ကိုကြီးဇော် ( မုန်တိုင်း )

ဗဟုသုတဘဏ်

this site the web

2281.. ထူးအယ်လ်လင်း ရဲ့ ချစ်သူ မော်ဒယ် Caroline ပုံများ

 
                 တေးသံရှင် မီးမီးခဲနဲ့ သူ့ရဲ့ ခင်ပွန်းဟောင်း ထူးအယ်လင်း တို့ကို ရန်ကုန်အနောက်ပိုင်းခရိုင်
ဒုခရိုင်စစ်တရားရုံးမှာ 30.5.14 မှာ တရားဝင် ကွာရှင်းခဲ့ပြီးပါပြီ....



Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

2190.. လက်ထိတ် နှင့် ဆေးရုံတက်နေသည့် အမျိုးသမီးသရုပ်ဆောင် နဲ့ အဆိုတော် Cobra

 
ဆေးရုံခုတင်တွင် လက်ထိတ်၊ သံကြိုးတန်းလန်းနှင့်တွေ့ရစဉ် (ဓာတ်ပုံ - Cobra)
ရိုက်ကူးခြင်း မပြုရသေးသည့် ရုပ်သံဇာတ်လမ်းတွဲ၏ ဇာတ်ညွှန်း မိတ္တူ ပျောက်ဆုံးမှု

  ဖြင့် တရားစွဲ ခံထား ရသော အမျိုးသမီးကို ဆေးရုံခုတင်ပေါ်တွင် လက်ထိတ်တန်းလန်းနှင့် သံကြိုးချည်ထား သည့်ပုံ  ဖေ့စ်ဘွတ်ခ်ပေါ်သို့ တင်လိုက်သည့်  အဆိုတော်CobraကိုLaser World ကုမ္ပဏီက  တရားစွဲ မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

 အဆိုပါအမျိုးသမီးသည် Laser World ကုမ္ပဏီရုပ်သံ ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်မည့်သူ ဖြစ်သည်။

အဆိုတော် Cobraသည် မတ်လ၂၄ရက်တွင် လက်ထိတ်တန်းလန်းနှင့် သံကြိုးချည်နှောင်ခံထားရကာ ဆေးရုံခုတင်ပေါ်၌လဲလျောင်းနေသည့် သရုပ်ဆောင်အမျိုးသမီးပုံကိုတင်ကာ Laser World ကုမ္ပဏီပိုင်ရှင်နှင့်  ရဲဝန်ထမ်းများ  တရားမျှတမှုမရှိကြောင်းရေးသားထားသည်။

‘‘ဆေးရုံရောက်တော့လည်း သူတို့လုပ်ပုံက လက်ထိတ်ခတ်ရုံမကပါဘူး။ သံကြိုးနဲ့ပါ ထပ်ချည်ထားပါသေးတယ်။ မိန်းကလေးတစ်ယောက်ကို ထိန်းတာကို ရဲလေးယောက်နဲ့ ထိန်းထားပါတယ်။ အပေါ့အပါးသွားချင်ရင် တောင်ရှက်လို့ သူ့ခမျာမပြောရဲရှာဘူး။ လူသတ်မှုလည်းမဟုတ်ပါဘူး။ ဒါကိုဒီလောက် အငြိုးကြီးကြီး လုပ်ပုံထောက်တော့ သူ့သူဌေးမှာ ဘာအကြံအစည်ရှိနေလဲ မသိပါဘူးဗျာ’’ဟု  အဆိုတော် Cobra က ၎င်း၏ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် ဓာတ်ပုံနှင့်တကွဖော် ပြထားသည်။

‘‘သိမ်မွေ့စွာ ငြိတွယ်ခြင်း’’ အမည်ဖြင့် ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးရန်ရှိပြီး ဇာတ်လမ်းမှာ Laser World ကုမ္ပဏီပိုင်ဇာတ်လမ်းဖြစ်ကာ ယင်းဇာတ်လမ်းတွဲတွင် သရုပ်ဆောင်ရန်အလုပ်ခန့်ထားခြင်းခံရသည့် မဆုဆုအောင်မှာ အလုပ်ထွက်သွားပြီးဇာတ်ညွှန်းမိတ္တူ ပြန်မပေးသောကြောင့် ခိုးမှုဖြင့် တရားစွဲခဲ့ခြင်းဖြစ်သည်။

Cobra ၏ ရေးသားချက်များသည် မှားယွင်းစွာရေးသားမှုများ ဖြစ်သဖြင့် ပြင်ဆင်ပေးရန် ကုမ္ပဏီ က တောင်းဆိုခဲ့သည်။

