ဗဟုသုတဘဏ်
အမျိုး သမီးများ၏ ရင်သားကို တင်းရင်းကြွရွလာစေမည့် Rodial လိမ်းဆေးက လ ပိုင်းအတွင်း သိသာသော အကျိုးသက်ရောက်မှုကို ရရှိစေမည်ဟု ကတိပြု ကြေညာလိုက်သည်။ Tube အသေးစားလေးအဖြစ် ရောင်းချသော အဆိုပါ လိမ်းဆေးက ၅၆ ရက်အတွင်း လက်ခုပ်တစ်ဝက်စာမျှ ပမာဏထိ ရင်သားဖွံ့ဖြိုးမှုကို ရရှိစေမည်ဟု အာမခံထားသည်။
၁၀၀ မီလီလီတာ Tube အတွက် ၁၂၅ ပေါင် ကျသင့်သော Rodial လိမ်းဆေး၏ အမာခံ ပရိသတ်များအနက် စကားလက် ဂျိုဟန်ဆင်၊ ဗစ်တိုးရီးယားဘက်ခမ်းနှင့် ကယ်လီဘရွတ်တို့ကဲ့သို့ ရင်သားထွားထွား Celebrity များလည်း ပါဝင်နေသည်။ Rodical က အမျိုးသမီးများအနေနှင့် နေ့စဉ်နေ့တိုင်း အဆိုပါ လိမ်းဆေး Gel ကို ရင်သားတွင် ပွတ်လိမ်းပေးပါက ၂ လမပြည့်မီ အချိန်အတွင်း ကျေနပ်နှစ်သိမ့်စရာ အလှအပကို ရရှိမည်ဟု ကြွေးကြော်ထားသည်။ Boob Job ဟုလည်းခေါ်သည့် အဆိုပါလိမ်းဆေး Gel သည် ရင်သားအတွင်းရှိ အဆီဆဲလ်များကို တိုးပွားအောင် လှုံ့ဆော်ပေးပြီး သဘာဝနှင့် နီးစပ်သော ဓာတုဓာတ်ပေါင်းများကို အသုံးချထားသည်..
ဈေးကွက်တုန့်ပြန်မှုအရ ရင်သားပြားပြား အမျိုးသမီး ထောင်ပေါင်းများစွာတို့သည် ထိုဆေးအပေါ် ကျေနပ်နှစ်သက်မှုရှိကြောင်း သိရသည်။ Rodial ၏ ပြောရေးဆိုခွင့်ရ အရာရှိ အမျိုးသမီး တစ်ဦးက မိမိတို့အနေနှင့် Boob Job အတွက် အလွန်ဂုဏ်ယူမိကြောင်း ပြောကြားသွားသည်။ ယခင်က အလားတူ ဆေးဝါးမျိုး ဈေးကွက်အတွင်း ရှိခဲ့သော်လည်း ထင်ထင်ရှားရှား သက်ရောက်မှု မရှိဟု သူမကဆိုသည်။
လန်ဒန်ဆေးခန်းရှိ ပလပ်စတစ် ဆာဂျရီဆိုင်ရာ အကြံပေး တစ်ဦးဖြစ်သည့် ဒါလီယာနီးလ်ကမူ အမျိုးသမီးများ၏ ရင်သားအရွယ်အစားအတွက် ပြင်ပလိမ်းဆေး တစ်ခု၏ သက်ရောက်မှုအပေါ် အယုံအကြည် နည်းပါးကြောင်း ပြောကြားခဲ့သလို Rodial က ထိုဆေးအတွင်း သုံးစွဲထားသည့် ပစ္စည်းများနှင့် ပတ်သက်ပြီးလည်း မေးခွန်းထုတ်ထားသည်။ သူမက ရင်သားသေးငယ်သော အမျိုးသမီးများမှာ သိမ်ငယ်ပြီး ယုံကြည်စိတ် လျော့နည်းနေတတ်ကြောင်း၊ ထိုသို့သော အနေအထားတွင် နည်းလမ်းမျိုးစုံကို အားကိုးချင်လာတတ်ပြီး ယင်းအတွက် လုံခြုံစိတ်ချရသော အာမခံချက်မျိုး ပေးနိုင်ရန်လိုကြောင်း သုံးသပ်ပြောဆိုသွားသည်။
သို့ဖြစ်ပါသော်ကြောင့် ရင်သားကြီးထွားနေခြင်းသည် ကျန်းမာရေးအတွက် အတော်အသင့် ထိခိုက်လာနိုင်သော်ကြောင့် ဒီသတင်းလေးကို ဖိုမသဘာဝ ကျန်းမာရေးအသိပညာပေး အနေနှင့် တင်ပြလိုက်ရပါတယ်...
Labels: Beauty-III, Health-V, News-VIII, Sexual Education-II
ကျေးဇူးတင်ပါတယ် မုန်တိုင်း
ကျန်းမာကြပါစေ
0 - ဦး မှတ်ချက်ပေးထားပါသည်
Post a Comment