ကိုကြီးဇော် ( မုန်တိုင်း )

ဗဟုသုတဘဏ်

this site the web

385..ခါထုတ် နင်းတက်

 
ခါထုတ် နင်းတက်

လယ်သမားတစ်ယောက်ရဲ့မြည်းလေးတစ်ကောင်ဟာ အကာအရံ မရှိတဲ့ လယ်ထဲက ရေတွင်းထဲ
ကျသွားတယ်။ မြည်းလေးဟာ ရေတွင်းထဲကနေ အော်အော်ပြီးတော့ သူ့ သခင်ကိုခေါ်တယ် ။
လယ်သမားကြီးဟာ ဘာလုပ်ရမလဲလို့တွေးတယ်။ နောက်ဆုံးတော့ လယ်သမားကြီးက စဉ်းစားတယ်။
ဒီမြည်းဟာ အိုလည်းအိုနေပြီ။ ရေတွင်းကလည်းမသုံးတာကြာတဲ့ရေတွင်းဟောင်းကြီး
ဖို့ပစ်တာကောင်းတယ်။ ဒီမြည်းကို ဆွဲတင်နေလို့မထူးဘူး။ အဲဒီလိုတွေးပြီးတော့
သူ့သူငယ်ချင်း လယ်သမားတွေကိုသွားခေါ်လာတယ်။ တစ်ယောက် ပေါက်ပြားတစ်လက်ဆီ
ယုလာကြတယ်။ မြေကြီးတွေ တူးပြီး ရေတွင်းကို ဖို့ကြတယ်။

မြည်းလေးဟာ သူ့ကို မြေဖို့နေပြီဆိုတာသိတော့ ကြောက်ပြီး အသံကုန်အော်တယ်။
နောက်မကြာခင် မြည်းအော်သံတိတ်သွားတယ်။
တော်တော်ကြာတော့ လယ်သမားကြီးဟာ ရေတွင်းထဲ ငုံ့ကြည့်တယ်။ သူမြင်ရတာကို
အံ့သြသွားတယ်။ မြေကြီးတစ်ကော်စာ ဖို့လိုက်တိုင်း မြည်းလေးဟာ မြေကြီးတွေကို
ခါချလိုက်ပြီး မြေကြီးပေါ် လှမ်းတက်လိုက်တယ်။ ရေတွင်းပြည့်ခါနီးတော့ မြည်းလေးဟာ
ရေတွင်းပေါ်ခုန်တက်ပြီးတော့ အားရ၀မ်းသာ ခုန်ပေါက်ပြီး ပြေးတော့တယ်။ လယ်သမားတွေက
မြည်းလေးကိုကြည့်ပြီး သဘောကျလို့ တဟားဟားနဲ့ အားရပါးရ ရယ်ကြတော့တယ်။

ကိုယ့် ဘ၀ အခြေအနေဟာ ကိုယ့် ကျောပေါ်ကို မြေတွေပုံမယ်။ ဒုက္ခကနေ
လွတ်အောင်လုပ်နည်းက ခါချပြီး တစ်လှမ်းတက်ဖို့ပဲ။ ဖို့လိုက်တဲ့မြေကြီးဟာ
ကျောပေါ်မှာ မနေဖို့ပဲလိုတယ်။ ဖို့သမျှမြေကြီးဟာ ခြေထောက် အောက်ကို
ရောက်သွားရမယ်။

(ဆရာတော် ဦးဇောတိက - စိတ်ချမ်းသာဖို့လိုရင်းပါ (စာမျက်နှာ ၁၅၁-၁၅၂))

သူငယ်ချင်းတွေ အားရှိစေဖို့ ရည်ရွယ်ပါတယ်........
ရတနာပေးပို့သည်.......




Labels: , , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

191..သိပ္ကို လွေသာ ကိုရီးယားမေလးမ်ား….

 
ကိုရီးယားကားတွေထဲမှာဆို ..ကိုရီးယားမလေးတွေဟာ.. အရမ်းကို ချော.. အရမ်းကို လှပါပဲ.. အဲဒါနဲ့ အစ်ကို တစ်ယောက် ကိုရီးယားကို.. အလုပ်သွားလုပ်တော့ သူကိုမေးကြည့် မိပါတယ်.
ကိုရီးယားမလေးတွေသိပ်လှလားလို့ ..နောက် အကိုပြောတာတော့ ကိုရီးယားမလေးတွေက သိပ်ရုပ်ဆိုးဆိုပဲ.. အဲလှတဲ့ လူတွေ အများစုက ခွဲစိတ်ပြုပြင်ထားတာ လို့ ပြောပါတယ်… ယုံရကောင်းမလား.. မယုံရကောင်းမလားမသိ…
နောက် လုပ်ဖော်ကိုင်ဘက်တစ်ယောက် ကိုရီးယားကို အလယ်သွားတော့ .. သူ့ကို အဲဒီ အကြောင်းနဲ့ စပ်စပ်ပြီးမေးကြည့် မိပါတယ်.. သူပြောတာတော့ ..အဲဒီခွဲထားလား မခွဲထားလားတော့ မသိဘူးတဲ့.. ဒါပေမယ့် သူတို့က တစ်ယောက်နဲ့ တစ်ယောက်သိပ်တူတာပဲတဲ့…သူတို့က နာမည်ကြီးမင်းသမီးတစ်ယောက်ပုံကြိုက်ရင် .. အဲဒီအတိုင်းတူအောင်လိုက်ပြင်တယ် တဲ့.. နောက် ကိုရီးယားမလေးတွေက တနေ့လုံး မိတ်ကပ်ပြင်ထားပါတယ်တဲ့.
ဟိုနေ့က သူငယ်ချင်က သူသွားကြည့်တဲ့ 200 pounds beauty အကြောင်းပြောပြတယ်… ကောင်မလေးက အရမ်းဝတော့ .. ခွဲစိတ်ပြုပြင်တာ… နေရာတော်တော်များများက ဆီလီကွန် ထည့်ထားတယ်တဲ့.. နောက်.. သူ့နှာခေါင်းက.. လူနဲ့ တိုက်မိတော့ ရွဲ့သွားပြီး.. စောင်းသွားလို့ ဆရာဝန်ဆီပြေးရပါတယ်တဲ့…နောက် …. ရည်းစားက ကိုင်လိုက်တာနဲ့ ဆီလီကွန်ထည့်ထားမှန်းသိနိုင်လို့ မကိုင်ခိုင်းရဘူးဆိုပဲ..
ကဲ.. အာလုံးလဲ. ကိုရီးယားမလေးများလို ပြစ်မျိုးမှဲ့ မထင်လှချင်ရင် ကိုရီးယားသာ ပြေးကြပါတော့ …
သိပ်ဈေးကြီးတယ်ဆိုပဲ… နောက် ကိုင်ကြည့်တာနဲ့ ဆီလီကွန်ထည့်ထားတာ သိသာတယ်တဲ့…နောက် ကောင်လေးတွေက သဘာဝကို ပိုကြိုက်ပါတယ်တဲ့…ဆီလီကွန်ထည့် ထားတဲ့ မိန်းကလေးလှလှလေးတွေက ..အရုပ်ကလေးတွေနဲ့ ပဲ တူပါသတဲ့..
ကိုရီးယားများရောက်ခဲ့လို့ မိန်းကလေးလှလှလေးတွေ တွေခဲ့ ရင်..သွားမကိုင်ကြည့်နဲ့အုံးနော်.. တော်ကြာ.. တခုခုများ ရွဲ့စောင်းသွားခဲ့ ရင်..လျောနေရအုံးမယ်…