‘‘ဒါက သတင်းအမှားမှ မဟုတ်တာ။ သူနဲ့ ကျွန်တော်နဲ့ မနေ့က နှစ်နာရီလောက်စကားပြောတယ်။ ကျွန်တော့်ကို တောင်းဆိုတယ်။ ပြန်ရေးပေးပါလို့။ ကျွန်တော့်ဘက်က ဘာပြန်ရေးပေးရမှာလဲ။ ဒါအမှန်တွေပဲ။ တရားဥပဒေအရဆိုလည်း ရင်ဆိုင်ရုံပဲပေါ့’’ဟု  အဆိုတော်Cobraက ပြောသည်။

အဆိုပါသရုပ်ဆောင် အမျိုးသမီးသည် ၂၀၁၃ခုနှစ် မတ်လတွင် အလုပ်စ၀င်ပြီး သရုပ်ဆောင်ရန် ဇာတ်ညွှန်းဖတ်၍ လေ့ကျင့်နေစဉ် ၀န်ထမ်းလုပ်သက် ခြောက်လအကြာ၌ စာချုပ်မပြည့်ဘဲ အလုပ်ထွက်ခဲ့သည်။ ထို့ကြောင့် နှစ်လစာလျော်ကြေးပေးခဲ့ကာ ၂၀၁၃ခုနှစ် သြဂုတ် ၈ရက်တွင် ချစ်သူနောက်သို့ ခိုးရာလိုက်ခဲ့ကြောင်း မဆုဆုအောင်၏ခင်ပွန်း ကိုဖြိုးအောင်ဝင်းကရှင်းပြသည်။

ထို့နောက် အလုပ်ထွက်ပြီး ငါးလအကြာ ဒီဇင်ဘာတွင် ဇာတ်ကားရိုက်ရန် စီစဉ်သောအခါ ဇာတ်ညွှန်းမူရင်းနှင့် မိတ္တူတစ်စုံသာရှိပြီး မိတ္တူတစ်စုံပျောက်နေ၍ မဆုဆုအောင်ထံ ပြန်တောင်းသောအခါ ဟန်းနီးမွန်းထွက်နေသောကြောင့် အိမ်မှလူများကပြန်လာမှပေးမည်ဟုဆိုသည်။ ထို့ နောက် ပြန်ပေးရန် ရှာမတွေ့တော့ဘဲ ဇာတ်ညွှန်းစာအုပ်ခြစားသွားသည်ဆိုသောကြောင့် ကုမ္ပဏီ၏ စီမံရေးရာမန်နေဂျာက တရားလို ပြုကာ မဆုဆုအောင်အားခိုးမှုဖြင့် တရားစွဲဆိုလိုက်ကြောင်း Laser Worldကုမ္ပဏီပိုင်ရှင် ဦးအောင်ကြူဟိန်း (ရုပ်ရှင်ဒါရိုက်တာအောင်ကျော်သူရ)ကပြောသည်။

 ‘‘လေဆာဝေါကုမ္ပဏီရဲ့ တိုင်ကြားချက်အရ ခိုးမှုနဲ့အမှုဖွင့်ထားပါတယ်။ တရားရုံးအထိ တင်ထားတာပါ။ တရားသူကြီးရဲ့ ချုပ်မိန့်နဲ့ချုပ်ထားတာပါ။ ကောင်မလေးက အချုပ်ခန်းထဲရောက်တော့ အော့အန်တာ၊ သွေးပေါင်ကျတာ ၊အစားမစားတာတွေဖြစ်လို့ ဆရာဝန်ရဲ့ ဆေးစာနဲ့ဆေးရုံတင်ပေးတာ။ အချုပ်တရားခံမို့ ရဲဝန်ထမ်းနဲ့ လုံခြုံရေးချထားပြီး လက်ထိတ်ခတ်ထားတယ်။ ထွက်မပြေးအောင်လို့ လှုပ်ရှားလို့မရအောင် လက်ထိတ်နဲ့သံကြိုးတွဲချည်ထားတာ။ တရားခံထွက်ပြေးမှာစိုးလို့’’ ဟု ကျောက်တံတားမြို့မရဲစခန်းမှူး ဒုတိယရဲမှူးကပြောသည်။

