ခေတ်အဆက်ဆက်ကနေ ပန်းချီသမားတွေ၊ အနုပညာသမားတွေ အသုံးချခဲ့တဲ့ Principle of Composition ဖွဲ့စည်းမှု ဥပဒေသ တစ်ရပ်ပါ..
အနုပညာ၊ ဒီဇိုင်းနဲ့ ဗိသုကာ နယ်ပယ်တွေမှာ အသုံးချနေတဲ့ Golden Ratio (ရွှေအချိုး) ဆိုတာ ရှိတယ်။ အဲဒီအချိုးဟာ 1 : 1.618033... ရှိတဲ့ အချိုး။ အဲဒါကို သင်္ကေတ အနေနဲ့ ဖိုင်... φ နဲ့လည်း ရေးကြတယ်။
ခေတ်အဆက်ဆက်က ပန်းချီ အနုပညာရှင်တွေက သူတို့ရဲ့ အနုပညာတွေကို ဒီအချိုးအစားနဲ့ ကိုက်အောင် ဖန်တီးခဲ့ကြတာပေါ့၊ အဲဒီလို အသုံးပြုတာဟာ ဒီဘက်ခေတ်အထိပါပဲ... ခု နင်တို့ အသုံးပြုနေတဲ့ Visa Card တို့လို အကြွေးဝယ်ကတ်တွေ၊ ATM ကတ်တွေ၊ နောက်ဆုံး လိပ်စာကတ်တွေအထိ ဒီအချိုးကို သုံးနေတာပါ..
လိပ်စာကတ်တစ်ခုကို ထုတ်၊ ပေတံနဲ့ တိုင်းကြည့် အလျားကို အနံနဲ့ စားရင် ခုနက 1.618 နီးပါး ထွက်လိမ့်မယ်...
ရွှေအချိုး ဆိုတာ...
ဥပမာ၊ ခဲတံ ၂ ချောင်း ဆိုပါတော့... တစ်ချောင်းက အရှည် တစ်ချောင်းက အတို ဆိုပါတော့...

အဲဒီမှာ ခဲတံတိုရဲ့ အလျားကို၊ ခံတံရှည်နဲ့ စားတဲ့ အချိုးဟာ ခဲတံရှည်အလျားကို နှစ်ခုပေါင်းရဲ့ အလျားနဲ့ စားတာနဲ့ တူအောင် လုပ်ရမယ်... အဲဒီအခါ ကျရင် ဖြစ်လာတဲ့ အချိုးဟာ ရွှေအချိုးပဲ။
b / a = a / (a+b) ဆိုတဲ့ အီကွေးရှင်းကို ပြေလည်စေရမယ်
ခဲတံ နှစ်ချောင်းစလုံးကို အရှည်အတူတူ ယူကြည့်... ဥပမာ ၂ ချောင်း စလုံး ၄ လက်မလို့ ထားဟာ... အဲဒါဆို ဒီဟာကို ပြေလည်မလား...။
မပြေလည်ဘူးလေ
အဲဒီ အီကွေးရှင်းကို ပြေလည်စေတဲ့ ဂဏန်း ၂ ခုအချိုးကို တွက်လိုက်တော့... အတိုဟာ ၁ ယူနစ်ရှိရင် အရှည်ဟာ ၁.၆၁၈၀၃၃... ယူနစ်ခန့် အဲလို ရှိရမယ်။

အဲဒီလို အသေးကို အကြီးနဲ့ စားတာရဲ့ အချိုးဟာ အကြီးကို တစ်ခုလုံးနဲ့ စားတာနဲ့ အချိုးတူတဲ့အတွက် ဒါဟာ လှပတဲ့ စည်းစနစ်ထဲကို ရောက်ရှိသွားတယ်လို့ ဆိုကြတယ်။
ဒါကို ပြေလည်စေတဲ့ ကိန်းပြည့်တွေ ရှိတယ်။ အဲဒါကို ဖိုင်ဘိုနာဆီ ဆိုတဲ့ လူကရှာတွေ့ခဲ့တဲ့အတွက် အဲဒါကို Fibonacci Series လို့ ခေါ်တယ်။
ရှေ့ ဂဏန်း ၂ ခုပေါင်း နောက်ဂဏန်း ရလာတဲ့ Series ပါ...
ဝ နဲ့ ၁ ပေါင်း ၁၊ နောက် ၁ နဲ့ ၁ ပေါင်း ၂၊ ၁ နဲ့ ၂ ပြန်ပေါင်းတော့ ၃၊ နောက် ၂ နဲ့ ၃ ပေါင်းတော့ ၅... အဲလိုလေ... နောက် ၃ နဲ့ ၅ ပေါင်းတော့...
အဲလိုနဲ့ ဒီလို ဂဏန်းစဉ်ကြီး ရလာတယ်လေ... ၁၊ ၂၊ ၃၊ ၅၊ ၈၊ ၁၃၊ ၂၁၊ ၃၄... အဲလိုလေ၊ အဲဒီမှာ ကြီးတဲ့ဂဏန်းကို သူ့ရှေ့က ငယ်တာနဲ့ စားရင်... ဥပမာ... ၅ ကို ၃ နဲ့စားရင် ခုနက ၀.၁၆၁၈ ပတ်ဝန်းကျင်ရတယ်၊ ၈ ကို ၅ နဲ့ စားလည်း အဲဒီ အဖြေပဲနီးပါးပဲ ရတယ်။
၂ ကို ၁ နဲ့ စားတော့ မရပါဘူး... ၂ ပဲ ပြန်ရတယ်၊ ၃ ကို ၂ နဲ့ စားတော့ကော... ၁.၅ ထွက်တယ်.....
တဖြည်းဖြည်းနဲ့ နောက်ပိုင်းဂဏန်းတွေကို စားကြည့်ရင် ရွှေအချိုးကို နီးကပ်လာလိမ့်မယ်..
ခုနက ရွှေအချိုးဆိုတဲ့ Golden Ratio ကြီးက ဒဿမတွေနဲ့ သိပ်ဦးစားတယ်လေ၊ အနုပညာသမားတွေဆိုတာ လွတ်လပ်တဲ့ လူတွေဆိုတော့... ရွှေအချိုးကို အလွယ်ပြောင်းလိုက်တယ်။ ခုနက နင်ပြောတဲ့... စားလိုက်ရင် ရွှေအချိုးမထွက်တဲ့ အဲဒီ ၁၊ ၂၊ ၃ ဆိုတဲ့ ရွှေရည်စိမ် ဂဏန်း သုံးလုံးကိုပဲ ယူသုံးလိုက်တယ်တော့
ဲ့ Rule of Thirds ဆိုတာကြီး ဖြစ်လာတာ....
Labels: Knowledges-II, Photoshop-II
0 - ဦး မှတ်ချက်ပေးထားပါသည်
Post a Comment