ဗဟုသုတဘဏ်
အမျိုးသားများဟာ မိမိတို့ရဲ့မွေးရာပါ လိင်အင်္ဂါ အရွယ်အစားပေါ် မူတည်ပြီး စိတ်ဓာတ်ရေးရာ ပိုင်းဆိုင်ရာ အချို့နေရာများမှာ ဂုဏ်ယူတတ်ကျသလို အားငယ်တတ်ကြပြန်တယ်လို့ ကျွန်တော် လေ့လာ စူးစမ်းမိသလောက် ပြောချင်ပါတယ်။
Before Penile Widening Surgery | Gain in length and girth seen immediately after completion of surgery. |
အရွယ်ရောက်လို့ အိမ်ထောင်သားမွေး ကိစ္စတွေ ပြောဖြစ်ကြတဲ့အခါ အမျိုးသားအများစုဟာ မိမိတို့ရဲ့ လိင်အင်္ဂါ အရွယ်အစား (Size) ကို မိမိတို့ရဲ့ လိင်စွမ်းဆောင်ရည် ပမာဏနှင့် တိုက်ရိုက် ပက်သက်သယောင် ထင်မြင်ယူဆ ပြောဆိုတတ်ကြပါတယ်။ အမှန် တကယ်တော့ တိုက်ရိုက် အချိုးမကျဘူးလို့ ဆိုပါရစေ။
ဘယ်လိုပဲဖြစ်ဖြစ် ကြီးထွားအောင် လုပ်ကိုလုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့ အမျိုးသားများကို ညွှန်ကြားချက်ကလေးပေးပါမယ်...ဒါမှသာဆောင်ရန်ရှောင်ရန်လေးတွေသိပြီး ပြသနာနည်းအောင် ဒီပိုစ့်ရေးပြီး ကျန်းမာရေးအရ တင်ပြရကျိုးနပ်မှာပါ.....
ကျွန်တော်တို့ရဲ့ လိင်တံ အရွယ်အစား (Size)ကို ရိုးရိုးရှင်းရှင်း ဆုံးဖြတ်ဖို့ ဆိုရင်တော့ မိဘတွေက အမွေပေးတဲ့ ဆက်ခံရရှိတဲ့ မျိုးရိုးဗီဇဆိုင်ရာ ထူးခြားသည့် လက္ခဏာသွင်ပြင်လို့ ခေါ်ဆိုရမည့် အချက်များပေါ် မူတည်ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လိင်တံ အရွယ်အစား အားတိုးစေခြင်း သို့မဟုတ် လျော့စေခြင်း ဆိုသည်များကို လုံးဝပြုလုပ်လို့ မရပါခင်ဗျား။ ယောက်ျားကလေး အရွယ်မှ ယောက်ျားကြီးဆိုတဲ့ အရွယ်ရောက်ခြင်း ဖြစ်စဉ်မှာ ကျွန်တော်တို့ လိင်တံအရွယ်အစား ပြောင်းလဲမှု ဖြစ်ပေါ်ပါတယ်။ ယောက်ျားလေး အများစုဟာ အသက် ၁၀နှစ်မှ ၁၄နှစ်အတွင်း အရွယ်ရောက်ခြင်း စတင်တတ်ပါရဲ့။
အချို့တွေကတော့ ဒီအသက်အရွယ်ထက် စောနိုင်သလို နောက်ကျပြီးတော့လည်း စတင်တတ်တာ ပေါ့လေ။ ပထမဆုံး ဝှေးစေ့ (balls) တွေက စတင်ကြီးထွားလာတယ်။ ပြီးတော့ အဲဒီ့ဟာရဲ့ အနီးဝန်းကျင် တ၀ိုက်မှာ အမွှေးအမျှင်လေးတွေ စပေါက်တာဗျ။ လိင်တံ အရွယ်အစားလည်း စကြီးလာပြီပေါ့။ ပထမတော့ အရှည်၊ နောက်ပြီးတော့ အတုတ်။ ဝှေးစေ့တွေ စတင် ကြီးထွားလာပြီးနောက် လေးနှစ်မှ ခြောက်နှစ်အတွင်း နောက်ဆုံး လိင်တံ အရွယ်အစားကို ရောက်ပါတယ်။ ဒီအချိန်တွေမှာ ပုံမှန်အားဖြင့် ကွဲပြားခြားနား သွားတတ်တာပါ။
