ကိုကြီးဇော် ( မုန်တိုင်း )

ဗဟုသုတဘဏ်

this site the web

2190.. လက်ထိတ် နှင့် ဆေးရုံတက်နေသည့် အမျိုးသမီးသရုပ်ဆောင် နဲ့ အဆိုတော် Cobra

 
ဆေးရုံခုတင်တွင် လက်ထိတ်၊ သံကြိုးတန်းလန်းနှင့်တွေ့ရစဉ် (ဓာတ်ပုံ - Cobra)
ရိုက်ကူးခြင်း မပြုရသေးသည့် ရုပ်သံဇာတ်လမ်းတွဲ၏ ဇာတ်ညွှန်း မိတ္တူ ပျောက်ဆုံးမှု

  ဖြင့် တရားစွဲ ခံထား ရသော အမျိုးသမီးကို ဆေးရုံခုတင်ပေါ်တွင် လက်ထိတ်တန်းလန်းနှင့် သံကြိုးချည်ထား သည့်ပုံ  ဖေ့စ်ဘွတ်ခ်ပေါ်သို့ တင်လိုက်သည့်  အဆိုတော်CobraကိုLaser World ကုမ္ပဏီက  တရားစွဲ မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

 အဆိုပါအမျိုးသမီးသည် Laser World ကုမ္ပဏီရုပ်သံ ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်မည့်သူ ဖြစ်သည်။

အဆိုတော် Cobraသည် မတ်လ၂၄ရက်တွင် လက်ထိတ်တန်းလန်းနှင့် သံကြိုးချည်နှောင်ခံထားရကာ ဆေးရုံခုတင်ပေါ်၌လဲလျောင်းနေသည့် သရုပ်ဆောင်အမျိုးသမီးပုံကိုတင်ကာ Laser World ကုမ္ပဏီပိုင်ရှင်နှင့်  ရဲဝန်ထမ်းများ  တရားမျှတမှုမရှိကြောင်းရေးသားထားသည်။

‘‘ဆေးရုံရောက်တော့လည်း သူတို့လုပ်ပုံက လက်ထိတ်ခတ်ရုံမကပါဘူး။ သံကြိုးနဲ့ပါ ထပ်ချည်ထားပါသေးတယ်။ မိန်းကလေးတစ်ယောက်ကို ထိန်းတာကို ရဲလေးယောက်နဲ့ ထိန်းထားပါတယ်။ အပေါ့အပါးသွားချင်ရင် တောင်ရှက်လို့ သူ့ခမျာမပြောရဲရှာဘူး။ လူသတ်မှုလည်းမဟုတ်ပါဘူး။ ဒါကိုဒီလောက် အငြိုးကြီးကြီး လုပ်ပုံထောက်တော့ သူ့သူဌေးမှာ ဘာအကြံအစည်ရှိနေလဲ မသိပါဘူးဗျာ’’ဟု  အဆိုတော် Cobra က ၎င်း၏ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် ဓာတ်ပုံနှင့်တကွဖော် ပြထားသည်။

‘‘သိမ်မွေ့စွာ ငြိတွယ်ခြင်း’’ အမည်ဖြင့် ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးရန်ရှိပြီး ဇာတ်လမ်းမှာ Laser World ကုမ္ပဏီပိုင်ဇာတ်လမ်းဖြစ်ကာ ယင်းဇာတ်လမ်းတွဲတွင် သရုပ်ဆောင်ရန်အလုပ်ခန့်ထားခြင်းခံရသည့် မဆုဆုအောင်မှာ အလုပ်ထွက်သွားပြီးဇာတ်ညွှန်းမိတ္တူ ပြန်မပေးသောကြောင့် ခိုးမှုဖြင့် တရားစွဲခဲ့ခြင်းဖြစ်သည်။

Cobra ၏ ရေးသားချက်များသည် မှားယွင်းစွာရေးသားမှုများ ဖြစ်သဖြင့် ပြင်ဆင်ပေးရန် ကုမ္ပဏီ က တောင်းဆိုခဲ့သည်။

‘‘ဒါက သတင်းအမှားမှ မဟုတ်တာ။ သူနဲ့ ကျွန်တော်နဲ့ မနေ့က နှစ်နာရီလောက်စကားပြောတယ်။ ကျွန်တော့်ကို တောင်းဆိုတယ်။ ပြန်ရေးပေးပါလို့။ ကျွန်တော့်ဘက်က ဘာပြန်ရေးပေးရမှာလဲ။ ဒါအမှန်တွေပဲ။ တရားဥပဒေအရဆိုလည်း ရင်ဆိုင်ရုံပဲပေါ့’’ဟု  အဆိုတော်Cobraက ပြောသည်။