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

190..လတ္တေလာ အေတြးမ်ား

 
- လူဆိုတာ ကိုယ့်ဦးနှောက်နဲ့ အသက်ရှင်ခွင့်မရှိရင် ..သေတာနဲ့ ဘာမှ မထူး ဘူး
- သူများပြောသမျှ ယုံဖို့ မဟုတ်ပါ.. ကိုယ့်ဦးနှောက်နဲ့ ဆင်ခြင်နားလည် နိုင်မှသာ .. လူဖြစ်ကျိုးနပ်မယ်..
- သူများ ကို မတရား နိုင်ထားရတာ အလွန်ပင်ပန်းပါတယ်..
- အတုံ့ အလှဲ့ ဆိုတာ နေရာတိုင်းမှာ ရှိတယ်..
- ကိုယ်များ နိမ့်ကျတဲ့ ဘ၀ကို ရောက်ခဲ့လို့ .. သူတို့ ကိုယ့်ကို နိုင်လဲ.. ကိုယ်မြင့်တဲ့ အချိန်မှာ ပြန်မနိုင်ပါရစေနဲ့..
- ကိုယ့်ပြောနေတာကို လူတွေ မယုံပဲနဲ့ စိတ်ထဲက..ကြိတ်ဟားနေကြရင် ဘယ်လောက် ရှက်ဖို့ ကောင်းတယ်.. ရှက်တတ်ဖို့လဲ လောကမှာ အရေးကြီးတယ်..

မျက်စိ မဖွင့် ... ဇွတ်မှန်တယ် ထင်နေလို့ ကတော့ ဘယ်တော့မှ . အသိဥာဏ်တိုးမှာ မဟုတ်ဘူး .

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

158..သိပ္ပံနည်းကျ အိမ်ထောင်သည်ဘဝ

 

ဒီခေါင်းစဉ်ကတော့ အိမ်ထောင်သည်တွေရယ် ရှာရှာဖွေဖွေ ဖတ်တတ်တဲ့သူတွေနဲ့ ရင်းနီးမယ်ထင်တယ်။ အိမ်ထောင်သည်တွေအတွက် မြန်မာပြည်မှာ ရှားရှားပါးပါး ပွင့်ပွင့်လင်းလင်း ရေးထားတဲ့ စာအုပ်တစ်အုပ်လေ။ အခုရေးမှာ အဲဒါမျိုးနဲ့ သိပ်မဆိုင်လှပါဘူး။ ထုံးစံအတိုင်း ကျွန်တော်တို့ လင်မယား အကြောင်းပါ။

ငယ်ငယ်တုန်းက လင်မယားတွေ အမြဲတမ်း ဖက်ပြီးအိပ်တယ် ထင်ခဲ့တာ။ ရုပ်ရှင်တွေထဲကလို အမျိုးသမီးက အမျိုးသား လက်မောင်းပေါ်မှာ ခေါင်းအုံးပြီး ရင်ခွင်ထဲမှာ ခေါင်းတိုးဝင်ပြီး တစ်ညလုံး ဒီလိုပဲ အိပ်နေကြမယ်လို့ပဲ ထင်ထားတယ်။ လူပျိုဖြစ်တဲ့ အထိတောင် အသိ အိမ်ထောင်သည် အစ်ကိုကြီးတွေ အချင်းချင်း သူတို့ မိန်းမတွေအကြောင်း ပြောတော့ သူ့မိန်းမက သူအရမ်းဟောက်လို့ ကုတင် ဟိုဘက်စွန်း ဒီဘက်စွန်း အိပ်တဲ့ အကြောင်းတို့ တစ်ယောက်က ဟာ.. ဒီလောက် ရာသီဥတု ပူတာ လင်မယားနှစ်ယောက် ဘယ်လိုလုပ် ပူးပူး ကပ်ကပ် အိပ်မှာလဲတို့ ပြောတော့ ဒီလူတွေ ရိုမန်း မတစ်လိုက်တာ ကိုယ့် မိန်းမကို အဲဒီလောက် မချစ်ဘူးဆိုပြီး စိတ်ထဲမှာ ကြိတ်ပြောနေလိုက်သေးတယ်။

တကယ်တော့လည်း အိပ်ပျော်သွားရင် လင်မယားတွေ တစ်ယောက်ကို တစ်ယောက် ဖက်ပြီးတော့ တစ်ညလုံး ဘယ်အိပ်နိုင်ပါ့မလဲ။ ကိုယ့်ဘာသာကိုယ် သက်တောင့်သက်သာ ရှိဖို့ လိုအပ်တာပေါ့။ အိပ်နေတဲ့ အချိန်မှာ လူတစ်ယောက်က ဟိုဘက်ဒီဘက် ဘယ်နှခေါက်လှည့်တဲ့ အကြောင်းတို့ ခြေတွေလက်တွေ ဘယ်လို ဆန့်တဲ့ အကြောင်း ဘယ်လို ကွေးတဲ့ အကြောင်းတွေက Documentary တစ်ခုမှာ လူတစ်ယောက် အိပ်နေတာကို ဗွီဒီယို ရိုက်ထားပြီး အမြန် ပြန်ပြတော့ ကြည့်လိုက်ရသေးတယ်။

အိပ်ခါနီး တစ်ယောက်ကို တစ်ယောက်ကို ဖက်ထားရင် နွေးထွေးတယ်။ အမြန် အိပ်ပျော်တယ်ဆိုတာလည်း အမှန်ပါပဲ။ တစ်ယောက်ကို တစ်ယောက် ဖက်ထားရင် Cuddle Hormone လို့ ခေါ်တယ် Oxytocin တွေ ထွက်လာပြီး တခြားဟာတွေကို စိတ်မရောက်တော့ပဲ အမြန် အိပ်ပျော်စေတယ်။ ဒီလို နွေးထွေးမှုက အထူးသဖြင့် စိတ်ဓါတ်ကျနေချိန်တွေ အတွေးတွေနဲ့ ယောက်ယက်ခက်နေချိန်မှာ အလိုအပ်ဆုံးနဲ့ အထိရောက်ဆုံးပါပဲ။