ဒီသာမန် လိင်တံကြီးထွားခြင်း ဖြစ်စဉ်ကပဲ အမျိုးသား အများအပြားသို့ အနှောင့်အယှက်သဘော ဖြစ်နိုင်ပါတယ်။ ဝှေးစေ့တွေ ဦးဆုံး ကြီးထွားလာစဉ် ကတည်းက (ပြီးတော့ လိင်တံ အရွယ်အစား ကြီးထွားခြင်းက နောက်ကလိုက်လာတာ) ဆယ်ကျော်သက် လူငယ်များစွာဟာ ဝှေးစေ့ အရွယ်အစား ကြီးထွား လာနေခြင်းကို သတိမထားဘဲ ၊ ဘာအပြောင်းအလဲမှ မဖြစ်ဘူး သူတို့ လိင်တံ အရွယ်အစားက သေးလွန်းတယ်လို့ စိုးရိမ်နေတတ်ကြပါတယ်။
အကယ်၍ စာဖတ်သူတို့ဟာ overweight ဖြစ်နေသူများဆိုရင် အဆီ tissue တွေဟာ လိင်တံ အရွယ်အစား အစစ်အမှန် ရှိတာထက် သေးတဲ့ဟန်မျိုး ဖြစ်ပေါ်နေစေပါရော။ အတန်းထဲ သူငယ်ချင်း အမျိုးသားတွေက ပုံမှန်အတိုင်း အရွယ်ရောက်မှု ဆက်လက်ဖြစ်ပေါ် နေခြင်းကြောင့် သူတို့ လိင်တံ အရွယ်အစားတွေဟာ လူကြီး လိင်တံတစ်ခုအသွင် အစစ်အဖြစ်မြင်ပြီး စာဖတ် သူတို့အဖို့မှာ အလွန့်ကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ လိင်တံပျော့တွဲနေချိန် လိင်တံတောင့်တင်းလာတဲ့ အဆင့်မှာ လိင်တံတစ်ချောင်း ဘယ်လောက် ကြီးထွားလာမယ် ဆိုတာသိဖို့ ခက်ပါတယ်။
များပြား ကွဲပြားလှသော လူတစ်ယောက်မှ တစ်ယောက်သို့ လိင်တံ အရွယ်အစား (size) အစစ်အမှန်ဆိုတာ ဒါပါလို့ပြောဖို့ နည်းနည်း ခက်ပါတယ်။ ကွဲပြားခြားနားသော လူများစွာဟာ ကွဲပြားခြားနားသော လိင်တံ အရွယ်အစား ရှိနေနိုင်တာကိုး။ ကျနော်တို့တွေဟာ လိင်တံ အရွယ်အစား ကြီးမားသူများသည် လိင်တံ အရွယ်အစား သေးသူများထက် ကောင်းမွန်တဲ့ လိင်မှုဘ၀ကို ရရှိနေတယ်ဆိုတဲ့ ယုံတမ်းစကားကို လှုံ့ဆော်တဲ့ လူမှုအသင်းအဖွဲ့ တစ်ခုမှာ နေထိုင်ကြပါတယ်။
လိင်မှုဟာသများ၊ တီဗီ အစီအစဉ်များ၊ ရုပ်ရှင်ထဲမှာ၊ ပြီးတော့ တစ်ခြား နေရာများမှာလည်း အဲဒီစကားလုံးတွေကို အစဉ်တစိုက် ကြားနေရပါတယ်။ အမှန်တကယ်တော့ သာမန် လိင်တံ အရွယ်အစား ကြီးမားသူများဟာ သူတို့ လိင်ကိစ္စမှာ သူတို့ တစ်ဦးချင်းစီအတွက် ကောင်းပါတယ်။ ကျွန်တော်တို့ အတွက်တော့ အရပ်အမြင့် ပြောင်းလဲတာ ပြီးဆုံးသွားချိန် တစ်နှစ် သို့မဟုတ် နှစ်နှစ် စောင့်ကြည့်ရပါမယ်။ နောက်ဆုံး လိင်တံအရွယ်အစား ဘာဖြစ်လာတယ်ဆိုတာ။ ကျွန်တော်တို့ ဖွံ့ဖြိုးမှုဖြစ်စဉ် အတောအတွင်း လိင်တံ အရွယ်အစားက ပုံမှန်မဟုတ်ဟု စိုးရိမ်မိပါက မိသားစု ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူ ဆရာဝန်ဆီသွား အဲဒီ့အကြောင်း တိုက်ရိုက် မေးမြန်းနိုင်ပါတယ်။ ကိစ္စတိုင်းရဲ့ အများစုမှာ စာဖတ်သူတို့ အားလုံး အဆင်ပြေ ကောင်းမွန်ပါသည်လို့ ပြောခဲ့ကြမှာ အသေအချာပါ။
