ကိုကြီးဇော် ( မုန်တိုင်း )

ဗဟုသုတဘဏ်

this site the web

622..ချန်ဂင်လက်ထပ်သွားပြီး( သတင်း )

 





ချန်ဂင်လက်ထပ်သွားပြီး


Actress Lee Young-ae got married secretly

ချန်ဂင် Lee Young-ae(38) ဟာ များ မကြာမှီ က Hawaii, USA မှာ လျှို့ဝှက် စွာ လက်ထပ် သွားတယ် လို့ သတင်း ရရှိ ပါတယ်။

အသက် ၅၄ နှစ်ရှိ သတိုးသား ရဲ့ အမည် ကို Jeong ဟုသာ သိရ ပြီး၊ Date လုပ်နေ တာတော့ ဆယ်နှစ် ကျော် သွားပြီး လို့ဆို ပါတယ်။

USA Chicago မြို့ IT industry တခု မှာ အလုပ် လုပ်နေ တဲ့ Mr Jeong ဟာ ကိုးရီးယား အမေရိကန် ကပြား ဖြစ်ပြီး၊ Illinois Institute of Technology မှ ဘွဲ့ရ တစ်ဦး ဖြစ် ပါတယ်။

Lee Young-ae ဟာ မည်သည့် သတင်း ဆိုးမှ မထွက် ခဲ့ပဲ သန့်သန့် ကလေး နေထိုင် လာခဲ့ တဲ့ ရှားရှား ပါးပါး ကိုးရီးယား မင်းသမီး တစ်လက် ဖြစ် ပါတယ်။

Mr Jeong နဲ့ တွဲလာ တာ ဆယ်နှစ် ကျော်ရှိ ခဲ့ပြီး ဖြစ် သော်လည်း သိုသို သိပ်သိပ် နေထိုင် ခဲ့လို့၊ ရင်းနှီး တဲ့ မိတ်ဆွေ သူငယ်ချင်း တွေလောက် ပဲ သိခဲ့ ကြ ပါတယ်။


The Kahala Hotel and Resort in Hawaii, where Lee Young-ae
married her mystery husband

Lee Young-ae ဟာ အာရှ ရဲ့ အထင် ရှားဆုံး မင်းသမီး တွေထဲ မှာ တစ်ဦး အပါ အဝင် ဖြစ် ပါတယ်။ အနု ပညာ လောက ကို ၁၉၉၀ ခုနှစ် မှာ ခြေချ ခဲ့ပြီး၊ ဆက်တိုက် နာမည် ကြီးလာ ခဲ့ ပါတယ်။

၂၀၀၃ ခုနှစ် မှာ ပြသ ခဲ့တဲ့ 'နန်းတွင်း ရတနာ' (Jewel in the Palace) ဇာတ်လမ်း တွဲမှာ ချန်ဂင် အဖြစ် ပါဝင် ပြီးနောက် မှာတော့ အာရှ တခွင် မှာ ဟိုးလေး တစ်ကျော် နာမည် ကြီးခဲ့ ပါတယ်။

'နန်းတွင်း ရတနာ' ဇာတ်လမ်း တွဲးကို ကိုရီးယား မှာ ပြခဲ့ စဉ်က မကြုံ စဖူး 57.8% ကြည့်ခဲ့ ကြ ပဲါတယ်၊ ဟောင်ကောင် မှာလည်း ကြည့်သူ 49% ရှိခဲ့ လို့  သူတို့  လူဦရေ 6.9 သန်း အနက် 3 သန်း ဟါ TV ကြည့် နေ တယ် လို့  အဓိပ္ပယ် ရပါတယ်။

'နန်းတွင်း ရတနာ' ဟာ အာရှတိုက် ရဲ ရာဇဝင် မှာ ဒီ ရာစုနစ် မှာ တော့ စံချိန် ပါဘဲ လို့ အဆို ရှိ ကြ ပါ တယ်။

Lee Young-ae ဟာ Hanyang University မှ German Language and Literature ဘွဲ့နဲ့ Chung-ang University မှ M.A. in Theater and Film ဘွဲ့ တို့ကို ရရှီ ထားသူ ဖြစ်ပြီး၊ English, နဲ့ German ဘာသာ စကား ကို ကျွမ်းကျင် စွာပြော နိုင်တဲ့ ပညာတတ် တစ်ဦး လည်းဖြစ် ပါတယ်။


Lee Young-ae in 'Jewel in the Palace'

မဂ်လာ သတင်း ကို ရှေ့နေ မှ တဆင့် ကြေငြာ ခဲ့လို့၊ ပရိသတ် တချို့ (some fans) မှ မကျေ မနပ် ဖြစ်ခဲ့ ကြ ပါတယ်။

Lee Young-ae ဟာ အများပိုင် ဖြစ်တဲ့ အတွက် ဒီထက် ပိုပြီး ကျယ်ကျယ် ပြန့်ပြန့် အသိ ပေးသင့် တယ်လို့ ဝေဖန် လာကြ ပါတယ်။

ကိုးရီးယား အနု ပညာသည် အချို့ ဟာ အမေရိကန် မင်းသား မင်းသမီး တွေလို၊ ကိုယ်ပိုင် ကိစ္စ (private matter) တွေကို အထူး သိုသိပ်စွာ ဆောင်ရွက် လာတာ တွေ့ရ ပါတယ်။

Life style ပြောင်း လာတဲ့ သဘောလည်း ဖြစ်ပုံ ရ ပါတယ်။ Lee Young-ae ရဲ့ မဂ်လာ ကိစ္စ မှာတော့၊ ကျွန်တော့ တစ်ဦး ထဲ သဘော ပြော ရရင်၊ ပြည့်တဲ့ အိုး ဘောင်ဘင် မခတ် တာလို့ ထင် ပါတယ်။

ချန်ဂင် တို့ ဇနီး မောင်နှံ ရာသက်ပံ အိုအောင် မင်းအောင် ပေါင်းသင်း နိုင်ကြ ပါစေ လို့ ဆုတောင်း ပေးအပ် ပါတယ်။





Labels: , , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

234..ရန်ကုန်နာဂစ်

 
Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

118..၃၆၅ ရက် အလွန်( နာဂစ်)

 
လူပေါင်း တစ်သိန်းကျော်ကို တစ်ညတည်းမှာ အသက်ဆုံးပါး စေခဲ့တဲ့ နာဂစ် ဖြစ်ခဲ့တာ ၃၆၅ ရက် ရှိပြီ။ အချိန်တစ်နှစ် ကြာသွားပြီဆိုတော့ အားလုံးမေ့မေ့ ပျောက်ပျောက်ပဲလား။

မဟုတ်ပါ။

မြန်မာနိုင်ငံတွင်းကရော နိုင်ငံ ပြင်ပကပါ စေတနာရှင်များက ဆက်လက် ထောက်ပံ့ကူညီ နေတဲ့အတွက် ကယ်ဆယ်ရေး နဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ ရှင်သန်နေဆဲပါလေ။

အောက်က ဗွီဒီယိုလေးကတော့ ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေတဲ့ အဖွဲ့များစွာထဲက တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံ အရေးပေါ်ကယ်ဆယ်ရေး ကွန်ရက်အဖွဲ့ ရဲ့ မူလတန်းကျောင်း (တူးမြောင်းကျေးရွာ၊ ဒေးဒရဲမြို့နယ်၊ ဧရာဝတီတိုင်း) ဆောက်လုပ် လှူဒါန်းမှု မှတ်တမ်းလေးပါ။ နတ်လူ သာဓုခေါ်နိုင်ကြပါစေ။

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