ရှင်မွှေးလွန်းနဲ့ မင်းနန္ဒာ ဇာတ်လမ်းမှာလား ရှင်မွှေးလွန်းက မင်းနန္ဒာရဲ့ ညာဘက်လက်ပေါ်မှာ ခေါင်းအုံး အိပ်လို့ မင်းနန္ဒာ ဘုန်းတွေ ကံတွေ နိမ့်ပြီး ကံဆိုးမိုးမှောင်ကျသွားရတယ် ဆိုတယ်။ ယောက်ျားတို ဘုန်း ညာလက်ရုံးမှာ ရှိလို့ အမျိုးသမီးတွေက ညာဖက်ကို ခေါင်းအုံး မအိပ်ဘူး။ ယောက်ျားရဲ့ ညာဖက်မှာ မအိပ်ဘူးလို့ ပြောကြတယ်။

လင်မယားတွေ ဖက်အိပ်ကြလား မေးရင် များသောအားဖြင့်တော့ ရာသီဥတုကို အကြောင်းပြကြမယ်။ ဒီလောက် ပူစပ်ပူလောင်နဲ့ ချွေးတလုံးလုံးနဲ့ ကိုယ့်ဘာကိုယ်တောင် ယပ်ခတ် အိပ်နေရတာ နှစ်ယောက် ဘယ်လိုလုပ် ဖက်ပြီး အိပ်မလဲ ဆိုရင်လည်း ဟုတ်နိုင်တာပဲ။ ရှင့်ကိုယ်က ဂျိုင်ချွေးစော်နံတယ်။ ဒီလိုကြီးနဲ့ ဖက်မအိပ်နိုင်ပါဘူးတော် ဆိုရင်လည်း အကြောင်းပြလို့ ရတာပဲ။ မင်းဆံပင်တွေ ငါ့မျက်လုံးထဲ နားထဲ ၀င်လို့ ဖက်မအိပ်ဘူးကွာဆိုလည်း ဖြစ်နိုင်တာပဲ။

ကျွန်တော်ကလည်း သူမကို ပြောပြတယ်။ အိပ်နေတုန်း သေသွားတဲ့ သူတွေ ရှိတယ်လို့။ သူတို့က အိပ်နေတုန်း အသက်မရှူတော့လို့ သေနိုင်တာ။ ခေါင်းမြီးခြုံ အိပ်ရင်လည်း အဲဒီလို မျိုး သေနိုင်ကြောင်း ဘာဖြစ်လို့လဲ ဆိုတော့ လူက အသက်ရှူထုတ်လိုက်ရင် ကာဘွန်ဒိုင် အောက်ဆိုက်တွေ ထွက်ပြီး အဲဒီ ဓါတ်ငွေ့တွေပဲ ရှူနေရပြီး သေသွားတာလို့။ အဲဒီတော့ သူမက အဲဒါဆို သူတို့က ရေမွန်းသလို ရုန်းရင်း ကန်ရင်း စောင်ကို မလှန်မိဘူးလား ဆိုတော့ အိပ်နေတုန်း အိမ်မှာ မီးလောင်လို့ မီးခိုးတွေ ရှူမိရင်တောင် အိပ်နေတဲ့လူက မသိနိုင်ကြောင်း ဦးနှောက်က ကာဗွန်ဒိုင်အောက်ဆိုက်ပါတဲ့ သွေးတွေပဲ ရလို့ ပြန်မနိုးနိုင်လောက်အောင်ကို အန္တရာယ်များကြောင်း ပြောပြတယ်။

ပြီးတော့ ပြောပြတယ်။ တကယ်လို့ သူမကို ဖက်ထားပြီး နှစ်ယောက်သား အိပ်ပျော်သွားရင် နှစ်ယောက်စလုံးက မျက်နှာချင်း ဆိုင်ထားလို့ ရှိရင် တစ်ယောက် ရှူထုတ်လိုက်တဲ့ ကာဘွန်ဒိုင် အောက်ဆိုက်ကို တစ်ယောက်က ရှူပြီး နှစ်ယောက်စလုံး အသက်ရှူကျပ်ပြီး အန္တရာယ်များကြောင်း ပြောပြတယ်။ သူမကလည်း မျက်လုံးလေး အ၀ိုင်းသားလေးနဲ့ နားထောင်ပြီး ဒီလိုဆိုတော့လည်း ကြောက်စရာကြီးနော်တဲ့။

သူမကလည်း ကျွန်တော့်ကို အလွန်စိုးရိမ်ရိမ် ပူပန်ရှာပါတယ်။ ရေခဲတောင်တက်တဲ့သူတွေက သူတို့ ခြေထောက်တွေ လက်တွေ သွေးမသွားတော့လို့ မျက်စိရှေ့မှာတင် ခြေချောင်းလက်ချောင်လေးတွေ ပုတ်သွားပြီး ကြွေကြသွားတဲ့ အကြောင်း ပြောပြပြီး သူမသာ ကျွန်တော့် လက်မောင်းပေါ်မှာ ခေါင်းအုံးပြီး နှစ်ယောက်သား အိပ်မောကျသွားရင် လက်ကို သွေးမသွားဘဲ လေဖြတ်သလို ဖြစ်သွားနိုင်ကြောင်းကို အဲဒီလို အိပ်နေတုန်း တစ်ခေါက်မှာ ကျွန်တော် လက်မောင်းကျဉ်သွားပြီး လက်ဖျံတစ်ခုလုံး ဘာမှ မခံစားနိုင် မလှုပ်နိုင်တော့တဲ့ အချိန်မှာ ပြောပြထားလို့ နောက်ပိုင်းမှာ ကျွန်တော်လည်း ဘာမှ ပြန်မငြင်းနိုင်တော့ပါဘူး။ ။

......We She Me မှ

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

144..အရွက် နဲ့ အရိုး

 