   မတ်လ ၁၅ ရက်တွင်ကျောက်တံတားမြို့မရဲစခန်း၌ အချုပ်ကျနေပြီး မတ်လ ၂၁ရက်တွင် ရန်ကုန်ဆေးရုံကြီးဆေးကုသဆောင်၌ တက်ရောက်ကုသခဲ့ကာ မတ်လ ၂၆ရက် နံနက်တွင် ဆေးရုံမှဆင်းရပြီး  ရဲအချုပ်ခန်းသို့ပြန်ရောက်နေကြောင်း သိရသည်။

‘‘ခရိုင်ရဲတပ်ဖွဲ့မှူးက ဒီပုဒ်မ တပ်ထားတာ။ ခိုးမှုလို့တပ်ထား တယ်။ ဦးတို့ရုံးကိုမထီမဲ့မြင်လုပ် တာ။ ဒီကိစ္စကို ဒီလိုမဆုံးဖြတ်ရင် ဘယ်လိုဆက်လုပ်မလဲ။ ဥပဒေမ စိုးမိုးရင် ဦးတို့တိုင်းပြည်မှာ ခိုးမှုတွေဖြစ်နေမှာ’’ဟု Laser Worldကုမ္ပဏီပိုင်ရှင်က ပြောသည်။

ယင်းအမှုကို မတ်လ၂၈ရက်တွင် ကျောက်တံတားမြို့နယ်တရားရုံး၌ ရမန်ပေးရန် ရုံးချိန်းရှိ ကြောင်းသိရသည်။ ယင်းဇာတ် ညွှန်းကိစ္စနှင့်ပတ်သက်၍ အွန် လိုင်းတင်ခြင်း၊ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်တွင် တင်ခံရခြင်း၊ ဖုန်းဖြင့် ခြိမ်းခြောက်ခံရခြင်းနှင့် လူချင်းတွေ့ဆုံကာ အကျပ်ကိုင်ခံရခြင်း များရှိခဲ့သော်လည်း ၎င်းသည် တစ်ရာရာခိုင်နှုန်း ရိုးသားမှုရှိသောကြောင့် မမှန်မကန်အမှုဖွင့်ထားခြင်းမဟုတ်၍ ဥပဒေအတိုင်း ဆောင်ရွက်စေလိုကြောင်းLaser Worldကုမ္ပဏီပိုင်ရှင်ဦးအောင်ကြူဟိန်း(ရုပ်ရှင်ဒါရိုက်တာအောင်ကျော်သူရ)ကပြောသည်။

ယင်းဇာတ်လမ်းတွဲကိစ္စမှာ အမှုဖြစ်နေသောကြောင့် ခဏရပ်ထားပြီး အမှုပြီးမှသာ ရိုက်ကူးရန်စီ စဉ်ထားသည်ဟုဆိုသည်။

Author: သန်းဌေး / အေးမြတ်သူ
7DAY DAILY

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

2183.. မြန်မာ တီဗီ မှာ presenter လုပ်နေတဲ့ကောင်မလေး တစ်ယောက် အကြောင်း

 
( ယနေ.ထုတ် Tomorrow သတင်းဂျာနယ်အမှတ်(၅)တွင်လည်း
ပေးစာတစ်စောင် အနေဖြင့် ဖော်ပြထားပါတယ် )

တီဗီ programmer တစ်ခုမှာ presenter လုပ်နေတဲ့ကောင်မလေး တစ်ယောက်
အကြောင်းကို ကြားခဲ့တာကျွန်တော် တော်တော် စိတ်မကောင်းဘူး။

ဇာတ်လမ်းတိုရိုက်ကူးရေးမှာ သူကိုပါဝင်ဖို့ဆိုပြီး သူဌေးက ဇာတ်ညွှန်းမိတ္တူ တစ်ခု
ပေးလိုက်တယ်။ ဖြစ်ချင်တော့ အဲတလောမှာပဲ တိုက်တိုက်ဆိုင်ဆိုင် သူလည်း
သူချစ်သူနဲ့ ခိုးရာလိုက်သွားတယ်။. အဲအချိန်မှာဇာတ်ညွှန်းမိတ္တူကိစ္စကိုသူလည်း
မေ့နေလောက်ရောပေါ့။