အဆိုပါသရုပ်ဆောင် အမျိုးသမီးသည် ၂၀၁၃ခုနှစ် မတ်လတွင် အလုပ်စ၀င်ပြီး သရုပ်ဆောင်ရန် ဇာတ်ညွှန်းဖတ်၍ လေ့ကျင့်နေစဉ် ၀န်ထမ်းလုပ်သက် ခြောက်လအကြာ၌ စာချုပ်မပြည့်ဘဲ အလုပ်ထွက်ခဲ့သည်။ ထို့ကြောင့် နှစ်လစာလျော်ကြေးပေးခဲ့ကာ ၂၀၁၃ခုနှစ် သြဂုတ် ၈ရက်တွင် ချစ်သူနောက်သို့ ခိုးရာလိုက်ခဲ့ကြောင်း မဆုဆုအောင်၏ခင်ပွန်း ကိုဖြိုးအောင်ဝင်းကရှင်းပြသည်။

ထို့နောက် အလုပ်ထွက်ပြီး ငါးလအကြာ ဒီဇင်ဘာတွင် ဇာတ်ကားရိုက်ရန် စီစဉ်သောအခါ ဇာတ်ညွှန်းမူရင်းနှင့် မိတ္တူတစ်စုံသာရှိပြီး မိတ္တူတစ်စုံပျောက်နေ၍ မဆုဆုအောင်ထံ ပြန်တောင်းသောအခါ ဟန်းနီးမွန်းထွက်နေသောကြောင့် အိမ်မှလူများကပြန်လာမှပေးမည်ဟုဆိုသည်။ ထို့ နောက် ပြန်ပေးရန် ရှာမတွေ့တော့ဘဲ ဇာတ်ညွှန်းစာအုပ်ခြစားသွားသည်ဆိုသောကြောင့် ကုမ္ပဏီ၏ စီမံရေးရာမန်နေဂျာက တရားလို ပြုကာ မဆုဆုအောင်အားခိုးမှုဖြင့် တရားစွဲဆိုလိုက်ကြောင်း Laser Worldကုမ္ပဏီပိုင်ရှင် ဦးအောင်ကြူဟိန်း (ရုပ်ရှင်ဒါရိုက်တာအောင်ကျော်သူရ)ကပြောသည်။

 ‘‘လေဆာဝေါကုမ္ပဏီရဲ့ တိုင်ကြားချက်အရ ခိုးမှုနဲ့အမှုဖွင့်ထားပါတယ်။ တရားရုံးအထိ တင်ထားတာပါ။ တရားသူကြီးရဲ့ ချုပ်မိန့်နဲ့ချုပ်ထားတာပါ။ ကောင်မလေးက အချုပ်ခန်းထဲရောက်တော့ အော့အန်တာ၊ သွေးပေါင်ကျတာ ၊အစားမစားတာတွေဖြစ်လို့ ဆရာဝန်ရဲ့ ဆေးစာနဲ့ဆေးရုံတင်ပေးတာ။ အချုပ်တရားခံမို့ ရဲဝန်ထမ်းနဲ့ လုံခြုံရေးချထားပြီး လက်ထိတ်ခတ်ထားတယ်။ ထွက်မပြေးအောင်လို့ လှုပ်ရှားလို့မရအောင် လက်ထိတ်နဲ့သံကြိုးတွဲချည်ထားတာ။ တရားခံထွက်ပြေးမှာစိုးလို့’’ ဟု ကျောက်တံတားမြို့မရဲစခန်းမှူး ဒုတိယရဲမှူးကပြောသည်။

   မတ်လ ၁၅ ရက်တွင်ကျောက်တံတားမြို့မရဲစခန်း၌ အချုပ်ကျနေပြီး မတ်လ ၂၁ရက်တွင် ရန်ကုန်ဆေးရုံကြီးဆေးကုသဆောင်၌ တက်ရောက်ကုသခဲ့ကာ မတ်လ ၂၆ရက် နံနက်တွင် ဆေးရုံမှဆင်းရပြီး  ရဲအချုပ်ခန်းသို့ပြန်ရောက်နေကြောင်း သိရသည်။