ခေါင်းစဉ်က တစ်မျိုးကြီးနော်... ဒီနေ့ ထမင်းစားဖို့ ဟင်းသွားဝယ်တော့ ထမင်းဆိုင်မှာ ဟင်းတွေကအများသား... ဘာစားရမလဲလို့လိုက်ကြည့်ရင်းနဲ့ တစ်ခြားဟင်းတွေအပြင် ချဉ်ပေါင်ကြော်ကိုတွေ့တယ်... အရင်လဲတွေ့နေကျပဲ လေ.... ဒီနေ့ကျမှ စိတ်ထဲမှာတွေးမိတယ်။ လူတွေက ချဉ်ပေါင်မှာ အရွက်ကိုစားပြီး အရိုးကိုဘာလို့မစားကြတာလဲ လို့ပေါ့.. အရွက်ဆိုတာက အရိုးရဲ့အထောက်အပံ့မပါပဲနဲ့ ဖြစ်မလာနိုင်ဘူးလေ... အရွက်မှာလိုအပ်တဲ့ အာဟာရဓာတ်တွေ ရေတွေကို အရိုးကသယ်ဆောင်ပေးရတယ်... ငွားငွားစွင့်စွင့် နေနိုင်ဖို့အတွက် ထောက်ကန် ပေးထားရတယ်... လေပြင်းတိုက်လာရင်လဲ လွင့်ပါမသွားအောင် ကာကွယ်ပေးတယ်... ဒါပေမယ့် သူ့ခမျာ လူတွေရဲ့ လျစ်လျူရှုခြင်း၊ ပစ်ပယ်ခြင်းကို ခံရတယ်... သူက အပင်မို့လို့ထားပါတော့...
လူတွေထဲမှာရော. . .
ဒီလိုအဖြစ်မျိုးတွေ မဖြစ်နိုင်ဘူးလား? သိပ်ဖြစ်နိုင်တာပေါ့... သူများတွေအတွက် အနစ်နာခံပေးတယ်... အများနဲ့ မတူတဲ့ သူတို့ရဲ့အတွေးအခေါ် အယူအဆတွေကို လူတွေကနားမလည်တော့ ရှောင်ဖယ်ရှောင်ဖယ် လုပ်လာ တယ်။ အဲဒါကိုကော သူတို့ရဲ့ အားနည်းချက် လို့ပြောမလား... ထားပါလေ... သူတို့ရဲ့ အားနည်းချက်၊ လိုက်အပ်ချက်လေး တစ်ခုတည်းနဲ့ လူအများရဲ့ ပစ်ပယ် လျစ်လျူရှုတာတွေကို ခံရတယ်... အဲဒီလို ဖြစ်လာတော့ သူတို့မှာ အားငယ်စိတ်တွေဝင်လာတယ်... လူတွေကြားထဲကို မသွားရဲတော့ဘူး... ကြာလာတော့ လူတွေကိုကြောက်လာတယ်... သူတို့ရဲ့စိတ်ရင်းစေတနာတွေ အတွေးအခေါ်တွေ အယူအဆတွေက လူတွေဆီ ကိုမရောက်တော့ဘူး... တဖြည်းဖြည်းနဲ့ လူတွေနဲ့ဝေးသွားရော... နားလည်လွယ်အောင်ပြောရရင် အထီးကျန် ဖြစ်ကုန်တာပေါ့ ... ဒီလိုလူမျိုးတွေကို ကိုယ်ကိုယ်တိုင်တွေ့ခဲ့ရင် သူတို့ကို အားပေးစကားပြောဖို့ ကူညီပေးဖို့ ကိုယ့်မှာကော တတ်နိုင်ရဲ့လား... သူများတွေ ပစ်ပယ်ထားတဲ့သူကို ကိုယ်ကလက်ခံရဲပါ့မလား... လက်ခံတယ်ပဲ ထား... အပြောလွယ်သလောက် အလုပ်ခက်တယ်နော်... အများကလဲ ကိုယ့်ကိုပြောကြမှာပဲ... အဲဒါကိုရော ကိုယ်က ခံနိုင်ပါ့မလား... သူများမိုးခါးရေသောက်ပြီး ကိုယ်ကမသောက်လို့ လူတွေကပါ ကိုယ့်ကိုပစ်ပယ်သွားကြ ရင်ကော... ကိုယ်က အဲဒီလောက်ထိ စွန့်စားရဲပါ့မလား? ကိုယ့်မှာလဲ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းဆိုတာရှိတယ် လေ... သူတို့ကိုကော ဘယ်လိုရင်ဆိုင်မလဲ? ကိုယ်ကလဲ လူထဲကလူ မဟုတ်လား...
လောကကြီးမှာ အရိုးလိုမျိုး တိမ်မြုပ်သွားတဲ့သူတွေ အများကြီးရှိသလို... အရွက်လိုမျိုး ကျော်ကြားလာတဲ့သူတွေ လဲ ဒုနဲ့ဒေးပါပဲ... ကိုယ်ကကော အရွက်လား အရိုးလား? တစ်ခုခုတော့ ဖြစ်လာနိုင်တယ်... ဖြစ်လာခဲ့ရင် ဘ၀ကို ဘယ်လိုရှေ့ဆက်မလဲဆိုတာ အခုကတည်းက စဉ်းစားထားသင့်တယ်...

ရန်ကုန်သားမှ

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

142..M.B.B.S ဆိုတာ. . . .