သူတို့်အားလုံးအဆင်ပြေလို့အိမ်လည်းပြန်ရောက်ကောကျောက်တံတားရဲစခန်းက
ခဏလာတွေ့ပါဆိုပြီးဖုန်းဆက်တယ်လေ။ဘာကိစ္စမှန်းရေရေရာရာ မသိပဲ
သူတို့လည်းသွားလိုက်ပါတယ်။စခန်းလည်းရောက်ကော စခန်းမှုးက ဘာမှမပြောပဲ လက်ထိပ်ခတ်ပြီး အချုပ်ထဲ တန်းထည့်လိုက်ရော။သူတို့လည်းဘာကိစ္စကြောင့်
သူ့ကိုဖမ်းလည်း လို့လည်းမေးကောစခန်းမှုးကဇာတ်ညွှန်း မိတ္တူ ပါသွားလို
့ဖမ်းတယ်လို့ပြောတယ်။

ဖြစ်ချင်တော့ သူတို့ထွက်သွားလည်းကြာသွားပြီဆိုတော့အိမ်မှာကျန်ခဲ့တဲ့စာရွက်တွေ
ကလည်း ချတွေလည်းစား အရေးမကြီးလောက်ဘူးဆိုပြီး သူ့အမေကလည်းမသိပဲ
ပစ်လိုက်မိတယ်။

အကျိုးအကြောင်းလည်းသူတို့သူဌေးကိုတောင်းတောင်းပန်ပန်ပြောတာကိုလည်း
သူတို့သူဌေးကလက်မခံဘူးတကယ်ဆို ဇာတ်ညွှန်းက မှုရင်းလည်းမဟုတ်ပါဘူး.. မိတ္တူ ပါ..သူရောင်းစားလိုက်တာလည်းမဟုတ်ပါဘူး...တကယ်ကို တိုက်တိုက်
ဆိုင်ဆိုင်ဖြစ်ခဲ့တာပါ။

ဒီနေ့နဲ့ဆို အချုပ် မှာ ၁ပတ်ရှိသွားပါပြီ အာမခံလည်းမရပါဘူးကျွန်တော်နဲ့ကျွန်တော်
တို့သူငယ်ချင်းတွေသူ့ သူဌေးကိုသွားဆွေးနွေးပါသေးတယ်။သူ့ သူဌေးပြောပုံက
” ကားတစ်စီးဝယ်ပေးမှကျေနပ်ပါမယ် ” တဲ့။

တကယ်ဆို ဒီကိစ္စက ဒီလောက်ထိ ဖြစ်ဖို့လည်းမသင့်ပါဘူး လျော်ကြေးယူရင်
လည်းယူ..မယူရင်လည်းအလုပ်ထုတ်ရင်လည်းထုတ်.. တစ်ခုခုလုပ်လို့ရပါတယ်။
ကောင်မလေးအသက်က၂၁ နှစ်ပဲရှိပါသေးတယ်။ဒီလိုအသက်အရွယ်မှာ
အခုအဖမ်းခံရတော့သူလည်း တော်တော်ရှက်မှာပဲလေနောက်ဆုံးမတတ်နိုင်တဲ့
အဆုံး အချုပ်ထဲမှာ ဘယ်လိုမှမထားချင်လို့ကတကြောင်းသူစိတ်ထိခိုက်ပြီး ကျန်းမာရေးမကောင်းမှုကတကြောင်းနောက်ဆုံးရန်ကုန်ဆေးရုံကြီးမှာတင်ထား
ရပါတယ်။

ဆေးရုံရောက်တော့လည်းသူတို့လုပ်ပုံက လက်ထိပ်ခတ်ရုံတင်မကပါဘူး
သံကြိုးနဲ့ပါထက်ချီထားပါသေးတယ် မိန်းကလေးတစ်ယောက်ကိုထိန်းတာ
ကို ရဲ လေးယောက်နဲ့ထိန်းထားပါတယ်။

အပေါ့အပါးသွားချင်တောင်ရှက်လို့သူခမျာမပြောရဲရှာပါဘူးနိုင်ငံရေးလုပ်တာလည်း
မဟုတ်ပါဘူး လူသတ်မှုလည်းမဟုတ်ပါဘူးဒါကိုဒီလောက်အငြိုးကြီးကြီး
လုပ်ပုံထောက်တော့သူ့ သူဌေးမှာဘာအကြံအစည်များရှိနေလဲ မသိပါဘူးဗျာ။

တကယ်တမ်းတော့ နှမချင်းကိုယ်စာတတ်ရင် ဒါလုံးဝမဖြစ်သင့်ပါဘူး ကျွန်တော်
သိသလောက်တော့ ရဲစခန်းက ခဏဆိုပြီး ခေါ်တွေ့ပြီးတစ်ခါတည်းဖမ်းချုပ်လို့
မရပါဘူး ။ သူတို့လုပ်ပုံက အရင်ခေတ်ထောက်လှန်းရေးတွေ ခဏဆိုပြီးခေါ်ပြီး ဖမ်းချုပ်ထားသလိုပါပဲဒါဘယ်လိုမှမတရားမှန်းသိကြမှာပါ။လက်ရှိတော့
ရန်ကုန်ဆေးရုံကြီးမှာ ရှိပါသေးတယ် တဲ့။