‘‘ခရိုင်ရဲတပ်ဖွဲ့မှူးက ဒီပုဒ်မ တပ်ထားတာ။ ခိုးမှုလို့တပ်ထား တယ်။ ဦးတို့ရုံးကိုမထီမဲ့မြင်လုပ် တာ။ ဒီကိစ္စကို ဒီလိုမဆုံးဖြတ်ရင် ဘယ်လိုဆက်လုပ်မလဲ။ ဥပဒေမ စိုးမိုးရင် ဦးတို့တိုင်းပြည်မှာ ခိုးမှုတွေဖြစ်နေမှာ’’ဟု Laser Worldကုမ္ပဏီပိုင်ရှင်က ပြောသည်။

ယင်းအမှုကို မတ်လ၂၈ရက်တွင် ကျောက်တံတားမြို့နယ်တရားရုံး၌ ရမန်ပေးရန် ရုံးချိန်းရှိ ကြောင်းသိရသည်။ ယင်းဇာတ် ညွှန်းကိစ္စနှင့်ပတ်သက်၍ အွန် လိုင်းတင်ခြင်း၊ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်တွင် တင်ခံရခြင်း၊ ဖုန်းဖြင့် ခြိမ်းခြောက်ခံရခြင်းနှင့် လူချင်းတွေ့ဆုံကာ အကျပ်ကိုင်ခံရခြင်း များရှိခဲ့သော်လည်း ၎င်းသည် တစ်ရာရာခိုင်နှုန်း ရိုးသားမှုရှိသောကြောင့် မမှန်မကန်အမှုဖွင့်ထားခြင်းမဟုတ်၍ ဥပဒေအတိုင်း ဆောင်ရွက်စေလိုကြောင်းLaser Worldကုမ္ပဏီပိုင်ရှင်ဦးအောင်ကြူဟိန်း(ရုပ်ရှင်ဒါရိုက်တာအောင်ကျော်သူရ)ကပြောသည်။

ယင်းဇာတ်လမ်းတွဲကိစ္စမှာ အမှုဖြစ်နေသောကြောင့် ခဏရပ်ထားပြီး အမှုပြီးမှသာ ရိုက်ကူးရန်စီ စဉ်ထားသည်ဟုဆိုသည်။

Author: သန်းဌေး / အေးမြတ်သူ
7DAY DAILY

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1523..သမီး​လေး​၏ အပျိုရည်ကို ရောင်းစားသူအား ဖမ်းမိ ( 2.6.11 )

 
Woman tries to sell daughter's virginity for $10,000
Felicia Rea McClure
(Credit: Salt Lake County Police Dept.)

                 Utah ​ရှိ ​Salt Lake စီး​တီး​မှ အမျိုး​သမီး​ သည် သူမ၏ အသက် ၁၃ နှစ်အရွယ် သမီး​လေး​၏ အပျိုရည်ကို လူတစ်ဦး​ထံ ​ဒေါ်လာ တစ်​သောင်း​ဖြင့်​ ​ရောင်း​ချရန် ကြိုး​စား​ခဲ့​သည်။ အသက် ၃၂ နှစ်ရှိ Felicia Rea McClure ယူတား​ခရိုင် တရား​ရုံး​တွင် က​လေး​ငယ်ကို လိင်ပိုင်း​ဆိုင်ရာ မ​လျော်မကန် ပြုမူမှုဖြင့်​ တရား​စွဲဆို ခံထား​ရသည်။
              ဒွန်အမည်ရှိ လူတစ်ဦး​အား​ သူမသည် ဖုန်း​မှ ဆက်သွယ်ပြီး​နောက် ၁၃ နှစ်အရွယ် သမီး​နှင့်​ လိင်ဆက်ဆံရန် ခွင့်​ပေး​မည်ဟု ​ဒေါ်လာ ၁၀၀၀၀ ဖြင့်​ ​ဈေး​တည့်​ခဲ့​ကြောင်း​ ရဲများ​ကဆိုသည်။ မိန်း​က​လေး​က မူလတွင် သူမသည် မိခင်ဖြစ်သူ၏ ဆန္ဒအတိုင်း​ လိုက်​လျောရန် စဉ်း​စား​ခဲ့သော်လည်း​ ​နောက်ပိုင်း​တွင် ယင်း​ကို ငြင်း​ဆန်ခဲ့​ကြောင်း​ ရဲများ​ထံ ​ပြောဆိုခဲ့​သည်။ ဖီလီစီယာသည် သမီး​ ဖြစ်သူကို အဝတ်ဆိုင် တစ်ခုသို့​ ​ခေါ်သွား​ကာ အဝတ်လဲခန်း​ တံခါး​ကို ဖွင့်​ပြပြီး​ သမီး​ဖြစ်သူ၏ ခန္ဓာကိုယ် အချိုး​အစား​ကို ဒွန်မြင်နိုင်ရန် တံခါး​ဖွင့်​ပြခဲ့​ကြောင်း​ သိရသည်။
              ထို့​ အပြင် မိန်း​က​လေး​၏ မ​လျော်မကန် ပုံများ​ကို လူတစ်ဦး​ထံ ပြသခဲ့​သေး​ကြောင်း​လည်း​ စွပ်စွဲခံထား​ရသည်။ လက်ရှိတွင် သူမသည် ​ဆော့​လိတ်စီး​တီး​ အကျဉ်း​ထောင်ထဲ ​ ရောက်​နေ​ကြောင်း​ သိရှိရသည်။