 
M.B.B.S ဆိုတာ
တစ်ခါက နယ်မြို့လေးတစ်မြို့နားက ကျေးတောဆိုတဲ့ ရွာတစ်ရွာမှာ ဆေးဆရာတစ်ယောက်ရှိတယ်။ ကျေးရွာတွေဆိုတော့ ဆရာဝန်မရှိကြဘူးလေ။ အနီးအနားကရွာတွေကလဲ သူ့ကိုပဲအားကိုးနေရတာပေါ့။ သူက တော်လဲတော်ပါတယ်။ တော်ရုံတန်ရုံ ဖျားတာနာတာလောက်ကတော့ သူကနိုင်တယ်လေ။ သူရဲ့နာမည်က စိန်သောင်း။ သူ့ရွာအနီးအနားမှာတော့ ဆရာစိန်သောင်းဆိုပြီး နာမည်ကြီးနေတာပေါ့။ သူက မြို့ကိုလဲ အရောက် အပေါက်ရှိတာရယ်၊ မြို့မှာလဲ ကျောင်းနေဖူးတာရယ်ကြောင့် နည်းနည်းတော့ မာန်ရှိတာပေါ့။ ဆေးဆရာကလဲ ဖြစ်နေပြန်တော့ ပိုပြီးဆိုးသွားတာပေါ့။ ဒါပေမယ့် သူက အကြောင်းမဲ့တော့ မာန်မတက်ပါဘူး။ အလုပ်ကိုလဲ စေတနာပါပါနဲ့လုပ်တယ်။ မြို့ကို ခဏခဏရောက်တော့ မြို့က ဆရာဝန်တွေက သူတို့ရဲ့ဆေးခန်းတွေမှာ ဆိုင်းဘုတ်လေးတွေတက်ထားတာကို တွေ့တွေ့နေတာပေါ့။ အဲဒီတော့ သူကလဲ အားကျမခံ ရွာမှာလဲ သူရဲ့အိမ်မှာဆိုင်းဘုတ်တပ်မယ်ဆိုပြီး စိတ်ကူးတယ်။ ပြီးတော့ ပန်းချီရေးတဲ့သူဆီသွားပြီး ဆိုင်းဘုတ်အပ်တယ်။ ဒီလိုနဲ့ ဆိုင်းဘုတ်ရလာပြီဆိုပါတော့......။ ရွာရောက်တော့ ချက်ချင်းပဲ အိမ်ရှေ့မှာ ဆိုင်းဘုတ်ကို တပ်လိုက်တယ်။ ရွာကလူတွေကတော့ အထူးအဆန်းဖြစ်နေတာပေါ့။ သူကတော့ ခပ်တည်တည်ပါပဲ။ သူ့ဆိုင်းဘုတ်မှာ ဘာတွေရေးထားလဲဆိုတော့. . . . . .
စိန်သောင်း
M.B.B.S (ကျေးတော)
ဆိုပြီး ရေးထားတယ်။ သူ့ရွာမှာလဲ မြို့ရောက်ဖူးတဲသူတွေရှိတာပေါ့။ သူတို့က ဆိုင်းဘုတ်ကိုလဲမြင်ရော သူ့ကိုမေးတော့တာပေါ့။ မင်းကဘယ်တုန်းက ဒီဘွဲ့ကိုရတာလဲပေါ့။ သူက ဒီမှာရတာလို့ပြောတယ်။ တစ်ချို့လူတွေက မကျေနပ်ပဲ လိမ်တယ်ဆိုပြီး သူကြီးကိုတိုင်ပါလေရော။ သူကြီးကလဲ သူ့ကို ခေါ်တာပေါ့။ သူရောက်လာတော့ သူကြီးကမေးတယ်။ မင်းကဘာဖြစ်လို့ ဒီဆိုင်းဘုတ်ကိုတပ်တာလဲပေါ့။ သူက ကျွန်တော်ကလဲ ဆရာတစ်ယောက်ဖြစ်နေတော့ ဂုဏ်ရှိအောင်တပ်တာပါလို့ ဖြေတယ်။ ဒါနဲ့ သူကြီးက `ဒါဆိုရင် ဘာဖြစ်လို့ M.B.B.S ဆိုတာကြီးကို တပ်ရတာတုန်း၊ ဒါက မြို့ကဆရာဝန်တွေပဲ တပ်တာလေ၊ ပြီးတော့ မင်းက ဘွဲ့ရဲ့အနောက်မှာ (ကျေးတော)လို့လဲ ရေးထားသေးတယ်။ အဲဒါ ဘာအဓိပ္ပါယ်လဲဆိုတာ ပြောစမ်းပါဦး´လို့မေးတယ်။ ဒီတော့ သူက `သူကြီးကော M.B.B.S ရဲ့အဓိပ္ပါယ်ကို သိလား´လို့ပြန်မေးတယ်။ သူကြီးက မသိလို့မင်းကိုမေးတာပေါ့ကွလို့ ပြောလိုက်တယ်။ ဒီတော့ သူက `ကျွန်တော်က M.B.B.S ဆိုတာ ကို တပ်ချင်လို့တပ်တာမဟုတ်ဘူး။ သူ့မှာ အဓိပ္ပါယ်ရှိတယ်။ M ဆိုတာက မြန်မာ၊ B ဆိုတာက ဗုဒ္ဓဘာသာ၊ နောက် B တစ်ခုက ဗိန်းတော၊ S ဆိုတာက ဆရာ၊ ဒီတော့ M.B.B.S ဆိုတာ `မြန်မာ ဗုဒ္ဓဘာသာ ဗိန်းတော ဆရာ´ လို့ အဓိပ္ပါယ်ရတယ်။ (ကျေးတော)ဆိုတာက ကျွန်တော်က ဒီရွာမှာနေတာမို့လို့ ရေးထားတာ။ ကဲ.. သူကြီး ဘာများ မေးချင်သေးတုန်း။ လို့ ပြန်မေးလိုက်တယ်။ ဒီအခါမှာတော့ သူကြီးနဲ့ ရွာသားတွေဟာ ဘာပြောလို့ ပြောရမှန်းကို မသိဖြစ်ပြီး၊ ပါးစပ်အဟောင်းသားလေးတွေနဲ့ . . . . . . .
ကဲ စာဖတ်တဲ့သူရော M.B.B.S ဆိုတဲ့ အဓိပ္ပါယ်လေးကို သိသွားပြီပေါ့နော်. . . . . . . . နောက်ဆိုရင် ကိုယ်နေမကောင်းဖြစ်လို့ ဆေးခန်းသွားရင် ဆိုင်းဘုတ်လေးတွေကို တွေ့တိုင်း ဒီပုံပြင်လေးကို သတိရလိုက်နော်။

Labels: , , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

141..အမယ်ဘုတ်ရဲ့သူ့ချည်ခင်

 
အရက်ဆိုင်ထဲမှာ လူနှစ်ယောက် စကားလက်ဆုံကျနေကြ၏။ တစ်ယောက်က...
``ခင်ဗျားမှာ မိသားစုပြဿနာရှိတယ်လို့ထင်သလား။ ကျုပ်မှာတော့ ရှိတယ်ဗျ။ ရှိပုံက ဟောဒီလို ဟောဒီလို။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကပေါ့ဗျာ။ မုဆိုးမငယ်ငယ်လေးတစ်ယောက်ကို ကျုပ်တွေ့တယ်။ သူ့မှာ အရွယ် မရောက်တရောက် သမီးလေးတစ်ယောက်ရှိသဗျ။ အေးဗျာ... အဲဒီမုဆိုးမလေးကို ကျုပ်ယူလိုက်တယ်ပေါ့ဗျာ။ အဲ နောက်ပိုင်းမှာတော့ ကျုပ်အဖေက ကျုပ်ရဲ့မယားပါသမီးငယ်ငယ်လေးကို ယူလိုက်ပါရော။ ဒီတော့ ကျုပ်မယားပါ သမီးလေးက ကျုပ်ရဲ့မိထွေး ဖြစ်သွားတာပေါ့။ နောက်ပြီး ကျုပ်အဖေဟာလည်း ကျုပ်ရဲ့ မယားပါသားဖြစ်သွားရော။ တစ်ချိန်တည်းမှာ ကျုပ်မိန်းမဟာလည်း သူ့ယောက္ခမရဲ့ယောက္ခမဖြစ်သွားတာပေါ့။ အဲနောက်တော့ ကျုပ်မိန်းမရဲ့ သမီး တနည်းအားဖြင့် ကျုပ်ယောက္ခမက သားကလေး မွေးပါရောဗျို့။ ဒီမှာတင် ဒီသားဟာကျုပ်နဲ့ ဖအေတူ မအေကွဲ ညီအစ်ကို ဖြစ်လာပြန်တာပေါ့။ သူက ကျုပ်အဖေသားကိုး။ တစ်ချိန်တည်းမှာ ဒီသားဟာ ကျုပ်မိန်းမသမီးရဲ့သားဆိုတော့ ကျုပ်မိန်းမရဲ့မြေးပေါ့။ ကျုပ်ကျတော့ မအေကွဲအဘိုးဖြစ်နေပြန်ရော။ ဒါပေမယ့် ကျုပ်တို့လင်မယား ကလေးမရခင်မှာတော့ ဘာမှမဟုတ်သေးပါဘူး။ အဲ... သိပ်မကြာဘူး။ ကျုပ်မိန်းကလဲ သားကလေးမွေးပါရော။ ကဲ ဒီတော့ ကျုပ်သားရဲ့အမေ တနည်းအားဖြင့် ကျုပ်ယောက္ခမပေါ့။ အဲ သူကအဘွားဖြစ်သွားပြန်ရော။ ဒီတော့ ကျုပ်အဖေဟာ ကျုပ်သားရဲ့ယောက်ဖဖြစ်ရပြန်တာပေါ့။ သူ့မအေတူ ဖအေကွဲအမေက ကျုပ်အဖေ့မိန်းမကိုးဗျ။ အဲ ကျုပ်ကျတော့ ကျုပ်မိထွေးရဲ့ခဲအိုဖြစ်နေပြန်တာပေါ့ဗျာ။ ကျုပ်မိန်းမခမျာလည်း သူ့သမီးအရင်းခေါက်ခေါက် ကြီးရဲ့ အဒေါ်ဘ၀ ရောက်သွားရရှာတာပေါ့။ အဲ ကျုပ်သားက ကျုပ်အဖေရဲ့တူ ဖြစ်နေပြန်ရော။ ကျုပ်လည်း အဘိုးဖြစ်သွားရော။ ကဲ ခင်ဗျားမှာရော အဲဒီလို မိသားစုပြဿနာမျိုး ရှိတယ်လို့ ထင်သလားဗျ´´

