




![]()
ပါရာဂွေး အသင်း၏ သမိုင်း တစ်လျှောက် ပထမဆုံး အကြိမ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက် နိုင်ခဲ့ခြင်းအတွက် ၀တ်လစ်စားလစ် ပြေးပြမည် ဆိုသည့် မော်ဒယ် ရီကွယ်လ်မီးသည် ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာ များနှင့် ၀တ်လစ်စားလစ် ဓာတ်ပုံများ အရိုက်ခံခဲ့ သည်ဟု သိရသည်။
အစောပိုင်းက စပိန် အသင်းအား ကျော်ဖြတ် နိုင်ပါက ၀တ်လစ်စားလစ် ပြေးကာ အောင်ပွဲ ခံမည်ဟု ဖွင့်ဟ ပြောကြားခဲ့သူ ရီကွယ်လ်မီး အနေဖြင့် စပိန်အား ရှုံးနိမ့်ခဲ့ပြီးနောက် အသင်း အနိုင်မရ ခဲ့သော်လည်း ကစားသမား များ၏ ကြိုးစား အားထုတ်မှု အတွက် ၎င်းအနေဖြင့် ၀တ်လစ်စားလစ် ပြေးဦးမည်ဟု ထုတ်ဖော် ပြောကြားခဲ့သူ ဖြစ်သည်။
သို့သော် ယနေ့တိုင် အမှန်တကယ် ၀တ်လစ်စားလစ် ပြေးခြင်း မပြုခဲ့ဘဲ ပါရာဂွေး ကစားသမားများ၊ ပရိသတ်များနှင့် ကမ္ဘာ့ ဘောလုံး ပရိသတ်များ အတွက် ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာ များနှင့် ၀တ်လစ်စားလစ် ဓာတ်ပုံများ အရိုက် ခံခဲ့သည်ဟု သိရသည်။
ကမ္ဘာ့ဖလားနှင့် အတူ နာမည်ကြီး လာသူ အသက် ၂၄နှစ် အရွယ် ပါရာဂွေး စတား ရီကွယ်လ်မီးက တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အောင်မြင်မှု ရရှိစေရန် အတွက် ထိုကဲ့သို့ လုပ်ဆောင်မည်ဟု ဆိုခြင်း ဖြစ်ကြောင်းလည်း ရှင်းလင်း ပြောကြားခဲ့သည်။
Labels: News-II, Over Sea, Sport
0 - ဦး မှတ်ချက်ပေးထားပါသည်
Post a Comment