆော့ဖ်ဝဲရ်များ၊ ပင်မ မောင်းနှင်စနစ်များ (Operating Systems)၊ ဝဘ်ဆိုဒ် ဖွံ့ဖြိုးခြင်း နည်းပညာများ (Web Development) ၊ ဘာသာစကား အဘိဓာန်များ (Lexicon)၊ အလိုအလျောက် ဘာသာပြန်ဆိုခြင်း(Machine Translation) လုပ်ငန်းများ တွင် အသုံးပြုရန် အတွက်ကား လွန်စွာမှ အလှမ်းဝေးလျက် ရှိပြီး လက်ရှိ ဇော်ဂျီကို အသုံးပြုနေသော ဝဘ်ဘလော့ဂ်များ၊ သတင်းဆိုဒ်ကြီးများ၊ တစ်ကိုယ်ရေ အသုံးပြုသူများ အနေဖြင့် မိမိ၏ လတ်တလော အဆင်ပြေမှုထက် ကျော်လွန်၍ ဇော်ဂျီ၏ အာမခံနိုင်မှု အဆင့်အတန်းအား အနာဂတ် ကာလအထိ စဉ်းစားရန်မှာ လွန်စွာမှ ပြုလုပ်သင့်သော အချက်တစ်ခု ဖြစ်သည်။ ထင်သာမြင်သာ အရှိဆုံး နှင့် အခြေခံ အကျဆုံး ဥပမာ ပေးရလျင် ယခု ကျွန်ုတို့ အနေဖြင့် ဂူဂဲယ်လ် ဘာသာပြန် စာမျက်နှာ သုံးပြီး ယူနီကုဒ် စံသတ်မှတ်ချက် အတိုင်း အသုံးပြုထားသော ဝဘ်စာမျက်နှာများအား တစ်ဘာသာမှ တစ်ဘာသာသို့ လွယ်ကူစွာ ပြောင်းလဲ ကြည့်ရှုနိုင်၏။ မကြာတော့သော ကာလတွင် ယူနီကုဒ် ၅.၁.၀ ကိုလိုက်နာသော မြန်မာစာ စနစ်အား အဓိက ဆော့ဖ်ဝဲရ် ကုမ္ပဏီကြီးများ ထည့်သွင်း အသုံးပြုလာကြပြီး သကာလတွင် လက်ရှိ ဇော်ဂျီသုံး ဝဘ်စာမျက်နှာများ အနေဖြင့် ကမ္ဘာအရပ်ရပ်ရှိ လူများ ထိုသို့ လွယ်ကူစွာ လေ့လာဖတ်ရှုနိုင်ခွင့် ရပါမည်လော။ စဉ်းစားဖွယ် ဖြစ်၏။
(ဃ) မိုင်မြန်မာ (MyMyanmar)
Technomation Studio ဟု အမည်တွင်သော တက်ကြွသည့် လူငယ်များနှင့် ဖွဲ့စည်းထားသည့် မြန်မာ အိုင်တီကုမ္ပဏီ တစ်ခုမှ ၂၀၀၅- ခုနှစ်တွင် မိုင်မြန်မာ ယူနီကုဒ် စနစ် ၄.၁ (MyMyanmar Unicode System 4.1)ကို တီထွင်ဖန်တီး နိုင်ခဲ့သည်။ ကိုယ်ပိုင် ဖောင့်ထ်၊ ကိုယ်ပိုင် ကီးဘုတ် ဆော့ဖ်ဝဲရ် တို့ဖြင့် သားသားနားနား ထွက်ရှိလာခဲ့သော မိုင်မြန်မာသည် ယူနီကုဒ် ၏ ထိုအချိန်က စံနှုန်းများကိုလည်း အတိအကျ လိုက်နာထားကြောင်း သိရှိရပြီး အခမဲ့ နှင့် ရောင်းချသော ဗားရှင်း ဟူ၍ ၂-မျိုး ရှိခဲ့သည်။ စိတ်အားထက်သန်စွာ ကြိုဆိုခဲ့ကြသည့် အသုံးပြုသူများအား မိုင်မြန်မာ၏ ထိုစဉ်က အခမဲ့ဗားရှင်းက ကွန်ပြူတာ အတွင်း ထည့်သွင်း အသုံးပြုပြီး ပြန်လည် ထုတ်ပယ်ရန် ခွင့်မပြုခြင်း၊ ရယူ အသုံးပြုရန် လွယ်ကူမှု မရှိခြင်း ဟူသော အချက်များနှင့် ပြန်လည် တုံ့ပြန်ခဲ့သဖြင့် ကွန်ပြူတာ အသုံးပြုသူတို့ မြန်မာ ယူနီကုဒ် စနစ်တစ်ခု အပေါ် မျှော်လင့်ချက်များ ညှိုးမှိန်ကာ တစ်ဖန် လက်မှိုင်ချ ခဲ့ကြရ၏။