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

140..အမွန္တရား

 
ဘယ်အရာမဆို ဟုတ်တယ်၊ မှန်တယ် ဆိုတိုင်း မပြောရဘူးတဲ့။ မှန်တယ်ဆိုပေမယ့် သူတပါး အကျိုးကို ပျက်စီးစေခြင်း၊ ဆုတ်ယုတ်စေခြင်း ဖြစ်နေရင် မပြောရဘူးတဲ့။ သူတပါးက လက်မခံတဲ့ အမှန်တရားကိုလည်း သူတပါးက လက်မခံရင် မပြောရဘူးတဲ့။ မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားစကားပါ။ မြတ်စွာဘုရားရဲ့တရားတော်တွေဟာ သံသရာကလွတ်မြောက်ရာ နိဗ္ဗာန်ရောက်ကြောင်းတရား အစစ်အမှန်တွေပါ။ ဒီနိဗ္ဗာန်ရောက်ကြောင်း တရားတွေကို မြတ်စွာဘုရားကိုယ်တိုင်တောင် မဟောတဲ့သူ (၅)မျိုးရှိပါတယ်။ အဲဒီသူတွေကတော့...
၁။ တိဋ္ဌိ ဂိုဏ်းသားများ
၂။ တိဋ္ဌိဂိုဏ်းသား ဆရာကြီးများကို ကိုးကွယ်ကြသူများ
၃။ ပုဂ္ဂိုလ် သတ္တ၀ါ အတ္တ ဇီဝ အယူစွဲနေသူများ
၎။ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးပါး ရှောင်ကြဉ်သူများ
၅။ လက္ခဏာရေးသုံးပါး သဘာဝ သာမက၊ သစ္စာလေးပါးကို သိမြင်အောင် ဟောပြနိုင်သည့် ပုဂ္ဂိုလ်များကို ရှောင်ကြဉ်သူများ
သူတို့တွေပဲဖြစ်ပါတယ်။ ဒါကြောင့် မြတ်စွာဘုရားရဲ့ တရားတော်တွေဟာ အမှန်ကန်ဆုံးတွေ ဖြစ်နေပေမယ့်၊ မြတ်စွာဘုရားကိုယ်တော်တိုင်က ဟောသင့်မှဟောတာပါ။ ပရိတ်သတ်နဲ့ နေရာဒေသ အချိန်အခါကို ကြည့်ပါတယ်။
အဲဒီတော့ အမှန်တရားဆိုတာလည်း အကန့်အသတ်နဲ့ တည်ရှိနေတဲ့သဘောဖြစ်နေပါတယ်။ မှန်တယ်ဆိုပြီး ဇွတ်လုပ်လို့မရပါဘူး။ အချိန်အခါ နေရာဒေသပေါ်မူတည်ပြီး အမှန်တရားက ကွယ်ပျောက်ကောင်း ကွယ်ပျောက်နေပါမယ်။
ထို့ကြောင့် . . . ထို့ကြောင့် . . . အမှန်တရားဆိုတာ . . . . . ?





Labels: , , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

138..ကမ္ဘာမြေကြီးရင်ဖွင့်သံ

 
ချစ်လှစွာသော လူသားများနှင့် များမြောင်လှစွာ၊ သတ္တ၀ါအပေါင်း၊ ကျင်လည်ကျက်စားရာ တောတောင်ရေမြေသစ်ပင် ပန်းမန်တို့အား မြတ်နိုးလှပါ၏။

ကမ္ဘာကြီးအား ကျွန်ုပ်ထမ်းပိုးထားသည်မှာ မည်သည့်အချိန်မှစသည်ကိုသင်တို့ မသိ၊ မည်မျှကြာအောင် ထမ်းပိုးရမည်ကိုလည်း သင်တို့မသိ၊ ကျွန်ုပ်အပြုံးမပျက် ထမ်းပိုးထားပါသည်။

သို့သော် သင်တို့ဒေါသကြောင့် ကြတဲ့သွေးတွေ၊ လောဘကြောင့်ကျတဲ့မျက်ရည်တွေ၊ မတရားဖိနှိပ်ညှင်းပန်းစေခိုင်းလို့ကျတဲ့ ချွေးတွေ၊ ကျွန်ုပ်ပုခုံးပေါ်သို့ နေ့စဉ်နှင့်အမျှကျနေသည်။ သင်တို့ ရင်တွင်းပူလောင်ဝမ်းနည်း ပူဆွေးကြရသလို ကျွန်ုပ်သည်ပူလောင်ပြင်းပြခံစားရပါသည်။

ထို့ကြောင့် တခါတရံ လှုပ်ရှားညဉ်းတွားအမျက်ပွားမိသည် ထပ်ဆင့် ၀မ်းနည်းခြင်းများစွာနဲ့သာ ကြုံတွေ့ကြရသည်။
ကမ္ဘာကြီးတည်ငြိမ်အေးချမ်းရေးအတွက် သင်တို့နှလုံးသားကြားမှကျလာသော မေတ္တာရေကြည်တစ်ပေါက်မျှသာ ကျွန်ုပ်မျှော်လင့်မိတော့သည်။

ထပ်ဆင့်မျှော်လင့်မိတော့ပါသည်။

ကျော်လွင်( ရင်ငြိမ်းပန်း)