ပျှမ်းမျှ လိင်တံအရွယ်အစား (Average penis size)
လိင်တံ အရွယ်အစား အစစ်အမှန်ကို ဆုံးဖြတ်ခြင်း (Judging true penis size)
ကျွန်တော်တို့အနေနှင့် လိင်တံဆိုဒ် အမှန်ကို အဲဒီလိင်တံ ပျော့တွဲနေချိန် သို့မဟုတ် တောင့်တင်းမှု မဖြစ်နေချိန်မှာ ဆုံးဖြတ်လို့ မရနိုင်ပါဘူး။ တစ်ခါတစ်ရံမှာ အမျိုးသား အများစုဟာ ပျော့တွဲနေချိန်မှာ သေးငယ်နေပေမယ့် တောင့်တင်းလာချိန်မှာတော့ ကြီးထွားတဲ့ ဆိုဒ်တစ်ခုအဖြစ် ပြောင်းလဲလာနိုင်တာပါ။ တစ်ချို့တွေကတော့ ပျော့တွဲနေချိန်ကထက် နှစ်ဆလောက် ကြီးလာတတ်သလို တစ်ချို့တွေကတော့ အနည်းငယ်သာ ကြီးလာတတ်တာ နောက်ဆုံးရလာဒ်က အတူတူ နီးပါးပါပဲလေ။
မိမိမွေးရာပါ ပစ္စည်းအပေါ် သံသယ၀င်ပြီး အားငယ်စိတ် ၀င်မယ့်အစား မိမိရဲ့ လိင်မှုဘ၀ကို ပိုမိုသာယာအောင် တစ်ခြားနည်းတွေ ရှိသေးကြောင်း သတိမူကြည့်လိုက်ပါလို့နော်။
ကဲ ဒီလိုမှမဟုတ်ရင်တော့ ကြီးထွားအောင်လုပ် လုပ်ကိုလုပ်မယ် ဆိုတဲ့ ကိုကို ကာလသားတို့.........
လိင်တံကို ကြီးထွားအောင်လုပ်ရာမှာ.......
( 1 )ကျားဟိုမုန်းဆေး သောက်သုံးပြီး ကြီးထွားအောင်ပြုလုပ်ကြတဲ့နည်းအနေနှင့် ( Estrogen ပါဝင်သော်အားဆေး ) ကာယဗလ ကြီးထွားဆေးများကို သောက်သုံးနိုင်ပါတယ်.....သို့သော် အဲဒီဆေးတွေဟာ ကြွက်သားများကြိးထွားလာတာမှန်ပေမယ့် လိုအပ်သည်ထက်ပိုမို သောက်သုံးပါက သို့မဟုတ် ဟိုမုန်းဆေးများ အလွန်အကျွံသောက်ခြင်းဟာ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်တတ်ပါတယ်...ဒါပေမယ့် လိုအပ်တယ်ဆိုရင်တော့ ချင့်ချိန် သောက်သုံးခြင်းအားဖြင့် ကြွက်သားများကြီးထွားလာပြီး ကိုယ်ကာယတောင့်တင်းလာပါမယ်......
ပန်းသေပန်းညှိုးပျောက်ဆေးများ
( 2 )ပန်းသေပန်းညှိုး ရောဂါပျောက်ဆေး ( ခောတ်အခေါ် ကြာဆေး လာဆေး ) သောက်သုံးသည့်အနေနှင့် ကြီးလာနိုင်ပါတယ်...အမှန်တော့ အဲဒီဆေးတွေက ပန်းသေနေတဲ့ သူတွေကို လာအောင် သောက်တဲ့ဆေးဖြစ်ပါတယ်...ဒီဆေးတွေဟာ လိင်မဆက်ဆံခင်ကြိုတင်သောက်သုံးခြင်းဖြင့် သွေးကျဲစေပြီး လိင်တံထဲသို့ သွေးပိုမိုစီးဆင်ကာ လိင်တံကို မူလထက်ပိုမိုကြီးထွားလာခြင်းဖြစ်ပါတယ်.....စကားမစပ်ပြောရရင် ကြာသည်ဆိုသည်မှာမမှန်ပါ...လာသည်ဆိုတာပဲမှန်ပါတယ်...လိင်မဆက်ဆံတာကြာရင် အနည်းနဲ့အများမြန်မှာပါ....နောက်အခေါက်တွေမှာတော့ ကြာနေမှာပါ.....ပထမဦးဆုံးမှာကြာချင်ရင် အင်း အင်း ဒါနဲ့ပက်သက်ပြီးနောက်မှပဲ ပိုစ့်တစ်ခုအနေနဲ့ စုံစုံလင်လင်ရေးတော့မယ်.....အခုရှည်သွားလိမ့်မယ်.....