Utah mother Felicia Rea McClure tried to sell daughter's virginity for $10,000, say cops


(CBS/AP) - Salt Lake City woman Felicia Rea McClure has been arrested after police say she tried to sell her 13-year-old daughter's virginity to a man for $10,000.
According to the New York Daily News, the 32-year-old was charged Monday in Utah's 3rd District Court with two counts of aggravated sex abuse and two counts of sexual exploitation of a minor.
ABC station KTVX reports that court documents claim she made the offer after the man asked about oral sex with the girl.
Police say the woman and the daughter would model bras and thongs for the man. The offer was discovered by the woman's boyfriend, who found multiple text messages discussing the proposal.
McClure is being held at the Salt Lake County Jail, KTVX reports. If convicted, she could face 15 years to life for each of the two felony charges.

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1505.. မိ​ထွေး​နှင့်​ ​ပျော်ပါး​နေစဉ် ဖခင်ဖြစ်သူက ​ရေနစ်​​သေဆုံး​ ( 14.2.11 )

 

http://api.ning.com/files/LusF0y2KmOhCw8wfZJ2FQ9TDdsQKfaMYklCO8nK-MzutTooiR9XfYnXyliFhXA3TZHobjPU7Hrqlh4kY9yXQZJc6OnWT5fZYZb7pqG8KR-4_/fling.jpg
လူတစ်ဦး​သည် ၎င်း၏မိ​ထွေး​နှင့်​ ဟိုတယ်တစ်ခုတွင် ​နောက်မီး​လင်း​နေစဉ်အတွင်း​ ဖခင်ဖြစ်သူမှာ ​ရေနစ်​သေဆုံး​သွား​ကြောင်း​ သိရသည်။ အသက် ၅၂ နှစ်အရွယ် ​ရေး​လီး​သည် ​ရေချိုး​ခန်း​အတွင်း​ မ​တော်တဆ လဲပြိုရာမှ ​ရေနစ်​​သေဆုံး​​သွား​ခြင်း​​ဖြစ်သည်။
၎င်း​သေဆုံး​ချိန်တွင် အသက် ၂၃ နှစ်အရွယ် သား​နှင့်​ ဇနီး​ဖြစ်သူ လီယွန်နာလီမှာ ဟိုတယ်တစ်ခုသို့​ ​ရောက်​နေသည်။ ဘဏ်မန်​နေဂျာ​ဟောင်း​ တစ်ဦး​ဖြစ်သူ လီယွန်နာသည် ​ရေး​တို့​အိမ်သို့​ ​ပြောင်း​လဲပြီး​နောက်ပိုင်း​ ဖခင်​ရော၊​ သား​နှင့်​ပါ ဇာတ်ရှုပ်ခဲ့​ခြင်း​ဖြစ်သည်။ ရဲဌာနက အဆိုပါ ​ရေနစ်​သေဆုံး​မုကို စုံစမ်း​ဆဲဖြစ်ပြီး​ တိတိကျကျ မသိရ​သေး​ဟုဆိုသည်။ ​ဝေလ​တောင်ပိုင်း​တွင် ဖြစ်ပွား​ခဲ့​သော မ​တော်တဆမှုနှင့်​ ပတ်သက်၍ လီယွန်နာတို့​ တိတ်တိတ်ပုန်း​ဇာတ်လမ်း​နှင့်​ ဆက်စပ်မှုရှိမရှိကို ဗြိတိန်ရဲဌာနက အထူး​စိတ်ဝင်စား​လျက်ရှိသည်။
လီယွန်နာသည် ​ရေး​ကို ​ရေး​ကြီး​ဟု​ခေါ်ပြီး​ သား​ဖြစ်သူကို ​ရေး​လေး​ဟု ချစ်စနိုး​ခေါ်​ဝေါ်​လေ့​ရှိသည်။ ​ရေး​သေဆုံး​ချိန်တွင် ရဲများ​က လီယွန်နာတို့​ ရှိ​နေမည့်​နေရာကို စုံစမ်း​စစ်​ဆေး​ရာမှ အဆိုပါ လျှို့​ဝှက်ဇာတ်လမ်း​ ထွက်​ပေါ်လာခြင်း​ဖြစ်သည်။ လီယွန်နာတို့​သည် အ​ပျော်ကြီး​ပျော်ပြီး​နောက် အိမ်သို့​ပြန်လာရာမှ ​ရေချိုး​ခန်း​အတွင်း​ ​သေ​နေ​သော အ​လောင်း​အား​ ထိတ်လန့်​တကြား​ ​တွေ့​ရှိခဲ့​ခြင်း​ဖြစ်သည်။
ရဲတပ်ဖွဲ့​က လီယွန်နာတို့​စုံတွဲသည် ​ရေး​သေဆုံး​ချိန်တွင် ဟိုတယ်သို့​ အမှန်တကယ် ​ရောက်ရှိ​နေ​ကြောင်း​ အ​ထောက်အထား​များ​ ​တွေ့​ရှိထား​ကြောင်း​လည်း​ ​ပြောဆိုသွား​ခဲ့​သည်။
Ref::http://www.gbooza.com/forum/topics/52yearold-man-drownedwife