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

135..လမ်း၈၀ပေါ်က တရုတ်အသုဘ

 
မန္တလေးမြို့ လမ်း၈၀ပေါ်မှာ လမ်းတစ်လမ်းလုံး ပိတ်ပြီး တရုတ်အသုဘ တစ်ခု ကျင်းပလျက်ရှိတာ ဒီနေ့ဆိုရင် ၃ရက်ရှိသွားပါပြီ ...။ အသွားအလာများတဲ့ ၁၉နဲ့၂၀လမ်းကြားမှာရှိတဲ့ လမ်း၈၀ လမ်းမကြီးပေါ်မှာဖြစ်ပြီး အသုဘဖြစ်တဲ့အိမ်ရှိတဲ့ ပလက်ဖောင်းကနေ လမ်းလယ်ခေါင် ပန်းခုံအထိ လမ်းပိတ်ပြီး မဏ္ဍပ်ကြီး ဆောက်လုပ်ထားပါတယ် ...။ ခေတ္တလမ်းလွှဲထားပါသည် လို့ ဆိုင်းဘုတ်ရေးထားပြီး လာသမျှ ကား၊ဆိုင်ကယ်၊စက်ဘီးတွေကို အခြားတစ်လမ်းက သွားခိုင်းထားပါတယ်။ ... ယာဉ်သွားယာဉ်လာများ ကြပ်သိပ်စွား သွားလာနေရပြီး ယာဉ်ထိန်းရဲလည်း မတွေ့ရပါဘူး ...။ ခမ်းနားလှတဲ့ ဂုဏ်သရေရှိ တရုတ်အသုဘကို လာကြတဲ့ နောက်ဆုံးပေါ် ကားရောင်စုံဟာလည်း လမ်းပေါ်မှာ ပြည့်လျက်ရှိပါတယ်။

တရုတ်ထုံးစံအတိုင်း ကျင်းပကြတာမို့ လမ်းပေါ်မှာထိုးထားတဲ့ မဏ္ဍပ်ထဲမှာ အရက်ဝိုင်း၊ ဖဲဝိုင်းများနဲ့ စည်ကားလို့နေပါတယ်...။ ကားအရုပ်၊ဆိုင်ကယ်အရုပ်တွေအပြင် ချမ်းသာတဲ့ တရုတ်အသုဘတွေမှာ ပြင်ဆင်လေ့ရှိတဲ့ တိုးလို့တွဲလောင်း စာတန်းတွေ၊ အရုပ်တွေနဲ့ ပြည့်နှက်လို့နေပါတယ် ...။ ကျုံးဘေး ဖြစ်တဲ့ တစ်ဖက်လမ်း ပလက်ဖောင်းပေါ်မှာတော့ အိုးကြီးအိုးငယ် တွေနဲ့အတူ စားသောက်ဖွယ်ရာများကို ချက်ပြုတ်နေကြပါတယ် ...။ မန္တလေးကို ရောက်တာကြာပြီဖြစ်ပေမယ့် ဒီလောက်ကြီးကျယ်တဲ့ အသုဘမျိုး တစ်ခါမှ မတွေ့ဖူးတာ အမှန်ပါ ...။

ကျွန်တော် သိချင်တာတွေရှိပါတယ် ...

အဲဒီ ကျုံးဘေး လမ်း၈၀ပေါ်က အိမ်တွေက နာရေးဖြစ်တိုင်း အဲဒီလို အများသူငါ သွားလာနေတဲ့ လမ်းကို ၂၄နာရီပိတ်ပြီး အသုဘမဏ္ဍပ်ထိုးလို့ရပါသလား ...။

အဲဒီလို လမ်းပိတ်ပြီး မဏ္ဍပ်ဆောက်လို့ရပါတယ် ဆိုရင်ကော .. အဲဒီ နာရေးရှင်ဟာ ဘယ်လို လူမျိုးမို့လို့ပါလဲ ...။

တကယ်သိချင်ပါတယ် ....။

ဒီကနေ့ သိခဲ့ရတာတစ်ခုကတော့ အဲဒီနာရေးဟာ ကြီးကျယ်လှစွာသော ဘဏ်လုပ်ငန်းရှင်ဟောင်းကြီးတစ်ဦးရဲ့ မိခင်ဖြစ်ပါသတဲ့ ...။
ဇော်မိုးအောင်(မန်း)မှ

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

134..သင်ရော အနူတ်စုတ် ဂုတ်စုတ် ဖြစ်နေပြီလား?

 
ကျွန်တော်ငယ်ငယ်တုန်းက (ခုလည်းငယ်တာပါပဲလေ) ကျွန်တော့် အမတွေက အပျိုပေါက်အရွယ်တွေပေါ့ ... သူတို့သူငယ်ချင်းမတွေနဲ့ စုရုံးစုရုံးလုပ်ပြီး ဟီးဟီးဟားလုပ်ပြီး ဆူညံနေတာကို ကျွန်တော်တို့က အပြင်ဘက်ကနေသွားပြီး စနောက်တော့ ခပ်စွာစွာ အမသူငယ်ချင်းတစ်ယောက်က “ဟဲ့ .. ဘယ်က အနူတ်စုတ် ဂုတ်စုတ်တွေလဲ” လို့ အော်ဆဲပါတယ် ....

ပိုက်ဆံနည်းနည်းရှိပြီး မာနကြီးတဲ့ ခပ်စွာစွာ ကောင်မလေးတစ်ယောက်ကို ခပ်နွမ်းနွမ်း ကောင်လေးတစ်ယောက်က ရည်းစာစာ လိုက်ပေးတော့ “နင်နဲငါနဲ့ တူသလား တန်သလားဟဲ့” နင့်လို အနူတ်စုတ် ဂုတ်စုတ်ကောင်ကို ငါက ပြန်ကြိုက်မတဲ့လား ...အကောင်ရဲ့ .... ဝေးသေး ” ....

x x x x x x x

အခုတော့ ကျွန်တော် သူတို့ ပြောတဲ့ အနူတ်စုတ် ဂုတ်စုတ်ဖြစ်နေပါပြီ ..
တချို့ကတော့ အနူတ်စုတ် ဂုတ်မစုတ် တွေပေါ့ ....
တချို့ကတော့ အနူတ်မစုတ် ဂုတ်မစုတ် တွေပေါ့ ....

အိတ်ထဲမှာရှိတဲ့ အနူတ်တွေ ရစရာမရှိအာင် အဖာရာ ဗလဗွနဲ့ စုတ်ပြဲနေပါတယ် ....
ဝတ်ထားတဲ့ အင်္ကျီလည်း ဂုတ်က ဖွာလန်ကျဲအောင် စုတ်ပြဲနေပါတယ် ....

ခုတော့ တကယ်ကိုပဲ
ကျွန်တော်တို့တတွေ အနူတ်စုတ်ဂုတ်စုတ်တွေ ဖြစ်နေပါပြီဗျာ .....





Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

010..ဘ၀မွာအေရးၾကီးဆံုးလူ..