ဒီတော့ လာဆေးသောက်ရင် သတိထားရမှာက နှလုံးရောဂါ ရှိသူတွေ လုံးဝမရဘူး .....နောက်တစ်ခုက ဆေးသောက်ရင် 50mg ကစပြီးစမ်းသောက်ရမယ်......တစ်ချို့ အာနိသင်ပြင်းတဲ့ဆေးတွေဟာ 24 နာရီထိ လိင်တံကြီးထွားမာတောင်နေစေတယ်....mg မျာရင် ခေါင်းအရမ်းကိုက်မယ်....ဆေးသဘောကိုက ခေါင်းနနြဲအုံတယ်....များတော့ပိုဆိုးတာပေါ့.....
ဆေးအမှတ်တံဆိတ်တွေကတော့ ကိုနဲ့သင့်တော်ရာကိုရွေးပေါ့.....မြန်မာနိုင်ငံမှာတော့ Dr-X , viagra, cialis, levitra , လိပ်သုံးကောင် , စသည်ဖြင့်ပေါ့......မလိုအပ်ရင်မသောက်တာ အကျင့်မလုပ်တာ ကောင်းဆုံးပါ....
( 3 )လေစုပ်ပန့်ကို သုံးပြီးကြီးထွားအောင် ပြုလုပ်တဲ့အနေနှင့်ကတော့ လေစုပ်ပြွန်ထဲကို လိင်တံထိုးထည့်ပြီး လေညှစ်ကာ လိင်တံ ကြီးထွားရှည်လာအောင်ပြုလုပ်သော်အခါ ပုံမှန်လေ့ကျင့် ရပါမယ်....အရမ်းပိုမိုလုပ်ပါက ကြွက်သားများ ပျက်ဆီးသွားတဲ့အထိ ဖြစ်သွားနိုင်ပါတယ်...လိင်တံကို ပါလာသော်ဂျယ်( ချောဆီ ) သုတ်လိမ်းပြီး အစိမ်းရောင် ခေါင်းဘက်က စုတ်ယူရပါမယ်....တင်းလာပြီဆိုရင် ခေတ္တထားပါ...လိင်တံကိုပြန်ထုတ်မယ်ဆိုရင် အနီရောင်ခေါင်းဖြင့်တွန်းထုတ်ပါ....ဆွဲမထုတ်သင့်ပါ....ရာဘာ အပိတ်ပြဲသွားနိုင်ပါတယ်....
နောက်တစ်ခု သတိထားရမှာက ပါလာတဲ့ချောဆီကုန်သွားမယ်ဆိုရင် ရိုးရိုးဆီမသုံးရပါ....ရာဘာအစွတ်ပျက်ဆီးသွားလိမ့်မယ်....
ရေဖြင့်ပြုလုပ်ထားသောဂျယ်လီ ( အဖော်အမှတ်တံဆိပ်မှ ထုတ်သော် ဂျယ်လီ ) ကိုသာသုံးပါ....ရာဘာအစွတ်ပြဲသွားပါက ပန့်အသစ်ထပ်ဝယ်နေရပါမယ်....ရာဘာအစွ် သီးသန့်ဝယ်လို့မရပါ.....
Ref::::( 1 ) http://ezinearticles.com/?How-To-Get-A-Big-Penis---How-To-Get-A-Big-Penis,-No-Matter-Your-Race-Or-Age&id=634277
( 2 )Side Effects in Men Taking Estrogen
( 3 ) Make Your Penis Larger by Using a Vacuum Pump - 3 WORRYING Facts You Should Know Before You Try!Labels: Health-V, Sexual Education-II
ကျေးဇူးတင်ပါတယ် မုန်တိုင်း
ကျန်းမာကြပါစေ
1 - ဦး မှတ်ချက်ပေးထားပါသည်
This comment has been removed by the author.
Post a Comment