မြစေတီ ပြီးနောက် မြန်မာ လူမျိုးများ ဖန်တီးသော ယူနီကုဒ် စနစ်များထဲတွင် အသပ်ရပ်ဆုံး နှင့် ကိုယ်ပိုင် အဖြစ်ဆုံး ယူနီကုဒ် ဖြစ်သော်လည်း မိုင်မြန်မာသည် အထက်တွင် ပြဆိုခဲ့သော မြစေတီယူနီကုဒ် မှ အမှားကိုပင် ထပ်မံ သယ်ဆောင် လာခဲ့ပြန်၏။ ၎င်းကား စီးပွားရေး လုပ်ငန်းသုံးများ အတွက်သာ အဓိက ရည်ရွယ်ထားခြင်း ဟူသော အချက် ဖြစ်သည်။ ၂၀၀၇- ခုနှစ်တွင် ထပ်မံ ထွက်ရှိလာခဲ့သော မိုင်မြန်မာ ဒုတိယမျိုးဆက် (MyMyanmar2G) သည် မြန်မာ စကားလုံးများ စစ်ဆေးခြင်း၊ ဘားဂလစ်ရှ် အဘိဓာန် ( မြန်မာစာအသံထွက်ကို အင်္ဂလိပ် စာလုံးဖြင့် ပေါင်းပြီး ရှာဖွေ အသုံးပြုနိုင်သော စနစ် )၊ ကိုယ်ပိုင် ကီးဘုတ်၊ ကိုယ်ပိုင်ဖောင့် နှင့် ကီးဘုတ်တွင် ရိုးရိုးလက်ကွက် တစ်မျိုး၊ စာလုံးများအား အသံထွက် အလိုက် ရိုက်နိုင်သော ပန်းသီး ကွန်ပြူတာသုံး လက်ကွက် တစ်မျိုး စသဖြင့် တိုးတက် ထည့်သွင်း ပါရှိခဲ့သော်လည်း ယခင်ဗားရှင်း အတိုင်းပင် ထည့်သွင်းပြီး ပြန်လည် ဖြုတ်ချ မရသော ပြဿနာများ ၊ အခြား ယူနီကုဒ်များ နှင့် ယှဉ်တွဲ အသုံးပြုမရသော ပြဿနာများ၊ စီးပွားရေး သုံးအတွက်သာ အဓိက ရည်ရွယ်ထားခြင်း စသော ပြဿနာများဖြင့် အသုံးပြုသူများ ကြားတွင် စိတ်မသက်သာဖွယ် ဖြစ်ခဲ့ရ ပြန်သည်။
(င) အခြား မြန်မာ ယူနီကုဒ်များ နှင့် မြန်မာယူနီကုဒ် ဖွံ့ဖြိုးရေး ပရောဂျက်များ (Other Myanmar Unicode Fonts & Myanmar Unicode Development Projects)
ထိုသို့ မြန်မာယူနီကုဒ် ကို တည်တည်တံ့တံ့နှင့် မြန်မာအားလုံး အလွယ်တစ်ကူ အသုံးပြုလာနိုင်ရေး ကြိုးပမ်းမှုများ တွင် အောက်ပါ မြန်မာ ယူနီကုဒ် များ နှင့် အဖွဲ့အစည်းများလည်း မိမိနည်း မိမိဟန်ဖြင့် ပါဝင်ကြိုးပမ်း ခဲ့ကြသည်ကို လေ့လာတွေ့ရှိရသည်။
၁။ ပိတောက် မြန်မာယူနီကုဒ် ဖောင့်ထ် - မြန်မာ လူမျိုး မဟုတ်သော Martin နှင့် Debbi Hosken တို့မှ ဖန်တီး ထုတ်လုပ်ပြီး ယူနီကုဒ် ၅.၁.၀ နှင့် ကိုက်ညီမှုရှိကာ Keyman Keyboard အသုံးပြုထားသော စီးပွားရေး လုပ်ငန်းသုံး အတွက် ပိုမို ရည်ရွယ်ထားသည့် ပိတောက်ဖောင့်ထ် ကို သံလွင့်ဆော့ဖ် စာမျက်နှာ တွင် သွားရောက် လေ့လာနိုင်သည်။
၂။ ပုရပိုဒ် မြန်မာယူနီကုဒ် ဖောင့်ထ် - မြစေတီ ကို ထုတ်လုပ်သော Solveware Solution Company မှပင် တီထွင် ထုတ်လုပ် ဖြန့်ချီပြီး GPL နှင့် Creative Common License များအောက်တွင် အခမဲ့ ဖြန့်ချီသည်ဟု ပုရပိုဒ်၏ ဝဘ်စာမျက်နှာ တွင် ဖော်ပြထားသည်။
၃။ မေခ နှင့် မလိခ ဖောင့်ထ်များ - ယူနီကုဒ် စံသတ်မှတ်ချက် ၄.၁ နှင့် ကိုက်ညီပြီး Solveware Solution မှ ထုတ်လုပ်ဖြန့် ချီသော စီးပွားရေး လုပ်ငန်းသုံး (အခမဲ့ မဟုတ်) အမျိုးအစားဖြစ်သည်။
၎။ ယူနီမြန်မာ နှင့် ယူနီဘားမား ဖောင့်ထ်များ - အဖွဲ့ဝင် ငါးဦးပါရှိပြီး ယူနီမြန်မာနှင့် ယူနီဘားမား အမည်ရှိ စွယ်စုံသုံး (Cross Platform- Windows, Mac OS, Linux) မြန်မာ ယူနီကုဒ် စနစ်တစ်ခု ဖြစ်လာစေရေး လေ့လာမှုများ ပြုလုပ်နေကြသော ယူနီမြန်မာ အဖွဲ့မှ ထုတ်လုပ် ဖြန့်ချီပြီး တန်ဖိုး အခမဲ့ ဖြစ်သည်။
