ကင်မရာမှာ အကွက်တွေ ချထားတာ မတွေ့ဖူးဘူးမှာပါ...အဲဒါ Rule of Thirds အတွက် ထည့်ပေးထားတာပါ..
အနုပညာမှာ... ပစ္စည်း အရာဝတ္ထု၊ မိုးကုပ်စက်ဝိုင်း စတာတွေကို ပန်းချီကား စတာတွေရဲ့ အလယ်မှာ ထားရင် အဲဒီ အချိုးအစားဟာ အသက်မဝင်ဘူး၊ တက်ကြွတဲ့ အချိုးစား မဟုတ်ဘူးလို့ ဆိုကြတယ်...
အားလုံးဟာ အနုပညာသဘောတရားတွေနဲ့ ဖန်တီးနေတာလေ...

ဓာတ်ပုံကို အလျားလိုက် ၃ ပိုင်း ဒေါင်လိုက် ၃ ပိုင်း ပိုင်းထားတာ... ၁၊ ၂၊ ၃ ရွှေရည်စိမ် အချိုးလေ...
ပုံထဲက Subject အရာဝတ္ထုကို အလယ်မှာထားရင် ပျင်းစရာကောင်းတယ်၊ အသက်မဝင်ဘူးဆိုတော့ အသက်ဝင်အောင် လုပ်ဖို့က ဒီလိုင်းတွေပေါ်မှာ ထားရမယ်လေ... ဒါဆို အသက်ဝင်ပြီ... သူတို့အခေါ် Dynamic ဖြစ်လာတာပေါ့...
ဒီမှာ ဒီပုံကို ကြည့်... အဲဒီ အချိုးစားနဲ့ ရိုက်ထားတာ...

ဆုံမှတ် ၄ ခုကျတော့ ပုံရဲ့ သက်ရှိဆုံချက်တွေလို့ ဆိုရမယ်။ ဓာတ်ပုံထဲက အရေးပါတဲ့ နေရာပါ.... ကြည့်သူရဲ့ အာရုံဟာ အဲဒီမှာ ရောက်တတ်တယ် ဆိုပဲ။ ဒီတော့ ပုံထဲက ဇာတ်ကောင်တွေကို အဲဒီနေရာမှာ ထားပေါ့... ဥပမာ ဒီပုံကို ကြည့်...

အနုပညာဘာသာရပ်တွေမှာ သင်ရတဲ့ အဲလို principle ဆိုတာမျိုးက ဘာနဲ့ တူလည်းဆိုတော့ လိုက်နာကျင့်သုံးရင်ပိုကောင်းတယ်လို့ပဲဆို
လိုရမှာပါ....ဒါကြောင့်မကျင့်သုံးရင်လည်း အဆင်ပြေလှပတဲ့ ပုံတွေကိုရိုက်ယူလို့ရပါတယ်လို့ ဆိုလိုက်ပါရစေစစစစစစစ...
Labels: Knowledges-II, Photoshop-II
0 - ဦး မှတ်ချက်ပေးထားပါသည်
Post a Comment