သတင်းတင်ပြသူ- Cobra NL.
Kyaw Swar Myint

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

2102.. အဆိုတော် ရဲလေး နှင့် အေးမြအောင် တို့ရဲ့ မင်္ဂလာဧည့်ခံပွဲ

 

Myanmar Well-Known Hip Hop Singer Ye Lay and Aye Mya Aung's Wedding Reception

Sandy Myint Lwin @ Ye Lay & Aye Mya Aung's Wedding Reception

Zen Nu @ Ye Lay & Aye Mya Aung's Wedding Reception

Rebecca Win's Couple @ Ye Lay & Aye Mya Aung's Wedding Reception

May Than Nu @ Ye Lay & Aye Mya Aung's Wedding Reception

Phyu Phyu Kyaw Thein @ Ye Lay & Aye Mya Aung's Wedding Reception

Ye Lay's Mother & Brother @ Ye Lay & Aye Mya Aung's Wedding Reception




 

Well-Known Singer Ye Lay and Aye Mya Aung's Wedding Reception
At Strand Hotel, Yangon
On May 26, 2013

Photos By Wai Yan.

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1649.. မော်ဒယ် နွယ်နွယ်ထွန်း ရဲ့ အလှ ပုံများ ( 26.9.11 )

 
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKwSSpQ4ruN5rN77gyCHwLhrpNOmpzLNcPULGXUHd5lCbqYGJ9cWAsUW4uu0Cu_G5xnf0zOR2SsXLTIEFYO-ua_tl3Rh7aW-Tb7K65wU_o_N0RaJw8y27huuwmzz-KURIr9-LUjKegzKs/s1600/44.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigeJmMvjtLvt6q-A5slTmeC4djAKrCr1p02y_i4J69QIMushXuKljQp2MPmHM0g1zicgKwuFPEIjGfXkjh124906L7l6PkPKSW8HM4eHoAUKCiKTDNsfzaM2y_kBBk9hM0RVtR8r9_ybM/s1600/33.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp05iMb9qiGZExAzAeNpZ_5zMorSk7at_TwHNgDv9KY6iNk2vbaj8buEnLBC6Xfl1cpsrhc4cCJaz4_HCTNJ6v5eyx3CZOGieSgiqDWgEeRvMzgB6Y5XdyuapTsFU3mPMmYEG7NQ_yFiw/s1600/11.jpg

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
13 comments

1563..သာဓု သာဓု သာဓု ပါ ၀တ်မှုံရွှေရည် ( 15.8.11 )

 
14.8.11 က ကန်တော်ကြီး မှာကျင်းပတဲ့ ၀တ်မှုရွှေရည်က သူမရဲ့ မွေးနေ့ မှာ မိဘမဲ့ ကလေးများ ကို သိန်း ( 70 ) လှူ လိုက်တယ်လို့သိရတယ်ခင်ဗျာ


www.monetine.net Witt Mone Shwe Yee Birdthday

http://www.freeimagehosting.net/newuploads/db2f6.jpg

http://www.freeimagehosting.net/newuploads/9f91b.jpg
အပေါ်က ပုံကိုတော့ ကျွန်တော် နဲနဲလန့် သွားတယ် :P

http://www.freeimagehosting.net/newuploads/a95.jpg


Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
2 comments

1531..တေးရေးမောင်သစ်မင်း ကွယ်လွန်ရှာ ( 6.6.11 )

 
http://centralupload.com/files/21011_itqxv/monetine.net%201.jpeg

http://centralupload.com/files/21012_o8l5z/monetine.net%202.jpeg

                    တေးရေးဆရာ မောင်သစ်မင်း ဘန်ကောက်မြို့ Samitivej ဆေးရုံတွင် ဒေသစံတော်ချိန်  နံနက် ၉း၃၀ တွင် ကွယ်လွန်သွားကြောင်း သတင်းရရှိပါသည်။  သူ၏ နောက်ဆုံး ခရီးစဉ်ကို ဘန်ကောက်မြို့ရှိ ဘုန်တော်ကြီးကျောင်းတွင် ကျင်းပမည်ဟု သိရှိရပါသည်။


Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