၅။ ပုည ယူနီကုဒ် ဖောင့် - ၎င်း၏ မူလ စာမျက်နှာကို လတ်တလောတွင် ဝင်ရောက် ကြည့်ရှုမရ ဖြစ်နေပြီး ဖောင့်ထ် ကို ဒေါင်းလုဒ် လုပ်ရန် အတွက်လည်း ပိတ်ပင်ထားကြောင်း တွေ့ရှိရသည်။ ယခင်က ပုည ယူနီကုဒ်ကို မြန်မာ ဘလော်ဂါ တို့ စတင် စမ်းသပ် သုံးစွဲခဲ့ကြသေးကြောင်း အထောက် အထား တစ်ရပ်အဖြစ် ကိုမောင်လှ၏ ဘလော့ဂ်စာမျက်နှာ တွင် သာ ဝင်ရောက် ဖတ်ရှုနိုင်တော့ကြောင်း တွေ့ရှိရသည်။
၆။ မြန်မာဘာသာစကား နည်းပညာ - မြန်မာတတ်သိများ (MM Geeks Fourm) အဖွဲ့၏ “မျက်နှာစာ ဝဘ်စာမျက်နှာ” (Portal WebPage) တစ်ခုဖြစ်ပြီး မြန်မာ ယူနီကုဒ်များ အတွက် တစ်ခုမှ တစ်ခုသို့ လွယ်ကူစွာ ပြောင်းလဲရန် ကွန်ဗာတာ ဆော့ဖ်ဝဲရ်များ၊ ဘားဂလစ်ရှ် (Burglish) ခေါ်သည့် မြန်မာ အသံထွက်ကို အင်္ဂလိပ် လို တိုက်ရိုက်ရိုက်ပြီး မြန်မာစာလုံးများ ကို မိမိစိတ်ကြိုက် ရွေးချယ် အသုံးပြုနိုင်သော ဆော့ဖ်ဝဲရ်များ၊ Keyman ခေါ် လက်ကွက် အကူ ဆော့ဖ်ဝဲရ်များ စသဖြင့် ကွန်ပြူတာသုံး မြန်မာစာ စနစ်များ အတွက် မိမိတို့ဝါသနာ အလျောက် အထောက်အကူပြု ပရောဂျက်များ ဖြင့် စုပေါင်း တီထွင်မှုများ ပြုလုပ်ကာ အခမဲ့ ဖြန့်ချီပေးနေသော အဖွဲ့တစ်ခု ဖြစ်သည်။ မြန်မာဘာသာစကား နည်းပညာ အဖွဲ့၏ ထင်ရှားသော လေ့လာမှု တစ်ခုအဖြစ် ယခု လက်ရှိ မြန်မာယူနီကုဒ် အသီးသီးတို့၏ ကွဲလွဲနေမှုများအား နှိုင်းယှဉ် ပြသထားသော Myanmar Unicode Implementation Public Awareness Table  အမည်ရှိ ဤဇယား အား ညွှန်းဆိုလို၏။
ရည်ညွှန်း ကိုးကား
(က)  မြန်မာ ယူနီကုဒ်နှင့် ပတ်သက်သည့် မှတ်တမ်းမှတ်ရာများ (Myanmar NLP References, Opentype Fonts By Myanmar NLP, ThanLwinSoft, MyMyanmar)
(ခ) မြန်မာ ယူနီကုဒ် ဖောင့်ထ် များ နှင့် ပရောဂျက်များ (Myanmar NLP Projects, MyaZedi, MyMyanmar, ThanLwinSoft, Zawgyi, Alpha MandalayUniBurma Project, UniMMKeyMagic Project, MMLT Progects )
Labels:
Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်
မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments
KKZ Myanmar Unicode Keyboard
Mone Tine On Android
►Version 1.1
►Version 1.0
MoneTineKeyboard
Like လုပ်ထားနိုင်ပါတယ်
Mone Tine Knowledge Bank
Labels
အောက်ကကြေငြာလေးကလစ်ပေးပါဦး
Usage Policies
သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )
ကျေးဇူးတင်ပါတယ် မုန်တိုင်း
ကျန်းမာကြပါစေ