 
ရင်ထဲကို တော်တော်ထိတဲ့ Mail တစ်ခုပါပဲ။အမေရိကားရှိ တက္ကသိုလ်တစ်ခုမှာ ဖြစ်ပျက်ခဲ့တယ်လို့ ဖတ်ရဖူးတဲ့ပုံပြင်လေးတစ်ပုဒ်ပါ။တစ်ခါက တက္ကသိုလ်တခုတွင် ကျောင်းဆင်းခါနီး ဆရာက ...."ကစားနည်းတခု ကစားရအောင်..ဆရာနဲ့အတူ ဘယ်သူပါဦးမလဲ" ကျောင်းသူတဦး ထရပ်ပြီးစတိတ်စင်ပေါ် တက်လိုက်သည်။ဆရာက "သင်ပုန်းပေါ်မှာ ကိုယ့်နဲ့အရင်းနှီးဆုံး လူ(၂၀)ဦးရဲ့ နာမည်ကိုရေးလိုက်ပါ"သူမက ဆရာပြောသည့်အတိုင်း အိမ်နီးချင်း၊ သူငယ်ချင်း၊ ဆွေမျိုးသားချင်း၊မိသားစုနာမည်များကို ရေးချလိုက်သည်။ထို့နောက် ဆရာက "အဲဒီ နာမည်တွေထဲက မရှိလဲဖြစ်တယ်၊ မလိုအပ်ဘူးလို့ထင်တဲ့နာမည်ကို ဖျက်လိုက်ပါ"အိမ်နီးချင်းတစ်ယောက်၏ နာမည်ကို သူမ ဖျက်လိုက်သည်။" နောက်တစ်ယောက် ထပ်ဖျက်လိုက်ပါဦး"သူငယ်ချင်းတစ်ယောက်၏ နာမည်ကို ဖျက်လိုက်ပြန်သည်။ဆရာပြောတိုင်း သူမက တစ်ယောက်ပြီးတစ်ယောက် ဖျက်လိုက်နှင့် နောက်ဆုံးသင်ပုန်းပေါ်တွင်လူသုံးဦးသာ ကျန်ခဲ့သည်။ ထိုသူများမှာ မိဘ၊ လင်ယောက်ျားနှင့် သားသမီးဖြစ်သည်။ကျောင်းသားများ အားလုံး စိတ်ဝင်တစား သင်ပုန်းကိုသာ စူးစိုက်ကြည့်နေကြသည်။စာသင်ခန်း တစ်ခုလုံးမှာ တိတ်ဆိတ်နေပြီး ကစားနည်း တစ်ခု ကစားနေတာနှင့်ပင်မတူတော့ပေ။ ဆရာက တည်ငြိမ်သော အသံဖြင့် နာမည်တစ်ခု ထပ်ဖျက်ခိုင်းပြန်သည်။ သူမမှာအရွေးရခက်သောဟန်ဖြင့် အကြာကြီး စဉ်းစားပြီးမှ မိဘ ဆိုသည့် နာမည်ကို ကြက်ခြေခတ်ဖျက်ချလိုက်သည်။"နောက်တယောက် ထပ်ဖျက်လိုက်" ဘေးမှ ဆရာ၏ အသံက ထပ်မံ ထွက်လာပြန်သည်။ ဒီတစ်ခေါက်သူမဖျက်ချဖို့ လက်မြှောက်ရာတွင်ပင် အင်အားကုန်ခမ်း နေဟန်တူသည်။ လက်ကိုဖြေးဖြေးချင်း မြှောက်ပြီး သားသမီးဆိုသည့် နာမည်ကို ဖျက်ချသည်နှင့်တစ်ပြိုက်နက် စိတ်ထိခိုက်သော အသံဖြင့် ချုံးပွဲချ ငိုကြွေးလေတော့သည်။ ဆရာကသူမအား နှစ်သိမ့်ပြီး...."ကိုယ့်ရဲ့ အလိုအပ်ဆုံးနဲ့ အရင်းဆုံးလူဟာ မိဘနဲ့ သားသမီး ဖြစ်သင့်ပါတယ်။မိဘကကိုယ့်ကို ကြီးပြင်းလာတဲ့အထိ ကျွေးမွေးစောင့်ရှောက်ခဲ့တယ်။ သားသမီးကကိုယ့်ဝမ်းနဲ့လွယ်ပြီး မွေးထားရတဲ့ သူတွေဖြစ်တယ်။ သူတို့က အစား ပြန်မရနိုင်တဲ့ လူတွေဖြစ်တယ်။လင်ယောက်ျားက နောက်တစ်ယောက် ထပ်ယူလို့ရပါလျှက်နဲ့ ဘာဖြစ်လို့မဖျက်ဘဲချန်ထားခဲ့ရသလဲ" ဟုမေးလေသည်။ ကျောင်းသားများကလည်း သူမ၏ အဖြေကို စိတ်ဝင်တစားစောင့်မျှော်နေကြသည်။သူမက ..."အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားတဲ့အမျှ မိဘတွေက ကျွန်မကိုထားပြီးအရင် ထွက်သွားကြလိမ့်မယ်။ သား သမီးတွေကလဲ ကြီးပြင်းလာရင်ကျွန်မကို ခွဲပြီး သွားကြလိမ့်မယ်။အဲဒီ အချိန်မှာ ကျွန်မ ဘေးမှာ တသက်လုံး ကူညီ ဖေးမမဲ့ သူဟာ ကျွန်မခင်ပွန်းသာဖြစ်ပါတော့မယ်။ ဒါကြောင့်သူ့ကို မဖျက်ဘဲ ချန်ထားခဲ့ရခြင်း ဖြစ်တယ်" ဟုတည်ငြိမ်စွာ ပြန်ဖြေလေသည်။ဘ၀မှာ အလိုအပ်ဆုံးလူဟာ ဘယ်သူဖြစ်နိုင်မလဲ...?"အသွားမတော် တလှမ်း၊ အစားမတော် တလုတ်" ဆိုသလို "အယူမတော် တသက်"လို့ရော ပြောလို့ ရနိုင်မလား...ဒါမှမဟုတ်....."အိမ်ထောင်မှု၊ ဘုရားတည်ဆေးမှင်ရည် စုတ်ထိုးဤသုံးမျိုး ချက်မပိုင်လျှင်နောင်ပြင်ရန် ခက်လိမ့်မည် " ဆိုတဲ့ အတိုင်း မြန်မာလူမျိုးတွေ အတွက်တော့ဆရာပြောသလိုမကောင်းရင် နောက်တယောက်ပြောင်းလို့ ဖြစ်ပါ့မလား.. ကျွန်မကို မေးခဲ့ရင်ပြန်ဖြေဖို့ တော်တော်ခက်ပါလိမ့်မယ်။ နောက်ဆုံး အဖြေကို ပိုင်ပိုင်နိုင်နိုင်နဲ့ဖြေခဲ့တဲ့ အဲဒီ ကျောင်းသူကတောင် မိဘနဲ့ သားသမီးကို ဖျက်တဲ့အချိန်မှာတုံ့ဆိုင်းနေခဲ့သေးတယ်။ ကျွန်မလိုဖြေဖို့ အဖြေတောင် မရှိတဲ့ လူကတော့အဲနေရာမှာတင် မူးလဲသွားမလား မပြောတတ်ပါဘူး။*အခုတော့ အဖေ့ဘေးမှာ အမေပဲကျန်ပြီး အမေ့ဘေးမှာအဖေပဲကျန်နေခဲ့တဲ့**လူတွေကိုမေးရင် ဘာများပြန်ဖြေလိမ့်မလဲ......?
ပေါ်ပို့သူ.....ဇင်ဇင်




Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