52-year-old man drowned,wife cheats with her stepson,23

Fling: 'Little Ray' Lee, 23, was having an affair with his father's second wife
A son was having a fling in a hotel with his stepmother while his father was drowning in the bath at home, an inquest heard yesterday.

Ray Lee, 52, died while his son, also called Ray, was having a secret affair with his second wife Ilona Lee, 38.
Ex-bank manager Mrs Lee started the affair with her 23-year-old stepson after he moved in to share their home.
She called her husband of five years 'Big Ray' and stepson 'Little Ray' as they all lived together.
Mrs Lee, a mother-of-two, and Little Ray had a secret night away - then returned home to find Big Ray was lying face down in cold water.
A police investigation was launched into the mystery death but an inquest heard the reason why he drowned 'remain unclear'.
Mrs Lee told the inquest: 'Before my partner's death I had been having an affair with his son Little Ray.
'At the beginning there was nothing going on between us, but the relationship became deeper. I'm one 100 per cent sure Big Ray didn't know about the relationship I was having with Little Ray.
'Little Ray and I continued to see each other after Big Ray's death.'
The trio had been living together in Pontypool, South Wales.
In the hours before his father died, Little Ray asked his stepmother for a lift to his mother's house - sparking a row with his father, who wanted to go too.
Mrs Lee said in a statement: 'Big Ray wasn't happy he wasn't coming.'
After visiting Little Ray's mother, the pair visited a friend before checking into a hotel.
Mrs Lee admitted: 'Little Ray and I stayed at my friend's until the early hours of the morning, when we booked into a hotel and spent the night together.'
They drove home the following afternoon and found father-of-four Big Ray dead in the bath.

Cocktail: Big Ray had mixed his medication with Ecstasy, pictured, as well as cocaine and amphetamines for pain relief after suffering an industrial accident
Mrs Lee said: 'It was apparent Big Ray was dead. His head was underwater and he wasn't moving.'
Police treated the death as suspicious and questioned 25 witnesses, but detectives were unable to prove a crime had been committed.
The Newport inquest heard Big Ray was 'on a cocktail of prescription drugs' for severe back pain after he was crushed by a dumper truck in an industrial accident in 1990.
He mixed his medication with cocaine, Ecstasy and amphetamines for pain relief, the hearing was told.
A post mortem examination showed Big Ray drowned, and drugs may have affected his consciousness and judgment when the incident happened in October 2008.
Recording an open verdict, Gwent coroner David Bowen said: 'The exact circumstances of Mr Lee's death remain unclear.'

Read more:Daily Mail

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